← Chapters

သခင်လေး ကျေးဇူးပြုပြီး ဈေးပြောပါ(က)

Vol. 61 Ch. 961

သခင်လေး ကျေးဇူးပြုပြီး ဈေးပြောပါ(က)

Vol. 61 Ch. 961

ပိုးသားပမာ သိမ်မွေ့နူးညံ့ပြီး ဆွဲမက်ဖွယ်ကောင်းသော အသံသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ယင်းက နားထဲသို့ ဝင်ရောက်သွားပြီး ဝိညာဉ်ထဲထိ ထိုးဖောက်ဝင်ရောက်သွားကာ လှိုင်းဂယက်များကို အလိုအလျောက် ဖြစ်ပေါ်လာစေသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး လီယိုဖေးကို ကြည့်လိုက်သည်။

လီယိုဖေးသည် ဆွံ့အသွားသည်။ သူက အလျှင်အမြန် ခေါင်းခါလိုက်ပြီး ပြောသည်။

“ ကျွန်တော်မဟုတ်ဘူး… ချီစုစည်းခြင်းအဆင့်မှာကတည်းက ယန်ဓာတ်ကို ဆုံးရှုံးခဲ့ပြီးပြီ ”

ရွှံ့မြေခွေးသည် လီယိုဖေးကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒီအမှိုက်က ဘယ်ကနေ ရောက်လာတာလဲ ”

ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို ဆက်လက် ကြည့်လိုက်သည်။ သူက ရွှီချင်း၏ ရုပ်ဖျက်ထားခြင်းကို ထွင်းဖောက်မြင်နေရသည့်အလား သူ၏ မျက်လုံးထဲမှာ သဘောကျသော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ သူက အရမ်းချောတာပဲ… ငါ့နှလုံးက တဒုန်းဒုန်း ခုန်မြည်လာနေပြီ ”

ရွှံ့မြေခွေးသည် မတ်တတ်ရပ်လိုက်ပြီး နတ်စင်ပေါ်မှ ဆင်းသက်လာသည်။ သူက ကြော့ရှင်းတင့်တယ်စွာ လှုပ်ရှားလိုက်လေရာ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော မိန်းမပျိုလေးတစ်ဦးအသွင် ပြောင်းလဲသွားသည်။

မိန်းမပျိုလေးက လမ်းလျှောက်လာနေစဉ် သူ၏ ရင်ဘက်ပေါ်မှ ဖွင့်ထွားသော တောင်ထွတ်နှစ်ခုသည် တအိအိ လှုပ်ခါသွားကြသည်။ သူ၏ ခါးသည် ဘူးသီးပမာ သေးသွယ်ပြီး သူ၏ ခန္ဓာကိုယ်ကောက်ကြောင်းသည် ချို့ယင်းချက် လုံးဝမရှိပေ။

လီယိုဖေးသည် မိန်းမပျိုလေး၏ အသွင်အပြင်ကြောင့် အသက်ရှူရန် မေ့လျော့သွားပြီး နှလုံးခုန်မြန်လာသည်။ သူက ညှို့ဓာတ်ပြင်းသော မိန်းမလှတစ်ဦးဖြစ်ကြောင်း သူဝန်ခံရလိမ့်မည်။

အထူးသဖြင့် သူ၏ မျက်နှာတစ်ခြမ်းကို အနီရောင်ဇာပဝါဖြင့် ဖုံးကွယ်ထားသည်။ လေက တဟူးဟူး တိုက်ခတ်နေလေရာ ထိုဇာပဝါသည် အချိန်မရွေး ပြုတ်ထွက်သွားတော့မည့်အလားပင်။

မိန်းမပျိုလေး၏ အသားအရေသည် ကျောက်စိမ်းပမာ ဝင်းပပြီး သူ၏ လှုပ်ရှားမှုတိုင်းမှာ ညှို့ဓာတ်တစ်မျိုး ကိန်းအောင်းနေသည်။ ယင်းက ဆန့်ကျင်ဘက်လိင်များကို သူ၏ အလိုဆန္ဒအတိုင်း စေခိုင်းနိုင်စေဟန် ရသည်။

ရွှီချင်း၏ အကြည့်သည် အေးစက်လာသည်။ ညှို့ဓာတ်ပြင်းသော ထိုမိန်းကလေးသည် ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူဖြစ်ကြောင်း သူပြောနိုင်သည်။

