← Chapters

ထုတ်ဖော်ခံရခြင်း

Vol. 54 Ch. 796

ထုတ်ဖော်ခံရခြင်း

Vol. 54 Ch. 796

တစ်ခဏအတွင်း မိစ္ဆာသားရဲသုံးယောက်က သေခဲ့လေပြီ။

သိပ်သည်းသော သွေးရနံနှင့် သတ်လိုဖြတ်လိုသော အော်ရာတစ်ခုက တော်အုပ်ထဲမှာ ပျံ့နှံ့သွား၏။

ကျန်ရှိနေသော သားရဲတောကောင်များသည် မျောက်နှင့်စိတ်ဝိညာဥ်ကျားတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုစတင်ပြီးနောက် လဲပြိုကျရှုံးတော့မည့်ဆဲဆဲ ဖြစ်လား၏။ ထိုသည်ကိုမြင်သောအခါ သူတို့သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး အဘက်ဘက်သို့ ထွက်ပြေးကြကုန်၏။

"မင်းက ဘယ်ကိုပြေးချင်သေးတာလဲ..."

မျောက်သည် သတ်ဖြတ်လိုစိတ်မြင့်မားနေပြီး သားရဲတောကောင်တစ်ကောင်၏ နောက်သို့ ပြေးလိုက်ကာ ထိုးချက်တစ်ချက်ဖြင့် ထိုသူ၏ ဦးခေါင်းကို ကြေမွပျက်စီးသွားစေ၏။

သူ၏မျက်လုံးများက အနည်းငယ် နီရဲနေပြီး သူက စိတ်လှုပ်ရှားတက်ကြွသော အမူအရာရှိနေ၏။ ဖျတ်ကနဲဆို သူသည် တောအုပ်ထဲသို့ ပြေးဝင်ပြီး ကျန်ရှိနေသော သားရဲတောကောင်များကို လိုက်လံသတ်ဖြတ်ချင်မိ၏။

ရုတ်တရက်ဆိုသလို...

ပုံရိပ်တစ်ခုက သူ့ရှေ့မှာဖြတ်ကနဲ ပေါ်လာပြီး သူ့လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။ မျောက်က တုံ့ဆိုင်းမနေဘဲ ထိုးချက်တစ်ချက်ကို ချက်ချင်းထုတ်ဖော်လိုက်၏။

ဘန်း....

ဝင်ရောက်လာသူသည် သူ့လက်ကိုဆန့်ထုတ်၍ မျောက်၏လက်သီးကို သူ၏ လက်ဖဝါးဖြင့် ဖမ်းဆုပ်လိုက်၏။ သူက အင်အားအပြည့်နှင့် ထိုးနှက်ချက်ကို တိုက်ရိုက်လက်ခံယူလိုက်၏။

မျောက်က ရပ်တန့်သွားရလေသည်။

"ငါပါဟ...."

ဆူဇီမို၏ အသံက ထွက်ပေါ်လာပြီး မျောက်၏ လက်သီးကို လွှတ်ပေးကာ အသံနှိမ့်၍ထပ်ပြောလိုက်၏။

"သူတို့နောက်ကို ဆက်မလိုက်နဲ့တော့ ၊ ငါတို့ဒီနေရာကနေအရင်ထွက်ကြရအောင်"

ဆူဇီမိုသည် သတ်ဖြတ်ရာမှာ ပြတ်သားပြီး သူ၏ ထက်ရှသော တိုက်ခိုက်မှုများဖြင့် မိစ္ဆာသားရဲသုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း သူ၏ ဆင်ခြင်တုံတရားကို မဆုံးရှုံးသေးပေ။

ဤနေရာက ရှေးဟောင်းတိုက်ပွဲမြေမဟုတ်ပေ။

ရှေးဟောင်းတိုက်ပွဲမြေတွင် သူတို့သည် အရာရာတိုင်းအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်ပြီး သူတို့၏ လမ်းကြောင်းကို တားဆီးနိုင်သည်အရာ ဘာမှမရှိပေ။

