← Chapters

ငါ......မင်းကိုသတ်ခဲ့တဲ့လူက ယန်ရှန်းပဲ! 

Vol. 24 Ch. 335

ငါ......မင်းကိုသတ်ခဲ့တဲ့လူက ယန်ရှန်းပဲ! 

Vol. 24 Ch. 335

အဆုံးတွင် လီဟုန်က ဝမ်းဖုန်းနှင့်အခြားသူများအတွက်လမ်းပြပေးခဲ့သည်။ အခြားအကြောင်းရာကြောင့် မဟုတ်ပေ။ ၀မ်ဖုန်း၏ အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် ဖြစ်သည်။

ဂိုဏ်းချုပ်ကို ဤမျှလောက်ယုံကြည်မှုရှိအောင် ဘယ်အရာက ထောက်ပံ့ပေးသလဲဆိုတာကို လီဟုန်လည်း မသိတော့ပေ။သို့ပေသည့် သူဟာ ဂိုဏ်းချုပ်၏ ပြိုင်ဘက်ကင်းသော မာန်မာနကို ခံစားသိရှိနေပေသည်။ ဒါဟာသူ၏ စိတ်နှလုံးအိမ်ကို ပြင်းထန်စွာ ထိခတ်သွားစေသည်။ 

လီဟုန်၏ လမ်းပြမှု‌ေအာက် တွင် ဝမ်ဖုန်း၏ အဖွဲ့သည်ဝူဝမ် ​ေတာင်တန်းနယ်‌ မြေအတွင်းပိုင်း၌ရှိနေသော ၀မ်ရှခန်းမသို့ ဦးတည်သွားနေကြသည်။

တစ်ချိန်ထဲမှာပဲ ဝူဝမ် တောင်တန်းတွေမြေတွင်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် အားရှရှေးဟောင်းဂိုဏ်း၏ ရှစ်‌ေယာက်မြောက်စစ်သူကြီး ယဲ့ဟုန်ဟာ တောင်ထိပ်ပေါ်တွင် တင်ပလ္လင်ချိတ်ထိုင်နေခဲ့သည်။ သူက စောနက သတ်ဖြတ်ခဲ့သော ပါရမီရှင်တစ်ယောက်၏ ရတနာပစ္စည်းကို စစ်ဆေးကြည့်ရှုနေခဲ့သည်။ 

ဤအချိန်တွင် ပုံရိပ်တစ်ခုသည် ယဲ့ဟုန်၏အနောက်ဖက်၌ တိတ်တဆိတ်ထွက်ပေါ်လာခဲ့သည်။ ယဲ့ဟုန်ကလွန်စွာထိတ်လန့်သွားပြီး မျက်ဝန်းများကို ရုတ်ချည်းဖွင့်လိုက်ကာ ထိုပုံရိပ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။

"ဘယ်သူလဲ"

ယဲ့ဟုန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်ထွက်ပေါ်လာသော လူစိမ်းကို အေးတိအေးစက် စိုက်ကြည့်လျက် ပြောဆိုလိုက်သည်။

ရောက်လာသူ၏ မျက်နှာထက်၌ ရူးကြောင်ကြောင်အပြုံးတစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုသူ၏ ကွေးနေသောမျက်ခုံးနှစ်ဖက်မှာ ကောင်းကင်ယံပေါ်ရှိ လခြမ်းကဲ့သို့ထင်ရှားလေသည်။ချောမောခန့်ညားသောမျက်နှာသွင်ပြင်နှင့် ခန္ဓာကိုယ် ၊ကိုယ်ထည်လည်းရှိနေခဲ့သည်။

"ရှန်ရှန့်ကျုံ့ဂိုဏ်က ယန်ရှန်း! စိန်ခေါ်ဖို့ရောက်လာတယ်!"

