← Chapters

ယှဥ်ပြိုင်တိုက်ခိုက်ခြင်း

Vol. 54 Ch. 808

ယှဥ်ပြိုင်တိုက်ခိုက်ခြင်း

Vol. 54 Ch. 808

အနက်ရောင်ဝတ်လူငယ်၏အကြည့်သည် မလှမ်းမကမ်းရှိ မျောက်ပေါ်သို့ရောက်ရှိသွားပြီး သူက အနည်းငယ် စိတ်ဝင်စားသွား၏။

မဟူရာသဲတောင်ရိုး၏ ကာကွယ်သူများကြားတွင် ကာကွယ်သူချာ၏ ခွန်အားသည် အလယ်အလတ်အဆင့်မှာ ရှိ၏။ သို့သော်လည်း သူ၏ နွားရိုင်းတစ်ဟုန်ထိုးပြေးဝင်ခြင်းသည် များစွာသောကာကွယ်သူများ ထိပ်တိုက်ရင်ဆိုင်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။

အခုမှ မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာသော ဤမျောက်သည် ကာကွယ်သူချာ၏ တစ်ဟုန်ထိုးပြေးဝင်ခြင်းကို ခံယူနိုင်လိမ့်မည်ဟု သူက မယုံကြည်ပေ။

ဘန်း..... ဘုန်း… ဘုန်း

ခွာပေါက်သံများက မိုးချိန်းသံကဲ့သို့ ထွက်ပေါ်လာ၏။

ကာကွယ်သူချာသည် ရှေ့သို့ ပြေးဝင်သွားပြီး မျောက်နှင့် နီးကပ်လာချိန်တွင် သူ၏ အားအင်က အကန့်အသတ်ထိ မြင့်တက်လာ၏။

“ဝူး....”

သူက ရူးသွပ်စွာဖြင့် ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ပစ်ဝင်လိုက်၏။

“အချိန်ကိုက်ဘဲ...”

နောက်ဆုံးမှာတော့ မျောက်က လှုပ်ရှားလာ၏။ သူက အကျော်ဇေယျ၏ အစွန်းတစ်ဖက်ကိုပုတ်ပြီး တောင်ဝှေးတစ်ခုလုံးကို ရုတ်တရက်ကန်ထွက်လာစေ၏။

မျောက်သည် အကျော်ဇေယျကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး ရှေ့ကနေဝင်ရောက်လာသော နွားရိုင်း၏ ဦးခေါင်းကို ပြင်းထန်စွာဖြင့် ပစ်ရိုက်ချလိုက်၏။

အကျော်ဇေယျသည် လေထဲမှဖြတ်သန်းလာပြီး နောက်ချန်ပုံရိပ်များကို ကျန်ရစ်ခဲ့စေ၏။

ဘုန်း...

မျောက်၏ တောင်ဝှေးနှင့် နွားရိုင်း၏ ဦးခေါင်းက ထိတွေ့ရိုက်ခတ်သွားလေပြီ။

ဂျွတ်....

ထို့နောက်ချက်ချင်းပင် အရိုးများကျိုးပဲ့သံက ထွက်ပေါ်လာ၏။ အားလုံး၏ ရှေ့မှောက်မှာပင် မျောက်၏ တောင်ဝှေးရိုက်ချက်ဖြင့် ကာကွယ်သူချာ၏ ဦးခေါင်းသည် မြေပြင်ပေါ်သ်ို့ ပစ်ဆောင့်ကျသွားပြီး သူ၏ ဦးနှောက်ရည်များနှင့် သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။

မျောက်၏ တောင်ဝှေးရိုက်ချက်ဖြင့် သူ၏ အမြုတေစိတ်ဝိညာဥ်ကပါ ဖျက်ဆီးခံလိုက်ရပြီး နေရာမှာပင် သေဆုံးသွားလေသည်။

သားရဲများအားလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

သူတို့က တိုက်ခိုက်ဖလှယ်လိုက်သည့်ခဏမှာပင် မဟူရာသဲတောင်ရိုး၏ ကာကွယ်သူနှစ်ယောက်က သေဆုံးသွားလိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။

