← Chapters

စိတ်ဝိညာဥ်အသိစိတ် ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 54 Ch. 809

စိတ်ဝိညာဥ်အသိစိတ် ရင်ဆိုင်တိုက်ခိုက်ခြင်း

Vol. 54 Ch. 809

အနက်ရောင်ဝတ်လူသည် ဘေးဖက်သို့ လှညိ့ကြည့်ပြီး မလှမ်းမကမ်းရှိ ဆူဇီမိုကို တွေ့မြင်လိုက်ရ၏။

အနက်ဝတ်လူငယ်၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ဖြတ်ကနဲပေါ်လာ၏။ သူသည် ဆူဇီမိုကို ထွင်းဖောက်၍ မမြင်နိုင်သော်လည်း ထိုသူက မကြာသေးခင်ကမှ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက် ဖြစ်လာသည်မှာ သိသာလေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က သူ့ကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲသည်လား။

အနက်ရောင်ဝတ်လူငယ်၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခုက ထကြွလာ၏။ သူက တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် သူ့ဘေးရှိ မိစ္ဆာသားရဲသုံးယောက်က ရှေ့သို့ ပြေးတက်သွားသည်ကို မြင်လိုက်ရ၏။

ဆူဇီမိုသည် ကျော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိပြီး မြေခွေးလေးနှင့် ချင်ချင်၏နောက်မှာ လက်ဗလာနှင့် တိတ်တဆိတ်ဖြင့် မတ်တက်ရပ်နေသည်ကို ထိုမိစ္ဆာသားရဲသုံးကောင်က မြင်လိုက်ရ၏။ ထိုသို့ဖြင့် သူက ကိုင်တွယ်ရအလွယ်ကူဆုံးဖြစ်လိမ့်မည်ဟု သူတို့က တွေးထင်လိုက်ကြလေသည်။

“အမျိုးသမီးနှစ်ယောက်ရဲ့ နောက်မှာ ပုန်းကွယ်နေရလောက်အောင် မင်းက ဘယ်လိုတောင်အားနည်းတာလဲ ၊ မင်းဘယ်လောက်ထိ ပုန်းနိုင်မလဲ ငါကြည့်ရသေးတာပေါ့”

မိစ္ဆာသားရဲတစ်ကောင်က သံမဏိလှံတစ်ချောင်းကို ဆုပ်ကိုင်ပြီး ဟိန်းဟောက်လိုက်၏။

ထိုမိစ္ဆာသားရဲ၏ သွေးချီသည် တလိပ်လိပ်တက်လာပြီး သူ၏လှံတံမှ ဓမ္မစွမ်းအားများက ရုန်းကြွလာ၏။ သူက ဆူဇီမို၏ မျက်နှာကို စိုက်ကြည့်ပြီး သူ၏ လှံတံကို ရှေ့သို့ ထိုးသွင်းလိုက်၏။

ဆူဇီမိုသည် အကြောက်လွန်နေသည့်အလား လက်နှစ်ဖက်ကို နောက်ပစ်ပြီး မလှုပ်မယှက်ရပ်နေ၏။

မိစ္ဆာသားရဲ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်က ဖြတ်ကနဲပေါ်လာပြီး သူက လှောင်ပြုံးလိုက်၏။ သူ၏လှံတံက ဆူဇီမို၏ နှလုံးကို ဖောက်ဝင်သွားသည်ကိုပင် သူက မြင်ယောင်လာ၏။

သူ၏ သွေးများက စိတ်လှုပ်ရှားစွာဖြင့် ဆူပွက်လာလေသည်။

အေးစက်သော အလင်းရောင်တစ်ခုက လျှင်မြန်စွာ ချဥ်းကပ်လာနေ၏။

ဆူဇီမိုက အဲ့ဒါကို လုံးဝမမြင်ရသည့်အလား မျက်တောင်တစ်ချက်ပင် မခတ်ပေ။

ထိုအေးစက်စက်အလင်းက သူ့မျက်နှာနှင့် တစ်လက်မအကွာအဝေးလောက် ရောက်ရှိချိန်မှာပင် ဆူဇီမိုသည် ရုတ်တရက် လှုပ်ရှားမှုကို ပြုလုပ်ပြီး လျှပ်စီးလို အမြန်နှုန်းဖြင့် လှံတံကို ဖမ်းဆုပ်လိုက်၏။

သူ၏ လက်ချောင်းများက သံမဏိချိတ်ကောက်များကဲ့သို့ လှံတံကို မြဲမြံစွာ ဆုပ်ကိုင်လိုက်၏။

