ကြီးမားသောတိုက်ပွဲ
Vol. 54 Ch. 807
သားရဲတစ်ထောင်တောင်ကြားတွင် အရှင်သခင်များစွာရှိပြီး အမျိုးမျိုးခွန်အားများနှင့် ပိုင်နက်အရှင်များက ပိုလို့တောင် များပြားသေး၏။
လရောင်ငိုကြွေးတောင်နှင့် မဟူရာသဲတောင်ရိုးကဲ့သို့သော နောက်ထပ်ပိုင်နက်နယ်မြေများစွာ ရှိကြသည်မှာ မထူးဆန်းပေ။
ကာကွယ်သူရှစ်သည် ထုံထိုင်းပြီး မဟူရာသဲတောင်ရိုး၏ သားရဲဝက်တစ်ကောင်မျှသာဖြစ်လေသည်။ သူက အချို့သော နယ်မြေများကို မကြားဖူးသည်မှာ ယုတ္တိတန်လေသည်။
သူက တွေဝေရှုပ်ထွေးနေစဥ် မျောက်က လှောင်ပြောင်ရယ်မောလိုက်၏
“ငါက မဟူရာမျောက်ဝံတောင်ရိုးက သခင်လေးပဲ.. မင်းငါ့ကိုရော အရင်က ကြားဖူးလား”
လာပြန်ပြီ နောက်တစ်ယောက်...။
ကာကွယ်သူရှစ်သည် ရင်တစ်ချက်ထိတ်သွား၏။
ချင်ချင်က တခစ်ခစ်ရယ်မောလိုက်၏
“ငါကမဟူရာကြိုးကြာတောင်ရိုးက သခင်မလေးပဲ”
“ကျွန်မကတော့ မဟူရာမြေခွေးတောင်ရိုးက....”
မြေခွေးလေးသည် သူမ၏ သတ္တိကို မွေးမြူ၍ ပျော်စရာ ဤကိစ္စတွင် ပါဝင်လိုက်၏။
သို့သော်လည်း သူမသည် ထိုကဲ့သို့ ပြောရမည်ကို ရှက်ရွံပြီး ဆက်၍ မပြောနိုင်တော့ပေ။ သူမက လျှာတစ်လစ်ထုတ်၍ ချစ်စရာကောင်းနေ၏။
ဆူဇီမိုက ပြုံးလိုက်လေသည်။
ကာကွယ်သူရှစ်သည် ဘယ်လိုပင် ဉာဏ်ထိုင်းပါစေ.. ယခုအချိန်တွင် မျောက်နှင့်အခြားသူများက သူ့ကို လှောင်ပြောင်နေခြင်းဖြစ်သည်ကို နားလည်သဘောပေါက်သွားလေသည်။
သူတို့၏ ဘေးပတ်လည်ရှိ သားရဲတောကောင်အုပ်ထဲမှာလည်း ရယ်မောသံများက ထွက်ပေါ်လာလေသည်။
အနက်ရောင်ဝတ်လူငယ်ကတော့ အမူအရာကင်းမဲ့ပြီး တိတ်ဆိတ်နေ၏။
“မင်းတို့က ငါကို ဘယ်လိုတောင် ဟာသလုပ်ရဲတာလဲ မင်းတို့ကတော့ သေချင်နေပြီ”
ကာကွယ်သူရှစ်၏ မျက်နှာသည် ခရမ်းရောင်သန်းသွားပြီး သူက ဒေါသူပုန်ထလာ၏၊ သူ၏အသားများက ပြန့်ကားလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သိသိသာသာ မို့အစ်လာလေသည်။
သူက လူသားပုံစံမှာပင် ရှိနေသေးသော်လည်း သူ၏ပုခုံးကြားကနေ ကြောက်စရာကောင်းသော ဝက်ခေါင်းတစ်ခုက ထွက်ပေါ်လာ၏။
