← Chapters

မင်း… မင်းအဆိပ်မိနေတယ်(ဃ)

Vol. 61 Ch. 955

မင်း… မင်းအဆိပ်မိနေတယ်(ဃ)

Vol. 61 Ch. 955

သူ၏ ဆေးလုံးကို သောက်သုံးခဲ့သော သားရိုင်းကောင်သည် မပြိုကွဲသွားခဲ့ပေ။ အမှန်မှာတော့ ၎င်း၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာသည်ပင် တည်ငြိမ်လာသည်။

ရွှီချင်းသည် သူပြုလုပ်ထားသော ကျိန်စာလျှော့ပေါ့ဆေးလုံးကို ကြည့်နေရင်း သူ၏ နှလုံးက လှုပ်ခါလာသည်။ ဤသည်မှာ လွန်ခဲ့သော ခြောက်လအတွင်း သူ၏ မဆုပ်မနစ်ကြိုးစားမှု၏ ရလဒ်ဖြစ်သည်။

ကျိန်စာအပေါ် သူ၏ ချဉ်းကပ်ပုံသည် တခြားလူများနှင့် အနည်းငယ် ကွဲပြားမှုရှိသော်လည်း ဆေးလုံး၏ ရလဒ်သည် အစစ်အမှန် ကျိန်စာလျှော့ပေါ့ဆေးလုံးနှင့် သိပ်မကွာခြားပေ။

“ ကျိန်စာလျှော့ပေါ့ဆေးလုံးရဲ့ ဦးတည်ရာက ကျိန်စာထကြွတဲ့အခါ ခံစားရမယ့် နာကျင်မှုကို သက်သာစေဖို့ပဲ… ငါ့ရဲ့ဦးတည်ရာက ကျိန်စာကို လုံးလုံးဖယ်ရှားပစ်ဖို့ပဲ… ပြီးတော့ နာကျင်မှုကို သက်သာစေတာက နောက်ဆက်တွဲသက်ရောက်မှုတစ်ခုသာသာပဲ ”

“ တကယ်လို့ အခု အဲ့ဒါကို ငါက မလုပ်နိုင်သေးရင်တောင် ဒီနည်းလမ်းက မမှားယွင်းနိုင်ဘူး ”

“ ဒါ့အပြင် ငါ့ရဲ့ ခရမ်းလစွမ်းအားက တိုးတတ်ဖို့ လိုအပ်နေသေးတယ်… ပြီးတော့ ကျိန်စာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထပ်ပြီး ငါစုဆောင်းရလိမ့်မယ်… ဒါမှပဲ အဲ့ဒါက တဖြည်းဖြည်း ပြီးပြည့်စုံလာမှာ ”

ရွှီချင်း၏ မျက်လုံးထဲမှာ မျှော်လင့်တောင့်တသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ပိုမိုများပြားသော ကျိန်စာလျှော့ပေါ့ဆေးလုံးများကို သန့်စင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက ရုတ်ချည်း ခေါင်းမော့လိုက်သည်။ သူက အပြင်ဘက်သို့ ကြည့်လိုက်လေရာ ထက်ရှသော အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ နောက်ဖေးခန်းထဲမှ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသောအခါ ဆေးဆိုင်၏ ထောင့်သို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။

လင်းအာသည် ဝမ်းသာပျော်ရွှင်စွာ ငွေတွက်နေသည်။ သူက ရွှီချင်း၏ ပုံရိပ်ကို သတိပြုမိသွားသောအခါ သူ၏ ခန္ဓာကိုယ်က မြွေဖြူလေးသို့ ချက်ချင်း ပြောင်းလဲသွားပြီး ရွှီချင်း၏ အင်္ကျီလက်ထဲသို့ ဝင်ရောက်သွားသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေး၏ မျက်နှာပေါ်မှာ ထက်ရှသော အမူအရာဖြစ်ပေါ်လာသည်။ သူက ဦးတည်ရာတစ်ခုသို့ စိုက်ကြည့်လိုက်စဉ် ရွှီချင်း၏ အမူအရာသည် အနည်းငယ် ညင်သာပျော့ပျောင်းသွားသည်။ သူက ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။

