← Chapters

ဖိနှိမ်ခြင်း

Vol. 54 Ch. 810

ဖိနှိမ်ခြင်း

Vol. 54 Ch. 810

ဝုန်း...

စိတ်ဝိညာဥ်အသိစိတ်နှစ်ခု၏ တစ်ခုကိုတစ်ခုကို ပြင်းထန်စွာ ရိုက်ခတ်ခြင်းသည် ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံကို ထွက်ပေါ်လာစေ၏။ တုန်ခါလှိုင်း ဝဲကယက်များသည် တစ်လွှာပြီးတစ်လွှာ လေဟာနယ်ထဲသို့ ဖြန့်ကျက်သွား၏။ ဘေးနားဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်များသည် ထိုတုန်ခါလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံရသောအခါ ကျိုးပြတ်ထွက်ကုန်၏။

အနက်ရောင်ဝတ်လူငယ်သည် အစကတော့ စိတ်အေးသက်သာ အမူအရာရှိပြီး လက်နှစ်ဖက်ကိုပိုက်ကာ ဆူဇီမို၏ ပျက်စီး ကျဆုံးခြင်းကို စောင့်ကြည့်နေ၏။ ဤကဲ့သို့သော ရိုက်ခတ်မှုက ထွက်ပေါ်လာလိမ့်မည်ဟု သူက မျှော်လင့်မထားပေ။

သူက အင်ိုက်မိသွားပြီး လေထဲတွင် နှစ်ပတ်သုံးပတ်လည်ကာ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။

ဆူဇီမိုသည်လည်းဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးမှ ရပ်တန့်သွားနိုင်၏။

စိတ်ဝိညာဥ်အသိစိတ် ရင်ဆိုင်တိုက်ခိုက်ခြင်းတွင် သူတို့ နှစ်ယောက်က ညီတူမျှတူ ယှဥ်ပြိုင်နိုင်ခဲ့ကြ၏။

လက်ရှိသားရဲများအားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။

အဲ့ဒါက သားရဲဖြစ်စေ လူသားကျင့်ကြံသူများ ဖြစ်စေ အဆင့်နိမ့်မိစ္ဆာသားရဲများသည် စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်ခြင်းမရှိဆိုသော အသိပညာကို သူတို့က ပိုင်ဆိုင်ထားကြ၏။

အဆင့်နိမ့်မိစ္ဆာသားရဲများ၏ အမြုတေစိတ်ဝိညာဥ်က နုနယ်လေသည်။

သူတို့၏ ခန္ဓာကိုယ်ထဲက ထွက်သည်နှင့် ဒြပ်စင်ငါးမျိုး၏ ရိုက်ခတ်မှုကတင် သူတို့ကို ပျက်စီးသွားစေနိုင်၏။

ထိုအဆင့်တွင်ရှိသော အားနည်းသည့် စိတ်ဝိညာဥ်ကနေ ထုတ်လွတ်လိုက်သော စိတ်ဝိညာဥ်အသိစိတ်၏ ခွန်အားသည် အကန့်သတ်ရှိပြီး ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း လက်ရှိသားရဲတောကောင်များ လောလောလတ်လတ် မြင်တွေ့လိုက်ရသည့်မြင်ကွင်းက သူတို့နားလည်နိုင်မှုထက် ကျော်လွန်နေ၏။

အနက်ရောင်ဝတ်လူငယ်သည်လည်း တုန်လှုပ်သွားသော အမူအရာဖြင့် ကြောင်အနေ၏။

အဲ့ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ...

အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်ရဲ့စိတ်ဝိညာဥ်အသိစိတ်က ဤမျှအထိ သန်မာနိုင်လို့လား။

သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်များလား။ သူက တစ်ဖက်လူထက် ကျင့်ကြံမှုအဆင့်ကြီးတစ်ခုလုံး မြင့်မားသည်မဟုတ်ပါလား။

သို့သော်လည်း စိတ်ဝိညာဥ်အသိစိတ် ရင်ဆိုင်တိုက်ခိုက်ခြင်းတွင် ဤလူက သူ့ကို ယှဥ်နိုင်သည်တဲ့လား။

တစ်ကယ်တော့ ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းခါစဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ် ၊ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးတို့သည် ဓမ္မစွမ်းအားများနှင့်အတူ ပြီးပြည့်စုံအောင် အသွင်ပြောင်းလဲခြင်းမရှိသေးသည်ကို အနက်ရောင်ဝတ်လူငယ်က မသိနိုင်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမိုသည် မည်မည်ရရ အစောပိုင်းနိုးထဝိညာဥ်တစ်ယောက်လို့ပင် သတ်မှတ်လို့မရသေးပင်။