မိစ္တာသားရဲ၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားလေသည်။ အဲ့ဒါက အရမ်းမြန်လွန်း၏။

ဆူဇီမိုက ဘယ်လို သို့မဟုတ် ဘယ်အချိန်မှာ လှုပ်ရှားလိုက်သည်က်ိုပင် သူက မမြင်ခဲ့ရပေ။

သူက အဲ့ဒါကို တုန့်ပြန်မိချိန်တွင် သူ့လက်ထဲရှိ လှံတံက ရှေ့သို့ဆက်မတ်ိုးနိုင်တော့ပေ။ ထိုမျှသာမက သူက ခွန်အားကို ဘယ်လိုပင်စိုက်ထုတ်ပါစေ သူ၏ လှံတံသည် ဆူဇီမို၏ လက်ဖဝါးထဲမှာ တုတ်တုတ်မျှ မလှုပ်နိုင်တော့ပေ။

ထိုစဥ်မှာပင် ဆူဇီမိုက စကားပြောလိုက်၏။

သူ၏ လေသံက တည်ငြိမ်ပြီး အမူအရာကင်းမဲ့နေ၏။

“တစ်ကယ်တော့ ငါက အားနည်းပါတယ် ၊ ဒါပေမယ့် မင်းကို သတ်ဖို့ထိတော့ လုံလောက်တယ်”

ဆူဇီမို၏ စကားမဆုံးသေးခင်မှာပင် သူ၏ လက်ဖဝါးက ပျော့ပြောင်းသွားပြီး လှံတံကို ရစ်ပတ်၍ ဆွဲခါလိုက်၏။

လှံတံက အမြန်ဆုံးနှုန်းဖြင့် လည်ပတ်သွားလေသည်။

မိစ္ဆာသားရဲသည် သူ၏ လှံတံကို ဆုပ်ကိုင်မထားနိုင်တော့ဘဲ လက်လွှတ်လိုက်ရ၏။

“အား.....”

သူက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ့လက်ဖဝါးနှစ်ခုပေါ်ရှိ အသားများက ဖွာလန်ကြဲ၍ ဆုတ်ပြဲသွား၏။ သူက မတုန့်ပြန်နိုင်ခင်မှာပင် စီးပိုးခြယ်လှယ်သော ပေါက်ကွဲအားတစ်ခုက သူ့ရင်အုပ်ဆီသို့ ပစ်ဝင်လာပြီး သူ့ကိူ လွင့်စင်ထွက်သွားစေ၏။

သူ၏ခန္ဓာကိုယ်က အထိန်းအချုပ်မဲ့စွာဖြင့် လွင့်စင်ထွက်သွားပြီး သူ့ဘေးနှစ်ဖက်ရှိ သစ်ပင်များကို တစ်ရိပ်ရိပ်သာ မြင်လိုက်ရ၏။

ဘုန်း....

နောက်ဆုံးမှာတော့ သူသည် ရှေးဟောင်းသစ်ပင်တစ်ပင်နှင့် ပစ်ဆောင့်မိသွားပြီး သူ၏ ခန္ဓာကိုယ်က ရပ်တန့်သွားကာ သစ်ရွက်များက သူ့ရှေ့မှာ အဆက်မပြတ် ကြွေကျလာ၏။ ထို့နောက်ချက်ချင်းပင် သူ့ရင်အုပ်ဆီမှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူက အလိုလိုငုံ့ကြည့်မိလိုက်၏။

အဲ့ဒါက ရှည်လျားအေးစက်သော လှံတံတစ်ချောင်းက သူ့ရင်ဘတ်မှာ စိုက်ဝင်နေခြင်းဖြစ်၏။

အဲ့ဒါက သူ၏ လှံတံပင် ဖြစ်လေသည်။

သူ၏ ရင်အုပ်သည် သူ၏ လှံတံဖြင့်ပင် ထိုးဖောက်ခြင်းခံထားရပြီး သွေးများက ပန်းထွက်နေ၏။

“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

သူ၏ မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏ ပါးစပ်ထဲမှ သွေးများက စီးကျလာကာ ခေါင်းငိုက်စိုက်ကျသွား၏။

အနက်ရောင်ဝတ်လူငယ်က သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။

သူတို့နှစ်ယောက်၏ တိုက်ခိုက်ဖလှယ်မှုသည် တစ်ချီပင်မကြာဘဲ ထိုမိစ္ဆာသားရဲက မတုန့်ပြန်နိုင်ခင်မှာပင် သေဆုံးသွားခဲ့ရ၏။

