အဆင့်ချိုးဖျက်တက်လှမ်းခြင်း
Vol. 54 Ch. 801
“အဲ့ဒါက လရောင်ငိုကြွေးတောင်ရဲ့ လက်ထောက်ပိုင်နက်အရှင်ကြောင့်ဘဲ”
ကြွက်က ပြောလိုက်၏။
“ခင်ဗျားတို့ရဲ့တည်နေရာ ပေါက်ကြားနေရတာက လက်ထောက်ပိုင်နက်အရှင် ချန်ရူယီကြောင့်ဘဲ...”
“ချန်ရူယီလား...”
ဆူဇီမိုသည် ဖြည်းဖြည်းချင်းရေရွတ်လိုက်ပြီး တစ်ခုခုကို အတွေးပေါက်သွားသည့်အလား သူ၏မျက်လုံးများထဲတွင် နားလည်သဘောပေါက်မှုက ပေါ်လာ၏။
ကြွက်ကဆက်ပြောလိုက်၏။
“အရှင် ချန်ရူယီရဲ့ အစစ်အမှန်ပုံစံက ရှေးဦးအဆက်နွယ်တောကောင်ဖြစ်တဲ့ ဆန်းကြယ်ကျောက်စိမ်းပုရစ်မျိုးနွယ်ဘဲ ၊ သူတို့မျိုးနွယ်က လရောင်ငိုကြွေးတောင်ရဲ့ ကီလိုမီတာ သုံး လေးထောင်ပတ်လည်လောက်ကို အုပ်စိုးကြတယ်”
“ခင်ဗျားတို့ငါးယောက်က အရမ်းကိုသိသာပြီးတော့ တောထဲမှာသွားတဲ့အခါ အလွယ်တကူ မှတ်မိနိုင်တယ် ၊ အဲ့ဒီနားမှာ ပုရစ်တွေရှိနေသမျှ ခင်ဗျားတို့ရဲ့ တည်နေရာက ပေါက်ကြားနေမှာဘဲ”
စိတ်ဝိညာဥ်ကျားနဲ့ အခြားသူများက ကြောင်အ မှင်တက်သွားကြ၏။
စိတ်ဝိညာဥ်ကျားသည် မျောက်နှင့်အတူ ခြင်္သေ့ရိုင်းတောင်ကြောရိုးမှာ အချိန်အတိုင်းအတာတစ်ခုထိ နေခဲ့ဖူးသော်လည်း သူက ထိုကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမှ မကြားခဲ့ဖူးပေ။
ဤတောအုပ်ထဲမှာ ပုရစ်ကောင်တွေ ဘယ်လောက်များများ ရှိနေမလဲ။
အဲ့ဒါက အသင်္ချေပေါင်းများစွာ ရှိနေပေလိမ့်မည်။
ဆိူလိုသည်မှာ သူတို့၏ လှုပ်ရှားသွားလာမှုကို သူတို့၏ ရန်သူက တစ်ချိန်လုံးစောင့်ကြည့်နေသည် မဟုတ်ပါလား။
“သာမန်ပုရစ်တွေကိုတော့ စိတ်ဝိညာဥ်တောကောင်တွေလို့ သတ်မှတ်လို့မရဘူးပေါ့ ဒါပေမယ့်လို့ သူတို့က အသိဉာဏ်ဝင်လာတာနဲ့ ပုရစ်မျိုးနွယ်ရဲ့ တစ်မူထူးခြားတဲ့ ဆက်သွယ်တဲ့ နည်းစနစ်တစ်ခုကို ပိုင်ဆိုင်လာလိမ့်မယ် ၊ သူတို့က ခင်ဗျားတို့ရဲ့ တည်နေရာကို အရှင်ချန်ရူယီဆီ အဆက်မပြတ်ပို့ပေးနေလိမ့်မယ်”
ဆူဇီမိုက တိတ်တဆိတ်ခေါင်းညိတ်လိုက်၏။
အဲ့ဒါက မှားစရာမရှိနိုင်တော့ပေ။
ပထမလှိုဏ်ဂူထဲမှာ သူတို့ပုန်းနေစဥ်အခါက ဆူဇီမိုသည် လှိုဏ်ဂူအပြင်ဘက်ရှိ ပုရစ်အော်သံများကို ကြားရသောအခါ တစ်ခုခုထူးဆန်းနေသလို ခံစားခဲရ၏။
အဲ့ဒါသည် သူတို့က ထောက်လှမ်းခြင်းခံနေရသည့်အလား တစ်ခုခုလွဲမှားနေသလို ခံစားရခြင်းဖြစ်သော်လည်း အဲ့ဒါက ဘာဆိုတာကို အတိအကျသူက မရှာဖွေနိုင်ခဲ့ပေ။
ယခူအခါမှာတော့ ပြဿနာ၏ ဇာစ်မြစ်ကို သူက သိခဲ့ရလေပြီ။
“ကျွန်မတို့အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ...”