အဲဒါက ထက်ရှသော အစွယ်များနှင့်အလွန်တရာ အားကောင်းသော သားရဲအော်ရာကို ပိုင်ဆိုင်ထား၏။
အခြားသော သားရဲတောကောင်များ၏ မျက်လုံးများသည်လည်း ပြင်းထန်ကြမ်းကြုတ်မှု တောက်လောင်ပြင်းပြမှုတို့နှင့် တောက်ပလာ၏။
သူတို့အားလုံးသည် အနက်ဝတ်လူငယ်ထံမှ အမိန့်တစ်ချက်ရသည့်နှင့် သူတို့ရှေ့က လူအနည်းငယ်ကို အရေခွံခွာစုတ်ဖို့ အဆင်သင့်ပြင်ထားလိုက်၏။
ရုတ်တရက် အနက်ရောင်ဝတ်လူငယ်က ပြောလိုက်၏။
“မင်းတို့ဟာမင်းတို့ ဘယ်နယ်မြေကပဲလာလာ ငါဂရုမစိုက်ဘူး.. ငါပြောချင်တာက ဒီနေရာက မဟူရာသဲတောင်ရိုးပဲ.. မင်းတို့က ဒီနေရာကို ရောက်လာပြီဆိုရင် မဟူရာသဲတောင်ရိုးရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာရလိမ့်မယ်”
“ဟီး ဟီး”
မျောက်က သရော်ပြုံးပြီး ပြန်အော်လိုက်၏။
“မင်းတို့ရဲ့ ပေါက်တတ်ကရ စည်းမျဥ်းစည်းကမ်းတွေကို ငါစိတ်မဝင်စားဘူး ငါက အဲဒီစည်းမျဥ်းစည်းကမ်းတွေကို ချိုးဖြတ်ဖို့အတွက် မွေးဖွားလာတဲ့သူပဲ”
“အဲဒီအမျိုးသမီးနှစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေကိုတော့”
အနက်ရောင်ဝတ်လူငယ်က ခဏမျှ ရပ်နားလိုက်ပြီးနောက် အေးစက်စွာဖြင့် ဆက်ပြောလိုက်၏။
“အကုန်သတ်ကွာ..”
“ဟား...”
ကာကွယ်သူရှစ်သည် ကြီးမားသည့် ထွန်ခြစ်ကြီးတစ်ခုကို ဆွဲထုတ်လိုက်ပြီး သူ၏ ကြီးမားလုံးဝိုင်းသော ခန္ဓာကိုယ်ကြီးက လေထဲသို့ ပျံတက်သွား၏၊ သူသည် စိတ်ဝိညာဥ်ကျားကို ဒေါသတကြီး စိုက်ကြည့်ပြီး ရူးသွပ်စွာ ဟိန်းဟောက်၍ ဆင်းသက်လာလေ၏။
သူ့ကို အရှက်ခွဲခြင်းအတွက် သူက စိတ်ဝိညာဥ်ကျားကို မုန်းတီးပြီး ချက်ချင်းပင် ထိုသူထံသို့ ပြေးဝင်သွား၏။
“ဝူး”
ကာကွယ်သူချာသည်လည်း ဟိန်းဟောက်လိုက်ပြီး သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏၊ သူ၏ပုံစံက အလွန်ကြီးမားသည့် နွားရိုင်းသားရဲတစ်ကောင်ဖြစ်လေသည်။
သူက ထက်ရှသော ဦးချိုနှစ်ဖက်ကို မြှောက်ပြီး သူ၏နှာခေါင်းပေါက်နားကနေ အငွေ့များက တထောင်းထောင်း ထွက်လာ၏၊ သူ၏မျက်လုံးများသည် မလှမ်းမကမ်းရှိ မျောက်ပေါ်တွင် ကျရောက်နေပြီး သူ၏ခွာများကို ပေါက်ကာ ဖုန်များကို တထောင်းထောင်းထစေ၏။
