← Chapters

မင်းက ကြောက်တယ်… ငါလည်း ကြောက်တယ်(ဃ)

Vol. 61 Ch. 949

မင်းက ကြောက်တယ်… ငါလည်း ကြောက်တယ်(ဃ)

Vol. 61 Ch. 949

သူက သဲလွန်စများကို သေချာဂရုတစိုက် စစ်ဆေးကြည့်ခဲ့သည်။ ထို့နောက် သူ၏ ဂူဗိမာန်ကို ဖောက်ထွင်းသွားသည့်လူက ရွှေအမြူတေအဆင့်မှာဖြစ်ကြောင်း ရှာတွေ့သွားသည်။ ယင်းက သူ့ကို ဒေါသဖြင့် ပြည့်နှက်သွားစေသည်။

ထို့ပြင် သူက ဂူဗိမာန်ထဲမှာ အဆိပ်ကို ဖြန့်ဖြူးထားခဲ့သည်။ သို့ဖြစ်၍ သူက အဆိပ်၏ လမ်းပြပေးမှုဖြင့် သူခိုးနောက်သို့ လိုက်ရှာခဲ့လေရာ ဤဆေးဆိုင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ယခု ချန်းဖန်ကျိုး၏ အပြုအမူကို မြင်လိုက်ရသည့်အခိုက် သူခိုးက ထိုလူဖြစ်ကြောင်း ချက်ချင်း သူအတည်ပြုနိုင်သွားသည်။

ထို့ကြောင့် သူ၏ အကြည့်က အေးစက်လာသည်။ သူက ဆေးဆိုင်ဆီသို့ လျှောက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ချန်းဖန်ကျိုးသည် ဆေးဆိုင်၏ ဝင်ပေါက်မှာ ရပ်နေသည်။

အဖိုးအို၏ အေးတိအေးစက် အကြည့်သည် ချန်းဖန်ကျိုးပေါ်သို့ ကျရောက်လာသည်။ တစ်ချိန်တည်းမှာ သူက အမှတ်မထင်ဘဲ ဆေးဆိုင်ထဲသို့ ကြည့်လိုက်သည်။

ထို့နောက် သူက ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက်နှင့် အမူအရာကင်းမဲ့စွာ ရပ်နေသော လူငယ်တစ်ယောက်ကို မြင်သွားသည်။

လူငယ်ကို မြင်လိုက်ရသည့်အခိုက် အဖိုးအို၏ မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး သူ၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာပြီး ခံစားချက်လှိုင်းများက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

“ ဘ… ဘာ… ဘာလို့လဲ… ”

“ မင်းပဲ ”

“ မင်းက ဒီရောက်နေတယ် ”

အဖိုးအို၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ဤသည်မှာ အစွမ်းထက်သော မိုးကြိုးသွားတစ်ခုက သူ၏ အသိစိတ်ထဲမှာ ပေါက်ကွဲသွားသည့်အလားပင်။ သူ၏ အသိစိတ်သည် ဝုန်းခနဲ လှုပ်ခါလာသည်။ သူ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားတော့မည်ဟု သူခံစားမိသွားသည်။

ရွှီချင်းအပေါ် သူ၏ ကြောက်ရွံ့မှုသည် အဆုံးစွန်ထိ ရောက်ရှိနေသည်။ အတိတ်တွင် ရွှီချင်းထုတ်ဖော်ပြခဲ့သော တိုက်ပွဲစွမ်းအားသည် သူ့အား အိမ်မက်ဆိုးမက်စေခဲ့သည်။ သူက ထိုအဖြစ်အပျက်ကို ပြန်တွေးမိသွားတိုင်း ကြောက်လန့်မှုကို ခံစားမိနေဆဲ ဖြစ်သည်။

ထို့ပြင် တစ်ဖက်လူသည် သူ့ထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သော မွန်းစတားအိုကြီးတစ်ယောက်ဖြစ်ရမည်ဟု သူက တစ်ထစ်ချ ယူဆထားသည်။ ထပ်ပေါင်းဆိုရသော် ရွှီချင်း၏ ထက်ရှသော စိတ်အာရုံသည် အဖိုးအိုကို ချောက်ချားစေသည့် အကြောင်းအရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ထို့ပြင် သူ၏ အဆိပ်က သက်ရောက်မှုမရှိသဖြင့် ရွှီချင်းသည် သူ့ဘဝမှာ အကြောက်ရဆုံးပုဂ္ဂိုလ် ဖြစ်လာသည်။

