← Chapters

ပုန်းကွယ်စရာ နေရာမရှိ

Vol. 54 Ch. 800

ပုန်းကွယ်စရာ နေရာမရှိ

Vol. 54 Ch. 800

တောအုပ်အတွင်းတွင် အန္တရာယ်များက နေရာတိုင်းမှာ ရှိနေ၏။

ဤနေရာရှိ သွေးရနံ့သည် ပိုမိုသန်မာသော သားရဲတောကောင်များကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။

သူတို့သည် အခြားသော သားရဲတောကောင်များကို တိုက်ခိုက်ရင်းနှင့် ကြန့်ကြာနေမည်ဆိုလျှင် အန္တရာယ်က ပိုမိုကြီးမားလာနိုင်၏။

ယခုအချိန်ထိတော့ သူတို့သည် စိတ်ဝိညာဉ်သားရဲအဆင့်မှာသာ ရှိကြသေး၏။

သားရဲနယ်မြေ ရှစ်ခွင်မှာဆိုလျှင် သူတို့က ဘာကောင်တွေမှ မဟုတ်ဘဲ သားရဲလောကတစ်ခုလုံးအတွင်းမှာဆို အစာကွင်းဆက်၏ အောက်ဆုံးအဆင့်မှာသာ ရှိလေသည်။

ဆူဇီမိုထံတွင် ဝှက်ဖဲ ဘယ်လောက်များများ ရှိပါစေ.. သူက ဘယ်လိုပင် သန်မာပါစေ.. သူသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများကိုတော့ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင်.. သားရဲနယ်မြေအတွင်း၌ သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့်‌ မိစ္ဆာဂိုဏ်းများမှ သူ အသုံးချနိုင်သည့်နည်းလမ်းများကို အတတ်နိုင်ဆုံး ကြိုးစား၍ ဖုံးကွယ်ထားရပေမည်။

လူသားကျင့်ကြံသူတစ်ယောက်ဟူသော သူ၏သရုပ်က ဖော်ထုတ်ခံရလျှင် သူသည် လရောင်ငိုကြွေးတောင်ကို အသာထား၊ သားရဲတစ်ထောင်တောင်ကြားတစ်ခုလုံးမှာတောင် သူက အပယ်ခံတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ဆူဇီမိုသည် မျောက်နှင့်အခြားသူများကို ဦးဆောင်ပြီး ဝန်းရံပိတ်ဆို့ထားမှုကနေ တိုက်ခိုက်၍ ဖောက်ထွက်လိုက်၏။ သူတို့သည် အကြမ်းဖျင်းဦးတည်ဘက်တစ်ခုကို ရွေးချယ်ပြီး အရှေ့ဘက်သို့ ခရီးဆက်ခဲ့ကြ၏။

အရုဏ်မတက်ခင်မှာပင် ဆူဇီမိုသည် နောက်ကနေလိုက်လာသော စိတ်ဝိညာဉ်သားရဲများကို မျက်ခြည်ဖြတ်ထားခဲ့နိုင်ပြီး နောက်ထပ်တိတ်ဆိတ်ငြိမ်သက်သော လှိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

သူသည် ဘေးပတ်ဝန်းကျင်ကို သေချာဂရုတစိုက် အကဲခတ်ပြီးနောက်.. သူတို့ကို စောင့်ကြည့်နေသော မည်သည့်စိတ်ဝိညာဉ်သားရဲမှ မရှိသည်သေချာမှသာ သူက အထဲသို့ဝင်ရောက်ခဲ့၏။

လှိုဏ်ဂူသည် တောင်၏အရှေ့နှင့်အနောက်ကို တိုးလျှိုပေါက် ဆက်သွယ်ထားပြီး ဆူဇီမိုက အတွင်းအပြင် စစ်ဆေးပြီးနောက် သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။ သူက ဤနေရာမှာ ယာယီအားဖြင့် ပုန်းကွယ်ပြီး သူတို့၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်းကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်၏။