ယန်ရှန်းသည် သူနှုတ်ခမ်း‌ေထာင့်စွန်းများကို ကွေးတက်သည်အထိ ပြုံး လိုက်ပြီး လက်သီးဆုပ် ဂါရဝပြု၍ ကျယ်လောင်စွာ ပြောလိုက်သည်။

"ရှန်ရှန့်ကျုံ့ဂိုဏ်းလား!!!! စိတ်ဝင်စားစရာပဲ။ မင်းတို့ကိုတောင် သွားမရှာရသေးဘူး။ငါ့အ‌ရှေ့ကို ကိုယ်တိုင်ကိုယ်ကျရောက်လာတယ်ပေါ့လေ။ ဒီလိုဆိုလည်း အချိန်ကုန်သက်သာတာပေါ့။"

ယဲ့ဟုန်သည် တစ်ခဏကြာ‌ေအာင် တုန့်ဆိုင်းသွားပြီမှ ယန်ရှန်းကို လှောင်ပြောင်ကြည့်ရှုလိုက်ပြီး အေးစက်သောအသံဖြင့်ပြောလိုက်သည်။

"မင်းကရောက်လာရဲတယ်ဆိုမှတော့ သေဖို့ပြင်ဆင်လိုက်တော့။"

စကားဆုံးသည့်နှင့်တပြိုင်နက် ယဲ့ဟုန်သည် လေထုအတွင်းထဲကို ဖမ်းဆုပ်လိုက်သည့်အခါ ရှည်လျားသောဓားရှည်တစ်ချောင်းသည် သူ၏ လက်တွင်းသို့ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပြင်းထန်သော ဓားအရှိန်အဝါများသည် မိုးကောင်းကင်ထိတိုင် မြောက်တတ်သွားပြီး လောကကြီးတစ်ခုလုံးကိုတုန်လှုပ်စေခဲ့သည်။တောင်ထိပ်ပေါ်ရှိ ရာသီဥတုအခြေအနေမှာ အရိုင်းဆန်စွာ ပြောင်းလဲသွားခဲ့သည်။

ဓားတစ်ချောင်းသက်ဆင်းလာခဲ့ပြီး ငွေဖြူရောင်းဓားတစ်လက်သည် မြန်ဆန်စွာ ပြေးထွက်သွားခဲ့သည်။ ထက်မြသော ဓားအစွန်းက အနီးအနားရှိ သစ်ပင်ကြီးများကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်သည်။ ထိုနောက် ယဲ့ဟုန်သည် ရှည်လျားသောဓားရှည်ကို ကိုင်ဆောင်လျက် ၎င်းဓားအလင်းတန်း၏ အနောက်မှ လိုက်ပါ၍ ယန်ရှန်းထံ ပြေးဝင်သွားလေသည်။ ယဲ့ဟန်၏ တိုက်ခိုက်မှုကို တွေ့ကြုံလိုက်ရသည့်အခါ ယန်ရှန်း၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။သူ၏ ရှည်လျားသောဓားရှည်သည် ဓားအိမ်အတွင်းမှ မထုတ်ရသေးသော်လည်း လောကကြီးတစ်ခုလုံးကိုပြောင်းလဲတုန်လှုပ်သွားစေသည်။

ယန်ရှန်း၏ ဓားသည် ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့်မြေပြင်အကြားရှိ ဆန်းကြယ်သော နတ်မင်းချီအစွမ်းအင်များသည် ဤဓားချက်၏ ဆွဲညို့ခြင်းကို ခံလိုက်ရကာ တည်နေရာတစ်ခုထံ စုဝေးလာခဲ့သည်။ဓားအလင်းတန်းမှာ တစ်စတစ်စကြီးမားလာခဲ့ပြီး ပေပေါင်းရာချီခန့်ထိဖွဲ့တည်ပြီးသည့်အခါ လေထဲရှိ ယဲ့ဟုန်ထံ ခုတ်ပိုင်းလိုက်၏။

အစွမ်းထက်ပြီး ထက်မြသော ဓားစွမ်းရည်များသည် လေထုကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်ပြီးလေထုထဲ၌ နားကွဲလုမတက် မြည်သံကြီးကို ထွက်ပေါ်လာစေခဲ့သည်။ ဤဓားမှ ယူဆောင်လာသော ကြောက်လန့်ဖွယ်စွမ်းအားများသည် ယဲ့ဟုန်အပေါ် ဖိအားကြီးကြီးမားမား သက်ရောက်စေခဲ့သည်။ ဓါးနတ်ဘုရားတစ်ပါးနှင့်ရင်ဆိုင်နေရသည့်အလား သူ၏မျက်နှာအမူအရာမှာ အကြီးအကျယ်ပျက်ယွင်းသွားခဲ့သည်။

