← Chapters

အမျိုးသမီးတွေလည်း ပြိုင်ဖက်ကင်းဖြစ်နိုင်တယ်

Vol. 24 Ch. 336

အမျိုးသမီးတွေလည်း ပြိုင်ဖက်ကင်းဖြစ်နိုင်တယ်

Vol. 24 Ch. 336

ယန်ရှန်းက ယဲ့ဟုန်ကိုသတ်ဖြတ်လိုက်ပြီးနောက် အမည်မဲ့ဓားသမားကလည်း ချက်ချင်းပျောက်ကွယ် သွားခဲ့သည်။ ယန်ရှန်းသည် ယဲ့ဟုန်နှင့် သူ၏တာအိုအစောင့်အရှောက်တို့၏ ကြွယ်ဝချမ်းသာမှုများကို သိမ်းဆည်းလိုက်ပြီးနောက် အခြားလူငယ်ပါရမီရှင်များကိုရှာဖွေရန် ထွက်ခွာသွားတော့သည်။

အခြားတစ်ဖက်၌ တောလမ်းလေးတစ်ခုအတွင်းတွင်....

ချုံချူရှေးဟောင်းဂိုဏ်း၏ ဆယ်ယောက်မြောက်သားတော် ရှန်ကွမ်းရှန်သည်သွေးစွန်းနေသောဓားအရှည်ကြီးကိုသယ်ဆောင်လျက် တည်ငြိမ်သောအမူအရာဖြင့်လမ်းလျှောက်လာသည်။ သူ၏နောက်တွင် မလိုလားမနှစ်မြို့သောအမူအရာရှိနေသော လူငယ်ပါရမီရှင်တစ်ယောက်သည်​ မြေပြင်ပေါ်ပြိုဆင်းသွားခဲ့သည်။

"ရှန်ရှန်ကျုံဂိုဏ်းက ကျိယိုယန်၊ စိန်ခေါ်ဖို့ရောက်လာပါတယ်!"

တိတ်ဆိတ်ငြိမ်သက်နေသောအချိန်ကာလတွင် နွေဦးရေစဥ်ကဲ့သို့ကြည်လင်အေးမြသော အသံကလေးသည်ထွက်ပေါ်လာခဲ့ချေသည်။

ရှန်ကွမ်းရှန်သည် မျက်လုံးပင့်၍ကြည့်ရှူ့လိုက်သည်။ရောက်လာသောလူကိုတွေ့မြင်လိုက်ရသောအခါ သူ၏မှေးမှိန်နေသောမျက်ဝန်းများသည် ရုတ်တရက်တောက်ပသွားသည်။ အဲ့ဒီပုရွက်ဆိတ်လိုဂိုဏ်းမှာ ဒီလောက်ထိလှပတဲ့အမျိုးသမီးလေး ဘယ်လိုလုပ်ရှိနေရတာလဲ။ သူ၏ရင်အတွင်း၌ ပန်းပွင့်များ ပွင့်လန်းလာခဲ့ပြီး ထိမ်းသိမ်းမရနိုင်တော့ပေ။

ကျိယိုယန်သည် မိုးပြာရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားပြီး သူမ၏ရှည်သွယ်သောမဟူရာဆံသားများမှာ ပခုံးများအပေါ်၌ ဝဲလျက်ကျဆင်းနေသည်။ သူမ၏ဖျော့တော့သောအပြုံးကလေးက မြင့်မြတ်သောအရှိန်အဝါကိုဖော်ဆောင်နေသည်။ လေပြေလေညှင်းကလေးတိုက်ခတ်လိုက်သည့်အခါ သူမဝတ်ဆင်ထားသောဂါဝန်လေးမှာ လေယူရာယိမ်းနွဲ့သွားခဲ့ပြီး သန့်စင်ကြည်လင်သောအသားအရည်ကို လှစ်ဟပြလိုက်သည်။ ဒါက လူများကိုနေ့ခင်းဖက်အိမ်မက်မက်နေသကဲ့သို့ ခံစားရစေနိုင်သည်။

"ငါ့ရဲ့ကြင်ရာတော်အဖြစ် မင်းဘဝကိုခစားလိုက်စမ်း"

ရှန်ကွမ်းရှန်၏မျက်ဝန်းများသည် ပူပြင်းတောက်လောင်လာပြီး ကျိယိုယန်ကိုစူးစိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

