← Chapters

အကျော်ဇေယျ

Vol. 54 Ch. 804

အကျော်ဇေယျ

Vol. 54 Ch. 804

ယင်စိတ်ဝိညာဉ်အပိုင်းတွင် သတ်ဖြတ်ခြင်းကို ရည်ရွယ်သော နဂါးမျိုးနွယ်မှ လျှို့ဝှက်ပညာရပ်များ သို့မဟုတ် ဓမ္မပညာရပ်များကို မှတ်တမ်းတင်ထားတာ တစ်စုံတစ်ရာ မပါရှိပေ။

သူတို့ထဲတွင် အထီးကျန်သမုဒ္ဒရာ၏ နဂါးဘုရင်ထံမှ စိတ်ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်တစ်ခုသာ ပါရှိလေသည်။ အဲဒါသည် နေနှင့်လ၏အဆီအနှစ်ကို ဝါးမျိုပြီး သူတို့၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို ဘယ်လိုသန်မာလာအောင် ပြုလုပ်ရမလဲ ဖော်ပြထားခြင်းဖြစ်၏။

သာမန်အခြေအနေမှာဆိုလျှင် ဆူဇီမိုသည် ယင်စိတ်ဝိညာဉ်အပိုင်းကို ကျင့်ကြံခြင်းတွင် အခက်အခဲများစွာကို တွေ့ကြုံရနိုင်၏။

ယခင်က တဲယွဲ့သည် သူ့ဘေးနားကနေ လမ်းညွန်ပြသပေးခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူသည် အရိုးကြံ့ခိုင်စေခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်းနှင့် ခန္ဓာမီးဆေးခြင်းအပိုင်းများကို နှစ်အနည်းငယ်အတွင်း နားလည်သဘောပေါက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

သူမသည် မထွက်ခွာခင် သူမ၏လမ်းညွန်မှု မရှိဘဲ ထိုကျင့်ကြံခြင်းနည်းစနစ်ကို ဆူဇီမိုအနေနှင့် ကျင့်ကြံဖို့အတွက် အခက်အခဲများစွာ တွေ့ကြုံရလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့ဖူး၏။

အဲဒါက အမှန်ပင်ဖြစ်လေသည်။

နောက်ပိုင်းတွင် ဆူဇီမိုသည် အင်္ဂါသန့်စင်ခြင်းအပိုင်းမှာ အချိန်အတော်ကြာသည်အထိ ရှေ့မတက်နိုင်ဘဲ တစ်ဆို့နေခဲ့၏။

တစ်ညမှာ တိုက်တိုက်ဆိုင်ဆိုင်နှင့် ညနက်သန်းခေါင်မှာ သူက နိုးထလာပြီး ကျားနှင့်ကျားသစ်တို့၏အသံကို ကြားခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် သူက လက်ရှိဤအဆင့်ထိ တက်လှမ်းလာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

အင်္ဂါသန့်စင်ခြင်းအပိုင်း၏ အနှစ်သာရနှင့် လျှို့ဝှက်ချက်သည် ကျားနှင့်ကျားသစ်ကဲ့သို့သော သာမန်သားရဲတောကောင်များထံမှ လာခြင်းဖြစ်၏။

သို့သော်လည်း ယင်စိတ်ဝိညာဉ်အပိုင်းသည် နဂါးဘုရင်တစ်ပါးထံမှ လာခြင်းဖြစ်လေသည်။

ပုံမှန်အားဖြင့်ဆိုလျှင်.. ကျင့်ကြံသူတစ်ယောက်အနေဖြင့် နဂါးဘုရင်တစ်ပါး၏ စိတ်ဝိညာဉ်သန့်စင်ခြင်းနည်းစနစ်ကို ကျင့်ကြံဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

သူက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုတို့မှာ နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိနေသည်ဆိုလျှင်တောင် ဆူဇီမိုအနေနှင့် ယင်စိတ်ဝိညာဉ်အပိုင်းကို နားလည်သဘောပေါက်နိုင်ဖို့က ခက်ခဲနေပေဦးမည်ဖြစ်၏။

သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင်နှင့်ပင်.. ဆူဇီမိုသည် တစ်ခါက နဂါးဥတစ်ဝက်ကို သောက်သုံးခဲ့ပြီး နောက်ပိုင်းတွင်.. ရှေးဟောင်းနဂါးအသွင်ပြောင်းအတတ်ကို ကျင့်ကြံခဲ့၏။ ဒါ့အပြင် သူသည် နှစ်နှစ်ဆယ်ကြာအောင် နဂါးတစ်ကောင်၏သွေးကို သောက်သုံးခဲ့ပြီး မီးပဒေသာနဂါးမျက်လုံးကိုလည်း ကျင့်ကြံနိုင်ခဲ့၏။

နဂါးမျိုးနွယ်၏မျိုးဆက်သွေးသည် သူ၏ခန္ဓာကိုယ်ထဲတွင် အပြည့်အဝ ရောနှောနေခဲ့ပြီးဖြစ်၏။

ယခုအချိန်တွင် ဆူဇီမိုကို နဂါးမျိုးနွယ်မှ သက်ရှိတစ်ပိုင်းဟု သတ်မှတ်လို့ရနေပြီဖြစ်၏။

ထို့ကြောင့် သူ့အနေနှင့် ယင်စိတ်ဝိညာဉ်အပိုင်းတွင် ဖော်ပြထားသည့်အရာများကို နားလည်သဘောပေါက်ဖို့က သိပ်မခက်ခဲတော့ပေ။

ဒါ့အပြင် သူသည် ယင်စိတ်ဝိညာဉ်အပိုင်းကို ကျင့်ကြံဖို့အတွက် အားထုတ်မှုအနည်းငယ်သာ လိုအပ်တော့၏။

တဲယွဲ့သည် အရာရာတိုင်းကို ကြိုတင်တွက်ဆနိုင်ပြီး သူမ၏နည်းလမ်းများက တကယ့်ကို အံ့မခန်းဖြစ်သော်လည်း.. ဤကဲ့သို့ရလဒ်ဖြစ်လာမည်ကို ထိုနှစ်များက သူမပင်လျှင် မမျှော်လင့်ထားနိုင်ခဲ့ပေ။

ယခုအချိန်တွင် သွေးနီရောင်ဆံပင်နှင့်ယင်စိတ်ဝိညာဉ်သည် ဆူဇီမို၏စိတ်ဝိညာဉ်စံအိမ်အတွင်းမှာ ထိုင်နေပြီး သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နေ၏။

ဆူဇီမိုသည် လက်တစ်ဖက်ကိုခါ၍ ရေပြင်ကြေးမုံတစ်ခုကို ဖန်တီးလိုက်၏။

ကြေးမုံအတွင်းတွင် သူသည် သူ၏သွေးနီရောင်ဆံပင်နှင့်အတူ သားရဲအလင်းဖြင့် တောက်ပနေသော မျက်လုံးတစ်စုံကို တွေ့မြင်လိုက်ရ၏။ သူ၏ပုံစံက အရမ်းကိုနတ်ဆိုးဆန်နေ၏။

သူက လူသားတစ်ယောက်၏သွင်ပြင်မှာပင် ဖြစ်သော်လည်း မည်သည့်မိစ္ဆာသားရဲကမှ သူ၏သရုပ်ကို သံသယဝင်တော့မည် မဟုတ်ပေ။

ဆူဇီမိုသည် သူ့ကိုယ်သူ ကျေနပ်နှစ်ခြိုက်စွာဖြင့် ခေါင်းညိတ်လိုက်၏။

သူ၏လက်ရှိသွင်ပြင်သည် သားရဲတစ်ထောင်တောင်ကြားမှာ ကျင်လည်ကျက်စားဖို့အတွက် ပို၍သင့်လျော်ပြီး သူ့အတွက် ပြဿနာများစွာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

“သခင်လေး.. ရှင်က အဆင်ပြေရဲ့လား”

မြေခွေးလေးသည် ဆူဇီမို နိုးလာသည်ကို မြင်သောအခါ ပြေးချလာပြီး စိုးရိမ်တကြီး မေးလိုက်၏။

“ငါက အဆင်ပြေပါတယ်”

သူက ညင်သာစွာ ပြုံးလိုက်၏။

“မင်းတို့တွေ ဆက်ပြီးကျင့်ကြံကြ.. ငါ့ကို စိုးရိမ်မနေနဲ့”

“ဟေး.. ငါပြောပါတယ်.. အစ်ကိုကြီးက သေချာပေါက် အဆင်ပြေသွားမှာပါလို့”