သို့သော်လည်း အနက်ရောင်ဝတ်လူငယ်သည် အရာရာတိုင်းကို ရှင်းလင်းစွာ မြင်ခဲ့ရ၏။

ထိုလှံတံက မိစ္ဆာသားရဲ၏ ရင်ဘတ်ကို ထိုးဖောက်သွားရုံမျှသာ မဟုတ်ပေ။ ဆူဇီမိုက အဲ့ဒါကို လုယူ၍ ပြန်လည်ထိုးသွင်းလိုက်ပြီး ထိုမိစ္ဆာသားရဲကို ရှေးဟောင်းသစ်ပင်တစ်ပင်နှင့် တွဲလျက် စိုက်ဝင်သွားစေ၏။

ဖြစ်စဥ်တစ်ခုလုံးသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုသို့ ပြုလုပ်နိုင်ဖို့အတွက် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲစွမ်းအား၊ သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ပါရမီနှင့် အတွေ့အကြုံတို့အပြင် အကြောက်အလန့် ကင်းမဲ့သော သတ္တိတို့ကို လိုအပ်လေသည်။

ထိုကဲ့သို့သော အရည်အသွေးများ တစ်ခုခုကင်းမဲ့နေလျှင်တောင် ထိုတိုက်ခိုက်မှုက ကျရှုံးသွားနိုင်လေသည်။ သူက ဆူဇီမို၏ နေရာမှာ ရှိနေလျှင်တောင် သူက တူညီသော ပုံစံဖြင့် တုန့်ပြန်တိုက်ခိုက်နိုင်ချင်မှ တိုက်ခိုက်နိုင်ပေလိမ့်မည်။

အနက်ရောင်လူငယ်၏ အတွေးမဆုံးသေးခင်မှာပင် နောက်ထပ်မိစ္တာသားရဲနှစ်ယောက်က ဆူဇီမိုရှေ့သို့ ပြေးဝင်သွားပြီဖြစ်၏။

ဘန်း.. ဘန်း....

ဆူဖီမို၏ ပုံရိပ်က ဖြတ်ကနဲလှုပ်ရှားသွားပြီး ရှေ့သို့ တက်မလာသလို နောက်သို့လည်း ဆုတ်မသွားပေ။ သူက ကြောက်စရာကောင်းသော ခွန်အားနဲ့အတူ မိစ္ဆာသားရဲနှစ်ယောက်ကို ဘယ်ညာခွဲ၍ တိုက်ခိုက်လိုက်လေသည်။

မိစ္ဆာသားရဲနှစ်ယောက်သည် လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းချိန်တွင် အသက်မရှိကြတော့ပေ။ အဲ့ဒါက ရှင်းလင်းတိကျသော တိုက်ခိုက်မှုဖြစ်၏။

နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းလာပြီးနောက် ဆူဇီမို၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယ၏ ပြောင်းလဲမှုများသည် စဥ်းစားကြည့်လို့မရအောင်ပင်။

သူသည် အစောပိုင်းနိုးထဝိညာဥ်အဆင့်မှာ ရှိနေသော်လည်း မည်သည့် သာမာန်အဆင့်နိမ့် မ်ိစ္ဆာသားရဲကမှ သူ့ကို အခက်မတွေ့စေနိုင်တော့ပေ။

အနက်ရောင်ဝတ်လူငယ်သည် လေထဲသို့ ခုန်တက်ပြီး ဆူဇီမိုရှိရာဘက်သို့ ပြေးဝင်သွား၏။

ရွှစ်...

အလွန်ကြီးမားသော စွမ်းအင်အတက်ကျ တစ်ခုက လေထဲမှာ ဖြန့်ကျက်သွား၏။

ထကြွသောင်းကျန်းသော စွမ်းပကားတစ်ခုနှင့်အတူ ကောင်းကင်နှင့်မြေကြီးက လှုပ်ခါသွားပြီး လက်ရှိမိစ္ဆာသားရဲ တစ်ယောက်ချင်းစီသည် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ကြရ၏။

မူလနတ္ထိအဆင့်....