ချုံရှုံရှေးဟောင်းဂိုဏ်း၏ ဆယ်ယောက်မြောက်မြင့်မြတ်သားတော်ဖြစ်သည်နှင့်အညီ သူ၏အဆင့်အတန်းက တောင်ပိုင်းနယ်မြေတစ်ခုလုံး၌ မြင့်မြတ်လှပေသည်။ သူကသာဂိုဏ်းအငယ်လေးတစ်ခုအတွင်းမှ အမျိုးသမီးတပည့်တစ်ယောက်ကို အလိုရှိပါက အလွယ်တကူရယူနိုင်သည်မဟုတ်ပါလော့။

သူဟာ ရှန်ရှန်ကျုံဂိုဏ်းကို မျက်လုံးထဲတောင်ထည့်မထားပါပေ။ သူ၏မျက်ဝန်းများကို အာရုံစိုက်စေခဲ့သူမှာ တောင်ပိုင်းနယ်မြေ၏ ထိပ်တန်းအလှအပလေးများနဲ့နှိုင်းယှဥ်နိုင်သော ကျိယိုယန်၏လှပပျိုမြစ်မှုပင် ဖြစ်ချေတော့သည်။

" ထျန်းရွှမ်သတ်ဖြတ်ခြင်းဓား"

ကျိယိုယန်သည် မျက်ဝန်းများကိုမှေးကျဥ်းလိုက်ပြီးအေးစက်စွာနှာမှုတ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး၌ သတ်ဖြတ်ခြင်းအရှိန်အဝါများပြည့်နှက်လာခဲ့ပြီး သူမကိုယ်တွင်းရှိစွမ်းအားများမှာ လက်ထဲ၌ကိုင်ဆောင်ထားသော ဓားရှည်ထံစီးဆင်းဝင်ရောက်သွားသည်။ ယင်းနောက်မှာ ကြီးမားသောဓားမြှောင်တစ်ချောင်း၏ ပုံရိပ်တစ်ခုလေထုထဲ၌ထွက်ပေါ်လာခဲ့ပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကိုအားဖြည့်ပေးနေသည်။ ၎င်းအရှိန်အဝါသည် ကောင်းကင်ယံရှိ ကြယ်များအလားကျယ်ပျံ့နက်ရှိုင်းလှပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကိုဖိနှိပ်ထားခဲ့သည်။

"ဟန်"

ကျိယိုယန်သည် ဓားကိုထိုးသွင်းလိုက်သည့်အခါ ဓားဟိန်းသံသဲ့သဲ့ထွက်ပေါ်လာခဲ့သည်။ သူမလက်ထဲရှိရှည်လျားသောဓားရှည်မှာ စမ်းချောင်းတစ်ခုစီးဆင်းနေသလိုမျိုး ရှောင်ဖယ်၍မရသောအမြန်နှုန်းဖြင့် သက်ဆင်းလာခဲ့ပြီး ဓား၏အဆုံးစွန်တိုင်အောင်ထက်မြတ်မှုများသည် ကျယိုယန်နှင့်ရှန်ကွမ်းရှန်တို့အနားရှိလေထုကိုတောင် အစိတ်စိတ်အမွှာမွှာ ကွဲအက်စေခဲ့သည်။

"ဘန်း"

ကျိယိုယန်၏ ထိတ်လန့်ဖွယ်ကောင်းသော ဓားသိုင်းကွက်က ရှန်ကွမ်းရှန်၏မျက်ဝန်းသူငယ်အိမ်များကို တုန်လှုပ်သွားစေခဲ့သည်။ သူ့မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လာသည်။ မူလက သူသည်ထိုအမျိုးသမီးလေး၏ အရသာကိုတောင် စိတ်ကူးယဥ်နေမိသည်။ နောက်တဒင်္ဂအအကြာမှာတော့ ထိုအမျိုးသမီးလေးက ပြိုင်ဖက်ကင်းဓားနတ်သမီးတစ်ပါးလိုမျိုး သူ့ကိုအကြောက်တရားဖြင့်တုန်ရင်လာစေခဲ့သည်။ ဤသည်ကား ဆူးများပြည့်နှက်နေသော နှင်းဆီတစ်ပွင့်မဟုတ်တော့ချေ။ ကြောက်လန့်ဖွယ်မကောင်းဆိုးဝါးမကြီးပဲဖြစ်ချေတော့သည်!