စိတ်ဝိညာဉ်ကျားက ရယ်မော၍ စိတ်သက်သာရာရသွား၏။

“ပြီးခါမှပြောတာကတော့ လွယ်တာပေါ့”

မျောက်သည် နှုတ်ခမ်းစူပြီး ဘေးဘက်သို့ပြန်သွားကာ ဆက်လက်ကျင့်ကြံလိုက်၏။

သူတို့အားလုံးသည် သူတို့၏အမြုတေစိတ်ဝိညာဉ်ကို အခုတင်ဖွဲ့တည်ပြီး မိစ္ဆာသားရဲများ ဖြစ်လာကာစဖြစ်၏။ အဲဒီမှာ သူတို့ကိုယ်သူတို့ ရင်းနှီးကျွမ်းဝင်လာအောင် ပြုလုပ်ရမည့်အရာများစွာ ရှိနေသေး၏။

သူတို့သည် သူတို့၏ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ရမည်သာမက သူတို့၏လက်နက်များကိုလည်း သန့်စင်ရပေဦးမည်။

သံချေးတက်၍ ရှည်လျားသော တောင်ဝှေးတစ်ခုသည် မျောက်၏ရှေ့မှာ ကြွတက်လာ၏။ အဲဒါက ငွားငွားစွင့်စွင့် မြင့်မားပြီး သူ၏အရပ်ထက်ပင် ပိုရှည်နေ၏။

ထိုတောင်ဝှေးသည် သံချေးများဖြင့် ပြည့်နှက်နေပြီး အရမ်းကို သာမန်ဆန်လေသည်။

သို့သော်လည်း.. ဤတောင်ဝှေးသည် ကြယ်တာရာနဂါးခံတွင်းကနေ ရှာဖွေတွေ့ရှိလာခဲ့ခြင်းဖြစ်၏။ ဒါ့အပြင်.. ဤတောင်ဝှေးကို မြင်ရချိန်တွင် လင်းရွှမ်ကျီပင်လျှင် အံ့အားသင့် မှင်သက်သွားပုံရ၏။

မျောက်က ဤတောင်ဝှေးကို ရွေးချယ်ခဲ့သည်မှာ ရိုးရှင်းသော အကြောင်းပြချက်တစ်ခုကြောင့်သာလျှင် ဖြစ်၏။

သူသည် ဤတောင်ဝှေးကို မြင်တွေ့ချိန်မှာပင် ဘာမှန်းမသိရသော အရာတစ်ခုက သူ့ကို ဆွဲငင်ခေါ်ဆောင်နေသလို ခံစားခဲ့ရ၏။

မျောက်၏နဖူးက တောက်ပသွားပြီး သူ၏စိတ်ဝိညာဉ်အသိစိတ်သည် ထိုတောင်ဝှေးပေါ်တွင် ဖြန့်ကျက်လွှမ်းခြုံသွား၏။ သူက အဲဒါကို စတင်၍သန့်စင်ပြီး ၎င်းအပေါ်တွင် သူ၏ စိတ်ဝိညာဉ်အသိစိတ်၏ တစ်မူထူးခြားသည့် အမှတ်အသားတစ်ခုကို ချန်ထားခဲ့လိုက်၏။

သူက ဤတောင်ဝှေးကို သူ၏မူပိုင်ဓမ္မလက်နက်အဖြစ် သန့်စင်ဖို့ ရည်ရွယ်ထား၏။

အခြားတစ်ဖက်တွင်တော့.. စိတ်ဝိညာဉ်ကျားသည်လည်း သူ၏ကိုယ်ပိုင်ဓမ္မလက်နက်ကို သန့်စင်နေ၏။

ကြယ်တာရာနဂါးခံတွင်းကနေ သူရရှိလာခဲ့သော ဓမ္မလက်နက်သည် ကျားလက်သည်း ၄ခုပင် ဖြစ်လေသည်။

အစကတော့.. ထိုကျားလက်သည်းများသည် သူ၏ခန္ဓာကိုယ်ထဲတွင် ပေါင်းစပ်၍ ပျောက်ကွယ်သွားသည်ဟု တွေးထင်ခဲ့သေး၏။

သူက မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပြီးမှသာလျှင် ထိုကျားလက်သည်း ၄ခု၏ တည်ရှိမှုကို ခံစားမိလာ၏။

