← Chapters

မဟာကာကွယ်သူ ၇ ယောက်

Vol. 54 Ch. 797

မဟာကာကွယ်သူ ၇ ယောက်

Vol. 54 Ch. 797

လှိုဏ်ဂူအပြင်ဘက်ရှိ သစ်ပင်ရိပ်များသည် ယိမ်းထိုးနေပြီး ည၏ ဖုံးကွယ်မှုအောက်တွင် အတော်လေး မကောင်းဆိုးဝါးဆန်နေ၏။

ရုတ်တရက်ဆိုသလို.....

တောအုပ်၏ အနက်ပိုင်းထဲမှ တရှပ်ရှပ်ခြေသံများကို ကြားလိုက်ရ၏။ အမှောင်ထုထဲကနေ စိမ်းဖန့်ဖန့် သူငယ်အိမ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာပြီး စိတ်လှုပ်ရှားမှု၊ ကြမ်းကြုတ်မှုတို့နှင့်အတူ တောက်ပနေ၏။ သူတို့က လှိုဏ်ဂူဆီသို့ တစ်ယောက်ပြီးတစ်ယောက် ချဥ်းကပ်လာပြီး စိတ်ဝိညာဥ်သားရဲများ၏ ပုံရိပ်က တဖြည်းဖြည်းပို၍ ရှင်းလင်းလာ၏။

တစ်ရာ... နှစ်ရာ....

အရေအတွက်က ငါးရာပြည့်ပြီးတာတောင် စိတ်ဝိညာဥ်သားရဲများ၏ အရေအတွက်က ဆက်လက်၍ တ််ိုးလာနေဆဲဖြစ်၏။

ထိုအုပ်စု၏ ရှေ့ဆုံးတွင် လူပုဂ္ဂိုလ်များစီးနင်းလာသော သားရဲတောကောင် သုံးဆယ်ကျော်ရှိ၏။

ထိုသူများသည် လူသားကျင့်ကြံသူများနှင့် လုံးဝမခြားနားဘဲ သူတို့က အမျိုးမျိုးသော တာအိုဝတ်ရုံများကိုလည်း ဝတ်ဆင်ထား၏။ အဲ့ဒီမှာ ဆံပင်ဖြူများနှင့် လူအိုကြီးများ ၊ သားနားသောဝတ်ရုံများနှင့် လှပသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးများ ၊ ဗလတောင့်တောင့် တုတ်ခိုင်သန်မာသော အမျိုးသားများ စသည်ဖြင့်....။

ဤသားရဲနယ်မြေမှာ လူသားကျင့်ကြံသူများက ပေါ်လာစရာအကြောင်းမရှိပေ။

တစ်ခုတည်းဖြစ်နိုင်ချေမှာ ထိုလူပုဂ္ဂိုလ်များသည် လူသားကျင့်ကြံသူများနှင့် မခြားနားသည့် သွင်ပြင်ကို ပိုင်ဆိုင်ထားကြခြင်းဖြစ်၏။

မိစ္ဆာသားရဲများ.....

မိစ္ဆာသားရဲအ​ယောက် သုံးဆယ်ကျော်က တစ်ပြိုင်နက်တည်း ပေါ်လာခဲ့လေပြီ။

မိစ္ဆာသားရဲအုပ်စု၏ ရှေ့တွင် ပုံရိပ်နှစ်ခုသည် အလွန်တရာစွမ်းအားကြီးသော အော်ရာများကို ပိုင်ဆိုင်ထား၏။ သူတို့သည်လည်း အဆင့်နိမ်မိစ္ဆာသားရဲများပင် ဖြစ်သော်လည်း သူတို့က အခြားသော မိစ္တာသားရဲများထက် ပို၍ အဆင့်မြင့်သည်မှာ သိသာလေသည်။