ယခုအချိန်တွင် သူတို့အတွက် မရှိမဖြစ်ပြုလုပ်ဖို့ အရေးကြီးနေသည်မှာ သူတို့၏ အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ချိုးဖျက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို ကျင့်ကြံနိုင်ဖို့ ဖြစ်လေသည်။

သူတို့ငါးယောက်စလုံးသည် နောက်တစ်ဆင့်သို့ တက်လှမ်းပြီးနောက် သူတို့၏တိုက်ခိုက်ရေးခွန်အားက ခုန်တက်သွားပေလိမ့်မည်။

သူတို့တစ်ယောက်ချင်းစီသည် မိစ္ဆာသားရဲများဖြစ်လာပြီးနောက်.. အသုံးပြုနိုင်မည့်ရတနာများကို ရှေးဟောင်းတိုက်ပွဲမြေကနေ ရရှိခဲ့ကြ၏။

“အရင်ဆုံး နားနေပြီးတော့ မင်းတို့ကိုယ်မင်းတို့ တည်ငြိမ်အောင် လုပ်ကြ.. မင်းတို့ရဲ့စိတ်ကို‌ အဆင်သင့်ဖြစ်အောင် သေချာပြင်ဆင်ထားကြ”

ဆူဇီမိုသည် မျောက်နှင့်အခြားသုံးယောက်၏ မျက်နှာများပေါ်မှ ပင်ပန်းနွမ်းလျမှုများကို မြင်ရ၏။ သူသည် သူတို့ကို သတိပေးပြီးနောက် ပြန်လှည့်ထွက်လာခဲ့၏။

သူက လှိုဏ်ဂူ၏အစွန်းနှစ်ဖက်စလုံးတွင် အစီအရင်ဝင်္ကပါများကို စတင်၍ ခင်းကျင်းရပေမည်။

ခြောက်နာရီဝန်းကျင်ကြာပြီး.. သူက လှိုဏ်ဂူ၏ဝင်ပေါက်ဝတွင် အစီအရင်ဝင်္ကပါများကို ခင်းကျင်းပြီးကာစမှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာ လွဲချော်နေတာကို ခံစားမိလိုက်၏။

အနီးအနားပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်သားရဲများသည် စတင်၍စုဝေးလာကြ၏။

ဒါ့အပြင်.. သူတို့စုဝေးလာသော အရေအတွက်က ပိုပို၍ များပြားလာသည်။

ထိုစိတ်ဝိညာဉ်သားရဲများသည် သူတို့ကိုလာရှာခြင်း ဖြစ်သည်ဆိုတာကို ဆူဇီမိုက ပြောနိုင်၏။

သူတို့၏တည်နေရာက ထပ်မံ၍ ပေါက်ကြားသွားပြန်ပြီလား..။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

သူသည် သုန်မှုန်နေသော အကြည့်နှင့်အတူ လှိုဏ်ဂူအတွင်းမှာ မတ်တပ်ရပ်ပြီး တောအုပ်အနက်ပိုင်းထဲတွင်ပေါ်လာသော သားရဲတောကောင်များကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။

ယခင်တစ်ခေါက်တုန်းက လရောင်ငိုကြွေးတောင်မှ ကာကွယ်သူနှစ်ယောက်က ရောက်ရှိလာခဲ့၏။

ဒီတစ်ကြိမ်မှာ ဘယ်သူတွေ ပါလာဦးမလဲ..။

ခဏမျှငြိမ်သက်နေပြီးနောက်.. ဆူဇီမိုသည် မျောက်နှင့်အခြားသူများ ပြန်လည်အားဖြည့်ရာ နေရာသို့ လှည့်ထွက်လာခဲ့၏။

“ငါထင်တာ မမှားဘူးဆိုရင် လရောင်ငိုကြွေးတောင်က သားရဲတောကောင်တွေက ငါတို့ရဲ့နေရာကို နောက်တစ်ခါထပ်ပြီး ရှာတွေ့သွားပြန်ပြီ”