စိတ်ဝိညာဉ်ကျားသည် သူ၏အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏တုန်ရီနေသော လက်နှစ်ဖက်ဖြင့် သူ၏လက်သီးကို ဆုပ်လိုက်၏။

သူ့လက်ဆစ်များ၏ အဟကြားထဲမှ ကျောက်စိမ်းဖြူရောင်ဖြင့် ကြည်လင်နေသော လက်သည်းတစ်ခုသည် ကျောချမ်းဖွယ်ရာ အော်ရာနှင့်အတူ သူ၏အသားထဲကနေ တဖြည်းဖြည်းတိုး၍ ပြူထွက်လာ၏။

အဲဒါက ဓားမြှောင်တစ်လက်ကဲ့သို့ ရှည်လျားသေးသွယ်၍ ထက်ရှနေ၏။

သူ၏လက်ဖဝါးတစ်ဖက်စီတွင် လက်သည်းနှစ်ခုစီ ရှိနေ၏။

စိတ်ဝိညာဉ်ကျားသည် သူ၏လက်သည်း၄ခုကို အလိုလို ထိခတ်ကြည့်လိုက်မိ၏။

ချွမ်း..

မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။

သူ၏လက်သည်းများက ထိတွေ့မိသည့်အချိန်မှာပင် သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာခဲ့လေသည်။

စိတ်ဝိညာဉ်ကျားသည် သူ၏လက်ဖဝါးကြားကနေ ပြူထွက်လာသော လက်နက်လေးခုကိုကြည့်ပြီး သူ၏မျက်လုံးက ပြူးကျယ်သွား၏။ သူတို့ထံမှ ဖြာထွက်နေသော ထက်ရှသည့်အော်ရာကို ခံစားမိသောအခါ သူက တိတ်တဆိတ် ကျေနပ်နှစ်ခြိုက်သွားခဲ့၏။

ထိုလက်သည်းလေးခုသည် ဖျက်စီးလို့မရနိုင်သည်ဟု သတ်မှတ်နိုင်လေသည်။

ဒါ့အပြင်.. ထိုဓမ္မလက်နက်လေးခုသည် သူ၏ကိုယ်တွင်းမှာ သူ၏ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး သူက အဲဒါကို သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ အသုံးပြုနိုင်လေသည်။ ထိုလက်သည်းလေးခုနှင့်ဆိုပါက သူ၏တိုက်ခိုက်ရေးခွန်အားကို အမြင့်ဆုံးအတိုင်းအတာအထိ ထုတ်ဖော်နိုင်ပေလိမ့်မည်။

ချင်ချင်၏အရှေ့တွင် အဇူရာအစိမ်းရောင်ငှက်မွေးယပ်တောင်တစ်ခုက လွင့်မျောနေ၏။

သူမ၏အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီးနောက် ငှက်မွေးယပ်တောင်၏ ဘေးပတ်လည်တွင် မီးတောက်များက လောင်ကျွမ်းလာပြီး အဲဒါကို အဆက်မပြတ် သန့်စင်ပေးနေ၏။ ယပ်တောင်သည် သန့်စင်သော ကျောက်စိမ်းရောင်ဖြင့် တောက်ပလာ၏။

သူမသည် ဤယပ်တောင်ကို ရွေးချယ်ခဲ့ရသည့်အကြောင်းရင်းမှာ ၎င်းအပေါ်ရှိ ငှက်မွေးများသည် ပီဖန်တစ်ကောင်ထံမှာ လာခြင်းဖြစ်သောကြောင့်ပင်။

ချင်ချင်၏ခန္ဓာကိုယ်အတွင်းတွင် စီးဆင်းနေသော မျိုးဆက်သွေး၏ထက်ဝက်သည် ပီဖန်တစ်ကောင်ထံမှ လာခြင်းဖြစ်လေသည်။

ထိုအဇူရာအစိမ်းရောင်ယပ်တောင်ကို အသုံးပြုဖို့အတွက် မည်သူကမှ သူမထက်ပို၍ သင့်လျော်တော့မည် မဟုတ်ပေ။

မျောက်နှင့်အခြားသုံးယောက်သည် သူတို့၏ဓမ္မလက်နက်များကို သန့်စင်ဖို့အတွက် အမျိုးမျိုးသော နည်းလမ်းကိုယ်စီများ ရှိနေကြ၏။

