← Chapters

အခန်း (၃၃၂)

Vol. 29 Ch. 332

အခန်း (၃၃၂)

Vol. 29 Ch. 332

တစ်နာရီခန့် အချိန်ဆွဲပြီးသော အခါတွင် ကျန်းကောစံအိမ်၏ စံအိမ်သခင်က နောက်ဆုံးတွင် သူ၏ခြံဝန်းထဲမှ အရှေ့ခန်းမသို့ ထွက်လာခဲ့ပါ၏။ ထိုအချိန်တွင်တော့ မာဟန်းထောင်မှာ စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပါသည်။

“စံအိမ်သခင်ကို ဂါရဝပြုပါတယ်။” မာဟန်းထောင်က မတ်တပ်ရပ်လိုက်ပြီးနောက်တွင် အရာအရှိမင်းအား တရိုတသေနှင့် အရိုအသေပေး လိုက်ပါသည်။

လူအိုကြီးဟူ ကလည်း စံအိမ်သခင်၏ နံဘေးမှ ကပ်လျက်လိုက်ပါ လာခဲ့ပါ၏။ သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ တစ်ချက်ပင်မကြည့်ဘဲနှင့် စံအိမ်သခင်က အမြင့်ဆုံးရှိခုံတွင် ထိုင်လိုက်ပါသည်။ မာဟန်းထောင်မှာ သူ့နေရာသူ သိသည့်အလား အောက်တွင်သာ မတ်တပ်ရပ်နေခဲ့ပါ၏။

စံအိမ်သခင်က အကြမ်းပန်းကန်လုံးကို မြှောက်လိုက်ပြီး ရေနွေးကြမ်းတစ်ငုံသောက်လိုက်ပါသည်။ ထို့နောက်တွင်မှ ဖြေးညင်းစွာဖြင့် စကားဆက်ပြောလိုက်ပါ၏။

“ မင်းတို့ တောက်ဟီအိမ်တော်က မြွေဖြူလမ်းကြောင်းမှာ အင်အားကြီးတဲ့ အင်အားစုတစ်ခုပဲ မဟုတ်ဘူးလား။ မြွေဖြူလမ်းကြောင်းကို ထားခဲ့ပြီးတော့ ကျန်းကောစံအိမ်အထိလာပြီး ကျုပ်ကိုတွေ့ချင်တာက ဘာရည်ရွယ်ချက်နဲ့လဲ”

“ လူကြီးမင်းခင်ဗျား ကျုပ်က ကျန်းကောစံအိမ်ကို လာတယ်ဆိုတာကလည်း တောင်းဆိုချင်တာရှိလို့ပါ”

မာဟန်းထောင်က ကွေ့ဝိုက်မနေဘဲ ဆိုလိုရင်းကိုသာ ပြောလိုက်ပါသည်။

“ ဟွာမိသားစု၊ မူမိသားစု၊ တောက်ဟီအိမ်တော်တို့ရဲ့ ကိုယ်စားပြုအနေနဲ့ စစ်ဆေးရေးမှူး လီဟမ်ရှန်းကို မြွေဖြူလမ်းကြောင်းကနေပြီးတော့ နေရာရွေ့ပြောင်းပေးဖို့အတွက် တောင်းဆိုချင်လို့ပါ”

ထိုစကားကြားသည်အထိ စံအိမ်သခင်က မည်သည့် ခံစားချက်မှကို မျက်နှာပေါ်တွင် မပြသသေးပါ။ ကျန်းကောစံအိမ်၏ စံအိမ်သခင်ဖြစ်သည့်အလျောက် သူက မြွေဖြူလမ်းကြောင်းတွင် ဖြစ်ပျက်နေသော အရာများကို အနည်းနဲ့အများတော့ သိထားပါသည်။

မြွေဖြူလမ်းကြောင်းကို လီဟမ်ရှန်း၏ ကိုင်တွယ်မှုက ထိုကဲ့သို့သော ထူးချွန်နေမည်ဟု သူကမထင်ထားခဲ့မိပါ။ ယခုလိုမျိုး ထူးချွန်ပြောင်မြောက်စွာ လီဟမ်ရှန်းက လုပ်ဆောင်နိုင်သောကြောင့် ကျန်းကောစံအိမ် သခင်အနေနဲ့ အံ့ဩသင့်ခဲ့ရပါသည်။ အရင်တုန်းက လီဟမ်ရှန်းက စစ်ဆေးရေးမှူး တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်လာစဉ်က သူ၏ကျင့်ကြံခြင်းမှာ ပြန်လည်မွေးဖွားခြင်းအဆင့်သာ ရှိသောကြောင့် မြွေဖြူလမ်းကြောင်းတွင် ဖိနှိပ်ခံရမည်ဟု ထင်ထားခဲ့သည့်တိုင် ယခုတွင်တော့ ထိုပြန်လည်မွေဖွားခြင်းအဆင့် စစ်ဆေးရေးမှူးကြောင့်ပဲ မြွေဖြူလမ်းကြောင်းတွင် ကြီးစိုးနေသော အာဏာရှင်မိသားစု သုံးဦးလုံးက လီဟမ်ရှန်းအား ပြောင်းရွှေ့မိန့်ပေးရန်အတွက်ပင် ကျန်းကောစံအိမ်အထိ ရောက်လာခဲ့ပြီ မဟုတ်ပါ့လား။