မြေခွေးလေးက စိုးရိမ်ပူပန်နေ၏။
ကြွက်ပြောပုံအရဆို သူတို့သည် တစ်ချိန်လုံးထောက် လှမ်းခံနေရပြီး သူတို့ဘယ်နေရာရောက်ရောက် သူတို့၏ ရန်သူက သိရှိနေမည်သာဖြစ်၏။ သူတို့မှာ ပုန်းစရာ နေရာမရှိနိုင်တော့ပေ။
ဘာဘဲပြောပြော တောအုပ်၏ နေရာတိုင်းမှာ ပုရစ်ကောင်များက ရှိနေ၏။
“အကောင်းဆုံးနည်းလမ်းကတော့ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်ထဲကနေ ခေတ္တယာယီထွက်ခွာဖို့ဘဲ”
ဆူဇီမိုက လေးနက်စွာဖြင််ပြောလိုက်၏။
“ငါတို့က အမြုတေဖွဲ့တည်ခြင်းအဆင့်ကို ချိုးဖျက်ပြီးတော့ ငါတို့ရဲ့ အမြုတေစိတ်ဝိညာဥ်တစ်ခုကို ကျင့်ကြံပြီး သားရဲမိစ္ဆာတွေဖြစ်လာတာနဲ့အမျှ ငါတို့ရဲ့အော်ရာကို ဖုံးကွယ်ပြီးတော့ အသွင်အပြင်ကိုလည်း ပြောင်းလဲလာနိုင်လိမ့်မယ်။ အဲ့ဒီချိန် ငါတို့က ဒီနေရာကို ပြန်လာရင်တောင် အဲ့ဒီပုရစ်ကောင်တွေက ငါတို့ကို မှတ်မိနိုင်မှာ မဟုတ်တော့ဘူး”
“အစ်ကိုကြီး ခင်ဗျားက တစ်ကယ်ဉာဏ်ကောင်းတာဘဲ.. ခင်ဗျားပြောတာ လုံးဝမှန်တယ်”
ကြွက်က ဆူဇီမိုကို အလောတကြီး ချီးကျူးမြှောက်ပင့်လိုက်၏။
ချင်ချင်က မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမယ့်လို့ ငါတို့က လရောင်ငိုကြွေးတောင်နဲ့ ပက်သက်ပြီး ဘာမှမသိဘူးလေ ၊ ငါတို့က ဦးတည်ချက်မရှိဘဲ လျှောက်သွားနေမယ်ဆို လရောင်ငိုကြွေးတောင်ထဲကနေ မထွက်နိုင်ခင်မှာဘဲ ချန်ရူယီက ငါတို့ကို ဖမ်းမိသွားလိမ့်မယ်”
ဆူဇီမိုက ပြန်မဖြေဘဲ ကြွက်ကိုသာ ပြုံးစစဖြင့် လှည့်ကြည့်လိုက်၏။
စိတ်ဝိညာဥ်ကျား၏ ရင်ကလည်း လှုပ်ခတ်သွားပြီး သူ၏အကြည့်က ခက်ထန်လာကာ ကြိမ်းမောင်းဖွယ်ရာပုံစံဖြင့်ပြောလိုက်၏။
“ငကြွက်... မင်း ငါတို့ကို ဒီကနေ ထုတ်ပေးရင်ပေး မဟုတ်ရင်တော့ ဟမ့်.....”