ရှေ့သို့ပြေးဝင်လာကြသော သားရဲတောကောင်များစွာသည် အလိုလိုရပ်တန့်သွားကြ၏။

ဖြောက်...ဖြောက်..ဖြောက်

အကျော်ဇေယျပေါ်တွင် အက်ကွဲကြောင်းများက တစ်ခုပြီးတစ်ခုပေါ်လာပြီး ရွှေရောင်အလင်းများက လျှံထွက်လာ၏။

အနက်ရောင်ဝတ်လူငယ်သည် သူ့မျက်လုံးကို မှေးကျဥ်း၍ သေချာစိုက်ကြည့်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်၏။

“စောစောက လက်ဖြာခဲ့တဲ့ ရွှေရောင်အလင်းက အဲ့ပစ္စည်းကနေ လာတာဖြစ်ရမယ်”

အစကတော့ မျောက်၏ အကျော်ဇေယျတောင်ဝှေးမှ သံချေးတစ်စိတ်တစ်ပိုင်းကသာ ကွာကျခဲ့ခြင်းဖြစ်၏။

သို့သော် ယခုအခါမှာတော့ ကာကွယ်သူချာ၏ ကြောက်စရာကောင်းသည့်ခွန်အားနှင့် ရင်ဆိုင်ပြီးနောက် အကျော်ဇေယျပေါ်မှာ နောက်ထပ်များစွာသော သံချေးလွှာများက တစ်ခုပြီးတစ်ခု ကွာကျလာပြီး ဝင်းထိန်တောက်ပသော ရွှေရောင်တောင်ဝှေးကို ထွက်ပေါ်လာစေ၏။

ထိုသည်ကိုကြည့်ခြင်းအားဖြင့် အဲ့ဒါက ရှားရှားပါးပါး ရတနာတစ်ခုဖြစ်သည်ဆိုတာကို လူတိုင်းက ပြောနိုင်လိုက်ကြ၏။

“မျောက်သားရဲ သိပ်ပြီးတော့ ကြွစောင်းကြွစောင်း လုပ်မနေနဲ့ ငါတို့နှစ်ယောက်က မင်းကို ကိုင်တွယ်ပေးမယ်”

ထိုစကားမဆုံးသေးခင်မှာပင် မိစ္ဆာသားရဲနှစ်ယောက်သည် ရှေ့သို့ပြေးဝင်လာ၏။ သူတို့၏ ခန္ဓာကိုယ်များက ကြီးမားသော်လည်း သူတို့က ပေါ့ပါးဖျတ်လတ်နေ၏။

သူတို့ထဲမှတစ်ယောက်သည် နက်မှောင်နေပြိး အခြားတစ်ယောက်ကတော့ နှင်းကဲ့သို့ ဖြူစွတ်နေ၏။ သူတို့နှစ်ယောက်စလုံးက ဝက်ဝံသားရဲများ ဖြစ်ကြ၏။

သူတို့နှစ်​ယောက်စလုံးသည် ဆေဘာများကို ဝှေ့ရမ်းပြီး ရှေ့သို့ ပြေးဝင်လာကြ၏။

ထိုဝက်ဝံသားရဲနှစ်ကောင်သည် အတော်လေးပေါင်းစည်းမိကြပြီး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။ သူတို့က ပူးပေါင်းတိုက်ခိုက်ခြင်းတွင် အထူးတလည်လေ့ကျင့်ထားသည်မှာ သိသာလေသည်။

သူတို့ကိုင်စွဲထားသော ဆေဘာနှစ်လက်ကလည်း သာမန်မဟုတ်ဘဲ ဓမ္မအင်းကွက် နှစ်ခုစီ ရှိ​နေကြ၏။ သူတို့က အလယ်အလတ်အဆင့် ပကတ်ိအရှင် ဓမ္မလက်နက်များဖြစ်၏။

“မင်းတို့ဟာမင်းတို့ ဝက်ဝံဘဲဖြစ်ဖြစ် ဘာဝံဘဲ ဖြစ်ဖြစ် ငါက ဂရုမစိုက်ဘူး ၊ လစ်စမ်း”