ယခုအချိန်တွင်.. မြေခွေးလေး၏ဦးခေါင်းထက်တွင် ပိန်းပိတ်အောင် နက်မှောင်နေသော ထီးတစ်ချောင်းက ရစ်ဝဲနေ၏။

သူမသည် သုန်မှုန်နေသာ အမူအရာရှိပြီး မကြာမကြာဆိုသလို အပေါ်ကိုမော့ကြည့်ကာ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုနှင့်အတူ ခရမ်းရောင်မြူခိုးမှုန်များကို ထွေးထုတ်နေ၏။ ထိုမြူခိုးမှုန်များသည် နက်မှောင်နေသော ထီးကို လွှမ်းခြုံသွားပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်တစ်ခုကို ချန်ထားရစ်ခဲ့၏။

ဖျောက်.. ဖျောက်.. ဖျောက်..။

ထိုစဉ်မှာပင် တစ်ခုခုက ကြေမွသွားသည့်အလား လှိုဏ်ဂူထဲတွင် တဖျောက်ဖျောက်မြည်သံက ထွက်ပေါ်လာ၏။

မျောက်သည် ရင်တစ်ချက်ထိတ်သွားပြီး သူ့ရှေ့ရှိ တောင်ဝှေးကို တောက်ပသော အကြည့်နှင့် ငေးစိုက်ကြည့်နေ၏။

တဖျောက်ဖျောက်မြည်သံသည် သူ့ရှေ့ရှိ တောင်ဝှေးကနေ ထွက်ပေါ်လာခြင်းဖြစ်၏။

သူ၏အမြုတေစိတ်ဝိညာဉ်ဖြင့် ဆက်တိုက်သန့်စင်ပြီးနောက်.. သူ့ရှေ့ရှိ တောင်ဝှေးတွင် တစ်စုံတစ်ရာက နောက်ဆုံးမှာ ဖြစ်ပျက်လာခဲ့လေသည်။

ကြီးမားသော သံချေးတစ်လွှာက အက်ကွဲလာပြီး အတွင်းကနေ ကျိန်းစက်သော ရွှေရောင်အလင်းက တောက်ပကာ တဖြည်းဖြည်း ဖြန့်ကျက်ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပင်.. ထိုရွှေရောင်အလင်းသည် စိတ်ဝိညာဉ်ကျား၏လက်သည်းများ၊ ချင်ချင်၏ အဇူရာအစိမ်းရောင်ယပ်တောင်နှင့် မြေခွေးလေး၏ နက်မှောင်နေသော ထီးတို့ကို ဖိနှိမ်လွှမ်းခြုံသွား၏။

လှိုဏ်ဂူ၏ဝင်ပေါက်ဝတွင် ခင်းကျင်းထားသော အစီအရင်ဝင်္ကပါများပင်လျှင် တောက်ပလွန်းသော ထိုရွှေရောင်အလင်းကို မထိန်းထားနိုင်တော့မည့်ဆဲဆဲ ဖြစ်လာ၏။

ရွှေရောင်အလင်းက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

ရွှစ်..။

နောက်ဆုံးမှာတော့.. တောင်ဝှေးပေါ်ရှိ သံချေးလွှာတစ်နေရာသည် ကွာကျသွားပြီး တောင်ဝှေး၏ရွှေရောင်ကိုယ်ထည်က ထွက်ပေါ်လာ၏။

ထို့နောက် ရွှေရောင်အလင်းက တဖြည်းဖြည်း ပြန်လည်မှိန်ကျသွားလေသည်။

သံချေးများ ကွာကျသွားသောနေရာတွင် သေးငယ်သော စာလုံးတစ်လုံးကို ရေးထိုးထား၏။

-အကျော်ဇေယျ-

“အကျော်ဇေယျ.. အကျော်ဇေယျ.. လွှမ်းမိုးမှု ရှိသားပဲ.. ဘယ်လောက်တောင် ကောင်းလိုက်တဲ့နာမည်လဲ”

မျောက်သည် သူ့ခေါင်းကိုမော့၍ ရယ်မောလိုက်ပြီး သူ့ရှေ့ရှိ တောင်ဝှေးကိုဆွဲယူကာ ကျေနပ်နှစ်ခြိုက်စွာဖြင့် ခုန်ပေါက်လိုက်၏။