သို့သော် ဒီနေရာမှာ​တော့ မရပေ။

ဒါက သားရဲနယ်မြေ ၈ ခွင်ထဲမှ တစ်ခု.. သားရဲတစ်ထောင်တောင်ကြား၏ လရောင်ငိုကြွေးတောင်မှာ ဖြစ်လေသည်။ ဒီနေရာမှာ သူတို့ကို ခြိမ်းခြောက်နိုင်သော တည်ရှိမှုများစွာ ရှိနေ၏။

အဲ့ဒါက ကန်းလန်ရိုးမလည်း မဟုတ်ပေ။

ဆူဇီမိုဖြစ်စေ မျောက်ဖြစ်စေ သူတို့သည် ကန်းလန်ရိုးမမှာရှိသော နယ်မြေဒေသများနှင့် ပတ်ဝန်းကျင်များကို အလွန်တရာရင်းနှီးကျွမ်းဝင်ပေသည်။

သို့သော်လည်း ဒီနေရာနဲ့ပက်သက်၍တော့ သူတို့က ဘာမှမသိရသေးပေ။

သူတို့အနေနှင့် အဆင့်နိမ့်မိစ္ဆာသားရဲသုံးယောက်ကို သတ်ဖြတ်ရသည်မှာ လွယ်သော်လည်း နောက်ဆက်တွဲ ပြဿနာများက သူတို့နောက်သို့ မီးခိုးကြွက်လျှောက် လိုက်လာနိုင်လေသည်။

သူတို့က ထွက်ပြေးသွားသော သားရဲတောကောင်များ နောက်သို့ ဆက်လိုက်ပြီး အချိန်ဖြုန်းလိုက်မည်ဆိုလျှင် ပိုမိုကြီးမားသော အန္တရာယ်နှင့် တွေ့ကြုံရနိုင်၏။

သူတို့သည် နောက်ထက်ပို၍ များပြားသော မိစ္ဆာသားရဲများ သို့မဟုတ် သူတို့ပြောပြောနေသည့်လရောင်ငိုကြွေးပိုင်နက်အရှင်၏ အာရုံကို စွဲဆောင်မိသွားလျှင် သူတို့ငါးယောက်သည် သေချာပေါက် သေရနိုင်လေသည်။

ပိုင်နက်အရှင်တစ်ပါးဖြစ်ဖို့ဆိုလျှင် ထိုသူက အလယ်အလတ်အဆင့်မိစ္ဆာ သားရဲတစ်ကောင်ဖြစ်ရပေမည်။ အဲ့တာက မူလနတ္ထိအဆင့်နှင့် ညီမျှလေသည်။ မူလနတ္ထိအဆင့်တစ့်ယောက်၏ စွမ်းအားသည် ဆူဇီမိုက ဝှက်ဖဲများကို ကုန်စင်အောင် ထုတ်ဖော်လျင်​တောင် ယှဥ်ပြိုင်နိုင်မည်မဟုတ်သော တစ်စုံတစ်ရာဖြစ်လေသည်။

သူတို့အတွက် လောလောဆယ် အရေးကြီးဆုံးအချက်မှာ ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာပြီး လုံခြုံစိတ်ချရသည့် နေရာတစ်ခုကို ရှာဖွေကာ သူတို့၏ အဆင့်ချိုးဖြတ်တက်လှမ်းခြင်းများကို ကြုးပမ်းဖို့ဖြစ်လေသည်။

သူတို့က သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ကျင့်ကြံနိုင်ပြီး မိစ္ဆာသားရဲများ ဖြစ်လာမည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင်လုပ်၍ ဓမ္မလက်နက်များကိူ သန့်စင်နိုင်ပေမည်။ အဲ့ဒီအခါ သူတို့က သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းရှိလာပေလိမ့်မည်။

ဘာဘဲပြောပြော သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေမှ အတော်လေး အကျိုးအမြတ်ရရှိခဲ့ကြ၏။