မျောက်က အကျော်ဇေယျကို လွှဲရမ်းပြီး ဘယ်နှင့်ညာမှ ရောက်လာသော ဆေဘာနှစ်ဘက်ကို ပစ်ရိုက်လိုက်၏။

ချွမ်....ချွမ်

မီးပွားများက လွင့်စင်သွားပြီး ဆေဘာနှစ်လက်ထံမှ တစ်ချွမ်ချွမ်မြည်သံများက ထွက်ပေါ်လာ၏။

အလယ်အလတ်အဆင့် ပကတိအရှင် ဓမ္မလက်နက်များပင်လျင် အကျော်ဇေယျ၏ စွမ်းအားကို ခံနိုင်ရည်မရှိပေ။

မျောက်၏ သွေးနီရောင်မျက်လုံးက အကျော်ဇေယျပေါ်သို့ ဖြတ်သန်းသွား၏။ အဲ့ဒီမှာ ခြစ်ရာတစ်ခုပင် မရှိသည်ကိုတွေ့သောအခါ သူက ကျေနပ်နှစ်ခြိုက်သွားပြီး အားပါးတရ ရယ်​မောလိုက်၏။

“ဟားဟားဟားဟား.... ကောင်းတယ်ကွာ တော်တော်ကောင်းတဲ့ ရတနာဘဲ ၊ အခုကစပြီး မင်းငါ့နောက်ကို လိုက်ခဲ့၊ မင်းက နောက်တစ်ခါ သံချေးထပ်မတက်စေရဘူးလို့ ငါ ကတိပေးတယ်”

ဝက်ဝံနှစ်ကောင်သည် တုန်လှုပ်သွားပြီး သူတို့၏ ဓမ္မလက်နက်များကို လက်လွှတ်လိုက်ရ၏။ သူတို့က နောက်သို့ ပြန်ဆုတ်ချင်မိလေသည်။

မျောက်က သူတို့ကို ထိုအခွင့်အရေးကို ပေးစရာအကြောင်းမရှိပေ။

စူးစူးဝါးဝါး အော်သံနှစ်သံနှင့်အတူ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်တစ်ခုသည် မျောက်၏ တောင်ဝှေးရိုက်ချက်ဖြင့် လွင့်စင်ထွက်သွား၏။ သူတို့က မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် သူတို့၏ အရိုးများနှင့် အရွတ်များက ကျိုးပြတ်သွားပြီး သေလုမျောပါး ဖြစ်နေလေပြီ။

အခြားတစ်ဖက်မှာတော့ မြွေမသည် မြေခွေးလေး၏ ဘေးသို့ ရောက်ရှိလာပြီဖြစ်၏။

သူမ၏ မျက်လုံးများက ကလက်တက်တက်နိုင်ပြီး သူမက သေးသွယ်သော လက်ချောင်းများကို မြေခွေးလေး၏ ပါးပြင်ဆီသို့ ဆန့်ထုတ်ကာ ပရော်ပရည်ပုံစံဖြင့် ပြောလိုက်၏။

“ကလေးမ နင့်ရဲ့အသားအရည်က အရမ်းကို ချောမွေ့တာဘဲ ၊ အမလေး ငါဖြင့် အားကျလိုက်တာ... လာပါဦး ငါတစ်ချက်လောက် ထိကြည့်ရအောင် “

မြွေမ၏ ညို့ငင်ဖမ်းစားသော အပြုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခုက ဝင်ရောက်စွက်ဖက်နေ၏။ သို့သော်လည်း အဲ့ဒါကို တော်တန်ရုံလူများက သတိထားလိမ့်မည်မဟုတ်ပေ။

မဟူရာသဲတောင်ရိုးတွင် သူမသည် မြွေပွေးမဟု ကျော်ကြားပြီး များစွာသော မိစ္ဆာသားရဲများက သူမ၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။ သူမသည် ကျင့်ကြံခြင်းအဆင့်မှာ မြေခွေးလေးထက် များစွာသာလွန်လေသည်။