အချိန်အတိုင်းအတာတစ်ခုယူပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုအဆင့်က တည်ငြိမ်သွားသည်နှင့်.. သူက ယင်စိတ်ဝိညာဥ်အပိုင်း၊ ခရမ်းရောင်မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန်တို့ကို အသုံးချပြီး သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုစလုံးကို သန့်စင်ပြီးသည်နှင့်.. သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ချင်း ရင်ဆိုင်တိုက်ခိုက်မှု တစ်ခုမှာပင် အနက်ရောင်ဝတ်လူက ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်လေသည်။

“စိတ်ဝင်စားစရာဘဲ...”

အနက်ရောင်ဝတ်လူငယ်က သူ့ကိုယ်သူ လျှင်မြန်စွာ ဣန္ဒြေဆယ်ပြီး ဆူဇီမိုက်ို တောက်လောင်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ ငါကြည့်ရသေးတာပေါ့”

“မင်းက အဲ့လိုလုပ်ဖို့အတွက် အသက်ရှင်နိုင်ဦးမယ်လို့ ငါတော့ မထင်ဘူး”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး အနက်ရောင်ဝတ်လူငယ်ရှေ့သို့ ဖြတ်ကနဲ ရောက်ရှိလာ၏။

သူက သူ၏ကြီးမားသည့် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ပြီး ထိုသူ၏ ဦးခေါင်းပေါ်သို့ အုပ်မိုး၍ ရိုက်ချလိုက်၏။

“မင်းကတော့ သေချင်နေတာဘဲ”

အနက်ရောင်ဝတ်လူငယ်က သူ့အကြည့်ကို မှေးကျဥ်းပြီး နောက်ဆုတ်ခြင်း ရှောင်ရှားခြင်းမရှိပေ။ ထိုအစား သူက ​ဆူဇီမို၏ ဝင်ရောက်လာသော လက်ဝါးကို တန်ပြန်ထိုးနှက်လိုက်၏။

လက်သီးနှင့် လက်ဝါးက ထိတွေ့တော့မည့်ဆဲဆဲမှာပင် အနက်ရောင်ဝတ်လူငယ်က ကျေနပ်နှစ်ခြိုက်သော အမူအရာဖြင့် လှောင်ပြုံးပြုံးလ်ိုက်၏။ သူ၏ လက်ဝါးကို လှည့်လိုက်သောအခါ သုံးလက်မလောက်ရှည်သော အေးစက်စက်အလင်းဖြင့် လက်နေသော အနက်ရောင်ဆူးချွန်တစ်ခုက ပေါ်လာ၏။ အနက်ရောင်ဆူးချွန်က ပေါ်လာသည့်ခဏမှာပင် ညှီစို့စို့ အနံ့တစ်ခုက ထွက်ပေါ်လာ၏။

အဲ့ဒါက အဆိပ်ဖြင့် ပြည့်လျှမ်းနေလေသည်။

သူ၏ လှုပ်ရှားမှုက အလွန်တရာရုတ်တရက်ဆန်လွန်း၏။

ဆူဇီမို၏ သေခြင်းတရားက သေချာသွားပြီဟု အနက်ရောင်ဝတ်လူငယ်က ခံစားမိလိုက်၏။

သူ၏ အနက်ရောင်ဆူးချွန်ဖြင့် ထိခိုက်ခြင်းခံရပါက အလယ်အလတ်အဆင့် မိစ္ဆာသားရဲများပင်လျင် သေဆုံးသွားနိုင်လေသည်။

မမျှော်လင့်ထားစွာဘဲ ဆူဇီမိုက အဲ့ဒါကို ကြိုတင်သိရှိထားသည့်အလား အမူအရာပြောင်းလဲမှု မရှိပေ။

ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်မှတစ်ဆင့် အန္တရာယ်ကို ခံစားသိရှိပြီး ဖြစ်၏။

အနက်ရောင်ဆူးချွန်က ပြူထွက်လာသည့်ခဏမှာပင် သူက သူ၏ လှုပ်ရှားမှုကိူ အနည်းငယ် ပြောင်းလဲပြီး သူ့လက်ချောင်းတစ်ချောင်းကို လှုပ်ခါလိုက်၏။ သတ္တုရောင်တောက်နေသော လက်သည်းတစ်ခုက ထွက်လာပြီး အနက်ရောင်ဆူးချွန်နှင့် ရိုက်ခတ်လိုက်၏။

ချွမ်း...