ဤအခိုက်အတန့်မှာ အရိပ်လေးသည် သူ၏ ခြေဖဝါးအောက်မှ ပြန့်ကားထွက်လာသည်။ တစ်ချိန်တည်းမှာ နတ်စင်ပေါ်မှ ဆင်းသက်လာနေသော မိန်းမပျိုလေးသည် တစ်ဒင်္ဂ ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ ပေါ့ပါးညင်သာစွာ ဆင်းသက်လိုက်သည်။

အရိပ်လေးသည် ချက်ချင်း တုန်ယင်သွားပြီး အနောက်ပြန်ဆုတ်သွားသည်။ ရွှီချင်း၏ အကြည့်သည် ပိုပြီးအေးစက်လာသည်။

မိန်းမပျိုလေးသည် နှုတ်ခမ်းသပ်လိုက်ပြီး ပြုံးလိုက်သည်။

“ သခင်လေး… ငါတို့နှစ်ယောက်စလုံးက ဝိညာဉ်နတ်သူငယ်အဆင့်မှာဆိုပေမယ့် ငါ့နောက်ခံနဲ့ ဇစ်မြစ်ကို မင်းမသိဘူး… ငါ့စွမ်းအားကို အသုံးပြုပြီး မင်းအပေါ် အနိုင်မကျင့်ချင်ဘူး… ပြီးတော့ မင်းလို ချစ်စရာကောင်းတဲ့ ကောင်လေးကို အတင်းအဓမ္မ ငါ ဖိအားမပေးချင်ဘူး… အဲ့ဒါက ငါ့စိတ်ခံစားချက်ကို ဖျက်ဆီးပစ်လိမ့်မယ် ”

“ ဒီတော့ ငါတို့ဆွေးနွေးကြမယ် ”

“ ဈေးပြောပါ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ထိုသို့အခြေအနေမျိုးကို သူ့ဘဝမှာ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။

ထိုစဉ် လင်းအာသည် သူ၏ ကော်လံထဲမှ ခေါင်းတိုးထွက်လာသည်။ သူက အလွန်ဒေါသထွက်နေပုံပေါ်သည်။ သူ၏ မျက်လုံးထဲမှာ ရန်လိုသော အကြည့် ထွက်ပေါ်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံအားလုံးသည် ထောင်မတ်နေကြသည်။ သူက မိန်းမပျိုလေးကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

မိန်းမပျိုလေးသည် လင်းအာကို လုံးဝအာရုံမထားပေ။ သူ၏ အကြည့်က ရွှီချင်း၏ မျက်နှာမှစ၍ ခြေဖဝါးအောက်ထိ ရွေ့လျားသွားသည်။ ထို့နောက် သူက ခေါင်းပြန်မော့လိုက်ပြီး ရွှီချင်း၏ မျက်လုံးကို ကြည့်လိုက်သည်။ သူက နောက်တစ်ကြိမ် နှုတ်ခမ်းသပ်လိုက်သည်။

“ မမ မင်းအပေါ် မတရားမဆက်ဆံပါဘူး ”

မိန်းမပျိုလေးသည် သူ၏ စကားဆုံးသည်နှင့် ဘူးသီးခြောက်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ဘူးသီးခြောက်ကို လှုပ်ခါပြရင်း ပြောသည်။

“ ဒီဘူးသီးခြောက်ထဲမှာ ကျိန်စာလျှော့ပေါ့ဆေးလုံး ကိုးလုံးရှိတယ်… အစကတော့ ဆယ်လုံးရှိတာ… မကြာသေးခင်က တစ်စုံတစ်ယောက်က အနီရောင်ကောင်းကင်မီးသလင်းကျောက်အခု(၂၀)နဲ့ ဆေးတစ်လုံးကို လာဝယ်သွားခဲ့တယ်… ဒါပေမဲ့ ဒါတွေအားလုံး မမ မင်းကို ပေးမယ်… မင်း ဘယ်လိုသဘောရလဲ ”

ရွှီချင်းသည် အံ့ဩသွားသည်။

မိန်းမပျိုလေးသည် ရွှီချင်း၏ အမူအရာကို အကဲခတ်သည်။ ရွှီချင်း၏ အံ့ဩသွားသော အမူအရာကို မြင်လိုက်ရသောအခါ သူ၏ စိတ်လှုပ်ရှားမှုက တိုးပွားလာသည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်လေရာ ငွေရောင် အရိုးအပိုင်းအစတစ်ခု ထွက်ပေါ်လာသည်။ သူက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး ပြောသည်။

“ ဒီဟာက အစွမ်းထက် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်တစ်ဦးရဲ့ အရိုးဆေးလုံးပဲ… အဲ့ဒါက မင်းရဲ့မြွေလေးအတွက် အရမ်းအသုံးဝင်တယ်… မင်းလိုချင်လား ”