ရောင်စုံအလင်းတန်းတစ်ခုသည် လေထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ဆေးဆိုင်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာပြီး တစ်ပေခန့်ရှည်လျားသော ပျိုးပင်လေး၏ ဘေးမှာ ထွက်ပေါ်လာသည်။

ပျိုးပင်လေးသည် တုန်ရီသွားပြီး လုံးဝမလှုပ်ရှားဝံ့တော့ချေ။ ငါးရောင်ခြယ်အလင်းတန်းသည် ကြက်တူရွေးလေးတစ်ကောင်သို့ အသွင်ပြောင်းလဲသွားပြီး မောက်မာသော အသံက ၎င်း၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။

“ ကြက်တူရွေးလေး မွေးလာတော့ အဖေက ဘာများထူးခြားလဲ… မြန်မြန် အဖေ့ကို သွားရှာစမ်း… ငါဒီမှာ ရောက်နေပြီ ”

ထိုသို့ပြောပြီးနောက် ကြက်တူရွေးလေးသည် ရွှီချင်းကို မောက်မာထောင်လွှားစွာ ကြည့်လိုက်သည်။

“ ဟေး… ဟိုနားကကောင်… ချန်းဆိုလား ညိုဆိုလားဆိုတဲ့တစ်ယောက်က မင်းကို တစ်ခုခု မီးထွန်းဖို့ ငါ့ကို မှာလိုက်တယ် ”

“ ငါက ဘယ်တစ်ခုခုကို မီးထွန်းရမှာလဲ ”

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ကြက်တူရွေးလေး၏ စကားကို သူနားမလည်ပေ။

“ ဟာ… ဘာကို မီးထွန်းရမလဲဆိုတာ ငါက ဘယ်လိုလုပ်သိမှာလဲ… ချန်းဆိုတဲ့တစ်ယောက်က မင်းကို မီးထွန်းဖို့ ငါကို ပြောခိုင်းလိုက်တာ… ဒီတော့ မင်းနားလည်ပြီလား ”

ကြက်တူရွေးလေးသည် မောက်မာထောင်လွှားစွာ ပြောသည်။ ထို့နောက် ၎င်းက ခေါင်းလှည့်လိုက်ပြီး ပျိုးပင်လေးကို တစ်ကိုက် ကိုက်စားလိုက်သည်။ ၎င်းက ဆူညံ့စွာ ဝါးစားသည်။

ပျိုးပင်လေးသည် တုန်ရီလာပြီး ကြက်တူရွေးလေးကို မရှောင်ရှားဝံ့ပေ။

လင်းအာသည် ရွှီချင်း၏ အင်္ကျီလက်ထဲမှ အလျှင်အမြန် တွားသွားထွက်လာပြီး ကြက်တူရွေးလေးကို စူးစိုက်ကြည့်လိုက်သည်။

ကြက်တူရွေးလေးသည် လင်းအာကို ပြန်မျက်စောင်းထိုးလိုက်သည်။ ထို့နောက် ရွှီချင်းကို ကြည့်လိုက်သည်။ ၎င်းက ခေါင်းကို မြင့်မြင့်မော့ထားလိုက်သည်။ ၎င်းက ဟိတ်ဟန်ကြီးမားသူပမာ ခန္ဓာကိုယ်ကို တောင့်တောင့်ရပ်ထားလိုက်ပြီး နုတ်သီးကို ရွှီချင်းတို့ဘက်သို့ ညွှန်ထားလိုက်သည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ချက်ချင်း လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူက ကြက်တူရွေးလေးအနားသို့ မရောက်သွားမီ ၎င်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထို့နောက် ၎င်းက ပျိုးပင်လေး၏ တခြားဘက်သို့ ရောက်ရှိသွားပြီး နောက်တစ်ကိုက် ကိုက်စားလိုက်သည်။