သူတို့၏ ထိခတ်ခြင်းမှ သတ္တုခြင်းရိုက်ခတ်သံက ထွက်ပေါ်လာလေသည်။

အနက်ရောင်ဝတ်လူငယ်သည် ဆတ်ကနဲဆုန်ယင်သွားပြီး သူ့လက်ထဲရှိ အနက်ရောင်ဆူးချွန်က လွတ်ကျလုနီးပါး ဖြစ်သွားရ၏။

ဘယ်လောက်တောင်ကြီးမားလိုက်တဲ့ခွန်အားလဲ...

အနက်ရောင်ဝတ်လူငယ်သည် ထိတ်ထိတ်ပြာပြာဖြစ်သွား၏။

လက်ချောင်းတစ်ချောင်၏ လှုပ်ရှားမှုကနေ ထွက်ပေါ်လာသော စွမ်းအားက သူ၏ အနက်ရောင်ဆူးချွန်ကို လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့စေ၏။

ထိုလက်ဝါးကသာ ကျဆင်းလာမည်ဆိုလျှင် သူ၏ ဦးခေါင်းက ကွဲထွက်သွားနိုင်လေသည်။

ဖြောက် ဖြောက် ဖြောက်...

အနက်ရောင်ဝတ်လူငယ်က ပြတ်သားမှုရှိပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အရွတ်များနှင့် အရိုးများ ဆန့်ထွက်လာသောအသံက ချက်ချင်းထွက်ပေါ်လာလေသည်။

သားရဲချီများက တလိပ်လိပ်တက်လာပြီး လေထဲတွင် နွားတစ်ကောင်၏ အရွယ်အစားလောက်ရှိသော ကင်းမြီးကောက်တစ်ကောင်အသွင် ပြောင်းလဲသွား၏။

နောက်ဆုံးမှာတော့ အနက်ရောင်ဝတ်လူငယ်သည် တိုက်ပွဲ၏ ဤအဆင့်အရောက်၌ သူ၏အစစ်အမှန်ပုံစံကို ထုတ်ဖော်လိုက်ရ၏။

သူက သားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားသော ကင်းမြီးကောက်တစ်ကောင် ဖြစ်လေသည်။

ဤကင်းမြီးကောက်သည် နက်မှောင်နေပြိး သတ္တုရောင်ဖြင့် ပြောင်လက်နေသော ချပ်ဝတ်တစ်လွှာက သူ့ကို ဖုံးအုပ်ထား၏။

ထိုချပ်ဝတ်ပေါ်တွင် အဆိပ်များဖြင့် ပြည့်နှက်နေသော ထူထဲသည့် သားမွှေးတစ်လွှာက အစင်းလိုက်ရှိနေ၏။ မည်သူကမှ သူ့ကို မတိုက်ခိုက်နိုင်မည့် ပုံပင်။

တစ်ကယ်တော့ အထင်ရှားဆုံးအရာမှာ သူ့ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံနီးပါးလောက် ရှည်သော အနက်ရောင်ကင်းမြီးကောက်၏ ရှေ့ရှိ ကြီးမားသည့် လက်မတစ်စုံဖြစ်လေသည်။ ထိုလက်မနှစ်ဖက်ကို အပိတ်အဖွင့်လုပ်လိုက်သောအခါ တစ်ချွင်ချွင်အသံက ထွက်ပေါ်လာ၏။

မည်သည့်ကိုယ်ကာယကို ပိုင်ဆိုင်ထားသည် ဖြစ်ပါစေ ထိုလက်မများ၏ ဖိညှပ်ခြင်းကို ခံရပါက မည်သူမဆို နှစ်ပိုင်းပြတ်ထွက်သွားနိုင်၏။

ယခု အနက်ရောင်ဝတ်လူငယ်က သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်၍ သူ၏ တိုက်ခိုက်ရည်ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိလာ၏။

“မင်းရဲ့အစစ်အမှန်ပုံစံကို ထုတ်ဖော်လိုက်စမ်း ၊ မင်းက ဘာကောင်လည်း ကြည့်ရသေးတာပေါ့ ၊ မဟုတ်ရင်တော့ မင်းမှာ အဲ့လိုအခွင့်အရေး နောက်ထပ်ရှိမှာမဟုတ်တော့ဘူး”