“ငါတို့က အပြင်ထွက်ပြီး သူတို့ကို ထပ်သတ်ရဦးမှာပေါ့”

စိတ်ဝိညာဉ်ကျားက ယုံကြည်မှုရှိစွာဖြင့် သူ၏လက်သီးကို ဝှေ့ယမ်းလိုက်၏။

သို့သော်လည်း.. ဒီတစ်ကြိမ်တွင်တော့ မာနကြီးသော မျောက်သည် ဘာမှမပြောပေ။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“လရောင်ငိုကြွေးတောင်က စေလွှတ်လိုက်တဲ့ သားရဲတောကောင်တွေက ပိုပိုပြီးသန်မာလာဖို့ပဲရှိတယ်.. ဒီတစ်ခေါက်မှာ လရောင်ငိုကြွေးပိုင်နက်အရှင်ကိုယ်တိုင် ရောက်လာမယ်ဆိုရင်တောင် အဲဒါက အံ့အားသင့်စရာ ကောင်းနေမှာ မဟုတ်ဘူး”

“ကျွန်မတို့ အဲဒါဆို ဘာလုပ်သင့်သလဲ”

မြေခွေးလေးက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် မေးလိုက်၏။

“ငါတို့ ဒီနေရာကနေထွက်ပြီး အရှေ့ကို ဆက်သွားရုံပေါ့”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ကောင်းပြီလေ”

မျောက်နှင့်အခြားသူများသည် ခေါင်းညိတ်၍ ဆူဇီမို၏ဦးဆောင်မှုဖြင့် လှိုဏ်ဂူ၏အနောက်ပေါက်ကနေ ထွက်ခွာလာခဲ့ကြ၏။

သူတို့သည် လမ်းခရီးတစ်လျှောက်လုံးတွင် ရင်တထိတ်ထိတ်နှင့် ရှိနေခဲ့ကြ၏။

ပင့်ကူတစ်ထောင်တောင်ကြားသည် သားရဲနယ်မြေရှစ်ခွင်ထဲမှ တစ်ခုဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဤအချိန်အတောအတွင်း.. သူတို့သည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲသုံးယောက်အနားကနေ ဖြတ်လာခဲ့ရ၏။ ကံကောင်းထောက်မစွာနှင့် ဆူဇီမို၏ အာရုံခံသတိစိတ်သည် သူ့ကို ကြိုတင်သတိပေးထားသည့်အတွက် သူတို့သည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများကို ရှောင်ကွင်းနိုင်ခဲ့လေသည်။

သူတို့၏အပေါ်ကနေ ငှက်တစ်ကောင် ပျံသန်းလာသောအခါ ထွက်ပေါ်လာသော အော်ရာကို ခံစားမိပြီးနောက် ဆူဇီမိုသည် တုန်လှုပ်ချောက်ချားသွားရ၏။

ထိုငှက်ကနေ ထွက်ပေါ်နေသော အော်ရာသည် ဆန်းကြယ်တောင်ထွတ်မှ အင်မော်တယ်ကြိုးကြာကြီးနှင့် ဆင်တူပြီး သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ပင် မကနိုင်တော့ပေ။

အဲဒါက.. အဆင့်မြင့်မိစ္ဆာသားရဲ သို့မဟုတ် အရှင်သခင်တစ်ပါး ဖြစ်ကောင်းဖြစ်နိုင်လေသည်။

သူတို့၏လှုပ်ရှားသွားလာမှုကို ထိုငှက်ထံကနေ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပေ။

သို့သော်လည်း.. ငှက်က သူတို့ငါးယောက်ကို ဂရုမထားဟန်ဖြင့် တစ်ချက်သာ စိုက်ကြည့်လိုက်၏။

သူတို့၏ကျင့်ကြံမှုအဆင့်က နိမ့်ကျလွန်းနေသောကြောင့် ၎င်းက အရေးမလုပ်သည့်အလား.. ငှက်သည် ရပ်နားခြင်းမရှိဘဲ သူတို့အပေါ်ကနေ ဆက်လက်ပျံသန်းသွား၏။