" ဘုန်း"

သူ၏နှလုံးသားက တုန်ရင်နေသော်လည်း ရှန်ကွမ်းရှန်ဟာ ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်နေဆဲပဲ။ သေရေးရှင်ရေးကာလတွင် သူသည် ကျိယိုယန်ဓားချက်၏ ဖိနှိပ်မှုများကိုချိုးဖျက်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်လာခဲ့သည်။ သူ့ထံမှပျံ့လွင့်ထွက်ပေါ်လာသော စွမ်းအားများမှာ အစွမ်းထက်လွန်းတာကြောင့် သူ၏ဆံနွယ်အရှည်များကတောင် လေဟုန်စီးဝဲလွင့်နေခဲ့ပြီး သူ့ကိုနတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ ဖြစ်စေခဲ့သည်။

" ချုံရှူဓားသိုင်းကွက်"

ရှန်ကွမ်းရှန်သည် တိုးညှင်းစွာရေရွက်လိုက်ပြီး သူ၏လက်ကိုဆန့်ထုတ်ကာ လေထုအတွင်းဖမ်းဆုပ်လိုက်သည့်အခါ ရှည်လျားသောဓားရှည်တစ်ချောင်းသည် ထွက်ပေါ်လာခဲ့သည်။ ထိုလူကဓားရှည်ကိုကိုင်ဆောင်ပြီး ကျိယိုယန်၏ဓားချက်ထံသို့ ရဲဝံ့စွာပြေးဝင်သွားခဲ့သည်။

သို့ပါသော်လည်း ကျိယိုယန်၏ဓားကွက်မှာ အယောင်ပြလှုပ်ရှားမှုသာဖြစ်ပြီး အမှန်တကယ်တိုက်ကွက်မှာ သူ၏နောက်ကျော ဖက်၌ သရဲတစ္ဆေတစ်ကောင်လို ထွက်ပေါ်လာလိမ့်မည်ဟု တွေးမထားမိခဲ့ပေ။

" ဝှစ်"

ဓားရှည်တစ်​​ချောင်း ခန္ဓာကိုယ်အတွင်း ထွင်းဖောက်သည့်အသံ ထွက်ပေါ်ခဲ့ပြီး ရှန်ကွန်းရှန်၏ထိတ်လန့်ဖွယ်ကောင်းသော ဓားသိုင်းကွက်မှာ ချက်ချင်းဘဲကြေမွသွားရသည်။ သူကသူ၏ခန္ဓာကိုယ်အတွင်း ထိုးစိုက်နေသော ဓားရှည်းကြီးကို ဗလာမျက်ဝန်းများဖြင့် ငေးစိုက်နေပြီး သူံမျက်နှာထက်၌ မယုံကြည်ရှိနေခဲ့သည်။

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

လှိုက်တက်လာသောပြင်းထန်သည့် နာကျင်မှုကြောင့်ရှန်ကွမ်းရှန်သည် ဒီအမျိုးသမီးကို မကိုင်တွယ်နိုင်တော့ဘူးဆိုတာကို နားလည်လိုက်သည်။ ဒါတင်မကသေးဘဲ သူခံစားလိုက်ရသော သေခြင်းတရားအငွေ့အသက်များက ရှန်ကွမ်းရှန်ကို ပိုမို၍ကြောက်လန့်လာစေခဲ့သည်။

"ရှန်ကွမ်းယီ ထွက်လာခဲ့တော့လေ..ဒီသခင်လေးကသေတော့မယ်ကွ "

ကြီးမားသောအကြောက်တရားသည် ရှန်ကွမ်းရှန်၏ခန္ဓာကိုယ်တစ်ခုလုံးကို အဆက်မပြတ်တုန်ခါလာစေခဲ့ကာ သူဟာအစောတလျင်အော်ဟစ်လိုက်သည်။

ပန်းပွင့်လိုလှပသည့် အလှလေးတစ်ယောက်၏ ဓားကွက်ဖြင့် တချိန်ချိန်တွင်ရှုံးနိမ့်ရလိမ့်မည်ဟု ရှန်ကွမ်းရှန်တစ်ယောက် ဘယ်တုန်းကမှ တွေးထင်မထားခဲ့ပေ။

