မင်း… မင်းအဆိပ်မိနေတယ်(ခ)
Vol. 61 Ch. 953
ဘုရားကျောင်းသည် လင်းထိန်နေသော်လည်း ပိုင်ရှင်က အထဲမှာ ရှိမနေဟန် ရသည်။ ရွှီချင်းသည် အများကြီး ဂရုစိုက်မနေပေ။ သူက မြန်ဆန်စွာ ထွက်ခွာသွားပြီး တခြားဘုရားကျောင်းများကို ကြည့်လိုက်သည်။ သို့သော်လည်း ဘုရားကျောင်းများက အလွန်များပြားသောကြောင့် ယင်းတို့အားလုံးကို တစ်ခါတည်းဖြင့် စစ်ဆေးကြည့်ရန် ခက်ခဲလှပေသည်။
အကယ်၍ သူက ကျိန်စာလျှော့ပေါ့ဆေးလုံးရောင်းသည့် တစ်စုံတစ်ယောက်ကို ရှာတွေ့လျှင်ပင် တစ်ဖက်လူ၏ လိုအပ်ချက်များကို ရွှီချင်းက မဖြည့်ဆည်းပေးနိုင်ပေ။
အနီရောင် ကောင်းကင်မီးသလင်းကျောက်အခု(၂၀)ဖြင့် ရောင်းချသည့် ဘုရားကျောင်းသည်တော့ ထိုနေရာသို့ ရွှီချင်းရောက်ရှိသွားသည့်အခါ အကြောင်းအရင်းတချို့ကြောင့် အရောင်းအဝယ်မလုပ်နိုင်တော့ပေ။ အပြင်လူများကို ဘုရားကျောင်းထဲသို့ ပေးမဝင်တော့ပေ။
ရွှီချင်းသည် အနည်းငယ် နောင်တရမိသည်။ တစ်ခဏကြာ ရှာဖွေကြည့်ပြီးနောက် သူက ကျိန်စာနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုသာ တခြားဘုရားကျောင်းများထံမှ အလဲအလှယ်လုပ်ခဲ့ပြီး ပြန်ထွက်သွားသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဆယ်ရက်ကုန်လွန်သွားသည်။
ထိုဆယ်ရက်အတွင်းမှာ ရွှီချင်းသည် သားရိုင်းကောင်များ၏ ကျိန်စာမှ သူလေ့လာရရှိခဲ့သော သတင်းအချက်အလက်များကို ချေဖျက်လိုက်သည်။ နေ့တိုင်း သူက အချိန်တစ်ဝက်ကို လပုန်ကန်ခန်းမထဲတွင် ကုန်ဆုံးပြီး သူအလဲအလှယ်လုပ်နိုင်မည့် ကျိန်စာလျှော့ပေါ့ဆေးလုံးကို ရှာဖွေသည်။
ထိုအတောအတွင်းမှာ သူက ကောင်းကင်မီးလျှံသလင်းကျောက်ဖြင့် အလဲအလှယ်လုပ်နိုင်သည့် ဘုရားကျောင်းကို အနီးကပ်စစ်ဆေးလေ့လာသည်။ သို့သော်လည်း ဘုရားကျောင်းသည် တံခါးပိတ်ထားဆဲပင်။
အဆိပ်တစ်ရာပြီးခန္ဓာကိုယ်ကို ကျင့်ကြံရန်အတွက် ရွှီချင်းထံမှ အဆိပ်ဆေးလုံးကို လဲလှယ်သွားခဲ့သော ဆရာသခင်လည်း ရှိသေးပေသည်။ ထိုဆရာသခင်၏ ဘုရားကျောင်းသည်တော့ ပိတ်မထားပေ။ အထဲသို့ ဝင်ရောက်နိုင်ပေသည်။ သို့သော်လည်း ရုပ်တုထဲတွင် ဝိညာဉ်မရှိပေ။
ရံဖန်ရံခါ ရွှီချင်းသည် ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားပြီး အချိန်အတော်ကြာ အသစ်မလဲထားသော လေထဲမှာ မျောလွင့်နေကြသည့် အလင်းဘောလုံးများကို ကြည့်လိုက်သည်။ တချို့အလင်းဘောလုံးများထဲတွင် ဆေးပင်များက ဗလာဖြစ်နေသည်။
ဤသည်မှာ ထိုဆရာသခင်က ရွှီချင်းနှင့် အရောင်းအဝယ်လုပ်ပြီးနောက် လပုန်ကန်ခန်းမဆီသို့ နောက်တစ်ခါ ပြန်မလာတော့ဟန် ရသည်။
“ မဟုတ်မှ ငါ့အဆိပ်ဆေးလုံးကို သူသောက်ပြီးနောက် တစ်ခုခုဖြစ်သွားတာများလား ”