“အဲဒီ မြေခွေးပေါက်လေးကိုတော့ ငါအတွက် ချန်ထားခဲ့”
အနက်ရောင်ဝတ်လူငယ်၏ ဘေးရှိ အမျိုးသမီးသည် မကောင်းသော စိတ်ထားဖြင့် မြေခွေးလေးကို ကြည့်လိုက်၏၊ သူမက နှုတ်ခမ်းကိုသပ်ရင်း သူမ၏မျက်လုံးထဲတွင် မနာလိုဝန်တိုမှုကို မြင်နိုင်လေသည်။
ထိုအမျိုးသမီး၏ လျှာက အလွန်တရာ ရှည်လျားပြီး နှစ်ခွဖြစ်နေ၏။
အဲဒါက မြွေမတစ်ကောင်ပင် ဖြစ်လေသည်။
“သူမကို မထိခိုက်စေနဲ့”
အနက်ရောင်ဝတ်လူငယ်က သူမ၏ရည်ရွယ်ချက်ကို သိမြင်သည့် အလား မြွေမကိုစိုက်ကြည့်ပြီး သတိပေးလိုက်၏။
မြွေမသည် မကျေနပ်သော်လည်း အပြုံးနဲ့အတူ ပြန်ပြောလိုက်၏၊
“မပူပါနဲ့သခင်လေး ကျွန်မက သခင်လေးအတွက် အဲဒီကလေးမကို စည်းကမ်းတကျ ဖြစ်အောင် သင်ပေးချင်ရုံပါ။”
မိစ္ဆာသားရဲအချို့သည် မျက်နှာရဖို့အတွက် တိုက်ခိုက်လိုကြပြီး သူတို့က ချင်ချင်နှင့်ဆူဇီမိုရှိရာဘက်သို့ တပြိုင်နက်တည်း ပြေးဝင်သွားကြ၏။
အနက်ရောင်ဝတ်လူက စိတ်အေးသက်သာရှိသော အမူအယာဖြင့် သူ၏ရထားပေါ်မှာ မှီလှဲနေ၏၊ သူကလှုပ်ရှားဖို့ ရည်ရွယ်ချက်မရှိသည်မှာ သိသာလေသည်။
ဆူဇီမိုကလည်း အလိုက်သင့်စွာပင် လှုပ်ရှားမှု မပြုလုပ်ပေ။
မျောက်နဲ့အခြားသူများသည် အခုလေးတင် မိစ္ဆာသားရဲများဖြစ်လာကြပြီး သူတို့က တိုက်ခိုက်ဖို့အတွက် ဆာလောင်နေကြ၏၊ အဲဒါက သူတို့၏ အသစ်ဖြစ်ပေါ်လာသော ခွန်အားများနှင့် ရင်းနှီးကျွမ်းဝင်စေရန် အကောင်းဆုံးအခွင့်အရေးဖြစ်လေသည်။
ဆူဇီမိုတွင် ပစ်မှတ်တစ်ခုသာ ရှိလေသည်။ အဲဒါက အနက်ရောင်ဝတ်လူငယ်ပင်။
အနက်ရောင်ဝတ်လူငယ်က ငယ်ရွယ်သည့်ပုံပေါက်သော်လည်း သူက မရိုးရှင်းဟု ပြောနိုင်လေသည်။ သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်နိုင်လေ၏။
အခြားတစ်ဖက်မှာတော့ ကြီးမားသည့်တိုက်ပွဲက ထွက်ပေါ်လာလေသည်။
ကာကွယ်သူရှစ်သည် သူ၏ သိပ်သည်းလေးလံသော ထွန်ခြစ်ကို လွှဲရမ်းပြီး လေထဲတွင် စက်ဝန်းတစ်ခုကို ဖန်တီးကာ စိတ်ဝိညာဥ်ကျားဆီသို့ ပစ်ရိုက်ချလေ၏။