သို့သော်လည်း သူမ၏ ညို့ငင်ဖမ်းစားမှု နည်းစနစ်များသည် တစ်ကယ်တော့ မြေခွေးလေးနှင့် နှိုင်းယှဥ်လျှင် နိမ့်ကျသေးလေသည်။

မြေခွေးလေးက တည်ငြိမ်သော အမူအရာနှင့်​ ခြေလှမ်းဝက် ဆုတ်ပြီး မြွေမ၏ ဝင်ရောက်လာသော လက်ချောင်းများကို ပွတ်ကာသီကာ ရှောင်ရှားလိုက်၏။

ခပ်ဖျော့ဖျော့ မွှေးရနံ့က လွှမ်းခြုံလာလေသည်။

မြွေမ၏ လက်ချောင်းများကြားထဲတွင် မကောင်းဆိုးဝါးဆန်ဆန် စိမ်းဖန့်ဖန့်အရောင်နှင့် သေးငယ်သော အပ်ချောင်းလေးတစ်ချောင်း ရှိနေလေသည်။

စောစောက မြေခွေးလေးကသာ သူမ၏ ​ပါးပြင်ကို မြွေမ၏ လက်နှင့် ထိစေလိုက်မည်ဆ်ိုလျှင် သူမက မသေလျှင်တောင် သူမ၏ မျက်နှာက ပျက်စီးသွားရပေလိမ့်မည်။

မြွေမ၏ ရက်စက်ကောက်ကျစ်မှုက ကျောချမ်းစရာ ကောင်းလေသည်။

မြေခွေးလေး၏ မျက်လုံးထဲတွင် ဒေါသအရိပ်ယောင်က ပေါ်လာပြီး သူမက သူမ၏ လက်ထဲရှိ နက်မှောင်နေသောထီးကို လှံတစ်ချောင်းကဲ့သို့ ရှေ့သို့ ပစ်သွင်းလိုက်၏။ အဲ့ဒါက အလွန်တရာမြန်ဆန်​ပြီး ချက်ချင်းနီးပါးရောက်ရှိလာလေသည်။

ရှေးဟောင်းတိုက်ပွဲမြေမှာ တစ်နှစ်ကြာလေ့ကျင့်ပြီးနောက် မြေခွေးလေးသည် လျှင်မြန်စွာ တိုးတက်လာပြီး အရင်ကကဲ့သို့ သတ္တိကြောင်ခြင်း သို့မဟုတ် အားနည်းခြင်း မရှိတော့ပေ။

“ဟီးဟီး... ဒီကလေးမက စိတ်ဆိုး​နေတာဘဲ..”

မြွေမက လှောင်ပြောင်ရယ်မောလိုက်ပြီး သူမ၏ လက်နှစ်ဖက်ကို ညင်သာစွာ မြှောက်၍ နောက်သို့ ဆုတ်လိုက်၏။

သူမက မြေခွေးလေးရှိရာဘက်သို့ အစိမ်းရောင် အရည်များကို ထွေးထုတ်လိုက်၏။ ထိုအစိမ်းရောင်အရည်များကို မြင်သောအခါ များစွာသော မိစ္ဆာသားရဲများ၏ အမူအရာက ပြောင်းလဲသွားကြ၏။ သူတို့အားလုံးသည် ရောပါညှပ်မည်ကို စိုးရိမ်သည့်အလား နောက်သို့ ဆုတ်လိုက်ကြ၏။

ထိုအစိမ်းရောင်အရည်သည် မြွေမပိုင်ဆိုင်သော အပြင်းထန်ဆုံး အဆိပ်ဖြစ်၏။

တစ်ချက်ထိမိရုံနှင့် လူတစ်ယောက်၏ အသားက အရည်ပျော်ကျသွားနိုင်၏။

အဆိပ်ရည်သည် အလွန်တရာအားကောင်းပြီး ဓမ္မလက်နက်အချို့ကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။

မြေခွေးလေးက ထိတ်လန့်ခြင်း ကြောက်ရွံ့ခြင်းမရှိပေ။ သူမက သူမ၏ လက်ထဲရှိ နက်မှောင်နေသော ထီးကိုဖွင့်ပြီး သူမ၏ အပေါ်ကနေ ကာမိုးလိုက်၏။

