← Chapters

အနီရောင်လ အခွင့်အာဏာ၏ ဆာလောင်မှု(က)

Vol. 61 Ch. 958

အနီရောင်လ အခွင့်အာဏာ၏ ဆာလောင်မှု(က)

Vol. 61 Ch. 958

ကြက်တူရွေးလေးသည် စိတ်ထဲမှာ အော်ညည်းလိုက်သည်။ သို့သော်လည်း ၎င်းက ဆက်ပြီးမကျိန်ဆဲဝံ့တော့ပေ။ ယင်းအစား ၎င်းက အော်ငိုလိုက်ပြီး တောင်းပန်သည်။

“ ဂိုဏ်းတူဦးလေး… ငါတကယ်ပဲ ဆက်မလုပ်နိုင်တော့ပါဘူး… ငါမလုပ်နိုင်တော့ပါဘူး… ကျေးဇူးပြုပြီး ငါ့ကို သနားညှာတာပါ…”

ရွှီချင်းသည် ကြက်တူရွေးလေးကို ကြည့်လိုက်သည်။

“ ဂိုဏ်းတူဦးလေး… ငါ… ငါ… ငါက တည်နေပြောင်းရွှေ့ဖို့အတွက် ခန္ဓာကိုယ်ပေါ်က ငှက်မွှေးတွေကို အသုံးပြုရပါတယ်… ငါက ငယ်ငယ်လေးပဲရှိသေးပြီး မိန်းမမရသေးပါဘူး… အခုကြည့် ငါ့ကိုယ်ပေါ်မှာ ငှက်မွှေးတွေအများကြီး မကျန်ရှိတော့ပါဘူး… တခြားငှက်တွေ ငါ့ကိုမြင်တဲ့အခါ သူတို့က လှောင်ရယ်ကြပါလိမ့်မယ် ”

ကြက်တူရွေးလေးသည် အော်ငိုလိုက်သည်။ ၎င်းက လိမ်ပြောနေခြင်းမဟုတ်ပေ။ ၎င်းက တည်နေရာပြောင်းရွှေ့ရန် ငှက်မွှေးများကို မှီခိုအားထားရပေသည်။ အတိတ်တွင် ကြက်တူရွေးလေးသည် ၎င်း၏ ရောင်စုံငှက်မွှေးများကို အမြဲဂုဏ်ယူဝင့်ကြွားခဲ့သည်။

ရံဖန်ရံခါ တခြားငှက်များနှင့် တွေ့ဆုံသည့်အခါ ၎င်းက သာလွန်ကြီးမြတ်ခြင်းကို ခံစားရမိပြီး အရောင်အဆင်းမလှပသော ငှက်များကို အထင်သေးရှုံ့ချတတ်ပေသည်။

၎င်းသိထားသည်မှာ ၎င်းက ကမ္ဘာပေါ်တွင် အလှဆုံးငှက်ဖြစ်သည်။

သို့သော်လည်း ယခုတော့ ၎င်းက အမွှေးအမျှင်မရှိသည့် ကြက်ပုံစံပေါက်နေသည်။ ၎င်းက ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းကို ခံစားမိသွားသည်။

ဤသည်ကို ရွှီချင်းကြားသည့်အခိုက် အဝေးမှ လိုက်ပါလာနေသော အားလှိုင်းအတတ်အကျများကို အာရုံခံမိသွားသည်။ ထို့နောက် သူ၏ အကြည့်က ဒါဇင်ကျော်ကျန်ရှိနေသေးသော ကြက်တူရွေးလေး၏ အမွှေးများပေါ်သို့ ကျရောက်သွားသည်။

“ အမွှေးနည်းနည်း ကျန်သေးတယ် မဟုတ်ဘူးလား ”

ရွှီချင်းသည် ကြက်တူရွေးလေးကို ဆက်လက်ဖျစ်ညှစ်လိုက်သည်။

“ မင်း အသေဆိုးနဲ့သေပါစေလို့ ငါကျိန်ဆဲတယ် ”

ကြက်တူရွေးလေးသည် သွေးပျက်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်ပြီး ထပ်မံတည်နေရာပြောင်းရွှေ့လိုက်လေရာ ရွှီချင်းနှင့်အတူ အဖြူရောင်သဲမုန်တိုင်းထဲမှ ပျောက်ကွယ်သွားသည်။ ငှက်မွှေးတစ်ချောင်းသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားကာ လေနှင့်အတူ လွင့်မျောသွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ပုံရိပ်သည် ကီလိုမီတာတစ်ရာအကွာမှာ ပြန်ပေါ်လာသည်။ ကြက်တူရွေးလေးက မည်သည့်စကားမှ မဆိုနိုင်ခင် ရွှီချင်းက ထပ်မံဖျစ်ညှစ်လိုက်သည်။