ကြက်တူရွေးလေး၏ အလျင်သည် ကျင်းကန်းဂိုဏ်းဘိုးဘေးကို အံ့အားသင့်သွားစေသည်။ သူက ဆက်လက်လိုက်ဖမ်းရန် ပြင်လိုက်သည်နှင့် ကြက်တူရွေးလေးသည် ပျိုးပင်လေး၏ ဘေးပတ်ဝန်းကျင်မှာ ထပ်ခါထပ်ခါ တည်နေရာပြောင်းရွှေ့လိုက်ပြီး တစ်ကိုက်ပြီးတစ်ကိုက် ယူစားလိုက်သည်။

ကြက်တူရွေးလေးက ဂုဏ်ယူဝင့်ကြွားသော ဟန်ပန်ကို ပြုမူတော့မည့်အချိန် ၎င်း၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်လာသည်။ ၎င်း၏ သေးငယ်သော မျက်စံသည် ပြူးကျယ်လာပြီး သွေးတစ်ပွက်ကို အန်လိုက်ရသည်။

“ ငါ… ဝေါ့… ”

“ မင်းက အဆိပ်မိနေတယ် ”

၎င်းက ပျိုးပင်လေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ပျိုးပင်လေးသည် ကြောက်လန့်သွားပြီး တုန်ယင်သွားသည်။ ကြက်တူရွေးလေးသည် ထပ်မံသွေးအန်လိုက်ရပြန်သည်။ ၎င်း၏ ခန္ဓာကိုယ်က စတင်ယိုယွင်းလာနေပြီ ဖြစ်သည်။

၎င်းကို အဆိပ်မိစေသူသည် ပျိုးပင်လေးမဟုတ်ကြောင်း ကြက်တူရွေးလေးက အာရုံခံမိသည်။ သို့သော်လည်း အဆိပ်သည် ပျိုးပင်လေး၏ ဘေးပတ်ဝန်းကျင်မှာ ပျံ့နှံ့နေသည်။

သို့ဖြစ်၍ ၎င်းက စကားပြောတော့မည့်အချိန် ခေါင်းဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ၎င်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီးနောက် ရွှီချင်းကို ကြောက်လန့်တကြား ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာ ပျိုးပင်လေးသည် မြေကြီးထဲမှ ၎င်း၏ အမြစ်များကို မြန်ဆန်စွာ ဆွဲနှုတ်လိုက်ပြီး အပေါ်သို့ ခုန်တတ်လာသည်။ ၎င်းက လက်စားပြန်ချေရန် ကြက်တူရွေးလေးအပေါ်သို့ ရူးသွပ်စွာ တတ်နင်းပစ်လိုက်သည်။

ကြက်တူရွေးလေးသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ ၎င်းက လွတ်မြောက်ချင်သော်လည်း ထိုသို့လုပ်ဆောင်ရန် အင်အားမရှိပေ။ ကျင်းကန်းဂိုဏ်းဘိုးဘေးက အနားရောက်မလာခင်အထိ ၎င်းက မြေပြင်ပေါ်မှာ ဆက်လက်လူးလှိမ့်နေရသည်။

ကြက်တူရွေးလေးသည် ဆက်လက် မလှုပ်ရှားဝံ့တော့ပေ။ ၎င်း၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော အကြောက်တရားဖြင့် ပြည့်နှက်နေသည်။

ပျိုးပင်လေးသည် ဆက်လက် မလှုပ်ရှားဝံ့တော့ပေ။ ၎င်းက ဖြည်းဖြည်းချင်း အနောက်ပြန်ဆုတ်သွားပြီး မူလနေရာမှာ သူ့ဘာသာ အမြစ်ပြန်စိုက်လိုက်သည်။