သူတို့သည် တူညီသော အခြေအနေများကို အချိန်မရွေး တွေ့ကြုံရနိုင်၏။

တစ်နည်းအားဖြင့်ပြောရလျှင်.. သူတို့သည် သားရဲနယ်မြေတစ်ခုလုံးကို ဖြတ်ကျော်ချင်သည်ဆိုလျှင် သူတို့ထက် ပိုမိုသန်မာသော သားရဲတောကောင်များက သူတို့ကို ဝါးမျိုစားသောက်မည့် အန္တရယ်ကိုယူပြီး သွားလာဖို့ လိုအပ်လေသည်။

သိပ်မကြာမီ.. ဆူဇီမိုသည် ပုန်းကွယ်ဖို့အတွက် နောက်ထပ်နေရာကောင်းတစ်ခုကို ရှာတွေ့လိုက်၏။

လှိုဏ်ဂူတစ်ခုသည် ရေတံခွန်တစ်ခု၏နောက်မှာ ကွယ်လျှိုးနေပြီး အဲဒါက အတွင်းမှာ အရမ်းကို ကျယ်ဝန်းလေသည်။ တဝုန်းဝုန်း ကျရောက်နေသော ရေသံများကို ကြားရနိုင်သော်လည်း.. သူတို့သည် အပေါက်ဝမှာ အကာအရံဝင်္ကပါတစ်ခုကို ခင်းကျင်းခြင်းဖြင့် ထိုအသံကို အလွယ်တကူ တားဆီးနိုင်လေသည်။

မျောက်နှင့် အခြားသူများနှင့်အတူ ထိုလိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်ပြီးနောက် ဆူဇီမိုသည် စိတ်သက်သာရာရသွား၏။

နောက်ထပ်ခြောက်နာရီကြာပြီးနောက်.. ဆူဇီမိုသည် လှိုဏ်ဂူဝင်ပေါက်ဝ၌ သူ၏ အစီအရင်ဝင်္ကပါ ခင်းကျင်းခြင်းကို တစ်ဝက်မျှ ပြီးဆုံးသေးချိန်မှာပင် သူ၏နားရွက်က လှုပ်ခါသွားပြီး သေချာအာရုံစိုက်၍ နားထောင်လိုက်၏။

ခဏနေပြီးနောက်.. အေးစက်စက် အကြည့်နှင့်အတူ သူက မတ်တပ်ထရပ်လိုက်၏။

သူတို့က ထပ်မံ၍ ရှာတွေ့ခံရပြန်လေပြီ..။

သားရဲများက ဤနေရာအထိ သူတို့နောက်သို့ လိုက်လာခဲ့၏။

ဆူဇီမိုသည် ပြီးခဲ့သည့်အဖြစ်အပျက်များကို သေချာအာရုံစိုက်၍ ပြန်စဉ်းစားကြည့်သော်လည်း.. သူတို့ နောက်ကနေလိုက်လာသော သားရဲတောကောင်များကို သေချာမျက်ခြည်ဖြတ်ထားနိုင်ခဲ့သည်မှာ သေချာလေသည်။

သူတို့ ဤနေရာကို ဝင်ရောက်ချိန်တွင် အနီးအနားပတ်ဝန်းကျင်၌ မည်သည့်စိတ်ဝိညာဉ်သားရဲမျှ ရှိမနေခဲ့ပေ။

ဒါဆို သူတို့၏တည်နေရာက ဘာကြောင့် ထပ်မံ၍ ပေါက်ကြားသွားရပါသလဲ..။

ဘာမှားသွားခဲ့တာလဲ..။

မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်နှင့် မြေခွေးလေးတို့၏ မျက်နှာများပေါ်တွင် ပင်ပန်းနွမ်းလျသည့် လက္ခဏာများကို မြင်နေရ၏။