စိတ်ဝိညာဥ်ကျားသည် သူ၏အစစ်မှန်ပုံစံကို ပြောင်းလဲထားပြီး လျင်မြန်စွာ လှုပ်ရှားသွားလိုက်၏။
ထွန်ခြစ်က ကျမလာခင်မှာပင် စိတ်ဝိညာဥ်ကျားသည် ကာကွယ်သူရှစ်၏ ရှေ့ကို ရောက်ရှိလာ၏၊ သူ၏ ကျားလက်သည်းများကို ထုတ်ပြီး ရှေ့သို့ပစ်သွင်းလိုက်၏။
ကာကွယ်သူရှစ်က ထိတ်လန့်သွား၏။
စိတ်ဝိညာဥ်ကျား၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှထိ ကြမ်းကြုတ်လိမ့်မည်ဟု သူကမထင်ထားပေ။
သူ၏တိုက်ခိုက်မှုက ဆင်းသက်လာလျှင် သူသည် စိတ်ဝိညာဥ်ကျား၏ ဦးခေါင်းကို ရိုက်ခွဲနိုင်မည် ဖြစ်သော်လည်း သူ၏အသက်ကလည်း အန္တရာယ်ရှိလာနိုင်လေသည်။
သူတို့က အသက်ချင်း အလဲအထပ်ပြုရတော့မည်ပင်။
‘ကာကွယ်သူ တစ်ယောက်ရဲ့ နေရာကို ရလာဖို့လွယ်တာ မဟုတ်ဘူး ငါက ဘာလို့မင်းနဲ့အသက်ချင်း လဲဖို့လုပ်ရမှာလဲ’
ထိုသို့အတွေးနှင့် ကာကွယ်သူရှစ်သည် ကြီးမားသည့် ခွန်အားကို ထုတ်ပြီး သူ၏ထွန်ခြစ်ကို ပြန်ဆွဲယူကာ နောက်ဆုံးအခိုက်တန့်မှာ နည်းဗျူဟာပြောင်းလဲလိုက်၏။
သူက ထွန်ခြစ်ကို ကြီးမားသည့်ခွန်အားနှင့်အတူ ကျားဆီသို့ ကန့်လန့်ဖြတ် လွှဲရမ်းလိုက်၏။
“ချွမ်း”
စိတ်ဝိညာဥ်ကျား၏ လက်သည်းများနှင့်ထွန်ခြစ်တို့ ထိတွေ့မိသောအခါ မီးပွားများက အဘက်ဘက်သို့ လွင့်စင်ထွက်သွား၏။
ရုတ်တရက်ဆိုသလို။
စိတ်ဝိညာဥ်ကျား၏ ခန္ဓာကိုယ်ထဲမှာ လျှပ်စီးကြောင်းများက ရုန်းကြွလာပြီး စိတ်ဝိညာဥ်ကျား၏ လက်သည်းမှတဆင့် ထွန်ခြစ်ဆီသို့ စီးဆင်းကာ ထွန်ခြစ်မှတဆင့် ကာကွယ်သူရှစ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။
“အီး..”
ကာကွယ်သူရှစ်သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ ဝက်မွေးများက ထောင်ထသွား၏၊ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများ အူထွက်လာပြီး သူ၏အသားများကမည်းတူးသွားခဲ့လေသည်။
“ဟီးဟီး”
စိတ်ဝီညာဥ်ကျားက ထိုအဟုန်ကို အသုံးချ၍ ရှေ့သို့ ခုန်ဝင်ပြီး သူ၏ကျားလက်သည်း ဆယ်ခုဖြင့် ကာကွယ်သူရှစ်၏ ရင်အုပ်ကို ရက်ရက်စက်စက် လှမ်းကုတ်ဆွဲလိုက်၏။
“ဖြီး...”