မြွေမ၏ အဆိပ်ရည်သည် ထီးပေါ်သို့ ကျရောက်လာ၏။ အဲ့ဒီမှာ တုန့်ပြန်မှု လုံးဝမရှိပေ။

အဲ့ဒါက ထီးပေါ်သို့ ကျဆင်းလာသောအခါ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်သည် ဝဲဂယက်တစ်ခုကိုပင် မဖန်တီးနိုင်ပေ။

အဲ့ဒါကို နက်မှောင်နေသော ထီးက စားသုံးလိုက်သည့်အလား ထိုအဆိပ်များသည် သမုဒ္ဒရာထဲသို့ ကျဆင်းသွားသော ကျောက်တုံးများကဲ့သို့ လုံးဝပျောက်ကွယ်သွား၏။

မလှမ်းမကမ်းရှိ နက်မှောင်နေသော ထီးကိုကြည့်ပြီး မြွေမက တိတ်တဆိတ် တုန်လှုပ်သွား၏။

ထိုနက်မှောင်နေသော ထီးသည် အဆုံးမဲ့သော ချောက်နက်တစ်ခုနှင့် ဆင်တူပြီး ခပ်ကြာကြာစိုက်ကြည့်ရင်း သူမ၏ ဝိညာဥ်ကိုပါ ဆွဲယူသွင်းနေသည့်အလား သူမက ခံစားလိုက်ရ၏။

သူမ၏ အဆိပ်ကို မပြောနှင့် သူမကိုယ်တိုင် ထိုနက်မှောင်နေသော ထီးပေါ် ပြုတ်ကျလျှင်တောင် သူမက ဝါးမြိုခံရနိုင်သည်ဟု မြွေမက ခံစားမိနေ၏။

တစ်ချိန်တည်းမှာပင် ချင်ချင်သည် မိစ္ဆာသားရဲအချို့နှင့် စတင်၍ တိုက်ခိုက်နေရပြီ ဖြစ်၏။

သူမသည် သူမ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲထားပြီး သူမ၏ ကြိုးကြာအော်သံက အဆက်မပြတ်ထွက်ပေါ်နေ၏။ သူမသည် သူမ၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ပြီး သူမ၏ လှုပ်ရှားမှု နည်းစနစ်နှင့်အတူ မိစ္ဆာသားရဲ ၅ ယောက်ကြားမှာ ယှက်ဖြာသွားလာနေ၏။ သူမက သူမကိုယ်သူမ အသည်းအသန်ပုံစံဖြင့် ခုခံဖို့ ကြိုးစားနေသည့်အလား ထင်ရလေသည်။

ဘာဘဲပြောပြော သူမသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာခါစဖြစ်ပြီး မိစ္ဆာသားရဲတစ်ကောင်၏ စွမ်းအားများနှင့် လုံးဝအသားမကျသေးပေ။

မိစ္ဆာသားရဲ ၅ ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ချင်ချင်၏ လှုပ်ရှားနိုင်သော နေရာလွတ်က တဖြည်းဖြည်း ကျဥ်းမြောင်းလာ၏။

“နတ်ဆိုးမ အညံ့ခံလိုက်... ငါတို့ရဲ့ သခင်လေးက မင်းကို ကောင်းကောင်းဂရုစ်ိုက်ပေးမှာပါ”

မိစ္ဆာသားရဲတစ်ကောင်က တဏှာရာဂ တက်မက်စွာဖြင့် ပြောလိုက်၏။

သားရဲများအားလုံးက ဟားတိုက်ရယ်မောလိုက်ကြ၏။

ချင်ချင်၏ အမူအရာက အေးစက်လာပြီး သူမက အတွေးတစ်ချက်နှင့်အတူ ရှုပ်ထွေးဆန်းကြယ်ပုံရသော ငှက်မွေးယပ်တောင်တစ်ခုကို ပစ်ထုတ်လိုက်၏။ အဲ့ဒါက လေထဲတွင် လျှင်မြန်စွာ ပြန့်ကားသွား၏။

ထိုယပ်တောင်သည် အဇူရာအစိမ်းရောင်ဖြစ်ပြီး ၎င်းပေါ်တွင် ခပ်ပါးပါး မီးတောက်တစ်လွှာက လောင်ကျွမ်းနေသည်ဟု ထင်ရ၏။ ၎င်းထံမှ ထွက်ပေါ်လာသော အပူချိန်သည် လေထုကိုပင် တွန့်​လိမ်သွားစေ၏။

“ဟမ့်.....”