ယန်ရှန်းဟာ ပထမဦးဆုံးနဂါးဧကရာဇ်တောင်ဇွင်းနှင့် သူ့တပည့်များ၏ သင်ကြားခြင်းကိုခံခဲ့ရပြီး ရှန်ရှန့်ကျုံ့ ဂိုဏ်းကို ပြန်ရောက်လာသည့်အခါလည်း ဂိုဏ်းအကြီးအကဲများ၏ သင်ကြားခြင်းကို ခံခဲ့ရသည်။

ယန်ရှန်း၏ ဓားချက်သည် ယဲ့ဟုန်၏ဓားကို တိုက်ရိုက်ဖြတ်ပိုင်းသွားခဲ့ပြီး ယဲ့ဟုန်ထံ ဆက်လက်တိုးဝင်သွားခဲ့သည်။ပြင်းထန်သော ဓားစွမ်းအင်အရှိန်အဝါများသည်

ယဲ့ဟုန် အနီးဝန်းကျင်ရှိလေထုကို ပေါက်ကွဲသွားစေခဲ့သည်။

ယဲ့ဟုန်ကလည်း လစ်လျှူရှုမထားရဲဘဲ သူ့လက်ထဲရှိ ဓားရှည်ကို ဝေ့ရမ်းလိုက်ကာ ဓား ချက်သုံးချက် တရစပ်ထုတ်ဖော်လိုက်သည်။ ယဲ့ဟုန်၏ ဓားချက်သုံးချက်သည်ရန်ရှန်း၏ ဓားချက်ကို အောင်မြင်စွာ ဖျက်စီးနိုင်လိုက်သော်လည်းပဲ တန်ပြန်အားကြောင့် သူဟာခြေလှမ်းပေါင်းဒါဇင်ခန့် ဆုတ်ခွာသွားရသည်။ မြေပြင်ထက်၌ ရှည်လျားသော ခြေရာကြီးများရှိနေခဲ့သည်။

"မင်းရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ...!!!!!"

ယဲ့ဟုန်က ယန်ရှန်းကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်လိုက်သည်။ သူဟာ အားရှရှေး‌ေဟာင်းဂိုဏ်းကြီး၏ ရှစ်ယောက်‌မြောက် စစ်သူကြီးဖြစ်ပြီး ဂုဏ်သရေနတ်မင်းအစောပိုင်းအထွတ်အထိပ်၌ ရှိနေခဲ့သည်။ ဒါကို ယန်ရှန်းရဲ့ တိုက်ကွက်တစ်ကွက်ကို ရှုံးနိမ့်ခဲ့တာလား။ ဒါဟာသူတို့ ပုရွတ်ဆိတ်တွေလို့ သတ်မှတ်ထားတဲ့ ရှန်ရှန့်ကျံု့ဂိုဏ်းရဲ့ ပါရမီရှင်တွေလား။ 

သူက ပြိုင်ဖက်အပေါ် အနည်းငယ်အထင်သေးခဲ့သော်လည်း သူထုတ်ဖော်ခဲ့သော စွမ်းအားများမှာ စစ်မှန်နေသည်။ သို့ပါသော်လည်း ၎င်းမှာ ယန်ရှန်း၏တိုက်ကွက်တစ်ကွက်ဖြင့် ဖိနှိပ်ခြင်းခံခဲ့ရသည်။ ဤသည်ကား ယဲ့ဟုန်ကို သူ၏ဘဝကို သံသယဝင်လာစေခဲ့သည်။

"ငါယန်ရှန်းရဲ့ရှေ့မှာ မင်းတို့လို ထိပ်တန်းပါရမီရှင်ဆိုတာဟာ ဟာသပဲ။ ငါကသာပြိုင်ဖက်ကင်းပဲကွ!"

ရူးနှမ်းသော အပြုံးတစ်ခုနှင့်အတူ ယန်ရှန်းက တည်ငြိမ်စွာပြောဆိုလိုက်သည်။ သူက အမှန်တရားကို ထုတ်ဖော်ပြောနေသည့် အလားပင်။ 

"ရူးနှမ်းလိုက်တာ!!!"