မိုးပျံကျားသစ်တစ်ကောင်နှင့် ဥပစာကျားတစ်ကောင်...။

လရောင်ငိုကြွေးပိုင်နက်အရှင်၏ လက်အောက်တွင် မဟာကာကွယ်သူ ၇ ယောက်ရှိပြီး သူတို့သည် လက်ရှိနေရာကို ရောက်သည်အထိ သတ်ဖြတ်ခြင်းဖြင့် တက်လှမ်းလာခဲ့သော အသန်မာဆုံး အဆင်နိမ့်မိစ္ဆာသားရဲ ၇ ယောက်ဖြစ်ကြ၏။

မိုးပျံကျားသစ်နှင့် ဥပစာကျားသည် ထိုကာကွယ်သူ ၇ ယောက်ထဲမှ ဖြစ်ကြလေသည်။

စောစောက သူတို့နှင့်တွေ့ကြုံခဲ့ရသော ဆိတ်နှင့်အခြားနှစ်ယောက်သည် မိစ္ဆာသားရဲများပင် ဖြစ်သော်လည်း သူတို့သည် လရောင်ငိုကြွေးတောင်၏ မဟာကာကွယ်သူ ၇ ယောက်နှင့် ယှဥ်လျှင် ခွန်အားအရာမှာဖြစ်စေ အဆင့်အတန်းအရာမှာဖြစ်စေ နိမ့်ကျလေသည်။

ယခုအခါမှာတော့ မဟာကာကွယ်သူ ၂ ယောက်သည် အဆင့်နိမ့်မိစ္ဆာသားရဲ သုံးဆယ်ကျော်နှင့် များစွာသော စိတ်ဝိညာဥ်သားရဲများကို ခေါ်ဆောင်ကာ ဤနေရာသို့ ရောက်ရှိလာခဲ့ကြ၏။ သူတို့က ဤကိစ္စအပေါ် ဘယ်လောက်တောင် အလေးထားသလဲ သိသာလေသည်။

မိုးပျံကျားသစ်နှင့်ဥပစာကျားသည် သားရဲတောကောင်များပေါ်မှာ စီးနင်းထားပြီး မလှမ်းမကမ်းရှိ ကျောက်တုံးနံရံတစ်ခုကို လှမ်းကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကြ၏။

ထိုကျောက်တုံးနံရံပေါ်တွင် နွယ်ပင်အချို့ရှိနေပြီး အဲ့ဒါက လှိုဏ်ဂူတစ်ခုနှင့် လုံးဝမတူပေ။

သူတို့နှစ်​ယောက်သည် တိကျခိုင်လုံသော သတင်းအချက်အလက်ကို လက်ခံရရှိခဲ့ခြင်းကြောင့်သာ မဟူတ်လျှင် သူတို့သည် ထိုနေရာကနေ ဖြတ်သွားလျှင်တောင် တစ်ခုခုထူးခြားနေမှုကို သတိထားမိမှာ မဟုတ်ပေ။

ရုတ်တရက်ဆိုသလို.....

ကျောက်တုံးနံရံသည် ရေမျက်နှာပြင်ကဲ့သို့ ဝဲကယက်တစ်ခုနှင့်အတူ တလက်လက်တောက်ပသွား၏။

ထိုအထဲကနေ ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာ၏။

ထိုသူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းလှပသော သွင်ပြင်ရှိ၏။ သူက မည်သည့် ကြောက်ရွံ့မှု ထ်ိတ်လန့်မှုမှ မရှိဘဲ တည်ငြိမ်သော အမူအရာတစ်ခုနှင့်အတူ သားရဲတောကောင်များကို ဝေ့ကြည့်လိုက်၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် နောက်ထပ်ပုံရိပ်လေးခုက ထွက်ပေါ်လာ၏။

အဲ့ဒါက ဆူဇီမိုတို့ ငါးယောက်အုပ်စုပင် ဖြစ်လေ၏။

ယခုအခါ ရန်သူများသည် သူတို့၏ တည်နေရာကို ရှာဖွေတွေ့ရှိသွားပြီး သူတို့ကို ချောင်ပိတ်ထားနိုင်ပြီဖြစ်၏။ ဆူဇီမိုသည် ကံကိုယုံစား၍ ဆက်လက်ပုန်းကွယ်နေလိုစိတ် မရှိတော့ပေ။