လင်းအာသည် ဆွံ့အသွားသည်။ ထို့နောက် သူက အရိုးကို မကြည့်မိစေရန် အကောင်းဆုံး ကြိုးစားပြီး အံတင်းတင်းကြိတ်လိုက်ကာ မိန်းမပျိုလေးကို ဒေါသတကြီး ဆက်လက် စိုက်ကြည့်လိုက်သည်။

မိန်းမပျိုလေးသည် တခစ်ခစ် ရယ်မောလိုက်သည်။ ထို့နောက် သူက နောက်ထပ် ပစ္စည်းတစ်မျိုးကို ထုတ်လိုက်သည်။ ယင်းက ရွှေရောင်ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လခြမ်းပုံသဏ္ဍာန် ရှိသည်။ ယင်းက ကျောက်ကပ်တစ်ခုနှင့် ပိုပြီးဆင်တူသည်။

“ အဲ့ဒါက ရတနာပဲ… အတိတ်တုန်းက နီလာနတ်သမီးကို ကိုက်ခဲ့တဲ့ အရူးတစ်ယောက်ရှိခဲ့တယ်… ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခဲ့တယ်… တစ်စုံတစ်ယောက်က ဒီကျောက်ကပ်ကို မမကို လက်ဆောင်အဖြစ် ပေးခဲ့တယ်… တကယ်လို့ မင်းသာ မမနဲ့ ရက်နည်းနည်းလောက် အတူတူကုန်ဆုံးဖို့ ဆန္ဒရှိတယ်ဆိုရင်… အဲ့ဒါပြီးသွားရင် ဒီဟာကို မင်းစားလိုက်တာနဲ့ ခွန်အားပြန်ပြည့်လာလိမ့်မယ် ”

ရွှီချင်းသည် ကျောက်ကပ်ကို ကြည့်လိုက်ပြီး ထပ်မံအံ့ဩသွားသည်။

လင်းအာသည် စိုးရိမ်ပူပန်လာသည်။ လီယိုဖေးသည် ဆုံးရှုံးမှုကို ခံစားမိသွားပြီး ရုတ်တရက် ရွှီချင်းကို မနာလိုဖြစ်လာသည်။

ရွှီချင်းက မည်သို့မှမတုံ့ပြန်သည်ကို မြင်သောအခါ မိန်းမပျိုလေးသည် သက်ပြင်းချလိုက်သည်။

“ လူငယ်တွေက မမရဲ့ ဆွဲဆောင်မှုကို သတိမပြုမိကြဘူးပဲ… မြွေတစ်ကောင်ကို ရတနာလို့ မှတ်ထင်နေကြတယ် ”

“ ကောင်းပါပြီ သခင်လေး… မင်းရဲ့ ယန်အဆီအနှစ်ကို သေချာဂရုစိုက်ပါ… တကယ်လို့ မင်းစိတ်ပြောင်းသွားတယ်ဆိုရင် ဒီနေရာမှာ မမကို လာရှာနိုင်တယ်… တို့နှစ်ယောက်ကြားက သဘောတူညီမှုက အမြဲတည်မြဲနေလိမ့်မယ် ”

မိန်းမပျိုလေးသည် လှည့်ထွက်သွားသည်။ သူက လမ်းလျှောက်နေရင်း သေးသွယ်သော ခါးကို ဘယ်ညာလှုပ်ယမ်းလိုက်ပြီး ဆွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးအလှကို ရွှီချင်းမြင်သာအောင် တမင်ထုတ်ဖော်ပြလိုက်သည်။ သူက နတ်စင်ပေါ်သို့ ပြန်ရောက်သွားသည့်အခါ ရွှံ့မြေခွေးအသွင်သို့ ပြန်ပြောင်းလဲသွားသည်။

သူ၏ ဘေးပတ်ပတ်လည်မှ အမူအရာကင်းမဲ့သော ရွှံ့လူသားများသည် နတ်စင်နှင့်အတူ အရှေ့သို့ ဆက်လက် ရွေ့လျားသွားကြသည်။

အေးစက်စက်လေသည် တဟူးဟူး တိုက်ခတ်နေပြီး ရွှံ့လူသားအုပ်စုသည် ချိုင့်ဝှမ်းကို ဖြတ်ကျော်သွားသည်။ မကြာမီ သူတို့က အဝေးသို့ ရောက်ရှိသွားပြီး ပျောက်ကွယ်သွားသည်။