သားရဲများ၏ အမူအရာများက ပြောင်းလဲသွားကြ၏။

အဇူရာအစိမ်းရောင်ယပ်တောင်သည် တစ်မူထူးခြားသည်ဟု ထင်ရပြီး ချစ်ချစ်တောက်အပူစွမ်းအားကို ထုတ်ဖော်ပေးနေ၏။

“သေစမ်း...”

ချင်ချင်၏ နဖူးကတောက်ပသွားပြီး သူမသည် သူမအမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို အဇူရာအစိမ်းရောင် ယပ်တောင်ထဲသို့ ထိုးသွင်းလိုက်၏။ ထို့နောက် ထိုယပ်တောင်ကို မိစ္တာသားရဲ ၅ ကောင်ရှိရာဘက်သို့ ခပ်ထုတ်လိုက်၏။

ရွှစ်...

အစိမ်းရောင်မီးတောက်တစ်ခုက တစ်ဟုန်ထိုးလောင်ကျွမ်းလာပြီး မိစ္ဆာသားရဲ ၅ ကောင်ကို လွှမ်းခြုံသွား၏။

“အ…အား....”

သူတို့က ဘယ်လိုပင် ရုန်းကန်ပါစေ မိစ္ဆာသားရဲ ၅ ကောင်သည် သူတို့၏ ကိုယ်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသက်နိုင်ခြင်း မရှိပေ။

တစ်ခဏအတွင်း သူတို့ ၅ ယောက်စလုံးသည် ပြာကျသည်အထိ လောင်ကျွမ်းသွားကြီး လေထဲတွင် အစိမ်းရောင်မီးခိုး တစ်လူလူနှင့် သူတို့၏အရိုးစုများကသာ ကျန်ရစ်၍ ကျဆင်းလာလေသည်။

များစွာသော သားရဲများသည် ပင့်သက်ကို ရှိုက်လိုက်ကြ၏။

အဲ့ဒါက ဘယ်လိုငှက်မွေးယပ်တောင်ပါလိမ့်။ အဲ့ဒါက အရမ်းကိုသန်မာနေသည် မဟုတ်ပါလား။

တစ်ခဏအတွင်းမှာပင် မဟူရာသဲတောင်ရိုးဘက်မှ မိစ္တာသားရဲအချို့သည် သေကြေကုန်ပြီး သူတို့က ကြီးကြီးမားမား ဆုံးရှုံးလာရ၏။

သူတို့၏ တိုက်ခိုက်မှုက ထွက်ပေါ်လာရပြီးနောက် မဟူရာသဲတောင်ရိုးသည် ဓမ္မစွမ်းအားခြင်း ယှဥ်ပြိုင်မှုမှာ ရှုံးနိမ့်လာခဲ့လေပြီ။

အနက်ရောင်ဝတ်လူငယ်၏ အမူအရာက သုန်မှုန်လာပြီး နောက်ဆုံးမှာတော့ သူသည် လှုပ်ရှားမှုတစ်ခု ပြုလုပ်တော့မည့်အလား ရထားလုံးပေါ်မှ ထထိုင်လိုက်၏။

ရုတ်တရက်ဆိုသလို.....

အနက်ရောင်ဝတ်လူငယ်က တစ်စုံတစ်ရာကို အာရုံခံမိသွား၏။

မလှမ်းမကမ်းတွင် ထက်ရှသော ဓားနှစ်လက်နှင့်ဆင်တူသော မျက်လုံးတစ်စုံသည် ခြိမ်းခြောက်ဖွယ်ရာပုံစံဖြင့် သူ့ကိုသတ်ိပေးနေသည့်အလား စိုက်ကြည့်နေ၏။

All Chapters