ရွှီချင်းသည် အနည်းငယ် အံ့ဩသွားပြီး စိတ်မသက်မသာ ခံစားမိသွားသည်။ သူ့မှာ တစ်ဖက်လူနှင့် မည်သည့်ရန်ငြိုးမှ မရှိပေ။
သို့သော်လည်း ရွှီချင်းသည် တစ်ဖက်လူကို သေသေချာချာ သတိပေးခဲ့သည်။
“ ငါအတွေးလွန်နေတာပဲ ဖြစ်မှာပါ… ဘာပဲပြောပြော အဆိပ်ပြီးခန္ဓာကိုယ်ကို ကျင့်ကြံတဲ့လူတွေက ပညာရှင်တွေချည်းပဲ မဟုတ်လား ”
ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် သူအတွေးလွန်နေခြင်းဖြစ်မည်ဟု ခံစားမိသွားသည်။ ဖြစ်နိုင်သည်မှာ ထိုဆရာသခင်က တခြားကိစ္စများကြောင့် ပေါ်မလာနိုင်ခြင်း ဖြစ်နိုင်ပေသည်။
ထိုသို့တွေးမိပြီးနောက် ရွှီချင်းသည် ဘုရားကျောင်းထဲမှ ထွက်ခွာသွားသည်။
နောက်ထပ်ရက်အနည်းငယ်ကြာသွားသည့်တိုင် တစ်ဖက်လူသည် ပေါ်မလာသေးပေ။
တစ်နေ့မှာ ရွှီချင်းက ကျိန်စာလျှော့ပေါ့ဆေးလုံးကို ဆက်လက်ရှာဖွေရန် ဘုရားကျောင်းတစ်ခုပြီးတစ်ခုကို ဝင်ထွက်သွားလာနေစဉ် လပုန်ကန်ခန်းမတစ်ခုလုံးသည် ရုတ်တရက် တုန်ယင်လာသည်။
ထွန်းလင်းတောက်ပသော အလင်းသည် ကောင်းကင်ယံမှာ ပေါ်လျှိုးလာပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းအတတ်အကျတစ်ခုက လပုန်ကန်ခန်းမ၏ တောင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရွှီချင်းသည် ထိုစွမ်းအင်လှိုင်းကို အာရုံခံမိသွားသောအခါ ဘုရားကျောင်း၏ အပြင်ဘက်သို့ ထွက်လျှောက်လာသည်။
ထိုသို့လုပ်ဆောင်သည့်သူသည် သူတစ်ဦးတည်းမဟုတ်ပေ။ ဤအခိုက်အတန့်မှာ ရုပ်တုအများအပြားသည် အပြင်ဘက်သို့ ထွက်လျှောက်လာကြပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် နေလုံးအောက်မှ ရှေးဟောင်းဘုရားကျောင်းကိုးခုအနက် ဘုရားကျောင်းတစ်ခု၏ တံခါးသည် ရုတ်တရက် ပွင့်သွားသည်။ အဆုံးမဲ့သော အလင်းရောင်သည် တံခါးနောက်မှ ထွက်ပေါ်လာပြီး ကြီးမားသော ပုံရိပ်တစ်ခုသည် ဘုရားကျောင်းထဲမှာ ထွက်ပေါ်လာသည်။
ပုံရိပ်၏ ထွက်ပေါ်လာမှုသည် လပုန်ကန်ခန်းမတစ်ခုလုံးကို လှုပ်ခါသွားစေသည်။ ကောင်းချီးမင်္ဂလာတိမ်တိုက်များသည် ကောင်းကင်ယံမှာ ထွက်ပေါ်လာကြပြီး တောက်ပသော အလင်းရောင်က အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။
“ လက်ထောက်ခန်းမသခင်ကို နှုတ်ဆက်ပါတယ် ”
ရိုသေလေးစားသော အသံများသည် မရေမတွက်နိုင်သော ရုပ်တုများ၏ ပါးစပ်ထဲမှ ချက်ချင်း မြည်ဟိန်းထွက်လာကြသည်။ ထို့နောက် ယင်းတို့က အတူစုဝေးသွားပြီး ကြီးမားသော အသံလှိုင်းတစ်ခုသို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။