သွေးများက ဖြာထွက်သွား၏။
လက်သည်းဆယ်ချောင်းသည် ကာကွယ်သူရှစ်၏ ရင်အုပ်ထဲသို့ နစ်ဝင်သွား၏။
ပုံမှန်အခြေနေမှာဆိုလျှင် ဤတိုက်ခိုက်မှုသည် မည့်သည် သားရဲတောကောင်ကိုမဆို ဒဏ်ရာအပြင်းအထန် သေချာပေါက် ရရှိသွားစေမည်ဖြစ်၏။
သို့သော်လည်း သူ၏လက်သည်းများက ကာကွယ်သူရှစ်၏ ရင်အုပ်ထဲသို့ ဝင်ရောက်ချိန်တွင် စိတ်ဝိညာဥ်ကျားက ရင်တစ်ချက်ထိတ်သွား၏။
ဝက်သားရဲ၏ အသားက အရမ်းကို ထူထဲမာကြောလေသည်။
ဝက်သားရဲများသည် အချို့နေရာများမှာ သန်မာချင်မှသန်မာမည်ဖြစ်သော်လည်း သူတို့၏ အရေပြားက မာကြော၍ သူတို့၏အသားများက ထူထဲလေသည်။
စိတ်ဝိညာဥ်ကျား၏ လက်သည်းများသည် ဝက်သားရဲ၏ ကိုယ်တွင်းအင်္ဂါများဆီသို့ မထိုးဖောက်နိုင်ပေ။
“သေလိုက်တော့”
ကာကွယ်သူရှစ်က ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်ပြီး သူ၏လက်နှစ်ဖက်နှင့် စိတ်ဝိညာဥ်ကျား၏ ဦးခေါင်းကို ရုတ်တရက် ဖမ်းဆွဲလိုက်၏။
တစ်ချိန်ထဲမှာပင် သူသည်ခေါင်းမော့၍ သူ၏အောက်မေးရိုးမှ ထက်ရှသော အဆွဲနှစ်ချောင်းက အပေါ်ဖက်သို့ ပြူထွက်လာပြီး စိတ်ဝိညာဥ်ကျား၏ လည်ပင်းဆီသို့ ပင့်ဆောင့်လိုက်၏။
သားရဲများကြား တိုက်ခိုက်မှုများ အားလုံးနီးပါးသည် အနီးကပ်တိုက်ခိုက်ခြင်းများဖြစ်ပြီး အလွန်အန္တရာယ်များလေသည်။ အပြောင်းလဲများက ချက်ချင်းဖြစ်ပေါ်လာနိုင်လေသည်။
စောစောကတင် စိတ်ဝိညာဥ်ကျားက အထက်စီးကနေ ရှိခဲ့၏။ နောက်တစ်ခဏ၌ သူက အလွန်တရာ အန္တရာယ်ရှိသည့် အနေထားသို့ ရောက်ရှိသွားလေသည်။
သူက ရန်သူ၏ရင်အုပ်ထဲသို့ ထိုးသွင်းထားသော သူ၏လက်သည်းများကို ဆွဲမထုတ်နိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်သည် ထိုနေရာမှာကပ်ငြိနေပြီး ဝင်ရောက်လာသော အစွယ်များတွင် သူကပြေးစရာနေရာမရှိတော့ပြီ။
ရုတ်တရက်ဆိုသလို။
စိတ်ဝိညာဥ်ကျား၏ နှလုံးက ဒုတ်ခနဲခုန်သွားပြီး သူ၏ လက်ဆစ်များကြား အဟထဲမှ မျိုးဆက်သွေးက ဖြတ်သန်းစီးဆင်းလာပြီး နာကျင်မှုကို ခံစားရလေ၏။
“ဗြိ...”