နားမကြားသာဖွယ်ကောင်းသော အော်ဟစ်သံများက ဆက်လက် ပဲ့တင်ထပ်သွားသည်။

ဆယ်ကြိမ်ထက်မနည်း တည်နေရာပြောင်းရွှေ့ပြီးနောက် ကြက်တူရွေးလေး၏ ကိုယ်ပေါ်မှာ ငှက်မွှေးတစ်ချောင်းသာလျှင် ကျန်ရှိတော့သည်။ ရွှီချင်းသည် နောက်ဆုံးမှာတော့ ကြက်တူရွေးလေး၏ အကူအညီနှင့်အတူ အဖြူရောင်သဲလေထဲမှ ထူးဆန်းသော မျိုးနွယ်စု၏ လိုက်လံဖမ်းဆီးခြင်းကို တိမ်းရှောင်သွားနိုင်ခဲ့သည်။

ယခု သူက သဲကန္တာရ၏ အစွန်အဖျားနှင့် (၁၅)ကီလိုမီတာအကွာမှာ ရှိနေသည်။

ထိုနေရာမှဆိုလျှင် အဖြူရောင်လေသည် ကန္တာရထဲမှထက် အများကြီး ပိုပါးလွှာသည်။ လေထဲမှာ လွင့်မျောနေသော ဒုဓလီပန်းများသည်လည်း နည်းပါးလာသည်။

ရွှီချင်းသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

ကြက်တူရွေးလေးသည်တော့ ရွှီချင်း၏ လက်ပေါ်မှာ လဲလျောင်းနေလေရာ အသားတုံးတစ်တုံးနှင့် ဆင်တူသည်။ ၎င်းသည် အသက်မရှိသည့်အလား အသားအရေက ဖြူဖျော့နေပြီး ခန္ဓာကိုယ်ပေါ်မှာ များစွာသော အနီရောင်အစက်များ ရှိသည်။

ယခင်က ထိုအနီရောင်အစက်နေရာတွင် လှပသော ငှက်မွှေးတစ်ချောင်း ရှိခဲ့သည်။ သို့သော်လည်း ယခုတော့ ၎င်း၏ အတောင်ပံပေါ်တွင် ထောင်မတ်နေသော ငှက်မွှေးတစ်ချောင်းသာလျှင် ကျန်ရှိတော့သည်။

ငှက်မွှေးတစ်ချောင်းသာ ကျန်ရှိတော့သည်ကို ကြည့်နေရင်း ကြက်တူရွေးလေးသည် မိန်းမောတွေဝေလာသည်။ လွန်ခဲ့သော လအနည်းငယ်က ၎င်းမထွက်ခွာလာခင် ဤခရီးစဉ်မှာ ထိုသို့အဖြစ်ဆိုးမျိုးကို တွေ့ကြုံရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

“ ကျေးဇူးပဲ ”

ရွှီချင်းသည် ကြက်တူရွေးလေးကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

သူက ကျေးဇူးတင်စကားမပြောလျှင် အဆင်ပြေလိမ့်မည်။ ယခု သူက ထိုသို့ပြောလိုက်သည့်အခါ ကြက်တူရွေးလေးက ထပ်မံ အော်ငိုလာသည်။

“ ငါ့ရဲ့ငှက်မွှေးတွေ… ဒီလိုဆို အနာဂတ်မှာ ငါဘယ်လိုလုပ် မိန်းမရတော့မှာလဲ… တခြားငှက်တွေက ငါ့ကို အထင်သေးရှုံ့ချတော့မယ်… ”

ကြက်တူရွေးလေးက အလွန်အသုံးဝင်သည်ဟု ရွှီချင်း ခံစားမိသည်။ အကယ်၍ သူပြန်သွားသည့်အခါ ကြက်တူရွေးလေးအား ဆယ်စုနှစ်တစ်ခုကြာအောင် ငှားယူရန် ဝူကျန်းဝူနှင့် စကားပြောသင့်သည်ဟု တွေးတောလိုက်သည်။

သို့သော်လည်း ကြက်တူရွေးလေး၏ ငှက်မွှေးများက ပြန်ပေါက်လာနိုင်သလား သူမသေချာပေ။ သို့ဖြစ်၍ သူက နှစ်သိမ့်စကား ပြောလိုက်သည်။