ရွှီချင်းသည် သူတို့ထဲမှာ ရှိနေပြီး သူ၏ နှလုံးက လှုပ်ခါသွားသည်။ ဤသည်မှာ လပုန်ကန်ခန်းမ၏ ရာထူးမြင့်ပုဂ္ဂိုလ်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်းဖြစ်သည်။ ရုပ်တု၏ အကာအကွယ်အလွှာကြောင့် လက်ထောက်ခန်းမသခင်၏ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက် သူအာရုံမခံနိုင်ပေ။ သို့သော်လည်း လက်ထောက်ခန်းမသခင်၏ တည်ရှိမှုသက်သက်ဖြင့် လပုန်ကန်ခန်းမတစ်ခုလုံးကို လှုပ်ခါသွားစေသည့်အချက်က သူ၏ ကျင့်ကြံခြင်းသည် အလွန်မြင့်မားကြောင်း ဖော်ပြနေလေသည်။
တစ်ချိန်တည်းမှာ ဘုရားကျောင်းတံခါးက ပွင့်သွားသည်နှင့် ရုပ်တုက အပြင်သို့ ထွက်လျှောက်လာသည်။ အဆုံးမရှိသော အလင်းရောင်၏ ဝန်းရံမှုအောက်မှာ လေးနက်သော အသံသည် အရပ်မျက်နှာအသီးသီးသို့ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။
“ ငါဒီကိုရောက်လာတာ မင်းတို့ကို ကိစ္စသုံးခုအကြောင်းကြားဖို့ပဲ ”
“ ပထမတစ်ခုက အခု လဝတ်ပြုဒေသကြီးတစ်ခုလုံး မုန်တိုင်းတစ်ခုနဲ့ ရင်ဆိုင်နေရတယ်… ဒေသကြီးထဲက အနယ်နယ်အရပ်ရပ်က ကျင့်ကြံသူတိုင်းက သူတို့ရဲ့ ကံကြမ္မာကို တော်လှန်ပုန်ကန်နေကြတယ်… မီးပွားက ဒေသကြီးတစ်ခုလုံးကို အလင်းရောင်ပေးနိုင်တော့မယ် ”
“ ဒုတိယတစ်ခုက ပြီးခဲ့တဲ့နှစ်ဝက်အတွင်းမှာ ငါတို့ရဲ့ အကူအညီနဲ့ အနီရောင်လဗိမာန်ရဲ့ ဘုရားကျောင်းငါးခုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့ကြတယ်… တိုက်ပွဲမှာ နတ်တမန်တော်(၁၁)ယောက်၊ နတ်အစေခံဒါဇင်ပေါင်းများစွာနဲ့ နတ်ကျေးကျွန်ရာပေါင်းများစွာကို ငါတို့ သတ်ဖြတ်နိုင်ခဲ့ကြတယ် ”
“ တတိယကိစ္စကတော့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ အိမ်ရှေ့စံမင်းသားနဲ့ မင်းသမီးမင်မိန်က ဒဏ်ရာကနေ ပြန်လည်သက်သာလာကြပြီ… ငါတို့က သူတို့နဲ့ ဆက်သွယ်ဖို့ အကောင်းဆုံး ကြိုးစားနေကြတယ်… တကယ်လို့ သူတို့ကို အောင်အောင်မြင်မြင် ဆက်သွယ်နိုင်မယ်ဆိုရင် လပုန်ကန်ခန်းမက တဖန်ထွန်းတောက်လာတော့မယ် ”
“ အားလုံးပဲ အနီရောင်လက ပြိုင်ဘက်ကင်းတည်ရှိမှု မဟုတ်ဘူး ”
ဧရာမရုပ်တု၏ အသံက ပဲ့တင်ထပ်သွားသည်နှင့် စိတ်ခံစားချက်လှိုင်းလုံးများသည် ရုပ်တုအများအပြား၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာကြသည်။ တံခါးပိတ်နေကြသော ဘုရားကျောင်းများပင် ဖွင့်လာကြသည်။ သူတို့၏ ပိုင်ရှင်များက ပြန်ရောက်လာကြသည်။
အဆုံးမှာတော့ ရုပ်တုအားလုံးသည် ကောင်းကင်ကို အရိုအသေပေးလိုက်ကြပြီး တူညီသော စကားကို အော်ပြောလိုက်ကြသည်။
“ မျှော်လင့်ချက်က ထာဝရတည်ရှိနေမယ် ”
အသံသည် အလွန်ကျယ်လောင်ပြီး လောကတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
မျှော်လင့်ချက်မျိုးစေ့သည် သူတို့၏ နှလုံးသားထဲမှာ ထပ်မံပေါ်ထွက်လာသည်။