အရေးကြီးဆုံးမှာ ယခု သူက မူလခန္ဓာကိုယ်ဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ချန်းဖန်ကျိုးသည်လည်း သူ့ကို ကြောက်လန့်နေသည်။ သူသည် လွန်ခဲ့သောတစ်လခန့်က ဂူတစ်ဂူကို ဝင်စီးနင်းရန် သင့်တင့်သော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။

ဂူသည် နှစ်အတော်ကြာ စွန့်ပစ်ခံထားရပုံပေါ်သည်။ သူက ဂူထဲမှာ တန်ဖိုးကြီးရတနာများကို ရှာတွေ့ခဲ့သည်။ ထိုရတနာများကို ယူဆောင်ပြီးနောက် သူက ကြောက်လန့်ခြင်းနှင့် စိုးရိမ်ခြင်းကို တစ်ပြိုင်နက် ခံစားမိခဲ့သည်။

သို့သော်လည်း အချိန်အတော်ကြာ စစ်ဆေးကြည့်ပြီးနောက် မည်သူမှ သူ့အား စုံစမ်းခြင်းမရှိသလို ခြေရာခံခြင်းမရှိသည်ကို နားလည်သွားသည်။ သို့ဖြစ်၍ သူက အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

ထို့နောက် သူက အဆိပ်မိနေကြောင်း အာရုံခံမိသွားသဖြင့် ရွှီချင်း၏ ဆေးဆိုင်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အစောနက ရွှီချင်းက သူ့ကို ခြေရာခံခြင်းခံနေရပြီး ပစ်မှတ်ထားခံနေရပြီဟု ပြောခဲ့စဉ်က တစ်စုံတစ်ခု လွဲမှားနေကြောင်း သူခံစားမိပြီးသား ဖြစ်သည်။

ယခု သူက နောက်ကွယ်မှ ပုဂ္ဂိုလ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါ တစ်ဖက်လူ၏ ဝိညာဉ်နတ်သူငယ်အဆင့် စွမ်းအင်လှိုင်းများသည် သူ့အား အလွန်ကြောက်လန့်သွားစေသည်။

အမှန်မှာတော့ သူက နေရာမှာ ကျောက်ရုပ်သဖွယ် ရပ်နေမိခြင်း ဖြစ်သည်။ သူက ဝိညာဉ်နတ်သူငယ်အဆင့်အားလှိုင်း၏ ဖိနှိပ်မှုအောက်မှာ ရပ်နေရုံမှလွဲ၍ တခြားမတတ်နိုင်ပေ။ သူက ခက်ခက်ခဲခဲ စကားပြောလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။

“ စီနီယာ… စိတ်အေးအေးထားပါ… ကျွန်တော် အမှားလုပ်မိပါတယ်… ပစ္စည်းတွေအားလုံးက ဒီထဲမှာ ရှိပါတယ်… ”

သို့သော်လည်း သူ၏ စကားများက အသုံးမဝင်ဟန် ရသည်။ အဖိုးအိုသည် ထိုနေရာမှာ မလှုပ်မယှက်ဘဲ ရှိနေသည်။

အဖိုးအိုသည် ယခုအချိန်မှာ ဂူဗိမာန်ဖောက်ထွင်းခံရသည့် ကိစ္စသေးသေးလေးကို အာရုံမထားနိုင်တော့ပေ။

ယခုအချိန်မှာ သူ၏ စိတ်ထဲတွင် အသက်ရှင်နိုင်မည့် နည်းလမ်းကိုသာ တွေးတောကြံဆနေလေသည်။

ထိုမြင်ကွင်းသည် အဝေးမှ ကြည့်လျှင် ထူးဆန်းပုံပေါ်သည်။ ချန်းဖန်ကျိုးက အဖိုးကို ကြောက်လန့်တကြား ကြည့်နေသလို အဖိုးအိုကလည်း ချောက်ချားနေသည်။ သူတို့နှစ်ယောက်စလုံးသည် အရှေ့သို့ ခြေတစ်လှမ်း မလှမ်းဝံ့ကြချေ။