သူသည် လှိုဏ်ဂူ၏ ထောင့်တစ်နေရာမှာ ပုန်းကွယ်ပြီး သူတို့ကို မတွေ့ဖို့ ဆုတောင်းနေဖို့ထက် သူက ပြဿနာကို တိုက်ရိုက်ရင်ဆိုင်ဖို့သာ အာသီသ ရှိလေသည်။

လှိုဏ်ဂူ၏ ဝင်ပေါက်ဝမှာ ဖုံးကွယ်ခြင်းနှင့် ပုံရိပ်ယောင်ဝင်္ကပါများစွာ ရှိ၏။

မိစ္ဆာသားရဲများ၏ စွမ်းအားကို မဆိုထားနှင့် အဲ့ဒီမှာ လုံလောက်သော စိတ်ဝိညာဥ်သားရဲများက တစ်ပြိုင်နက်တည်း တိုးဝင်လာကြမည်ဆိုရင်တောင် ဝင်္ကပါများက ကျိုးပေါက်သွားမည်ဖြစ်၏။

"ကောင်းတယ်ကွာ..."

မိုးပျံကျားသစ်က အပြုံးနှင့်အတူ လက်ခုပ်တီးပြီး ခေါင်းညိတ်လိုက်၏။

"မင်းက အခြေအနေကို ကောင်းကောင်းသဘော ပေါက်သားဘဲ ၊ မင်းက အသာတကြည် ပူးပေါင်းပေးမယ်ဆိုရင် ခံစားရတာ ပိုပြီးသက်သာမှာပေါ့"

ခွီ.....

မျောက်က သူ့နှုတ်ခမ်းကိုစုဝိုင်းပြီး မျက်လုံးစွေကြည့်ကာ ခြောက်ကပ်ကပ်ရယ်မောလိုက်၏။ သူ့မျက်နှာပေါ်မှာ အထင်အမြင်သေးမှုက အထင်းသားပေါ်လွင်နေ၏။

မိုးပျံကျားသစ်၏ မျက်နှာပေါ်ရှိအပြုံးက ချက်ချင်းအေးခဲသွား၏။

လရောင်ငိုကြွေးတောင်၏ မဟာကာကွယ်သူ ၇ ယောက်ထဲမှ တစ်ယောက်အနေဖြင့် သူသည် ဤနယ်မြေအတွင်းမှာ အမိန့်ပေးစေခိုင်း ထိန်းချုပ်နိုင်သော တစ်စုံတစ်ယောက်ဖြစ်လေသည်။ သားရဲတောကောင်တစ်ကောင်က သူ့ကို ဘယ်လိုတောင် လှောင်ပြောင်ရဲတာလဲ။

ဘေးပတ်လည်ရှိ သားရဲတောကောင်တပ်ဖွဲ့ထံမှ ရုတ်ရုတ်သဲသဲ အသံများကလည်း ထွက်ပေါ်လာ၏။

များစွာသော စိတ်ဝိညာဥ်သားရဲများသည် ခက်ထန်ကြမ်းကြုတ်သော အော်ရာများနှင့်အတူ နက်နက်ရှိုင်းရှိုင်း မာန်ဖီလိုက်ကြ၏။

မိုးပျံကျားသစ်သည် သူ၏ အပြုံးကို ရုတ်ပြီး သူ၏ အမူအရာက အေးစက်လာ၏။

"အခုချိန်မှာ အခြားသူတွေနဲ့ပက်သက်ပြီးတော့ ငါသိပ်ဂရုမစိုက်ဘူး ဒါပေမယ့် ငါက အဲ့ဒီမျောက်ရဲ့ အသက်ကိုတော့ ငါယူရလိမ့်မယ်"

"ကျွတ်...ကျွတ်..."

မျောက်က မထီတရီမျက်နှာဘေးဖြင့် လှောင်ပြောင်သရော်လိုက်၏။

"အခုချိန်ထိတော့ ဘယ်သူက ဘယ်သူ့အသက်ကို ယူနိုင်မလဲဆိုတာ ငါတို့မသိရသေးဘူးနော်"

"ဒါပေါ့..."