သူတို့သည် ရှေးဟောင်းတိုက်ပွဲမြေကနေ ထွက်ခွာလာသည့်အချိန်မှစ၍ တစ်ချိန်လုံး အနားမယူရသေးဘဲ အသက်လု၍ ပြေးနေရ၏။

ဒီအတိုင်းသာ ဆက်သွားလျှင်.. ဆူဇီမိုက ခံနိုင်ရည်ရှိဦးမည်ဖြစ်သော်လည်း မျောက်နှင့်အခြားသူများကတော့ ဆက်လက်၍ တောင့်မခံနိုင်တော့မည့်ပုံပင်။

ဆူဇီမိုသည် သုန်မှုန်နေသော အမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။

သူတို့က ဆက်လက်၍ ပုန်းကွယ်စရာနေရာ မရှိတော့ပေ။

သူတို့သည် သားရဲတစ်ထောင်တောင်ကြားသို့ ဝင်ရောက်သည့်အချိန်မှစ၍ အခြေအနေက ကျပ်တည်းလာခဲ့ပြီး သူတွေးထင်ထားသည်ထက်ပင် ပို၍ဆိုးရွားနေသေး၏။

သူတို့က တကယ်ပဲ အသက်နဲ့ရင်းပြီး တိုက်ခိုက်ရတော့မှာလား..။

ရုတ်တရက်.. ဆူဇီမိုသည် ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပြီး မလှမ်းမကမ်းရှိ မြေပြင်သို့ ချာခနဲလှည့်ကြည့်လိုက်၏။ သူ၏ကြွက်သားများက တင်းကျပ်သွားပြီး သူက အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်၏။

မျောက်နှင့်အခြားသူများက အဲဒါကို အာရုံမခံမိသော်လည်း မြေအောက်အနက်ပိုင်းမှာ တုန်ခါလှိုင်းတစ်ခုကို သူက ခံစားမိလိုက်၏။

တစ်ယောက်ယောက်က ဤနေရာမှာ ရှိနေလေသည်။

“ဟမ့်”

တစ်ခုခုကတော့ မူမမှန်ပေ။

ဆူဇီမိုသည် သေချာအာရုံစိုက်၍ ကြည့်လိုက်၏။

သိပ်မကြာမီ.. သေးငယ်သော မြေစာပုံတစ်ခုသည် မြေပြင်ပေါ်တွင် မို့မောက်တက်လာ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်.. ထိုမြေစာပုံက ပွင့်ဟသွားပြီး ခိုးကြောင်ခိုးဝှက် မျက်လုံးတစ်စုံနှင့်အတူ ဦးခေါင်းတစ်ခုက ပေါ်လာပြီး နေရာကို အကဲခတ်ကြည့်နေ၏။

ထိုမျက်လုံးတစ်စုံက ဆူဇီမို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီးနောက် အေးစက်တောင့်ခဲသွား၏။

သူတို့က အကြည့်ချင်းဆုံမိသွားကြလေသည်။

“တစ်ကယ်ပဲ မင်းကိုး”

ဆူဇီမိုက ဟန်လုပ်၍ ပြုံးလိုက်၏။

မြေစာပုံအောက်ကနေ တိုးထွက်လာသော အရာသည် သူတို့ကို ရှေးဟောင်းတိုက်ပွဲမြေကနေ ဤနေရာကို ခေါ်လာခဲ့သော ကြွက်ပင်ဖြစ်လေသည်။

ဆူဇီမိုတို့အုပ်စုသည် ဤနယ်မြေသို့ ရောက်ရောက်ချင်းမှာပင် မိစ္ဆာသားရဲသုံးယောက်နှင့် အကြိတ်အနယ် တိုက်ခိုက်ခဲ့ရ၏။

အစကတော့.. ကြွက်သည် မိစ္ဆာသားရဲသုံးယောက်၏ဘေးမှာ သွား၍ရပ်နေခဲ့၏။ နောက်ပိုင်းတွင်.. တိုက်ပွဲက ဖြစ်ပေါ်လာပြီး အခြေအနေမဟန်တော့သည်ကို သိရသောအခါ သူက ပျောက်ကွယ်သွားခဲ့၏။