အသက်ရှင်သန်ရန် တာအိုအစောင့်အရှောက်ကို မှီခိုရလိမ့်မည်လို့တောင် သူလုံးဝတွေးမထားခဲ့ပေ။ သူဟာထိပ်တန်းရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ဆယ်ယောက်မြောက်ကောင်းကင်သားတော် မဟုတ်ပါလော့။

"ဘုန်း"

ရှန်ကွမ်းရှန်၏ စကားဆုံးသွားသည့်အခါ သူ့အရှေ့ရှိလေထုသည် ရုတ်တရက်အက်ကွဲသွားပြီး လေထုအက်ကွဲကြောင်းထဲမှ အလောင်းတစ်လောင်းထွက်ပေါ်လာခဲ့ကာ မြေပြင်ကို တုန်ခါသွားစေခဲ့သည်။

" ဒါက... ဒါက.."

အလောင်း၏မျက်နှာကို တွေ့မြင်လိုက်ရသည့်အခါ ရှန်ကွမ်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပို၍တောင်တုန်လှုပ်လာသည်။ သူ၏မျက်နှာမှာ လုံးဝကိုဖြူဆုတ်နေလေပြီ။ အလောင်းမှာသူ၏အစောင့်အရှောက် ရှန်ကွမ်းယီမှတပါး အခြားမဟုတ်တော့လေပြီ။

" အို....ဒါကိုထိပ်တန်းပါရမီရှင်လို့ခေါ််ပေါ့လေ။ မင်းတတ်နိုင်တာဒါပဲလား။ ငါ့လက်ထဲကဓားလောက်တောင် မာကြောမှုမရှိပါလား။ "

ကျိယိုယန်သည် ဓားရှည်ကိုကိုင်ဆောင်ထားပြီး ရှန်ကွမ်းရှန်ထံသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းသွားခဲ့သည်။ သူမ၏လှပသောမျက်နှာလေးထက်၌ အထင်အမြင်သေးသော အကြည့်တစ်ခုရှိနေခဲ့သည်။ သူမ၏ရက်စက်သော စကားလုံးများက တိတ်ဆိတ်နေသောတောအုပ်တွင် ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။

" ငါ့ကို.....ငါ့ကို....မသတ်ပါနဲ့ "

ကျိယိုယန်၏ သတ်ဖြတ်ခြင်းအရှိန်အဝါများကို ခံစားလိုက်ရသည့်အခါ ရှန်ကွမ်းရှန်သည် ရုတ်ချည်းဒူးထောက်ချလိုက်ပြီး အကြောက်တရားများ ပြည့်နက်နေသောမျက်ဝန်းဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်လိုက်သည်။

" ဒီအမျိုးသမီးကိုသိမ်းပိုက်ဖို့ နင့်မှာလုံလောက်တဲ့ အရည်အချင်းရှိလို့လား။ "

ကျိယိုယန်သည် ရှန်ကွမ်းရှန်ကို စပ်ဆုပ်ရွံ့ရှာစွာ စိုက်ကြည့်လိုက်ပြီး ရှန်ကွမ်းရှန်၏ဦးခေါင်းကို ဓားတစ်ချက်ဖြင့်ဖြတ်တောက်လိုက်သည်။ မြေပြင်၌ သွေးနီရောင် စွေးစွေးနီသွားလေသည်။

" အမျိုးသမီးတွေကလဲ ပြိုင်ဖက်ကင်းဖြစ်နိုင်တယ်!''

အဆိုပါအသံနဲ့အတူ ကျိယိုယန်၏ပုံရိပ်ကလဲ မှုန်ဝါးပျောက်ကွယ်သွားသည်။

ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများကအထူးအင်အားစုသုံးစု၏ ထိပ်တန်းပါရမီရှင်များကို အမဲလိုက်နေစဥ်တွင် ဝမ်ဖုန်းနှင့်အခြားသူများကလဲ ဝန်ရှခန်းမတည်ရှိသောတောင်ကြားကို ရောက်ရှိလာကြသည်။ ဝမ်ဖုန်းသည် နက်မှောင်သောနန်းတော်ကြီးကို စူးစိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများ၌ အေးစက်သောအလင်းတန်းတစ်ခု မွေးဖွားလာသည်။