စိတ်ဝ်ိညာဥ်ကျားကလည်း လှောင်ရယ်လိုက်၏။

"အဲ့လိုပြောတာတော့ ငါလည်း ပြောတတ်တာပေါ့ ၊ မင်းက ဘယ်သူမို့လို့ ငါတို့ကိုလာပြီး ခြိမ်းခြောက်နေတာလဲ..."

"ကျားပေါက်လေး... မင်းက ငါ့ရှေ့မှာ ဘယ်လိုတောင် မောက်မာရဲတာလဲ"

ဘေးဖက်ရှိ ဥပစာကျားသည် ရုတ်တရက် ဟိန်းဟောက်၍ ကျားမျိုးနွယ်၏ တစ်မူထူးခြားသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။

တောအုပ်က တုန်ခါသွားပြီး ဆိုးယုတ်သော လေများက တိုက်ခတ်လာကာ ထကြွသောင်းကျန်းသော စွမ်းအားတစ်ခုက အဘက်ဘက်သို့ ဖြန့်ကျက်သွားလေသည်။

ဥပစာကျား၏ အစစ်အမှန်ပုံစံသည် ကျားမျိုးနွယ်၏ ရှေးဦးဆက်နွယ် တောကောင်တစ်ကောင် ဖြစ်၏။

စိတ်ဝိညာဥ်ကျားက သာမန်ကျားတစ်ကောင်သာဖြစ်သည်ကို တွေ့သောအခါ သူသည် အထင်အမြင်သေးသွားပြီး ကျားမျိုးနွယ်မှ သူ၏စွမ်းအားနှင့် သူ့မျိုးဆက်သွေး၏ အော်ရာကို အသုံးပြုကာ စိတ်ဝိညာဥ်ကျားကို ဖိနှိပ်ဖို့ကြိုးစားလိုက်၏။

သို့သော်လည်း စိတ်ဝိညာဥ်ကျား၏ လက်ရှိမျိုးဆက်သွေးသည် ရှေးဦးဆက်နွယ်တောကောင်တစ်ကောင်တောင် မယှဥ်နိုင်သည့် တစ်စုံတစ်ရာဖြစ်နေပြီဆိုတာကို သူကမသိနိုင်ပေ။

စိတ်ဝိညာဥ်ကျားသည် ဆန်းကြယ်တောင်ထွတ်မှာကတည်းက ဗလာနယ်မိုးကြိုးကျမ်းကို ကျင့်ကြံထား၏။

သူ၏ မျိုးဆက်သွေးတွင် မိုးကြိုးစွမ်းအားက ပါဝင်နေ၏။

ကြယ်တာရာနဂါးခံတွင်းမှာတုန်းကလည်း စိတ်ဝိညာဥ်ကျားသည် ရှေးဟောင်းကျားမျိုးနွယ်မှ လက်သည်းလေးခုကို သူ၏ ကိုယ်ထဲသို့ ပေါင်းစပ်ကာ လုံးဝအသွင်ပြောင်းလဲသွားပြီး သွေးခြင်ဆီသန့်စင်ခြင်းကို လက်ခံရယူထားခဲ့၏။

ရှေးဦးဆက်နွယ်တောကောင်တစ်ကောင်ကို မပြောနှင့် လူဝူကဲ့သို့သော ကျားမျိုးနွယ်မှ မူလသွေးမျိုးဆက် တောကောင်တစ်ကောင်ပင်လျှင် စိတ်ဝိညာဥ်ကျားကို ဖိနှိမ်နိုင်ချင်မှ ဖိနှိမ်နိုင်ပေတော့မည်။

စိတ်ဝိညာဥ်ကျားက မျက်လုံးစွေကြည့်လိုက်၏။

"မင်းက ဘယ်သူလဲ... ဒီမှာဘာလို့လာပြီး ဟောင်ဖွာ ဟောင်ဖွာ လာလုပ်နေတာလဲ.. နားငြီးလိုက်တာကွာ"

ဥပစာကျားသည် ဒေါသထွက်သွားပြီး ပြင်းထန်ကြမ်းကြုတ်သော အကြည့်နှင့်အတူ အံကိုကြိတ်လိုက်၏။