ယခု သူက ဤနေရာမှာ ပြန်ပေါ်လာခဲ့သည်ဆိုတော့…

“အစ်ကိုတို့.. ကျွန်တော် တကယ်စိတ်မကောင်းပါဘူး”

ကြွက်က သူ၏ကိုယ်ကို ရွှံ့ထဲတွင် တစ်ဝက်မြုပ်ထားပြီး ရှက်ရွံ့အားနာဟန်ဖြင့် ပြောလိုက်၏။

“ကျုပ်က ခင်ဗျားတို့တွေကို လရောင်ငိုကြွေးတောင်ကို ခေါ်လာချင်ရုံပါ.. ကိစ္စတွေက ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျုပ် တစ်ကယ်ကို ထင်မထားခဲ့ဘူး”

မျောက်နှင့်အခြားသူများက စိတ်တို၍ ဒေါသထွက်သွားကြ၏။

ကြွက်က မိစ္ဆာသားရဲသုံးယောက်၏ဘေးမှာ သွားရောက်၍ ရပ်သည်ကို ပြန်လည်စဉ်းစားကြည့်ရင်း.. စိတ်ဝိညာဉ်ကျားက လှောင်ရယ်လိုက်၏။

“မင်းက ဒီနေရာကို ရောက်လာတယ်ဆိုတော့.. တကယ်ပဲ သေချင်လို့လား”

“မ.. မဟုတ်ပါဘူး”

ကြွက်က တုန်လှုပ်သွားပြီး သူ၏ခန္ဓာကိုယ်က မြေတွင်းထဲသို့ ပြန်လည်ပုဝင်သွား၏။ သူက အချိန်မရွေး ထွက်ပြေးဖို့ ပြင်ဆင်ထားသည့်အလား သူ၏ခေါင်းတစ်ဝက်ကိုသာ ဖော်ထားပြီး ခါးသက်စွာဖြင့် ရယ်မောလိုက်၏။

“အဲ့တုန်းက အခြေအနေက ကျုပ်အတွက်လည်း အတော်လေး အကျပ်ရိုက်နေလို့ပါ.. ကျုပ်မှာ တခြားရွေးစရာ မရှိခဲ့ဘူးလေ”

ကျားက သူ့ကို လှောင်ပြောင်နေစဉ်မှာပင်.. ဆူဇီမိုက လက်ကာပြပြီး တည်တံ့စွာဖြင့် မေးလိုက်၏။

“မင်းက ဒီနေရာကို ဘာအတွက် ရောက်လာတာလဲ.. မင်းက ငါတို့ကို ဘယ်လိုရှာတွေ့သွားတာလဲ”

“အဟမ်း”

ကြွက်က ညင်သာစွာ ချောင်းဟန့်လိုက်၏။

“တကယ်တော့ ခင်ဗျားတို့ရဲ့ တည်နေရာက ပေါက်ကြားခံနေရပြီးပြီ”

“ဒါပေါ့.. ငါလည်းသိတာပေါ့”

စိတ်ဝိညာဉ်ကျားက သူ့နှုတ်ခမ်းကို စူဝိုင်းလိုက်၏။

“မင်းတောင် ဒီနေရာကို ရောက်လာမှတော့ ငါတို့ရဲ့တည်နေရာက ပေါက်ကြားခံထားရပြီဆိုတာ အရူးတောင်မှ ပြောနိုင်တာပေါ့”

“အစ်ကိုပါးထျန်.. ခင်ဗျားတို့ရဲ့တည်နေရာက ဘယ်လိုမျိုးပေါက်ကြားသွားလဲဆိုတာ သိလား”

ကြွက်က မေးလိုက်၏။

ဆူဇီမို၏မျက်လုံးက အရောင်လက်သွားပြီး သူက အဖြေတစ်ခုကို စောင့်ဆိုင်းနေသည့်အလား.. ကြွက်ကို စိုက်ကြည့်နေ၏။

All Chapters