ရွှီချင်းသည် ရုပ်တုများကြားထဲမှာ မတ်တတ်ရပ်နေပြီး ကောင်းကင်ပေါ်မှ ဧရာမရုပ်တုကို ကြည့်လိုက်သည်။ စိတ်ခံစားချက်သည် အလွန်အမင်း ပြင်းထန်သည်။ ရုပ်တုသည် ကိစ္စသုံးခုကို ကြေညာပြီးနောက် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ပြန်ဝင်သွားသည်။ ဘုရားကျောင်းတံခါးသည် ပိတ်သွားသည်။
လက်ထောက်ခန်းမသခင်က ထွက်ခွာသွားသော်လည်း သူကြေညာခဲ့သော သတင်းအချက်အလက်သည် မကြာမီ လဝတ်ပြုဒေသကြီးတစ်ခုလုံး၌ တောမီးသဖွယ် ပျံ့နှံ့သွားတော့မည်။
ရွှီချင်းသည် အတွေးနက်သွားသည်။ သူက ဘေးပတ်ဝန်းကျင်မှ စိတ်လှုပ်ရှားနေကြသော ရုပ်တုများကို တစ်ချက်ကြည့်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ အကြည့်က ကောင်းကင်မီးသလင်းကျောက်ဖြင့် အလဲအလှယ်လုပ်နိုင်သော ဘုရားကျောင်းထံသို့ ကျရောက်သွားသောအခါ သူ၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။
အချိန်အတော်ကြာအောင် ပိတ်နေခဲ့သော ဘုရားကျောင်းသည် ယခု ဖွင့်ထားသည်။
သူက ချက်ချင်း ပျံသန်းသွားသည်။ သူက ဘုရားကျောင်းထဲသို့ ခြေချပြီးနောက် အထဲမှ အလင်းဘောလုံးကို အာရုံခံလိုက်သည်။ ကျိန်စာလျှော့ပေါ့ဆေးလုံးအတွက် လဲလှယ်ရမည့် ပမာဏကို မြင်တွေ့ပြီးနောက် သူက တုံ့ဆိုင်းမနေတော့ဘဲ အနီရောင်ကောင်းကင်မီးသလင်းကျောက်အခု(၂၀)ကို ချက်ချင်း ထုတ်ယူလိုက်ပြီး အလဲအလှယ်လုပ်လိုက်သည်။
ကျိန်စာလျှော့ပေါ့ဆေးလုံးကို ရရှိသွားသည့်အခိုက် ရွှီချင်းသည် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။
ဤအခိုက်အတန့်မှာ လက်ထောက်ခန်းမသခင်၏ ကြေညာချက်ကြောင့် ရုပ်တုအားလုံးနီးပါးသည် လပုန်ကန်ခန်းမဆီသို့ ပြန်ရောက်လာကြသည်။ ယင်းက လပုန်ကန်ခန်းမကို စည်ကားသိုက်မြိုက်စေပြီး သက်ဝင်လှုပ်ရှားစေသည်။ အဝေးမှကြည့်လျှင့် နတ်ဘုရားများနှင့် မိစ္ဆာများက အရပ်မျက်နှာပေါင်းစုံမှာ ကခုန်နေကြသည့်အလားပင်။
သို့သော်လည်း ရွှီချင်းထံမှ အဆိပ်ဆေးလုံးကို လဲလှယ်သွားခဲ့သော ဘုရားကျောင်းသည်တော့ ယခင်အတိုင်း ပိတ်ထားဆဲပင်။
ရွှီချင်းသည် မည်သို့ပြောရမှန်း မသိတော့ချေ။ သူက ဘုရားကျောင်းထဲသို့ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ့ကိုယ်ပိုင်ဘုရားကျောင်းဆီသို့ မြန်ဆန်စွာ ပြန်သွားပြီး ထွက်ခွာရန် ရွေးချယ်လိုက်သည်။
တစ်ချိန်တည်းမှာ အစိမ်းရောင်သဲကန္တာရထဲတွင် ရောင်စုံအလင်းတန်းသည် မြန်ဆန်စွာ ရွေ့လျားနေသည်။ ၎င်း၏ အနောက်မှ သဲမုန်တိုင်းသည် အဖြူရောင်ဖျော့ဖျော့ ထွက်ပေါ်နေလေသည်။
ဤသည်မှာ အစိမ်းရောင်လေက အဖြူရောင်လေသို့ ပြောင်းလဲသွားတော့မည့်အလားပင်။
သဲမုန်တိုင်းထဲမှ ကြက်တူရွေးလေး၏ မျက်နှာပေါ်မှာ အကြောက်တရားက ထွက်ပေါ်နေသည်။ ၎င်းက ပျံသန်းနေရင်း ပါးစပ်မှ တတွတ်တွတ် ကျိန်ဆဲနေလေသည်။