"သားပေါက်လေး မင်းက ခုမှအသိဉာဏ်ဝင်ခါစ ကျားတစ်ကောင်ထက်မပိုဘူး ၊ မင်းက ဒီအဆင့်ထိရောက်အောင် တော်တော်ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရမှာဘဲ.. အဲ့ဒီအချက်ကိုထောက်ထားပြီးတော့ ငါက မင်းအသက်ကို ချမ်းသာပေးထားဦးမယ် ၊ ဒါပေမယ့် မင်းက မင်းအတွက် ဘာကကောင်းတယ်ဆိုတာကို မသိဘူးဘဲ... မင်းကတစ်ကယ်ဘဲ သေချင်နေတာလား"

"သားပေါက်လေး နားထောင်စမ်း... ငါက လရောင်ငို​ကြွေးတောင်ရဲ့..."

စိတ်ဝိညာဥ်ကျားသည် သားပေါက်လေးဟူသော ဝေါဟာရတွင် အတော်လေးစိတ်တိုသွားပြီး ဥပစာကျားက သူ့စကားကို ဆုံး​အောင်မပြောရသေးခင်မှာပင် သူက ဖြတ်ပြောလိုက်၏။

"မင်းအဖွားက ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ၊ မင်းအဖိုးက ဒီမှာရှိနေရင်တောင် ငါက အထင်ကြီးမှာမဟုတ်ဘူး"

"ငါက ငါ့အဖွားအကြောင်းတောင် မပြောရသေးဘူးလေ... ငါက..."

ဥပစာကျားသည် အလွန်တရာဒေါသထွက်နေပြီး သူ၏နှုတ်ခမ်းက တဆတ်ဆတ် တုန်ယင်ကာ သွေးအန်လုနီးပါး ဖြစ်သွား၏။

"မင်းကဘာလို့ သူတို့နဲ့သွားပြီး လေကုန်ခံနေတာလဲ... သူတို့ကို အရင်ဆုံး ဖမ်းချုပ်လိုက်ရအောင်"

မိုးပျံကျားသစ်သည် အေးစက်စက် အကြည့်တစ်ခုရှိနေပြီး မလှမ်းမကမ်းရှိ မျောက်ကိုစိုက်ကြည့်ကာ သူ့လက်ကို ဝှေ့ယမ်းပြလိုက်၏။

မြေပြင်က တုန်ခါသွား၏။

စိတ်ဝိညာဥ်တောကောင်များသည် အဘက်ဘက်ကနေ ရှေ့သို့ ထိုးတက်လာကြ၏။

မိစ္ဆာသားရဲသုံးဆယ်ကျော်ကလည်း ရှေ့သို့ပြေးတက်သွားပြီး ကာကွယ်သူနှစ်ယောက်ဖြစ်သော မိုးပျံကျားသစ်နှင့် ဥပစာကျားကသာလျှင် သူတို့၏ နေရာမှာပင် ရပ်တန့်၍ မလှမ်းမကမ်းကနေ စောင့်ကြည့်နေကြ၏။

သူတို့အတွက်တော့ ဆူဇီမိုတို့အုပ်စုက သားရဲတောကောင် ငါးကောင်မျှသာဖြစ်၏။

သည့်အရင်စောစောက သူတို့သည် လျှပ်တစ်ပြက်တိုက်ခိုက်မှုများဖြင့် အဆင့်နိမ့်မိစ္ဆာသားရဲ သုံးယောက်ကို သတ်ဖြတ်နိုင်ခဲ့ရုံသာ ဖြစ်လေသည်။

သူတို့ရှေ့မှ ဤငါးယောက်သည် အဆင့်နိမ့်မိစ္ဆာသားရဲ သုံးဆယ်ကျော်နှင့် စိတ်ဝိညာဥ်သားရဲ တပ်ဖွဲ့တစ်ဖွဲ့ကို ခုခံနိုင်စရာအကြောင်းမရှိပေ။ သူတို့က ချက်ချင်းဆိုသလို ရှုံးနိမ့်သွားရပေလိမ့်မည်။

"ငါ့နောက်မှာနေ ငါတို့က သတ်ဖြတ်ခြင်းနဲ့ ငါတို့ရဲ့လမ်းကို ဖောက်ထွက်ရမယ်"

ဆူဇီမိုက ရုတ်တရက်နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်၏။

သူ၏အတွင်းအမြုတေက လည်ပတ်သွားပြီး သွေးနီရောင် သားရဲချီသည် သူ၏ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်များမှ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှလည်း တဖြောက်ဖြောက်မြည်သံများကို ကြားလိုက်ရလေသည်။

ရွှစ်....