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက ဘေးတွင်ထိုင်နေပြီး မြေပြင်ပေါ်မှာ လူးလှိမ့်နေသော ကြက်တူရွေးလေးကို ကြည့်လိုက်သည်။

“ အခု မင်း ကောင်းကောင်းမွန်မွန် စကားပြောနိုင်ပြီလား ”

ကြက်တူရွေးလေးသည် မြန်ဆန်စွာ ခေါင်းညိတ်လိုက်သည်။ သူ့အဖေက မည်သို့ကြောင့် သူ့အရှေ့မှ ပုဂ္ဂိုလ်ကို ကြောက်ရွံ့ရကြောင်း နောက်ဆုံးမှာတော့ သူနားလည်သွားသည်။ ထိုလူသည် တကယ်အကြင်နာမဲ့သည်။ သူက သူ့ဘက်တော်သားများကိုပင် အဆိပ်ခတ်သည်။

“ ဂိုဏ်းတူဦးလေးရွှီ… ငါ့ကို အရင်ဆုံး အဆိပ်ဖြေပေးပါလား ”

ထိုသို့ပြောပြီးနောက် ကြက်တူရွေးလေးသည် ထပ်မံသွေးအန်လိုက်ရသည်။ ၎င်းက သေအံ့ဆဲဆဲ အခြေအနေမှာရှိနေပြီး ခန္ဓာကိုယ်က ယိုယွင်းပျက်စီးလာနေပြီ ဖြစ်သည်။

ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်သည်။ ကြက်တူရွေးလေး၏ ခန္ဓာကိုယ်ထဲမှ အဆိပ်အများစုသည် ပျောက်ကင်းသွားသည်။ ၎င်းက ချက်ချင်း ထရပ်လိုက်သည်။ သို့သော်လည်း ရွှီချင်း၏ အကြည့်က သူ့ထံသို့ ကျရောက်လာသောအခါ ကြက်တူရွေးလေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ၎င်းက ချက်ချင်း ရိုသေကျိုးနွံလာသည်။

“ ဂိုဏ်းတူဦးလေးရွှီ… ငါမှားသွားပါတယ်… ဂိုဏ်းတူဦးလေးအားညိုက မင်းကို မီးထွန်းဖို့ ငါ့ကို ပြောခိုင်းလိုက်ပါတယ်… ဒါပေမဲ့ ဘာကိုထွန်းရမလဲဆိုတာတော့ ငါတကယ်မသိပါဘူး… အဲ့ဒါက နေလုံးနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ် ”

ရွှီချင်းသည် အတွေးနက်သွားသည်။ ထို့နောက် သူက ကြက်တူရွေးလေးကို ကြည့်လိုက်သည်။ တစ်ဖက်လူ၏ အလျင်သည် သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ ထို့ကြောင့် သူက မေးသည်။

“ မင်းမှာ ဘာအစွမ်းတွေရှိလဲ ”

“ ငါက တည်နေရာပြောင်းရွှေ့နိုင်ပါတယ်… ငါ့အဖေရဲ့ သားငယ်လေးတွေထဲမှာ ငါက အမြန်ဆုံးပါပဲ… ငါ့ရဲ့ တည်နေရာပြောင်းရွှေ့နိုင်တဲ့အစွမ်းက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ချိပ်ပိတ်ခံထားရတဲ့ နေရာတွေမှာပဲဖြစ်ဖြစ် ကန့်သတ်မခံရပါဘူး… အတိတ်မှာ ငါ့အဖေက အန္တရာယ်ထဲ ကျရောက်သွားတဲ့အခါတိုင်း ငါက အဖေ့ကို အမြဲတမ်း တည်နေရာပြောင်းရွှေ့ပေးခဲ့ပါတယ်… အတိုချုပ်ပြောရရင် ငါက တည်နေရာပြောင်းရွှေ့နိုင်ပါတယ် ”

ကြက်တူရွေးလေးသည် စကားပြောပြီးနောက် ရွှီချင်းကို ဂရုတစိုက် ကြည့်လိုက်သည်။ ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး စကားပြောတော့မည့်အချိန် သူက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ဆေးဆိုင်အပြင်ဘက်သို့ လျှောက်သွားသည်။