လျှပ်တစ်ပြက်အတွင်း ထိုအဖြစ်အပျက်သည် တိတ်ဆိတ်သွားသည်။

အဖိုးအိုသည် မည်သည့်စကားမှမပြောပေ။

ယင်းက ချန်းဖန်ကျိုး၏ အကြောက်တရားကို ပိုပြီးပြင်းထန်လာစေသည်။ ရွှီချင်း၏ နှုတ်ဆိတ်နေခြင်းက အဖိုးအို၏ အကြောက်တရားကို ဒီရေအလား ပေါ်လျှိုးလာစေသည်။

သေခြင်းရှင်ခြင်းကဒ်ဘေးနှင့် ရင်ဆိုင်ရသောအခါ အဖိုးအိုသည် အခြေအနေကို သုံးသပ်ရန် သူ၏ စိတ်ကို မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။

‘ ဒါဆေးဆိုင်ပဲ… ရုပ်ဆိုးဆိုးကောင်မလေးက ဟိုအမွှေးနံ့ရဲ့ ဇစ်မြစ်ပဲ… သူက အရောင်းသမားပုံစံ ဝတ်ထားတယ်… ဆိုလိုတာက ဒီဆေးဆိုင်က မွန်းစတားအိုကြီးရဲ့ ဆေးဆိုင်ပဲ ’

‘ ဟိုရွှေအမြူတေအဆင့် သူခိုးကောင်က အလွန်ချောက်ချားနေပုံထောက်ရင် သူက မွန်စတားအိုကြီးရဲ့လူ မဖြစ်နိုင်ဘူး… သူက မွန်စတားအိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်ကို မသိထားဖို့ ဖြစ်နိုင်ခြေများတယ် ’

‘ မွန်းစတားအိုကြီးက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်မပြချင်တာ ဖြစ်ရမယ်… အဲ့ဒါဆိုရင် ဘာလို့ သူက ဒီနေရာမှာ လာပုန်းနေတာလဲ ’

‘ ဖြစ်နိုင်တာက သူ့မှာ လျှို့ဝှက်အစီအရင်တချို့ ရှိနေလို့များလား ’

‘ ငါ့ရဲ့ထွက်ပေါ်လာမှုနဲ့ လုပ်ဆောင်မှုက မွန်းစတားအိုကြီးရဲ့ ကျင့်ကြံခြင်းကို သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ပေါက်ကြားစေလိမ့်မယ်… အဲ့ဒါက သူ့ရဲ့ လျှို့ဝှက်အစီအစဉ်အပေါ် သက်ရောက်မှုရှိနိုင်တယ်… ဒီလိုဆိုရင် သူ့ရဲ့ဒေါသတွေကို ငါ့အပေါ်မှာ သေချာပေါက် ပုံချလာလိမ့်မယ် ’

‘ ငါက အနောက်ပြန်လှည့်ပြီး ထွက်ပြေးမယ်ဆိုရင်လည်း ရလဒ်က အတူတူပဲဖြစ်လိမ့်မယ် ’

‘ တိုက်ခိုက်ရင် ငါက မနိုင်ဘူး… ထွက်ပြေးလို့လည်း မရပြန်ဘူး… ’

အဖိုးအို၏ နှလုံးသားသည် အလွန်ရှုပ်ထွေးလာသည်။ သူက ဘေးကျပ်နံကျပ်အခြေအနေသို့ ကျရောက်သွားစဉ် သူ၏ မျက်လုံးသည် အနီရောင်သို့ ပြောင်းလဲသွားသည်။

ချန်းဖန်ကျိုး၏ နှလုံးသားက ပိုပြီးပြန်ထန်စွာ တုန်လှုပ်လာနေစဉ် အဖိုးအိုသည် အံတင်းတင်းကြိတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ မည်းမှောင်နေသော မျက်နှာက ဝမ်းသာပျော်ရွှင်သော အမူအရာသို့ ပြောင်းလဲသွားသည့်အခါ သူက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။

“ ကျေးဇူးရှင်… မင်းလည်း ဒီရောက်နေတာလား ”

ချန်းဖန်ကျိုးသည် ဆွံ့အသွားသည်။

All Chapters