မဟာအရိုင်းကမ္ဘာမှာ သားရဲနတ်ဆိုးဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတိဆိုးကျင့်စဥ်တွင် အပိုင်း ၉ ပိုင်းပါရှိ၏။ နောက်ထပ်လာမည့်အပိုင်းမှာ ယင်စိတ်ဝိညာဥ်အပိုင်းဖြစ်လေသည်။

ယခုချိန်ထိတော့ သူသည် ရှေးဟောင်းသားရဲဘုရင် ၇ ပါးကို ကျင့်ကြံထားန်ိုင်၏။

သူထင်တာမမှားဘူးဆိုရင် ယင်စိတ်ဝိညာဥ်အပိုင်းကို ရောက်သည့်အခါ နောက်ထပ်ရှေးဟောင်းသားရဲဘုရင် တစ်ပါးက ထွက်ပေါ်လာဖို့အခွင့်များလေသည်။

ဆူဇီမိုသည် ယင်စိတ်ဝိညာဥ်အပိုင်းမှာ ထွက်ပေါ်လာမည့် နည်းစနစ်နှင့် ပေါ်ပေါက်လာမည့် ရှေးဟောင်းသားရဲဘုရင်တို့က ဘာတွေဖြစ်နေမလဲဆိုတာ သိချင်နေမိ၏။

မျောက်သည် ဆူဇီမို၏အသံကိုကြားသောအခါ သည်းထန်စွာ မောဟိုက်နေပြီး သူ၏ မျက်လုံးထဲရှိ သွေးနီရောင်အရိပ်ကလည်း ဖျော့တော့သွား၏။ သူက ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။

"သွားကြတာပေါ့"

ဆူဇီမိုက လက်ပြ၍ ဦးတည်ချက်တစ်ခုကို အကြမ်းဖျင်း ရွေးချယ်ပြီး တောအုပ်ထဲသို့ ပြေးဝင်သွား၏။

မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးလေးတို့ကလည်း နီးကပ်စွာလိုက်ပါသွားကြ၏။

ဤတောအုပ်၏ နေရာဒေသနှင့်ပတ်ဝန်းကျင်သည် သူတို့နှင့် အလွန်တရာ စိမ်းသက်နေ၏။

ကံကောင်းထောက်မစွာနှင့်ပင် ဆူဇီမို၏ အာရုံခံသတိစိတ်သည် ကြောက်စရာကောင်းလွန်းပြီး သူ၏ အာရုံခြောက်ပါးက ထက်ရှနေကာ သူတို့ကို ပြဿနာအတော်များများမှ ရှောင်လွှဲနိုင်စေခဲ့၏။

သူတို့သည် နှစ်နာရီနီးပါး ခရီးသွားပြီးနောက် တိတ်ဆိတ်၍ လျှို့ဝှက်သော လှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

ဆူဇီမိုသည် အရင်ဆုံးဝင်ရောက်ပြီး နေရာကို အကဲခတ်ထောက်လှမ်းကြည့်လိုက်၏။ အထဲတွင် မည်သည့်အန္တရာယ်မှ မရှိတာသေချာမှသာ သူက မျောက်နဲ့ အခြားသူများကို ဝင်ရောက်ဖို့ လှမ်းခေါ်လိုက်၏။

"ခဏတ​ဖြုတ်နားပြီးတော့ မင်းတို့အဆင့်ချိုးဖြတ် တက်လှမ်းဖို့အတွက် ပြင်ဆင်ကြ ၊ ငါကတော့ လှိုဏ်ဂူရဲ့အပြင်ဘက်မှာ တစ်ခုခုလုပ်စရာရှိသေးတယ်"

ထိုသို့​ပြောပြီးသည်နှင့် ဆူဇီမိုသည် လှည့်ထွက်လာခဲ့၏။

သူသည် လှိုဏ်ဂူ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာပြီး ပြီးခဲ့သည့်နှစ်များအတွင်း သူလေ့လာသင်ယူခဲ့သော အစီအရင်ဝင်္ကပါများအကြောင်းကို ပြန်လည်တွေးတောလိုက်၏။

ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်များအတွင်း အစီအရင်ဝင်္ကပါတာအိုကို လက်မလွှတ်ခဲ့ပေ။

အစီအရင်ဝင်္ကပါအပေါ် သူ၏ နားလည်သဘောပေါက်မှုက လုံလောက်အောင် မနက်ရှိုင်းဘူးဆိုလျှင် သူက မီးပဒေသာဓါးဝင်္ကပါ၏ စွမ်အားကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။

ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှာရှိစဥ်ကတည်းက အစီအရင်ဝင်္ကပါမှာ သူ၏အခြေခံအုတ်မြစ်ကို တည်ဆောက်ထားခဲ့ပြီး ဖြစ်၏။

ဒါ့အပြင် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေရှိ ကျမ်းစာတိုက်ထဲမှ အဆင့်မြင့်သော လျှို့ဝှက်ဝင်္ကပါများစွာကို သူက ထပ်မံလေ့လာသင်ယူခဲ့ရ၏။

ခဏမျှတိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက အစီအရင်ဝင်္ကပါများကို စတင်၍ ခင်းကျင်းလိုက်၏။

သူတို့သည် အခုမှ ဤသားရဲနယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်သောကြောင့် နည်းနည်းလေးမှ နမော်နမဲ့ မလုပ်ရဲပေ။

သူသည် သူတို့၏တည်နေရာကို သဲလွန်စဖျောက်ရန် ဖုံးကွယ်ခြင်းနှင့် ပုံရိပ်ယောင် ဝင်္ကပါတစ်ချို့ကို ခင်းကျင်းပြီးမှသာလျှင် သူက စိတ်ချလက်ချနေနိုင်ပေလိမ့်မည်။

ဆူဇီမို၏ လက်ချောင်းထိပ်များမှ စိတ်ဝိညာဥ်ချီမျှင်များက ထွက်လာပြီး ဓါးတစ်လက်ထဲသို့ စုဝင်သွားကာ ထိုဓားဖြင့် မြေပြင်ပေါ်မှာ ဝင်္ကပါအင်းကွက်များကို သူက ရေးဆွဲလိုက်၏။

ဝင်္ကပါခင်းကျင်းခြင်း ဖြစ်စဥ်က သိပ်ပြီး ချောမွေ့ပြေပစ်လှသည်တော့ မဟုတ်ပေ။

မကြာမကြာဆိုသလို အနီးနားပတ်ဝန်းကျင်တွင် စိတ်ဝိညာဥ်သားရဲများက ပေါ်လာတတ်၏။

သဲလွန်စပေါ်သွားမည်ကို စိုးရိမ်သောကြောင့် ဆူဇီမိုသည် စိတ်ဝိညာဥ်သားရဲတစ်ကောင်၏ တည်ရှိမှုကို ခံစားမိတိုင်း သူ၏အလုပ်ကို ခဏရပ်နားပြီး ထိုစိတ်ဝိညာဥ်သားရဲထွက်သွားမှသာ ဝင်္ကပါခင်းကျင်းခြင်းကို ဆက်လက်လုပ်ဆောင်၏။

မိစ္ဆာသားရဲသုံးယောက်၏ သေဆုံးမှုသတင်းသည် ​နေ့တစ်ဝက်အတွင်း နေရာတိုင်းသို့ ​ပျံ့နှံသွားပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ဤနေရာကို ဖြတ်သန်းသွားလာသည့် စိတ်ဝိညာဥ်သားရဲများ၏ အရေအတွက်က တိုးတိုးလာခဲ့၏။ သူတို့အားလုံးသည် သုန်မှုန်၍ ခက်ထန်သော အမူအရာများရှိနေကြ၏။ သူတို့က တစ်စုံတစ်ရာကို ရှာဖွေနေကြသည်မှာ သိသာလေသည်။

ကံကောင်းထောက်မစွာဖြင့် မည်သည့်စိတ်ဝိညာဥ်သားရဲကမှ ဤလှိုဏ်ဂူ၏ တည်ရှိမှုကို ရှာမတွေ့ခဲ့ကြပေ။

ညအချိန်တွင်....