ထက်ရှသော လက်နက်တစ်ခုက အသားထဲတိုးဝင်သွားသော အသံကို ကြားလိုက်ရ၏။
ကာကွယ်သူရှစ်၏ အစွယ်က စိတ်ဝိညာဥ်ကျား၏လည်းပင်းနှင့် လက်မအနည်းငယ်သာ ကွာဝေးလေတော့၏၊
သို့သော်လည်း သူကနေရာမှာပင် မလှုပ်မယှက် ရပ်တန့်သွားလေသည်။
စိတ်ဝိညာဥ်ကျားသည် ကာကွယ်သူရှစ်၏ ဖမ်းဆုပ်ထားမှုကနေ လွတ်မြောက်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်၏။
သူ့လက်ဖဝါးများတွင် ထက်ရှသော လက်သည်းများအပြင် သူ၏လက်ဆစ်အဟကြားကနေ ပြူထွက်နေသော ထက်ရှသော ဓားမြောင်နှင့်တူသည် လက်နက်နှစ်ခုရှိနေပြီး အဲဒါက သွေးများဖြင့် စိုရွဲနေလေ၏။
ထိုကျားလက်သည်းလေးခုသည် စောစောက ဆန့်တန်းထွက်လာပြီး ကာကွယ်ရှစ်၏ ရင်အုပ်ကို ထိုးဖောက်ခဲ့လေသည်။
ကာကွယ်သူရှစ်၏မျက်လုံးများသည် ပြူးထွက်နေပြီး သူက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ၍ သူရင်ဘတ်ထဲကနေ တပွက်ပွက်ထွက်လာနေသော သွေးများကို ငုံကြည့်လိုက်၏၊ သူကိုယ်တွင်းရှိ အသက်ဓာတ်က လျင်မြန်စွာ ခန်းခြောက်လာခဲ့လေပြီ။
ဘုန်းကနဲမြည်သံနဲ့အတူ သူသည်မြေပေါ်သို့လဲကျသွားပြီး အသက်ဆက်မရူနိုင်တော့လေပြီ။
သေဘေးနှင့် ပွက်ကာသီကာ ကြုံတွေ့ပြီးနောက် စိတ်ဝိညာဥ်ကျားက စိတ်လှုပ်ရှားနေ၏။ သို့သော်လည်း သူမျက်လုံးထဲတွင် ကြောက်ရွံမှုမရှိပဲ ထိုအစား သူက ပို၍ပင် ပြင်းထန်ကြမ်းကြုတ်လာ၏။
“ဟားဟားဟား...”
သူကခေါင်းမော့၍ ရယ်မောလိုက်၏။
“မင်းဟာမင်း ကာကွယ်သူပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ငါနဲ့တွေ့ရင်တော့ အသတ်ခံရမှာပဲ”
အခြားတစ်ဖက်တွင်တော့ ကာကွယ်သူချာသည် သူ၏ခွာများကို ပြင်းထန်စွာ ပေါက်ပြီး သူ၏ဦးခေါင်းကို အနည်းငယ်ငုံ့ကာ သူ၏နွားဦးချိုနှစ်ဖက်ကို မြှောက်ထား၏။ ဖုန်များက တထောင်းထောင်းထလာပြီး သူ၏တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကြီးက ရှေ့သို့ပြေးဝင်သွားလေသည်။
မြေပြင်က တုန်ခါသွား၏။
အဲဒါသည် နွားရိုင်းမျိုးနွယ်၏ သားရဲပညာရပ်များထဲမှ တစ်ခုဖြစ်သော နွားရိုင်းတစ်ဟုန်ထိုးပြေးထွက်ခြင်း ဖြစ်လေသည်၊ သူ၏ခွန်အားနှင့်အမြန်နှုန်းကို အမြင့်ဆုံးမှာ ထား၍ တိုက်ခိုက်မည်ဆိုလျှင် အဲဒါက တောင်များကိုပင် ဖျက်စီးခြေမွနိုင်လေသည်။
မည့်သည်အဆင့်နိမ့် မိစ္ဆာသားရဲကမှ ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ပေ။
မျောက်သည် သူပုခုံးထက်က သံတောင်ဝှေးကို ထုတ်ယူလိုက်ပြီး ဝင်ရောက်လာသော နွားရိုင်းသားရဲကို ဂရုမထားဟန်ဖြင့် စိုက်ကြည့်လိုက်၏။ သို့သော်လည်း သူ၏မျက်လုံးတွင်းရှိ သွေးနီရောင်အလင်းကတော့ ပို၍ သိပ်သည်းစုဖွဲ့လာလေသည်။