အဲ့ဒါက မူလနတ္ထိအဆင့်မှာသာ ထုတ်ဖော်နိုင်သော စွမ်းအားဖြစ်လေသည်။

အဲ့ဒါက စိတ်ဝိညာဥ်အသိစ်ိတ်၏ တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်၏။

နိုးထဝိညာဥ်များဖြစ်စေ အဆင့်နိမ့်မိစ္ဆာသားရဲများဖြစ်စေ သူတို့သည် အမြုတေစိတ်ဝိညာဥ်များကို ကျင့်ကြံနိုင်ကြပြီဖြစ်၏။

အမြုတေစိတ်ဝိညာဥ်တစ်ခု၏ တည်ရှိမှုသည် သူတို့က စိတ်ဝိညာဥ်အသိစိတ်ကိုလည်း အသုံးချနိုင်သည်ဟု ဆိုလိုလေသည်။

သို့သော် နိုးထိဝိညာဥ်များနှင့် အဆင့်နိမ့်မိစ္ဆာသားရဲများအတွက်တော့ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်သည် တစ်စုံတစ်ရာကို ထောက်လှမ်းစစ်ဆေးဖို့အတွက်သာ အသုံးပြုနိုင်လေသည်။ အဲ့ဒါက တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လောက်အောင် မသန်မာပေ။

မူလနတ္ထိအဆင့် သို့မဟုတ် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများ၏ အမြုတေစိတ်ဝိညာဥ်များကသာလျှင် တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ကြပေလိမ့်မည်။

အနက်ရောင်ဝတ်လူငယ်သည် မဟူရာသဲတောင်ရိုး၏ သခင်လေးဖြစ်ပြီး သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်လည်း ဖြစ်၏။

စိတ်ဝိညာဥ်အသိစိတ်မှ တိုက်ခိုက်မှုတစ်ခုသည် တစ်ဖက်လူ၏ အမြုတေစိတ်ဝိညာဥ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ကွက်ဖြစ်ပြီး အလွန်တရာ အန္တရာယ်များလေသည်။

တစ်ဖက်လူက အဲ့ဒါကို မခုခံနိုင်ဘူးဆိုလျှင် သူတို့၏ အမြုတေစိတ်ဝိညာဥ်က အပြင်းအထန်ဒဏ်ရာ ရရှိသွားပြီး နေရာမှာပင် ချက်ချင်းသေဆုံးသွားနိုင်၏။

စိတ်ဝိညာဥ်အသိစိတ်၏ စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျတစ်ခုသည် ချစ်ချစ်တောက်အပူစွမ်းအားနှင့်အတူ တိမ်စိုင်များကဲ့သို့ လေထဲမှာ ဖြန့်ကျက်သွားပြီး ဆူဇီမိုရှိရာသို့ ပြေးဝင်လာ၏။

“ဟမ့်....”

​ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခဲ့၏။

သူ၏ အာရုံခံအသိစိတ်က သူ့ကို သတိပေးနေပြီး တိုက်ခိုက်မှုက ရောက်မလာခင်မှာပင် သူက ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာ၏။

သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်သည် စိတ်ဝိညာဥ်စံအိမ်၏ အလယ်မှာ ရှိနေ၏။

အဲ့ဒါက သန်မာသော်လည်း အစောပိုင်းအဆင့် ယင်စိတ်ဝိညာဥ်တစ်ခုသာလျှင် ဖြစ်ပြီး စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်လောက်သည့် အဆင့်သို့ မရောက်ရှိသေးပေ။

အဲ့ဒါက အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်အတွက်လည်း ထို့အတူပင် ဖြစ်လေသည်။

အနက်ရောင်ဝတ်လူငယ်၏ စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက အတော်လေး ကူကယ်ရာမဲ့နေ၏။

ထို့ကြောင့်ပင်လျှင် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများက အဆင့်နိမ့်မိစ္ဆာသားရဲများ အားလုံးကို ဖိနှိပ်နိုင်ခြင်း ဖြစ်၏။

အဲ့ဒါသည် ပိုမိုအဆင့်မြင့်သော ဓမ္မစွမ်းအားကြောင့်သာလျှင် မဟုတ်ဘဲ စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုတည်းကပင် အဆင်နိမ့်မိစ္ဆာသားရဲများအားလုံးကို ဖိနှိပ် နိုင်လေသည်။

ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းလာခါစ ဖြစ်ပြီး ဤအဆင့်မှ တိုက်ခိုက်ခြင်းနည်းလမ်းများနှင့် အကျွမ်းမဝင်သေးပေ။ ဒီလိုအချိန်မှာ သူ့ထက် အဆင့်ကြီးတစ်ဆင့်လုံးမြင့်သော မူလနတ္ထိအဆင့်တစ်​ယောက်၏ တိုက်ခိုက်မှုကို သူက ဘယ်လိုရင်ဆိုင်နိုင်ပါမည်နည်း။