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်သည် ပြန့်ကားလာပြီး ပေတစ်ရာအမြင့်ထိ ထိုးတက်သွား၏။ သူ၏အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏မျက်လုံးများက အလွန်ကြီးမားသော ခက်ထန်ကြမ်းကြုတ်မှုနှင့်အတူ ကြောက်စရာကောင်းနေ၏။

"အား....."

"အဲ့ဒါက ဘာကြီးပါလိမ့်..."

များစွာသော စိတ်ဝိညာဥ်သားရဲများသည် မြေပြင်ကနေ ထိုးတက်လာသော ဧရာမပုံရိပ်ကြီးကို အလိုလိုမော့ကြည့်မိလိုက်ကြ၏။ ချက်ချင်းဆိုသလိုပင် သူတို့သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး ခေါင်းနပမ်းကြီးသွားကြ၏။

သားရဲအသွင်ပြောင်းပြီးနောက် ဆူဇီမိုထုတ်ပေးလိုက်သော အော်ရာသည် အလွန်ကိုကြောက်စရာကောင်းနေ၏။

လက်ရှိ စိတ်ဝိညာဥ်သားရဲများကို မဆိုထားနှင့် အဆင့်နိမ့်မိစ္ဆာသားရဲများပင်လျှင် ကြက်သေသေနေကြ၏။ သူတို့သည် ပင့်သက်ကို ရှိုက်ပြီး ထိုကြီးမားသော ခန္ဓာကိုယ်ကြီး၏ ရှေ့တွင် သူတို့ကိုယ်သူတို့ အရေးမပါ အရာမရောက်သော ပုရွက်ဆိတ်များကဲ့သို့ ခံစားလာရ၏။

ထိုခန္ဓာကိုယ်သည် သံမဏိများကို အရည်ဖော်၍ ပုံသွင်းထားသည်နှင့်တူပြီး ကြေးညိုရောင်ဖြင့် တလက်လက်တောက်ပနေ၏။ သူ၏ ကြွက်သားများက ဖုထစ်ဖောင်းကြွနေပြီး အလွန်တရာ သိပ်သည်းပြင်းထန်သော စွမ်းအားများကို သိုလှောင်ထားပုံရ၏။

ဘန်း.... ဘုန်း… ဘုန်း...

ဆူဇီမိုသည် ခြေလှမ်းကျဲနှင့်အတူ ရှေ့သို့ ထိုးတက်သွားပြီး သူ၏ ကြီးမားသည့် ​ခြေထောက်နှစ်ဖက်က မြေပြင်ပေါ်မှာ နက်ရှိုင်းသည့် ချိုင့်ခွက်နှစ်ခုကို ဖြစ်ပေါ်သွားစေ၏။

သူ့ရှေ့ရှိ စိတ်ဝိညာဥ်သားရဲများသည် အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။ သူတို့ထဲမှအချို့သည် မြေပြင်ပေါ်မှာ ပြားချပ်သွားပြီး သူတို့ထဲမှ အချို့ကတော့ ရှေးဟောင်းသစ်ပင်များဆီသို့ လွင့်စင်ထွက်သွားကြ၏။

ချိုင့်ခွက်နှစ်ခွက်သည် လတ်ဆတ်သော သွေးများဖြင့် နီစွေးသွား၏။

ဆူဇီမိုက ရှေ့သို့တက်လာသောအခါ သူ၏လမ်းကို မည်သည့်သားရဲတောကောင်ကမှ မဟန့်တားနိုင်ပေ။

All Chapters