လေသည် မိုးကုပ်စက်ဝိုင်းမှ စတင်လာပြီး မြို့ထဲသို့ တိုက်ခတ်လာနေသည်။ အိမ်သည် တသိမ့်သိမ့်တုန်ယင်လာပြီး သစ်သားတံခါးသည် လှုပ်ခါလာသည်။ ယင်းက ရွှီချင်း၏ မျက်နှာပေါ်သို့လည်း ဖြတ်သန်းတိုက်ခတ်သွားလေရာ သူ၏ ဆံပင်သည် လေထဲသို့ မြှောက်တတ်သွားသည်။

အဝေးမှ လောကထဲတွင် ကောင်းကင်နှင့်ထိစပ်နေသော သဲမုန်တိုင်းတစ်ခု ရှိသည်။ သဲလေသည် မြူခိုးပင်လယ်ပမာ အစဉ်မပြတ် ရွေ့လျားထကြွနေပြီး ပျံ့ပွားသွားနေသည်။ မိုးကြိုးသွားများသည် သဲမုန်တိုင်းအတွင်းမှာ တဝင်းဝင်း လင်းလက်နေကြပြီး မိုးခြိမ်းသံများသည် အရပ်ရှစ်မျက်နှာ၌ တဂျိန်းဂျိန်း ပဲ့တင်ထပ်နေကြသည်။

ဤသည်မှာ မိုးကြိုးနတ်ဘုရားတစ်ပါးက သဲမုန်တိုင်းထဲမှာရှိနေပြီး သဲမုန်တိုင်းကို ထိန်းချုပ်ရွေ့လျားနေသည့်အလားပင်။ သဲမုန်တိုင်းက ဖြတ်သန်းသွားသည့် မည်သည့်နေရာတွင်မဆို ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များသည် ပရမ်းပတာ လှုပ်ရှားထကြွလာကြသည်။

ဤသည်မှာ ချောက်ချားဖွယ်ကောင်းသော သဲမုန်တိုင်းဖြစ်သည်။

၎င်း၏ အရောင်သည် အစိမ်းရောင်မှ အဖြူရောင်သို့ မြန်ဆန်စွာ ပြောင်းလဲသွားနေသည်။

ဤအခိုက်အတန့်မှာ အော်ဟစ်ညည်းတွားသံသည် လောကတစ်ခွင်ဝယ် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။ ဤသည်မှာ ကောင်းကင်နှင့် မြေပြင်က ဝမ်းနည်းပူဆွေးနေသည့်အလား သို့မဟုတ် ဈာပနပွဲအတွက် ယဇ်ပူဇော်ရန် ကမ္ဘာမြေပေါ်မှ သက်ရှိအားလုံးကို စတေးပစ်ချင်နေသည့်အလားပင်။

အဖြူရောင်သဲမုန်တိုင်း ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် သဲကန္တာရတစ်ခုလုံးပေါ်သို့ ဆင်းသက်လာသည်။

သဲမုန်တိုင်းသည် မြေပြင်ကို ဖြတ်သန်းသွားပြီး ကောင်းကင်ကို လွှမ်းမိုးသွားလေရာ အပြင်လောကမှ အရာအားလုံးကို ဝေဝါးသွားစေသည်။ ထို့ပြင် ယင်းက အမင်္ဂလာနိမိတ်ကို ဖြစ်ပေါ်စေသည်။

ရွှီချင်း၏ အကြည့်သည် လေးနက်လာသည်။ သူက ခေါင်းငုံ့လိုက်ပြီး ခြေဖဝါးအောက်သို့ ကြည့်လိုက်သည်။ အပြင်လောက၌ အမဲလိုက်သွားသည့် အရိပ်လေးသည် ယခုထိ ပြန်မရောက်လာသေးပေ။

All Chapters