“ ကိစ္စမရှိပါဘူး… ငှက်မွှေးတွေက ပြန်ပေါက်လာမှာပါ ”

“ ပြန်ပေါက်လာနိုင်တယ်ဆိုပေမယ့် အရမ်း အရမ်း နှေးတယ်… ”

ကြက်တူရွေးလေးသည် ဆက်လက်အော်ငိုသည်။

ရွှီချင်းသည် အတွေးနက်သွားသည်။

ကြက်တူရွေးလေး၏ အတောင်ပံပေါ်မှ တစ်ခုတည်းသော ငှက်မွှေးက လှုပ်ယမ်းနေသည်ကို မြင်သောအခါ လင်းအာ၏ နှလုံးသားသည် နူးညံ့ပျော့ပျောင်းသွားသည်။

“ အကိုရွှီချင်း…. ကြက်တူရွေလေးက အရမ်းသနားဖို့ကောင်းတာပဲ… သူ့မှာ ငှက်မွှေးတစ်ချောင်းပဲ ရှိတော့တယ်… ညီမတို့ တကယ်ပဲ သူ့ခံစားချက်ကို ထည့်မစဉ်းစားခဲ့ကြဘူး ”

ဤသည်ကို ကြက်တူရွေးလေးကြားသောအခါ ရင်ထဲထိသွားသည်။ ၎င်းက ခေါင်းညိတ်တော့မည့်အချိန် လင်းအာက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

“ ငှက်မွှေးတစ်ချောင်းပဲရှိတဲ့ ငှက်က ပိုပြီးအရုပ်ဆိုးတယ်… အကိုရွှီချင်း ဘာလို့ ညီမတို့ နောက်တစ်ခါ တည်နေရာမပြောင်းရွှေ့တာလဲ ”

ဤသည်ကို ကြက်တူရွေးလေးကြားသောအခါ ၎င်း၏ မျက်လုံးသည် ပြူးကျယ်လာပြီး ဒေါသက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ၎င်းက လင်းအာကို အော်ပြောလိုက်သည်။

“ ကြက်အမွှေးနဲ့ လင်းနို့က ဘာငှက်အမျိုးအစားလဲ ”

“ အကိုကြီးနဲ့ ဒုတိယအကိုရှိတယ်… မင်းက ဘယ်သူလဲ ”

“ ဝမ်းလျှောနေတဲ့ မျောက်ကြီး… မင်းက သတ္တိကောင်းတာလား ”

ကြက်တူရွေးလေးမှာ ငှက်မွှေးတစ်ချောင်းသာလျှင် ကျန်ရှိတော့သည်။ ဤအခိုက်အတန့်မှာ ၎င်းက လင်းအာ၏ အတွေးကြောင့် အလွန်ဒေါသထွက်သွားပြီး ရူးသွပ်သွားသည်။

လင်းအာသည် အနောက်သို့ ပြန်ဆုတ်သွားပြီး ရွှီချင်း၏ ကော်လံထဲသို့ ဝင်သွားသည်။ သူက မှားယွင်းသွားသည်ဟု ခံစားမိသွားပြီး နူးညံ့စွာ ပြောသည်။

“ အကိုရွှီချင်း… ဒီငှက်က အရမ်းရိုင်းတာပဲ… ဒါပေမဲ့ အကို သူ့ကို အပြစ်မမြင်သင့်ဘူး… သူက ကလေးပဲ ရှိပါသေးတယ်… ပြီးတော့ ညီမက မပြောသင့်တဲ့စကားကို ပြောမိခဲ့တယ်… ”

ဤသည်ကို အရိပ်လေးကြားသည့်အခါ ၎င်းက ရွှီချင်း၏ ခြေဖဝါးအောက်မှ ချက်ချင်း ထွက်ပေါ်လာပြီး ကြက်တူရွေးလေး၏ ဘေးပတ်ပတ်လည်ကို လွှမ်းခြုံလိုက်သည်။ ၎င်းက ရန်ပြုလိုသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

ကျင်းကန်းဂိုဏ်းဘိုးဘေးသည်လည်း ပျံသန်းထွက်လာပြီး ကြက်တူရွေးလေးကို နတ်ငါးအရိုးဆူးချွန်ဖြင့် ချိန်ရွယ်လိုက်သည်။