ဝမ်ရှခန်းမသို့လာရာလမ်းတွင် ဝန်ဖုန်းသည် ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများကို ကမ္ဘာလုံးလေးအတွင်းမှ ဆင့်ခေါ်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူက သူတို့အားလုံး၏အငွေ့အသက်ကို ဖုံးကွယ်ရန်စနစ်ကို စေခိုင်းခဲ့သည်။ ဒီလိုမှမဟုတ်ပါက ဝမ်ရှခန်းမကို ရောက်မလာခင်ကတည်းက သူတို့၏အရှိန်အဝါများကို ဝန်ရှခန်းမမှစွမ်းအားရှင်များ သတိပြုမိသွားမှာဖြစ်၏။

" ဖောင့်ပန်း ၊ လန်ဖုန်းယွမ့် ၊ မန်ချီရှင်း ၊ ပါးရှစ်ပ ၊ စုန့်ချယ် မင်းတို့ငါးယောက်က အကျော်ဇေယျနတ်မင်း အထဋ်အထိပ်အဆင့်မှာရှိနေတယ်။ သတ်ဖြတ်ခြင်းနတ်ဘုရားငါးပါးကို ရင်ဆိုင်တိုက်ခိုက်လိုက်ပါ။ ချီမိန် နဲ့အခြားသူတွေကတော့ ဝမ်ရှခန်းမရဲ့ အခြားသတ်ဖြတ်ခြင်း နတ်ဘုရားတွေကို ရင်ဆိုင်တိုက်ခိုက်ကြ။''

ဝန်ဖုန်းသည် သူ့အနောက်ဘက်ရှိ ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများကို ဝေ့ဝေ့ကြည့်လိုက်ပြီး တိုးဖွစွာပြောလိုက်သည်။

ဖောင့်ပန်းတို့အုပ်စု၏ တိုက်ပွဲဝင်စွမ်းအားဖြင့်ဆိုပါက ကောင်းကင်ဘုံသတ်ဖြတ်ခြင်း နတ်ဘုရားငါးပါးကို ရင်ဆိုင်ရန်လုံလောက်ပေသည်။ ဝမ်ရှခန်းမ၏သခင်ကိုတော့ ဝမ်ဖုန်းကသူကိုယ်တိုင်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ သူကစမ်းသပ်ကြည့်ချင်ပေသည်။ သူ၏လက်ရှိကျင့်ကြံမှု အခြေခံဖြင့် ထွက်ရပ်ပေါက်နတ်မင်း အစောပိုင်းအဆင့်ရှိ ဝန်မ်ခန်းမသခင်ကို ရင်ဆိုင်နိုင်မလားဆိုတာကိုပေါ့။

ဂုဏ်သရေနတ်မင်း အထွဋ်အထိပ်အဆင့်ကို ရောက်ရှိပြီးနောက် ဝမ်ဖုန်းသည်တစ်ခါမှ မတိုက်ခိုက်ရသေးပေ။ သူကိုယ်တိုင်တောင် သူ၏တိုက်ပွဲဝင်စွမ်းအားက ဘယ်အဆင့်ကိုရောက်နေပီလဲဆိုတာ မသိနိုင်တော့ပေ။

သူကဝမ်ရှခန်းမသခင်ကို အသုံးပြုပြီး သူ၏လက်များကို ပိုမိုတောက်ပအောင်သွေးရန် ပြင်ဆင်ထားခဲ့သည်။ သူက ဝမ်ရှခန်းမသခင်၏ ပြိုင်ဖက်မဟုတ်ဘူးဆိုလျှင်တောင် ထိုသူ၏သတ်ဖြတ်ခြင်းကိုတော့ ခံရမှာမဟုတ်ချေ။

" ကောင်းပါပြီ ဂိုဏ်းချုပ် "

ဝန်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ဖောင့်ပန်းနှင့် အခြားသူများ၏မျက်ဝန်းများသည် တောက်ပသွားပြီး တိုးညှင်းစွာ ပြန်ပြောလိုက်သည်။

အကျော်ဇေယျနတ်မင်း အထွဋ်အထိပ်စွမ်းအားရှင်များကို ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုသော အတွေးက ဖောင့်ပန်းနှင့်အခြားသူများကို ထိတ်လန့်မသွားစေရုံသာမက စိတ်အားတက်ကြွလာစေပြီး သူတို့အတိတ်တွင် ရင်ဆိုင်ခဲ့ရသော ရန်သူများမှာ သူတို့၏တိုက်ကွက်များကို မခုခံနိုင်ခဲ့ကြပေ။ အခုအချိန်မှာတော့ အစစ်အမှန်ကစားပွဲ စတင်လေပြီ။

All Chapters