မှောင်မဲနေသော လှိုဏ်ဂူအတွင်းမှ အသက်ရှူသံအမျိုးမျိုးကို ကြားရနိုင်လေသည်။

ထိုအသက်ရှုသံများနှင့်အတူ သားရဲချီများက ရုန်းကြွလာပြီး လှိုဏ်ဂူအတွင်းဖြန့်ကျက်ကာ ပို၍ ကြွယ်ဝလာ၏။

အဲ့ဒါက အသက်ရှုသံများဖြစ်စေ သိပ်သည်းသော သားရဲချီများဖြစ်စေ အကုန်လုံးသည် လှိုဏ်ဂူအတွင်းမှ ပိတ်မိနေပြီး ဝင်္ကပါအစီအရင်ကြောင့် အပြင်လောကနှင့် ပိုင်းခြားခံထားရ၏။

လှိုဏ်ဂူ၏ ဝင်ပေါက်ဝ၌ ဆူဇီမိုသည် မြေပြင်ပေါ်မှာထိုင်ပြီး အနောက်ဘက်သို့ ငေးကြည့်နေ၏။

မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးလေးတို့သည် နေ့တစ်ဝက်ကြာပြီးနောက် အဆင့်ချိုးဖြတ်တော့မည့် လက္ခဏာများ မပြသေးပေ။

သူတို့အားလုံးသည် အမြုတေဖွဲ့တည်ခြင်းအဆင့်၏ အထွတ်အထိပ်မှာ ရောက်နေကြပြီး အဲ့ဒါကိုဖြတ်ကျော်ဖို့အတွက် ​​ခြေတစ်လှမ်းသာ လိုတော့၏။ သို့သော်လည်း အမြုတေဖွဲ့တည်ခြင်း အဆင့်ကဲ့သို့သော အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်ရခြင်းသည် သိပ်ပြီးရိုးရှင်းလှသည်မဟုတ်ပေ။

ထိုကဲ့သို့သော အဆင့်ချိုးဖြတ် တက်လှမ်းမှုအတွက် တစ်စုံတစ်ယောက်၏ စိတ်သည် တည်ငြိမ်နေဖို့လိုအပ်ပြီး သူ၏ ချီများကို စုစည်းရလေသည်။

သူတို့သည် အောင်မြင်ခါနီးအချိန်တွင် ရုတ်တရက်ဖြစ်ပေါ်လာသော ထိုးထွင်းသိမြင်မှုတစ်ခုကို ဖမ်းဆုပ်ဖို့လိုလေသည်။

အဲ့ဒါက ရုတ်တရက်ဖြစ်ပေါ်လာသော ဉာဏ်အလင်းပွင့်မှု ဖြစ်လေသည်။

သူတို့က မှန်ကန်သော အခွင့်အလမ်းကို မဖမ်းဆုပ်မိသေးဘဲ ခေါင်းမာမာနှင့် အတင်းကျပ် အဆင့်ချိုးဖြတ်ဖို့ ကြိုးစားမည်ဆိုလျင် သူတို့၏ စိတ်နှလုံးသည် ယောက်ယက်ခက်၍ ချီသွေဖယ်ခြင်းဆီသို့ ဦးတည်သွားနိုင်၏။

ဆူဇီမိုသည် အဆင့်ချိုးဖြတ်တက်လှမ်းဖို့ မကြိုးစားဘဲ နေရာကိုသာ စောင့်ကြပ်နေ၏။

အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်တက်လှမ်းခြင်း ဖြစ်စဥ်သည် အလွန်တရာအရေးကြီးပြီး နှောင့်ယှက်ခံရလို့ မဖြစ်ပေ။

သူတို့က အန္တရာယ်ရှိသော နေရာမှာ ရော​က်နေကြ၏။ သူတို့ငါးယောက်စလုံးက တစ်ပြိုင်နက်တည်းမှာ အဆင့်ချိုးဖြတ်တက်လှမ်းဖို့ ကြိုးစားမည်ဆိုလျင် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး သူတို့၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်များက ဖျက်ဆီးခံရနိုင်၏။