အနက်ရောင်ဝတ်လူငယ်သည် လှောင်ပြုံးတစ်ခုနှင့်အတူ လက်နှစ်ဖက်ကို ပိုက်၍ လေထဲမှာရပ်နေ၏။

သူအတွက်တော့ ထိုတိုက်ခိုက်မှုတစ်ခုတည်းကပင် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် လုံလောက်နေပေသည်။

စီးပိုးခြယ်လှယ်နိုင်သော စိတ်ဝိညာဥ်အသိစိတ်က ရှေ့သို့ တိုးဝင်လာ၏။

ဆူဇီမိုမှာ ပြေးစရာနေရာမရှိတော့ပေ။

သူက အနက်ရောင်ဝတ်လူငယ်၏ စိတ်ဝိညာဥ်အသိစိတ်ကို သူ၏ စိတ်ဝိညာဥ်စံအိမ်ထဲသို့ ဝင်ရောက်ခွင့်ပေးလိုက်မည်ဆိုလျှင် သူ့စိတ်ဝိညာဥ်အသိစိတ်က သေချာပေါက် အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။

ရုတ်တရက်ဆိုသလို....

ထိုးထွင်းဉာဏ်တစ်ခုက ဆူဇီမို၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။

စိတ်ဝိညာဥ်စံအိမ်၏ အလယ်တွင်ရှိသော သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်သည် ရုတ်တရက် ထရပ်လိုက်၏။

အစက ထောင့်တစ်နေရာတွင်ရှိနေသော အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်ကလည်း တစ်ချိန်တည်းမှာ ထရပ်လိုက်၏။

အမြုတေစိတ်ဝိညာဥ်နှစ်ခုသည် ရှေ့သို့တက်သွားပြီး တစ်ခုကိုတစ်ခု လျှင်မြန်စွာဖြင့် ပေါင်းစပ်လိုက်၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်များသည် အစကတည်းက သူ၏ ဝိညာဥ်တစ်ခုကနေ ကွဲထွက်သွားပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့က ယခု ပြန်လည်ပေါင်းစည်းသောအခါ အခက်အခဲများစွာ မရှိပေ။

အသစ်စက်စက်ဖြစ်ပေါ်လာသော အမြုတေစိတ်ဝိညာဥ်သည် စိတ်ဝိညာဥ်စံအိမ်ပေါ်မှာ ပေါ်လာ၏။

ထိုအမြုတေစိတ်ဝိညာဥ်၏ ဆံပင်သည် အနီရောင်နှင့်အနက်ရောင် နှစ်ခြမ်းကွဲနေ၏။ သူ၏ ဘယ်ဖက်မျက်လုံးက နီရဲနေပြီး ညာဖက်မျက်လုံးက နက်မှောင်နေ၏။ အဲ့ဒါက ကလေးငယ်တစ်ယောက်၏ ပုံသဏ္ဍာန်ဖြစ်သော်လည်း အဲ့ဒါက ပြိုင်ဘက်ကင်းလောက်အောင် အေးစက်သော အမူအရာတစ်ခု ရှိနေ၏။ သူက ကမ္ဘာတစ်ခုလုံးကိုပင် အထက်စီးကနေ ကြည့်နိုင်သော အံ့မခန်း လွှမ်းမိုးခြယ်လှယ်နိုင်မှုတစ်ခုကို ထုတ်ပေးနေ၏။

သူတို့နှစ်ခု ပေါင်းစပ်ခြင်းနှင့်အတူ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာ၏။

အသစ်စက်စက် ဖြစ်ပေါ်လာသော အမြုတေစိတ်ဝိညာဥ်သည် စိတ်ဝိညာဥ်စံအိမ်၏ အလယ်မှာ ဟိန်းဟောက်သံတစ်ချက်ကို ထုတ်ဖော်လိုက်၏။

ဝုန်း...

ဆူဇီမို၏ နဖူးသည် တောက်ပသွားပြီး မနှိုင်းယှဥ်သာအောင် ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် တုန်ခါလှိုင်းတစ်ခုက ထွက်ပေါ်လာကာ ဝင်ရောက်လာသော အမြုတေစိတ်ဝိညာဥ်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။

All Chapters