ယန်ရှန်း၏ စကားလုံးများက ယဲ့ဟုန်ကို အပြင်းအထန်ဒေါသထွက်သွားစေခဲ့သည်။ ဂုဏ်သရေနတ်မင်း အစောပိုင်းအဆင့်၏ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် ကြိုတင်သတိပေးထားခြင်း မရှိဘဲထွက်ပေါ်လာခဲ့သည်။ သူ့လက်ထဲရှိ ဓားရှည်ထံမှ ကျယ်လောင်သော ဓားဟိန်းသံကြီး ဖြစ်ပေါ်လာသည်။ ထက်မြသော ဓားသွားသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်ရင်စေခဲ့သည်။ သူဟာ ဓားရှည်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များကို အရူးအမူးထည့်သွင်း ပေါင်းစပ်လိုက်သည်။ ရှည်လျားသော ဓားရှည်က တောက်တောက်ပပလင်းလက်လာခဲ့သည်။

"ငရဲကိုသွားလိုက်တော့!!!"

ယဲ့ဟုန်က အကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဓားရှည်ကို ခုတ်ပိုင်းလိုက်သည်။ ဧရာမဓါးအလင်းတန်းသည် ဖြတ်ဆင်းလာခဲ့ပြီး ၎င်းဓားအလင်းတန်းသည် တောင်ကြီးတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဖြတ်ပိုင်းစေခဲ့သည်။ မိုးထိအောင်မြင့်မားသော တောင်ထိပ်ပေါ်တွင် မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ ဤဓါးချက်၏‌ေအာက်တွင် တောင်ကြီးတစ်ခုလုံးဟာ အရိုင်းဆန်စွာ တုန်ခါလာခဲ့ပြီး အချိန်မရွေးပြိုကျတော့မည်ကဲ့သို့ဖြစ်နေခဲ့သည်။ ဤဓားကို ရင်ဆိုင်လိုက်ရသည့်အခါ ယန်ရှန်းဟာ ဆုတ်ခွာမသွားဘဲ သူ့လက်ထဲရှိ ဓားရှည်ကို အလွန်မြန်ဆန်သော နှုန်းထားဖြင့် ဝေ့ရမ်းလိုက်သည်။ ထက်မြပြီး ခမ်းနားကြီးကျယ်သော ဓားစွမ်းရည်မှာ အသွင်ပြောင်းလဲ၍ တစ်လွှာထက်တစ်လွှာ ပိုမိုခွန်အားကြီးမား‌ေသာ ဓားစွမ်းရည် လှိုင်းလုံးကြီးများအဖြစ် ထွက်ပေါ်လာသည်။

ဘုန်း!!!

အစွမ်းထက်သော တိုက်ခိုက်မှုနှစ်ခု အတူတကွ ထိခတ်မိသွားပြီး ကျယ်လောင်သော အသံကြီးထွက်ပေါ်လာခဲ့သည်။ စွမ်းအင်လှိုင်းလုံးကြီးများသည် အရပ်လေးမျက်နှာသို့ ပျံလွင့် ထွက်သွားခဲ့သည်။ ယန်ရှန်း၏ ခမ်းနားကြီးကျယ်သော ဓားချက်အောက်တွင် ဧရာမဓားအလင်းတန်းကြီးသည် တစ်လက်မပြီးတစ်လက်မ ကွဲအက်သွားခဲ့သည်။ ဓားစွမ်းရည် အလင်းတန်း ပိုမိုနီးကပ်လာသည်နှင့်တစ်ပြိုင်နက် ဧရာမဓားအလင်းတန်းသည်လည်း ပိုမိုမြန်ဆန်သော နှုန်းထားဖြင့် အက်ကွဲလာခဲ့သည်။ ယန်ရှန်း၏ လက်နှစ်ဖက်အတွင်းမှ မရေမတွက်နိုင်သော ဓားချီများထွက်ပေါ်လာခဲ့ပြီး ခမ်းနားကြီးကျယ်သော ဧရာမ ဓားအလင်းတန်းကြီးများဖြင့် လှိုင်းလုံးတစ်လှိုင်းပြီး တစ်လှိုင်းကဲ့သို့ တိုက်ခိုက်နေခဲ့သည်။ မုန်တိုင်းထန်သော ပင်လယ်ပြင်၏ လှိုင်းလုံးများကဲ့သို့ ထိတ်လန့်ဖွယ်ဓားချီများသည် ဧရာမ ဓားအလင်းတန်းကြီးကို ဖျက်ဆီးပြီး ယဲ့ဟုန်ထံ ပြေးဝင်သွားသည်။

ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ရောက်မလာခင်ကတည်းက ယဲ့ဟုန်သည် သေစေ နိုင်လောက်သော ခြိမ်း‌ခြောက် မှုတစ်ခုကို ခံစားလိုက်ရ၏။

၎င်းဓါးစွမ်အင်များမှာ အလွန်အမင်းထက်မြရုံသာမက သမုဒ္ဒရာကြီး တစ်မျှ အလွန်နက်ရှိုင်းသော ဖိအားကြီးကိုလည်း သယ်ဆောင်ထားခဲ့သည်။ အဆိုပါဖိအားက ယဲ့ဟုန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက်ဖိနှိပ်ထားပြီး လုံး၀လှုပ်ရှားခွင့်မပေးပေ။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ၏ လှည့်ပတ်နှုန်းကတောင် မြောက်မြားစွာလျော့ကျသွားရသည်။ 

"ဘယ်လို... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

ယဲ့ဟုန်၏မျက်နှာ၌ မယုံကြည်မှုများနှင့်ပြည့်နှက်လာသည်။ စောနက တိုက်ကွက်မှာ သူ၏ခွန်အားအကုန်လုံးကို အသုံးပြုထားသော တိုက်ကွက်ဖြစ်သည်။ ၎င်းတိုက်ကွက်မှာ ယန်ရှန်း၏ ဖျက်ဆီးခြင်းကိုသာ ခံလိုက်ရရုံမက သူဟာလည်း ယန်ရှန်း၏ ဖိနှိပ်ခြင်းကို ချွင်းချက်မရှိ ခံနေရသည်။ သူက ဒီဖိအားကြီးမှ ထွက်ပြေးမလွတ်မြောက်တော့ဘူးလို့ တွေးတောမိလိုက်၏။ ဒီတိုက်ကွက်ကို ခုခံရန် အကောင်းဆုံး မကြိုးပမ်းပါက ဤတိုက်ကွက်၏ အောက်တွင် ကျိန်းသေပေါက်သေဆုံးရပေလိမ့်မည်။

ယဲ့ဟုန်သည် တိုက်ကွက်ကိုခြေဖျက်ရန် စွမ်းစွမ်းတမံကြိုစားလိုက်သော်လည်း ဖိအားကြီးက သူ့ကို ဖိနှိပ်ထားနေဆဲပင်။ 

ဘုန်း!!

လှိုင်းလုံးကြီးကဲ့သို့ ဓားစွမ်းအင်များသည် ယဲ့ဟုန်၏ မျက်လုံးသူငယ်အိမ် အတွင်း၌ ပို၍ ပို၍ ကြီးမားလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းဓားလှိုင်းများက ယဲ့ဟုန်ကို ထိခတ်မိသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများထွက်ပေါ်လာခဲ့သည်။ 

ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး တောင်ထိပ်တစ်ခုလုံးသည် အဆိုပါဓားလှိုင်းများ၏အောက်တွင် ဖိအားပေး ဖြတ်တောက်ခံလိုက်ရသည်။ 

"ဟမ်!!! ငါမသေသေးဘူးလား?"

ဤအချိန်တွင် ယဲ့ဟုန်က သူ၏မျက်၀န်းများကို ဖိနှိပ်ပြီးဖြစ်သည်။ အချိန်အတော်ကလေးကြာအောင် သူ၏ ခန္ဓာကိုယ်၌ နာကျင်မှု မရှိခဲ့ပေ။ သူဟာ မျက်၀န်းကို ဖြေး‌ဖြေးချင်း ဖွင့်ဟလိုက်သည့်အခါ သူ့အရှေ့၌ရှိနေသော အိုမင်းနေသော ပုံရိပ်တစ်ခုကိုတွေ့မြင်လိုက်ရကာ သူ၏ မျက်နှာ တစ်ခုလုံး ရုတ်တရက်ပျော်ရွှင်သွားခဲ့သည်။

"အဘိုးကြီးယဲ့ သူ့ကို ဒီအရှင်သခင်အတွက် သတ်ဖြတ်ပေးစမ်းပါ။ မဟုတ်သေးဘူး။ သူ့ကို ဒီအရှင်သခင်အတွက်ဖိနှိပ်ထားလိုက်။ ဒီအရှင်သခင်က သူ့ကိုသေတဲ့အထိ နှိပ်စက်ရမယ်။ "