ကြွက်က ချွေးများစိုလာပြီး အလောတကြီး ပြောလိုက်၏။
“ဒေါသမထွက်ပါနဲ့ အစ်ကိုပါးထျန်... ကျုပ်ဒီကိုရောက်လာတယ်ဆိုတာလည်း ခင်ဗျားတို့ကို ကူညီဖို့ပါ ၊ ကျုပ်မှာ လရောင်ငိုကြွေးတောင်ရဲ့ မြေပုံတစ်ခုပါလာခဲ့တယ်”
ကြွက်က ပြောရင်းနှင့် တောကောင်သရေတစ်ခုနှင့် ပြုလုပ်ထားသော မြေပုံတစ်ချက်ကို ပစ်ထုတ်ပေးလိုက်၏။
သို့သော်လည်း သူက အဲ့ဒါကို ကိုယ်တိုင်ပေးခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ကို မြေတွင်းထဲမှာ ဝှက်ထားဆဲ ဖြစ်၏။
စိတ်ဝိညာဥ်ကျားက သူ့ကိုဖမ်းဖို့ကြိုးစားသည်နှင့် သူက အချိန်မရွေး ထွက်ပြေးနိုင်ဖို့ ပြင်ဆင်ထားသည့်အလားပင်။
ဆူဇီမိုသည် မြေပုံကိုကောက်ယူပြီး အကြမ်းဖျင်းတစ်ချက် ကြည့်လိုက်၏။
ဤနယ်မြေအပြင် မြေပုံထဲတွင် လရောင်ငိုကြွေးတောင်၏ အနီးနားရှိ ပိုင်နက်နယ်မြေများ၏ သတင်းအချက်အလက်အချို့ကိုပါ ထည့်သွင်းထား၏။ အဲ့ဒါက သူတို့အတွက် အလွန်တရာအရေးပါလေသည်။
ဤမြေပုံနှင့်ဆိုပါက သူတို့သည် အနီးစပ်ဆုံး ဦးတည်ဘက်တစ်ခုကို အလွယ်တကူရွေးချယ်ပြီး လရောင်ငိုကြွေးတောင်ကနေ ထွက်ခွာနိုင်မည် ဖြစ်၏။
သည့်ယခင်က သူတို့သည် အရှေ့စူးစူးသို့သာ တစ်ချိန်လုံး သွားလာခဲ့၏။ သူတို့က ထိုလမ်းကြောင်းအတိုင်း ဆက်သွားမည်ဆိုလျှင် လဝက်လောက်ကြာပြီးတာတောင် လရောင်ငိုကြွေးတောင်ကနေ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မြေပုံကို စစ်ဆေးပြီးနောက် သူတို့သည် ဦးတည်ဖက်ကို ပြောင်းကာ တောင်ဖက်အရပ်သို့ ထွက်ခွာသည်နှင့် ရက်အနည်းငယ်အတွင်း ဤနေရာကနေ ထွက်ခွာနိုင်ပေလိမ့်မည်။
“ငကြွက် ဒီမြေပုံက အတုတော့ မဟုတ်ပါဘူးနော်... ဟုတ်တယ်မလား”
စိတ်ဝိညာဥ်ကျားသည် ကြွက်ကို တစ်ချက်လှမ်းကြည့်ပြီး မေးလိုက်၏။
“မင်းက ဒီလောက်အဝေးကြီး ဒုက္ခသုက္ခခံပြီး ငါတို့ဆီကိုရောက်လာပြီး ကူညီရအောင် မင်းက အဲ့လောက်ထိ ကြင်နာတတ်လို့လား”
စိတ်ဝိညာဥ်ကျား၏ မေးခွန်းကို ကြားသောအခါ ဆူဇီမိုကလည်း ကြွက်ကို စောင့်ကြည့်နေ၏။