အနက်ရောင်ဝတ်လူငယ်က စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။

ဆူဇီမိုက သူ့ခေါင်းကိုမော့၍ ရယ်မောကာ သူ့လက်ညိုးကို ဘယ်ညာရမ်းပြလိုက်၏။

“မင်းကိုသတ်ဖို့အတွက်နဲ့ ငါက ငါ့ရဲ့ အစစ်အမှန်ပုံစံကို ဘာလို့ပြောင်းရမှာလဲ”

“မျက်နှာပြောင်တိုက်လိုက်တာ”

အနက်ရောင်ဝတ်လူငယ်က ဒေါသူပုန်ထသွားပြီး သူ၏ နက်မှောင်နေသော လက်မကြီးများကို ရူးသွပ်စွာ ဝှေ့ယမ်းကာ ရှေ့သို့ ပြေးဝင်လာ၏။

ညှီစို့စို့ရနံ့တစ်ခုက လှိုက်တက်လာ၏။

လက်မနှစ်ခုသည် လေထဲမှာ ကခုန်နေပြီး အဆက်မပြတ် ဖိညှပ်နေ၏။

သို့သော်လည်း ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာပေါ့ပါး ဖျတ်လတ်ပြီး လက်မနှစ်ချောင်း၏ ဆက်တိုက်တိုက်ခိုက်မှုကို အလွတ်အကျွတ် ရှောင်ထွက်ပြနေ၏။ တချွင်ချွင်အသံက အ​ဆက်မပြတ် ထွက်ပေါ်နေလေသည်။

လက်မတစ်စုံသည် ကပ်ကြေးအဖြစ် သို့မဟုတ် ပုဆိန်အဖြစ် အပြန်အလှန်ပြောင်းလဲ အသုံးပြုနိုင်လေသည်။

အချိန်အတန်ကြာသည့်အထိ သူ၏ တိုက်ခိုက်မှုက မအောင်မြင်သေးသော်လည်း အနက်ရောင်ဝတ်လူငယ်သည် သတ္တိကြောင်ခြင်း သို့မဟုတ် စိတ်ပူပန်ခြင်း လုံးဝမရှိပေ။ သူက အခွင့်အလမ်းတစ်ခုက်ို စောင့်ဆိုင်းနေသည့်အလား အေးစက်စက် အကြည့်တစ်ခုသာလျှင် ရှိနေ၏။

ဆူဇီမိုသည် လက်မတစ်စုံ၏ တိုက်ခိုက်မှုကို နောက်တစ်ဖန်ရှောင်လိုက်ပြီးနောက် လေထဲတွင် အနက်ရောင်အလင်းတန်းတစ်ခုက ရိပ်ကနဲဖြတ်ပြေးလာ၏။

အဲ့ဒါက ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။

ညှီစို့စို့ အနံ့တစ်ခုက လှိုက်တက်လာလေသည်။

အနီးနားတွင်ရှိသော သားရဲတောကောင်အချို့သည် ထိုရနံ့ကို ရှုမိသွားပြီးနောက် မူးဝေကာ မြေပြင်ပေါ်သို့ ပျော့ဖတ်စွာဖြင့် ပစ်လဲကျကုန်လေသည်။ သူတို့၏ အရေပြားပေါ်တွင် အနက်ရောင်အစက်တစ်ခုက တဖြည်းဖြည်း ဖြန့်ကျက်လာ၏။

အဲ့ဒါက ကင်းမြီးကောက်မျိုးနွယ်၏ သတ်ဖြတ်ကွက်ပင် ဖြစ်လေသည်။

ကင်းမြီးကောက်များသည် နဖူးမှ ခြေဖျားထိ အဆိပ်များဖြင့် ပြည့်နှက်နေပြီး သူတို့၏ အမြီးများက အဆိပ်ဓာတ် အပြင်းထန်ဆုံးဖြစ်လေသည်။

အနက်ရောင်အလင်းတန်းက ထိုအနက်ရောင်ဝတ်လူငယ်၏ အမြီးပင် ဖြစ်လေသည်။

အနက်ရောင်ဝတ်လူငယ်သည် အကြံသမားဖြစ်ပြီး သူ၏ အမြီးကို တစ်ချိန်လုံး ဖုံးကွယ်ထား၏။ သူ၏ယခင်တိုက်ခိုက်မှုများသည် ဆူဇီမိုကို စိတ်အာရုံထွေပြားစေဖို့သာ ဖြစ်လေသည်။