တဖြည်းဖြည်းနှင့်ဆူဇီမိုသည် သူ၏မျက်လူံးနှစ်ဖက်ကို ပိတ်ပြီး သူ၏စိတ်ကို အနားပေးနေ၏။

လှိုဏ်ဂူ၏အပြင်ဖက်တွင် ပုရစ်အော်သံများနှင့် ဖားအော်သံများက ထွက်ပေါ်နေ၏။

အင်းဆက်များနှင့် ပုရွက်ဆိတ်များကလည်း ပြေးလွှားနေကြ၏။

လေထဲတွင် တောင်ပံခတ်သံ တဖျတ်ဖျတ်ကိုလည်း ကြားနေရ၏။

သူ၏ မျက်လုံးများကို ဖွင့်မကြည့်သော်လည်း ဆူဇီမိုသည် လေထဲတွင် ငှက်များပျံသန်းသွားလာနေကြသည်ကို မြင်ယောင်ကြည့်နိုင်၏။

အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခုဖြစ်၏။

အဲ့ဒါက တည်ငြိမ်အေးချမ်းပြီး ငြိမ်သက်တိတ်ဆိတ်နေ၏။

အချိန်ကာလတစ်ခုက ကုန်ဆုံးသွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို...

ဆူဇီမိုသည် ရင်ဆစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးများကို ဖျတ်ကနဲ ဖွင့်လိုက်၏။

ထိုစဥ်မှာပင် ပုရစ်နှင့် ဖားအော်သံများ၊ ငှက်နှင့်တောကောင်များ၏ အသံများသည် ရုတ်တရက် ပျောက်ကွယ်သွား၏။

အဲ့ဒါကသည် တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သည်နှင့်တူ၏။

မူလက တည်ငြိမ်အေးချမ်းနေမှုက ပျက်ပြားသွားခဲ့လေပြီ။

ဆူဇီမိုသည် အေးစက်စက်အမူအရာနှင့်အတူ တဖြည်းဖြည်းထရပ်ပြီး သူ၏ မျက်လုံးများက အေးစက်နေ၏။

လှိုဏ်ဂူ၏ အပြင်ဘက်က တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်၏။ သို့သော်လည်း သူတို့၏ ဘေးပတ်လည်တွင် အန္တရာယ်များစွာက သူတို့ကိုသတ်ဖြတ်ဖို့စောင့်ဆိုင်းနေပြီဖြစ်ကြောင်း သိလိုက်၏။

အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ...

သူတို့၏ တည်နေရာက ဘယ်လိုမျိုး ပေါက်ကြားသွားရတာပါလိမ့်။

ဆူဇီမို၏ စိတ်ထဲမှာ များစွာသော မေးခွန်းများက ရှိနေ၏။

သူတို့သည် ဤနေရာကို ရှာမတွေ့ခင်အထိ လမ်းတစ်လျှောက်မှာ မည်သည့်စိတ်ဝိညာဥ်သားရဲကို မဆို မျက်ခြေဖြတ်ပြီး ခါချနိုင်ခဲ့သည်မှာသေချာ၏။

ဤနေရာသို့ သူတို့ဝင်ရောက်သည်ကို မည်သည့်စိတ်ဝိညာဥ်သားရဲကမှ မမြင်ခဲ့ရသည်ကို သူသေချာပြောနိုင်လေသည်။

ဒါ့အပြင် လှိုဏ်ဂူ၏အပြင်ဘက်မှာ ဖုံးကွယ်ခြင်း အစီအရင်ဝင်္ကပါတစ်ခုကိုလည်း သူက ခင်းကျင်းထား၏။ သူတို့က ဘာ့ကြောင့် ဒီလောက်မြန်မြန် ရှာဖွေတွေ့ရှိခံလိုက်ရတာပါလိမ့်။

All Chapters