စိတ်ဝိညာဥ်ကျား၏ စိုးရိန်ပူပန်မှုက အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။
ကြွက်က သူ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး ရှက်ရွံ့အားနာဟန်ဖြင့် ပြောလိုက်၏။
“ခင်ဗျားတို့ကို ဒီနေရာထိ ခေါ်လာခဲ့တာက ကျုပ်လေ ၊ နောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့အရာတွေနဲ့ ပက်သက်ပြီး ကျုပ်က စိတ်မကောင်းဖြစ်ခဲ့မိတယ် ၊ အခု ခင်ဗျားတို့ကို ဒီမြေပုံပေးလိုက်ပြီဆိုတော့ ကျုပ်တို့ကြားမှာ အကြွေးမရှိတော့ဘူးပေါ့”
ဆူဇီမိုက စိတ်သက်သာရာရသွား၏။
ကြွက်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စ ရှိမနေပေ။ သူက လိမ်ညာနေသည်နှင့်မတူပေ။
“ကဲ... ကိစ္စက ဒီလိုဆိုမှတော့ ငါတို့အခုဘဲ ထွက်ခွာကြတာပေါ့”
ဤနေရာဝန်းကျင်တွင် စိတ်ဝိညာဥ်သားရဲများက ပိုပို၍ စုဝေးလာသည်ကို ဆူဇီမိုက ခံစားမိလေသည်။
သူတို့က ဆက်လက်၍ ကြန့်ကြာနေပြီး ချန်ရူယီကိုယ်တိုင် ရောက်လာမည်ဆိုလျှင် သူတို့က ထွက်ပြေးန်ိုင်ချင်မှတောင် ထွက်ပြေးနိုင်ပေတော့မည်။
မထွက်ခွာခင် ဆူဇီမိုက ကြွက်ဘက်ကို လှည့်ပြီးပြောလိုက်၏။
“ဒီမြေပုံကို ငါတို့ကို ပေးတဲ့အတွက် မင်းကရော ဒုက္ခမရောက်နိူင်ဘူးလား”
“ကျုပ်က အဆင်ပြေပါတယ်”
ကြွက်က လက်ခါပြလိုက်၏။
“ကျုပ်က ဒီနေရာကို ကျုပ်ရဲ့အစွမ်းအစနဲ့ ကျုပ်ရောက်လာခဲ့တာ ၊ ခင်ဗျားတို့တွေ ပြန်မပြောသရွေ့ ဒီမြေပုံကို ကျုပ်ပေးတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး”
“ကဲ... နှုတ်ဆက်တယ်ကွာ နောက်မှ ပြန်တွေ့ကြတာပေါ့”
ဆူဇီမိုက မြောက်နှင့်အခြားသူများကို ဦးဆောင်ပြီး ရေတံခွန်အပြင်ဘက်သို့ ထွက်လိုက်၏။
“ကျုပ်တို့နောက်တစ်ခါ ပြန်မတွေ့တာ ပိုကောင်းလိမ့်မယ်ထင်တယ်”
ကြွက်က ဆူဇီမိုတို့အုပ်စု ထွက်ခွာရာဘက်သို့ ငေးကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။ ထို့နောက်သူက မြေတွင်းထဲသို့ ပြန်ဝင်ပြီး ချက်ချင်းပျောက်ကွယ်သွားလေသည်။
၃ ရက်ကြာပြီးနောက်.....