ကြက်တူရွေးလေးသည် ကြောက်လန့်သွားပြီး တုန်ယင်လာသည်။ ၎င်းက ဝမ်းနည်းလာပြီး ပိုပြီးခံပြင်းဒေါသထွက်သွားသည်။ ဤအခိုက်အတန့်မှာ ၎င်း၏ တစ်ခုတည်းသော ဆန္ဒသည် အဖေ့ဆီသို့ ပြန်သွားချင်သည်။ ၎င်းက အဖေ့ကို ပိုပြီးလွမ်းဆွတ်လာသည်။

ရွှီချင်းသည် လင်းအာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ကြက်တူရွေးလေးကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူ၏ အကြည့်က အဝေးတစ်နေရာသို့ ရောက်ရှိသွားသည်။ အနက်ရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ ထိုနေရာတွင် ရင်းနှီးသော အားလှိုင်းအတတ်အကျတစ်ခုကို သူအာရုံခံမိသည်။

“ အရိပ်လေး ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

အရိပ်လေးသည် ချက်ချင်း လှုပ်ရှားလိုက်သည်။ ယင်းကို အာရုံခံပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် ပုံပျက်တွန့်လိမ်လာပြီး အဖိုးအိုတစ်ယောက်၏ ပုံကြမ်းက မြေပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ အဖိုးအို၏ အနောက်တွင် လပုံရိပ်နှစ်ခု ရှိသည်။ ဤသည်မှာ သူတို့က အဖိုးအိုနောက်သို့ လိုက်ဖမ်းနေသည့်အလားပင်။

“ လီယိုဖေးလား ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှာ အရိပ်လေး၏ မျက်လုံးတစ်လုံးကို ချန်ထားခဲ့ကြောင်း ပြန်အမှတ်ရသွားသည်။ အစောနက သူအာရုံခံမိသည့် အားလှိုင်းအတတ်အကျသည် လီယိုဖေးထံမှ ဖြစ်သည်။

အသက်ရှူချိန်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ရွှီချင်းက အားလှိုင်းအတတ်အကျ၏ အရင်းအမြစ်နေရာဆီသို့ ချဉ်းကပ်သွားသည်။

အတိတ်တွင် ရွှီချင်းသည် လီယိုဖေးကို မသတ်ရန် ရွေးချယ်ခဲ့သည်။ သူက တစ်ဖက်လူကို စစ်ဆေးလေ့လာရန် အရိပ်လေး၏ မျက်လုံးတစ်လုံးကို ချန်ထားခဲ့သည်။ တစ်ဖက်လူမှာ ဗီလိန်ထက် သူရဲကောင်းအကျင့်စရိုက်က ပိုပြီးသာလွန်ကြောင်း သူအတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် သူက ရွှီချင်း၏ အကြောင်းကို မထုတ်ဖော်ခဲ့ပေ။

သို့ဖြစ်၍ ရွှီချင်းက သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပြန်ရုပ်သိမ်းခဲ့ပြီး အရိပ်လေးကို ဆက်လက်စောင့်ကြည့်စေခဲ့သည်။ သူကတော့ ကျိန်စာကို စူးစမ်းလေ့လာရာတွင် လုံးဝအာရုံစိုက်ထားခဲ့သည်။

ယခု သူတို့က အမှတ်မထင် လာတွေ့ဆုံနေပြီး လီယိုဖေးက အနီရောင်လဗိမာန်မှ ကျင့်ကြံသူများ၏ လိုက်ဖမ်းခြင်းခံနေရသည်ကို မြင်သောအခါ ရွှီချင်းသည် တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် အပြင်ရောက်နေသည့် အနီရောင်လဗိမာန်မှ နတ်ကျေးကျွန်နှစ်ယောက်ကို တွေ့ဆုံခြင်းသည် ရှားပါးသော အခွင့်အရေး ဖြစ်သည်။

ရွှီချင်းသည် သားရိုင်းကောင်များထံမှ ကျိန်စာများကို စူးစမ်းလေ့လာပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ သူက အနီရောင်လဗိမာန်မှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို စူးစမ်းလေ့လာချင်သည်။

“ လွန်ခဲ့တဲ့နှစ်ဝက်တုန်းက ငါ့ရဲ့ တွက်ချက်မှုအရဆို အနီရောင်လဗိမာန်က ကျင့်ကြံသူတွေမှာ ကျိန်စာမရှိတာ ဒါမှမဟုတ် ကျိန်စာက နည်းနည်းပဲရှိတာ ဖြစ်နိုင်လောက်တယ်… ပြီးတော့ သူတို့ကို ငါစုပ်ယူနိုင်ဖို့ ရာခိုင်နှုန်းများတယ်… ”

All Chapters