ဤနေရာကနေ မိုင်တစ်ထောင်လောက် ကွာဝေးသော မဟူရာလေတောင်ကြောရိုးတွင်.. ရာပေါင်းများစွာသော သားရဲများသည် စွမ်းပကားကြီးမားသော အင်အားတစ်ခုနှင့်အတူ တောအုပ်ထဲမှာ ဖြတ်သန်းလာကြ၏။ သူတို့ ချီတက်လာသော အသံကို ကြားရသောအခါ အနီးအနားရှိ သားရဲတောကောင်များ အားလုံးက ထွက်ပြေးကုန်ကြပြီဖြစ်၏။

ထိုရာပေါင်းများစွာသော သားရဲများ၏အလယ်တွင် ကြီးမားသည့် လေဝဲရထားတစ်စင်းကို တောင့်တင်းခိုင်မာသော နွားရိုင်းသားရဲ ၈ကောင်က ဆွဲလာကြ၏။ သူတို့က လေးလေးမှန်မှန်နှင့် ရှေ့သို့ချီတက်လာကြ၏။

ကြီးမားသည့်ရထားလုံး၏ ဘေးပတ်လည်တွင် အဆင့်နိမ့်မိစ္ဆာသားရဲပေါင်းများစွာက ရှိနေကြ၏။ လူတိုင်းသည် ရထားလုံးကို ဗဟိုပြု၍ လှည့်ပတ်ဝန်းရံထားကြ၏။

ရထားလုံးပေါ်တွင်.. ယစ်မူးနေသော မျက်လုံးများနှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဖြူဖတ်ဖြူလျော်မျက်နှာနှင့် လူငယ်တစ်ယောက် ရှိနေ၏။ သူက လုံးကြီးပေါက်လှခန္ဓာကိုယ်နှင့် မျက်နှာဖုံးတစ်ခု ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်၏ ပေါင်ပေါ်မှာ ပက်လက်လှန်လှဲနေ၏။

အမျိုးသမီး၏နားရွက်များက ထက်ရှပြီး သူမက လူသားတစ်ယောက် မဟုတ်သည်မှာ သိသာလေသည်။

သို့သော်လည်း.. သူမသည် အလွန်တရာ ချောမောလှပပြီး ဆွဲဆောင်မှုရှိနေ၏။ သူမသည် ဘယ်ဖက်လက်ထဲတွင် ကျောက်စိမ်းရောင်ပုလဲများနှင့် ဆင်တူသော စပျစ်တစ်ခိုင်ကို ကိုင်ထားကာ အနက်ရောင်ဝတ်လူကို ခွံ့ကျွေးနေ၏။

အဲဒီနောက်.. သူမသည် ဝိုင်ကို စုပ်ယူ၍ ငုံလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ် ကိုင်းညွတ်ကာ အနက်ရောင်ဝတ်လူ၏ နှုတ်ခမ်းများကို နမ်းလိုက်၏။ ထို့နောက် သူမ၏ လျှာကို ရှေ့သို့ထိုးပြီး ဝိုင်များကို အနက်ရောင်ဝတ်လူ၏ ပါးစပ်ထဲသို့ စီးဆင်းစေလိုက်၏။

ယစ်မူးနေသော အမူအရာနှင့် အမျိုးသားသည် ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာသော မွှေးရနံ့ကို ခံစားရင်း သူ့ဘာသာသူ ကျေနပ်ပျော်ရွှင်နေ၏။

ရုတ်တရက်ဆိုသလို…

ခပ်လှမ်းလှမ်းရှိ ကောင်းကင်ထက်တွင် ရွှေရောင်အလင်းတန်းတစ်ခုက ပေါ်လာပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွား၏။

“ဟမ့်”

အနက်ရောင်ဝတ်လူ၏မျက်လုံးများက ပွင့်ဟသွားပြီး တောက်ပလင်းလက်လာ၏။ အဲဒီမှာ ယစ်မူးနေသည့်အမူအရာ လုံးဝမရှိတော့ပေ။

သူက လှမ်းမျှော်ကြည့်ရင်း သူ၏နှုတ်ခမ်းများကို ကွေးညွတ်လိုက်၏။ ထို့နောက် သူက အမျိုးသမီး၏ရင်ဘတ်ကို လှမ်းဆွဲပြီး စိတ်အေးသက်သာအမူအရာဖြင့် ပြောလိုက်၏။

“အဲဒီကိုသွားပြီး စစ်ဆေးကြည့်ကြတာပေါ့”

All Chapters