မဟူရာသဲတောင်ရိုးသည် လရောင်ငိုကြွေးတောင်နှင့် ဘေးချင်းကပ်မှာ တည်ရှိသော နယ်မြေတစ်ခုဖြစ်လေသည်။
၎င်း၏ ပိုင်နက်အရှင်၏ နာမည်သည် မဟူရာသဲမွန်းစတား ဖြစ်ပြီး သူ၏ အစစ်အမှန်ပုံစံကို မသိရပေ။ သူက ကြောက်မက်ဖွယ်ရာခွန်အားကို ပိုင်ဆိုင်ပြီး သွေးဆာရက်စက်ကာ သူ၏ ပိုင်နက်သည် လရောင်ငိုကြွေးတောင်ထက် များစွာပို၍ ကြီးမားလေသည်။
ယခုချိန်တွင် ဆူဇီမိုတို့အုပ်စုသည် မဟူရာသဲတောင်ရိုးနှင့် လရောင်ငိုကြွေးတောင်၏ အစွန်အစပ်မှာ နေရာယူကာ ယာယီအားဖြင့် စတည်းချလိုက်၏။
သူတို့သည် လရောင်ငိုကြွေးတောင်၏ နယ်မြေထဲကနေ ထွက်ခွာလာပြီးနောက် ပုရစ်ကောင်များ၏ ထောက်လှမ်းခြင်းကနေ လွတ်မြောက်လာခဲ့လေပြီ။
ဆူဇီမိုသည် နမော်နမဲ့မနေရဲဘဲ လှိုဏ်ဂူ၏ ဘေးပတ်လည်တွင် အစီအရင် ဝင်္ကပါများကို ထပ်မံ၍ ခင်းကျင်းလိုက်၏။
မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးလေးတို့သည် လှိုဏ်ဂူတွင်းမှာ ကျင့်ကြံနေပြီး သူတို့၏ အခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာကြ၏။ တဖြည်းဖြည်းနှင့် သူတို့သည် နိုးထဝိညာဥ်အဆင့်သို့ အချ်န်မရွေး တက်လှမ်းနိုင်မည့် ပြီးပြည့်စုံသော အခြေအနေတစ်ခုသို့ ရောက်ရှိလာကြ၏။
ဆူဇီမိုသည် လှိုဏ်ဂူ၏ ဝင်ပေါက်ဝကနေ မလှုပ်မယှက်ဖြင့် စောင့်ကြပ်နေပြီး သူ၏ ရင်အုပ်ထဲမှ ရုန်းကြွနေသော အတွင်းအမြုတေနှင့် သူ၏ဝမ်းဗိုက်မှ တစ်ဒုတ်ဒုတ်ခုန်နေသော ရွှေအမြုတေကို အတတ်နိုင်ဆုံးကြိုးစား၍ ဖိနှိပ်ထားလိုက်၏။
ရုတ်တရက် သူ၏ မျက်လုံးနှစ်ဖက်က ဆက်ကနဲ ပွင့်သွားပြီး အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။
ပထမဆုံး အဆင့်ချိုးဖျက်တက်လှမ်းသူမှာ မျောက်ဖြစ်လေသည်။
မျောက်၏အော်ရာက စတင်၍ ပြောင်းလဲလာခဲ့ပြီဖြစ်၏။
ခပ်ဖျော့ဖျော့စွမ်းအားအမျှင်တစ်ခုသည် အပေါ်ကနေ လွှမ်းခြုံလာ၏။
အဲ့ဒါက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများဖြစ်လေသည်။
အဲ့ဒါက ခပ်ပါးပါးလေးမျှသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားက ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။
မျောက်၏ အသားများက ကွဲထွက်သွားပြီး သူ၏ သားမွေးများက ကွာကျလာ၏။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် အသားလွှာအသစ်များသည် တစ်ခုပေါ်တစ်ခုဆင့်လာပြီး သူ၏ ခန္ဒာကိုယ်တစ်ခုလုံးက ပို၍ မြင့်မားကာ ပို၍ သန်မာလာ၏။
ခန္ဓာကိုယ်တစ်ခု၏ အသွင်ပြောင်းလဲခြင်းဖြစ်စဥ်သည် အလွန်တရာကိုမှ နာကျင်ရလေသည်။
မျောက်၏ ခန္ဓာကိုယ်က တစ်ချိန်လုံးတုန်ယင်နေ၏။
သို့သော်လည်း သူက မာနကြီးသော အမူအရာရှိပြီး အသံတစ်ချက်မှ မထွက်ပေ။
စိတ်ဝိညာဥ်ကျား၏ အော်ရာကလည်း စတင်၍ ပြောင်းလဲလာခဲ့ပြီဖြစ်၏။
“ဝေါင်း......”