ယဲ့ဟုန်သည် ဒေါသထွက်နေသော အမူအရာဖြင့်ဟစ်အော် ပြောဆိုလိုက်သည်။ သူ့လို အားရှရှေးဟောင်းဂိုဏ်းကြီးရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်က ဒီလိုမျိုးအနိုင်ကျင့်ခံလိုက်ရတာလား။ စောနက သူသည် ငရဲ့ဘုံသို့ ‌ခြေတစ်လှမ်းလှမ်းလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သေးထွက်လုမတတ်ကြောက်လန့်နေခဲ့ရသည်။ 

"ကောင်းပါပြီ သခင်လေး။"

ယဲ့ဟုန်၏ အစောင့်အရှောက်က ခေါင်းငြိမ့်လိုက်ပြီး ယန်ရှန်းကို ရုတ်တရက် စိုက်ကြည့်ကာ သူ၏ အရေးအကြောင်းများ ပြည့်နှက်နေသော လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး ယန်ရှန်းထံ အသာအရာပစ်လွှတ်လိုက်သည်။ 

သူ၏ ကိုယ်နေဟန်ထားမှာ အလွန်အမင်းမောက်မာလှချေသည်။

"သောက်အဘို့းအိုကြီး။ လူငယ်တွေရဲ့ကိစ္စမှာ ၀င်မပါစမ်းနဲ့!!!"

ဤအချိန်မှာပဲ ခေါင်းလောင်ကြီးမြည် သံကဲ့သို ကျယ်လောင်သော အသံသည် ကမ္ဘာကြီးအတွင်းထွက်ပေါ်လာခဲ့သည်။ ၎င်းအသံနှင့်အတူ အလွန်ထက်မြသောဓားအလင်းတန်း တစ်ခုလည်းထွက်ပေါ်လာခဲ့သည်။

၎င်းဓားအလင်းတန်းသည် အစောင့်အရှောက်ယဲ့၏ လက်မောင်းနှစ်ဖက်ကို တိုက်ရိုက်ဖြတ်‌ေတာက်လိုက်သည်။ သူ၏ လက်မောင်းမှာ လေထုအတွင်း၌ သွေးမြူထုကြီးအဖြစ်ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး များစွာသောသွေးများထွက်လာလေသည်။

ယဲ့မျိုးရိုးအမည်ရှိ အစောင့်အရှောက်အဘိုးအို မဟစ်အော်နိုင်ခင်မှာဘဲ နောက်ထက်ဓားအလင်းတန်းတစ်ခုလည်းထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ထပ်ပိုင်းဖြတ်လိုက်ကာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို သွေးများဖြင့်နီစွေးသွားစေခဲ့သည်။

ယဲ့ဟုန်တစ်ယောက် ရူးလုမတတ် ထိတ်လန့်သွားသည်!

သူ၏အစောင့်အရှောက်၊ နတ်ဘုရင်အဆင့် သန်မာသောပုဂ္ဂိုလ် တစ်ယောက်က မျက်တောင်တစ်ခတ်အတွင်းမှာ သေဆုံးသွားတယ်တဲ့လား။

ဒါက အိမ်မက်လား?

ဝှစ်

တိုးဖွဖွ လေတိုးသံက ယဲ့ဟုန်ကို ပြန်လည်၍ သတိလည်လာစေသည်။ သူဟာ ရင်ဘက်ပေါ်တွင် နာကျင်မှာတစ်ခုကို ခံစားလိုက်ရပြီး ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ထက်မြသော ဓားတစ်ချောင်းက သူ၏ရင်ကို ထွင်းဖောက်နေကြောင်းတွေ့ရှိလိုက်ရသည်။ သွေးစက်များသည် ထက်မြသော ဓားအစွန်းမှ တစ်တောက်တောက်ကျဆင်းလျက်ရှိသည်။

ယဲ့ဟုန်၏ အသိအာရုံမှာ တစ်ဖြည်းဖြည်းချင်းရှုပ်ထွေးဝေဝါးလာခဲ့ပြီး နောက်ဆုံးအချိန်တွင် ရူးနှမ်းသောအပြုံးနှင့် အသံတစ်သံကို ကြားလိုက်ရသည်။ 

"မှတ်ထားပါ မင်းကိုသတ်ခဲ့တဲ့သူက ယန်ရှန်းပဲ!"

All Chapters