ချိုင့်ဝှမ်းသည် တိတ်ဆိတ်သွားသည်။

ရွှီချင်းသည် ရွှံ့မြေခွေးထွက်ခွာသွားသော နေရာကို ကြည့်လိုက်သည်။ စဉ်းစားချင့်ချိန်သော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

လင်းအာသည် ရွှီချင်းကို စိုးရိမ်ကြောင့်ကြစွာ ကြည့်လိုက်သည်။ လီယိုဖေးသည် မည်သို့ပြောရမည်မှန်း မသိတော့ပေ။ သူ၏ နှလုံးသားထဲမှာ ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ အစိမ်းရောင်သဲကန္တာရထဲမှ ထွက်ခွာလာပြီးနောက် သူတွေ့ကြုံရသော ကိစ္စများသည် မယုံကြည်နိုင်စရာကောင်းလှသည်။

“ အကိုရွှီချင်း… ”

လင်းအာက တိုးတိုးလေး ပြောသည်။

“ သူ့ကိုယ်ပေါ်မှာ ကျိန်စာမရှိဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လင်းအာသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ယင်းကို လီယိုဖေးကြားသောအခါ သူ၏ နှလုံးသည် လှုပ်ခါလာသည်။

“ ဆရာသခင်ပြောချင်တာက… သူက တခြားဒေသကြီးကပေါ့ ”

ရွှီချင်းသည် ခေါင်းခါလိုက်သည်။ ရွှံ့မြေခွေး၏ ရောက်ချလာမှုသည် အလွန်ရုတ်တရက်ဆန်သည်။ သို့ဖြစ်၍ တစ်ဖက်လူက သာမန်ဖြတ်သန်းသွားလာခြင်းလော သို့မဟုတ် ဤနေရာသို့ အထူးတလည် ရောက်ရှိလာခြင်းလော သူမပြောနိုင်ပေ။

ထို့ပြင် တစ်ဖက်လူ ထုတ်ယူလိုက်သော ပစ္စည်းအားလုံးသည် အလွန်ထူးခြားသည်။ သူက ကျိန်စာလျှော့ပေါ့ဆေးလုံးတစ်လုံးကို ရောင်းခဲ့သည်ဟု ပြောသည့်အခါ ရွှီချင်းက အနည်းငယ် တုံ့ဆိုင်းသွားသည်။ တစ်ဖက်လူက လပုန်ကန်ခန်းမတွင် သူအလဲအလှယ်လုပ်ခဲ့သောလူ ဟုတ်မဟုတ် မသေချာပေ။

ထို့ပြင် ရွှေရောင်ကျောက်ကပ်က…

ရွှီချင်းသည် တုံ့ဆိုင်းနေသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ဤနေရာသည် အချိန်ကြာကြာနေရန် မသင့်တော်ပေ။

သို့ဖြစ်၍ သူက အနောက်လှည့်လိုက်ပြီး ဆန့်ကျင်ဘက် ဦးတည်ရာသို့ အရှိန်တင်လိုက်သည်။ လီယိုဖေးသည် အနောက်မှ အမြန်ပြေးလိုက်သွားသည်။ မကြာမီ သူတို့က ချိုင့်ဝှမ်းထဲမှ ထွက်ခွာသွားကြသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး လဝက်ကုန်လွန်သွားပြန်သည်။

ထိုလဝက်အချိန်အတွင်း ရွှီချင်းသည် ကြက်တူရွေးလေး၏ ညွှန်ပြမှုနောက်သို့ လိုက်သွားခဲ့သည်။ သို့သော်လည်း နေ့တိုင်း သူက လီယိုဖေးကို လေ့လာရန် အချိန်တချို့ ဖယ်ချန်ထားသည်။ သူက လီယိုဖေးကို အစမ်းသပ်ခံအဖြစ် သဘောထားပြီး ကျိန်စာလျှော့ပေါ့ဆေးလုံးကို အဆင့်မြှင့်တင့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

ပထမတော့ လီယိုဖေးသည် အလွန်စိုးရိမ်ကြောင့်ကြသည်။ သို့သော်လည်း ရက်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် သူက တဖြည်းဖြည်း စိတ်အေးလက်အေး ဖြစ်လာသည်။

မည်သို့ဖြစ်ပါစေ သူက ကျိန်စာလျှော့ပေါ့ဆေးလုံးကို နေ့တိုင်း သောက်သုံးနေရသည်မဟုတ်ပါလော။ ထိုဆေးလုံးသည် သူ့ကိုယ်သူရောင်းချလျှင်ပင် ဝယ်ယူနိုင်သောအရာ မဟုတ်ပေ။

All Chapters