ရုတ်တရက် စိတ်ဝိညာဥ်ကျားက ဟိန်းဟောက်လိုက်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလိုက်၏။ သူ၏ ခန္ဓာကိုယ်တွင်းကနေ တစ်ဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က ပြန့်ကားလာကာ သူ၏ ကြွက်သားများက မို့မောက်လာ၏။
စိတ်ဝိညာဥ်ကျားပြီးနောက် ချင်ချင်ကလည်း စတင်၍ အဆင့်ချိုးဖျက်တက်လှမ်းလာခဲ့လေပြီ။
သူမ၏ အဆင့်ချိုးဖျက်တက်လှမ်းခြင်းသည် သူမ၏ ကိုယ်တွင်းရှိ ပီဖန်၏ မျ်ိုးဆက်သွေးကို နိုးကြားလာစေပြီး သူမ၏ ခန္ဓာကိုယ်သည် အစိမ်းရောင်မီးတောက် အလင်းနှင့်အတူ တောက်ပနေ၏။ သူမ၏ အော်ရာက ဆက်တိုက် သိပ်သည်းစုဖွဲ့လာခဲ့လေသည်။
မြေခွေးလေးသည် နောက်ဆုံးမှ အဆင့်ချိုးဖျက်တက်လှမ်းခဲ့၏။
သူမသည် မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်တို့နှင့်မတူပေ။
မြေခွေးလေး၏ အဆင့်ချိုးဖျက်ခြင်းသည် သိသာထင်ရှားခြင်းမရှိဘဲ ပန်းရောင်မြူခိုးတစ်လွှာကသာ သူမ၏ ကိုယ်ကို လွှမ်းခြုံလိုက်၏။
လူတစ်ယောက်၏ စ်ိတ်ကို ညို့ငင်ဖမ်းစားနိုင်သော ခပ်ဖျော့ဖျော့ မွှေးရနံတစ်ခုနှင့် အငွေ့များက တထောင်းထောင်းထလာ၏။
ဆူဇီမိုသည် စိုးရိမ်မကင်းသော အမူအရာဖြင့် မမှိတ်မသုန် စောင့်ကြည့်နေ၏။
အမြုတေဖွဲ့တည်းခြင်းအဆင့်ကို ချိုးဖျက်ပြီး အမြုတေစိတ်ဝိညာဥ်တစ်ခုကို ကျင့်ကြံရခြင်းသည် ကောင်းကင်နှင့် မြေကြီးတို့နှင့် ဆက်သွယ်ရခြင်းနှင့် တူလေသည်။
အဲ့ဒါက ကောင်းကင်ကို ဖီဆန်သော ပြုမူမှုတစ်ခုဖြစ်ပြီး အလွန်တရာ အန္တရာယ်များလေသည်။
သမိုင်းတစ်လျှောက်တွင် သားရဲများဖြစ်စေ လူသားကျင့်ကြံသူများဖြစ်စေ ဤအဆင့်မှာ သေဆုံးခဲ့ရသော လူပေါင်းများစွာ ရှိခဲ့လေသည်။
အခြေတည်အဆင့်ကနေ ရွှေအမြုတေအဆင့်သို့ ချိုးဖျက်တက်လှမ်းခြင်းဖြစ်စဥ်တွင် ကျရှုံးသွားပါက သူတို့၏ မရီးဒါန်များက ကျိုးပြတ်၍ သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်များက လုံးလုံးလျားလျား ပျက်ပြယ်သွားမည်ဖြစ်၏။ သို့သော်လည်း သူတို့က မော်တယ်တစ်ယောက်အဖြစ်နှင့် ဆက်လက်၍ အသက်ရှင်နိုင်သော အခွင့်ရှိသေးလေသည်။
သို့သော်လည်း ရွှေအမြုတေအဆင့်ကနေ နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးခြင်းသည် ချက်ချင်းပင် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။
အချိန်ကာလတစ်ခုက ကုန်ဆုံးသွားခဲ့လေသည်။
မျောက် ၊ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးတို့၏ ဘေးပတ်လည်ရှိ အော်ရာများသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး မျက်မှောင်ကြုတ်ထားသော သူတို့၏ အမူအရာများကလည်း ပြေလျော့လာကြ၏။
သူတို့၏ ခန္ဓာကိုယ်များအတွင်းမှ မြောက်များလှစွာသော အသက်ဓာတ်အားအင်များက ရုန်းကြွလာ၏။
သူတို့လေးယောက်စလုံးက မိစ္ဆာသားရဲများ ဖြစ်လာခဲ့ပြီကို ဆူဇီမိုက သိလိုက်၏။
နောက်ထပ်က သူ့အလှည့်ပင်ဖြစ်လေသည်။