ဤသည်ကမှ သူ၏ သေကွင်းသေကွက်ထိုးနှက်ချက်ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမို၏ မျက်နှာပေါ်တွင် ပြောင်းလဲသွားသောအမူအရာကို အနက်ရောင်ဝတ်လူငယ်က မမြင်ရပေ။ သူ့အမြီး၏ အဆိပ်အော်ရာဖြင့် ရိုက်ခတ်မှုတွင် ထိုသူက လုံးဝသက်ရောက်မှုမရှိသည့်အလားပင် ။

ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံပြီးနောက် ဆူနာမီသွေးကို ပိုင်ဆိုင်ကာ သူ၏ ကိုယ်တွင်းတွင် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးက လှည့်ပတ်စီးဆင်းနေသည်ကို အနက်ရောင်ဝတ်လူငယ်က သိနိုင်စရာအကြောင်းမရှိပေ။

သူ၏သွေးချီကို အနည်းငယ်လှည့်ပတ်လိုက်ရုံနှင့် ထိုအဆိပ်က သူ့နားသို့ပင် ချဥ်းကပ်နိုင်မည်မဟုတ်ပေ။

ဆူဇီမိုသ​ည် ဤကင်းမြီးကောက်အမြီး၏ အဆိပ်ကို အသာထား ထိုထက်ပိုပြင်းသော အဆိပ်များကိုပင် ခံန်ုင်ရည်ရှိလေသည်။

ဆူဇီမိုသည် သူ၏အကြည့်ကို အာရုံစိုက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကင်းမြီးကောက် အမြီး၏ အဆိပ်ဆူးကို ပွတ်ကာသီကာ ရှောင်းရှား၍ အမြီးရင်းကို ဆုပ်ကိုင်လိုက်၏။

အမြီးပေါ်ရှိ အဆိပ်ဆူးသည် ကင်းမြီးကောက်ခန္ဓာကိုယ်၏ အထက်ရှဆုံးအပိုင်းဖြစ်လေသည်။

များစွာသော ကင်းမြီးကောက်သားရဲများသည် သူတို့၏ ကိုယ်ပိုင်အမြီးများကိုပင် သူတို့၏ မူပိုင်ဓမ္မလက်နက်များအဖြစ် သန့်စင်ကြလေသည်။

ဆူဇီမိုသည် အမြီးပေါ်ရှိ အဆိပ်ဆူးကိူ ရှောင်ရှားပြီး အမြီးရင်းကို ဆုပ်ကိုင်လိုက်၏။

သူ၏လက်ကို ဆတ်ကနဲလှုပ်ခါကာ ပြင်းထန်သော အားလှိုင်းတစ်ခုကို အနက်ရောင်ဝတ်လူငယ်၏ ကိုယ်ထဲသို့ တိုးဝင်သွားစေ၏။

အနက်ရောင်ဝတ်လူငယ်၏ ခွန်အားသည် ယာယီအားဖြင့် ယုတ်လျော့သွားပြီး သူက ချက်ချင်းမတုန့်ပြန်နိုင်တော့ပေ။

ဆူဇီမိုက သူ့ကို အသက်ရှူခွင့်ပင်မပေးဘဲ ကင်းမြီးကောက် အမြီးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူက သူ၏ လက်ကို စက်ဝိုင်းသဏ္ဍာန်လွှဲရမ်းကာ အနက်ရောင်ဝတ်လူ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ချလိုက်၏။

ဘုန်း

အဲ့ဒီမှာ အလွန်တရာကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာလေ၏။

မြေခဲများနှင့် ကျောက်ခဲများက အဖက်ဖက်သို့ လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်တွင် ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခုက ဖြစ်ပေါ်သွား၏။

“အား အား...”

အနက်ရောင်ဝတ်လူငယ်ထံမှ စူးစူးဝါးဝါး အော်သံများက ထွက်ပေါ်လာ၏။

သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲထွက်ကုန်သည့်အလား ခံစားလိုက်ရလေသည်။

သူ၏ ကိုယ်တွင်းအင်္ဂါများကပင် နေရာရွေ့ကုန်ပြီဖြစ်၏။

အနက်ရောင်ဝတ်လူငယ်သည် သူ့အင်္ဂါများ၏ ပျက်စီးမှုကြောင့် သွေးချောင်းဆိုးပြီး အလွန်တရာနာကျင်ကာ သတိလစ်လုနီးပါး ဖြစ်သွားရ၏။

All Chapters