ထိုကဲ့သို့သော အရာမျိုးကို အောင်မြင်အောင် လုပ်နိုင်သည့် အရည်အချင်းမှာ သာမန်မျှတော့ မဟုတ်ပါချေ။

“အဓိပ္ပာယ်မရှိတာ” စံအိမ်သခင်က အေးစက်စွာဖြင့် ကြိမ်းမောင်းလိုက်ပါသည်။

“ သူတို့က စစ်ဆေးရေးမှူးတွေကွ။ သူတို့ကို သက်ဆိုင်ရာနယ်မြေဒေသတွေမှာ တာဝန်ချဖို့အတွက် အထက်ကနေပြီးတော့ အမိန့်ချထားတာကွ။ သူတို့ရဲ့ နောက်ခံက ဘာလဲ မင်းသိလား။ သူတို့ရဲ့ နောက်ခံအကုန်လုံးက အင်အားကြီးဂိုဏ်းတွေချည်းပဲ”

“ စစ်ဆေးရေးမှူး လီဟမ်ရှန်းကို မြွေဖြူလမ်းကြောင်းကနေပြီးတော့ ရွှေ့ပြောင်းမိန့်ပေးဖို့အတွက် တောင်းဆိုရအောင် မင်းတို့ကိုယ် မင်းတို့ဘာများထင်နေလဲ။ ဟမ်”

“ ကျန်းကောစံအိမ်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို ကလေးကစားစရာလို့များ မင်းတို့က ထင်နေတာလား။မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေအကုန်လုံးကို ကလေးကစားစရာလို့ မင်းတို့ ထင်နေတာလားကွ။”

စံအိမ်သခင်က လွန်စွာ ဒေါသထွက်စွာဖြင့် ပြောလိုက်ပါ၏။

“လူကြီးမင်း ခင်ဗျား” ထိုအခိုက်တွင်တော့ မာဟန်းထောင်က ဆက်လက်၍ စကားမပြောတော့ပါ။ သူက သူ၏ဝတ်ရုံစထဲမှ မှတ်တမ်းလေးတစ်ခုကို ထုတ်ယူလိုက်ပြီး လွန်စွာရိုသေသော အမူအရာဖြင့် လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ထိုစာအုပ်လေးကို ပေးလိုက်ပါသည်။ တစ်ဆက်တည်းမှာပဲ သူကပြောလိုက်ပါ၏။

“ဒီစာအုပ်ထဲမှာက ကျုပ်တို့မိသားစု သုံးစုရဲ့ ထုတ်ဖော်ချက်တွေ ပါပါတယ်။ ဒီထုတ်ဖော်ချက်တွေက လီဟမ်ရှန်းက ဘာလို့ မြွေဖြူလမ်းကြောင်းမှာ စစ်ဆေးရေးမှူးအဖြစ်နဲ့ တာဝန်မထမ်း ဆောင်သင့်ဘူးဆိုတဲ့ အကြောင်းပြချက်တွေ အကုန်လုံးကို ရေးထားပါတယ်။ လူကြီးမင်းအနေနဲ့ ဖတ်ရှုကြည့်ဖို့အတွက် မျှော်လင့်ပါတယ်ခင်ဗျ။”

လူအိုကြီးဟူက ချက်ချင်းပင် မာဟန်းထောင်၏လက်ထဲမှာ စာအုပ်လေးကို ဆွဲယူလိုက်ပြီး စံအိမ်သခင်ထံသို့ ပေးလိုက်ပါသည်။ စံအိမ်သခင်က မာဟန်းထောင်အား အေးစက်စွာဖြင့်ကြည့်နေ၏။ ထို့နောက်တွင် သူက ထိုမှတ်တမ်းစာအုပ်ကို ဖွင့်ဖတ်လိုက်ပါသည်။ အထဲတွင် ရေးထားသည်များကို မြင်ပြီးနောက်တွင် စံအိမ်သခင်၏ မျက်လုံးများမှာ ပြူးကျယ်နေရာမှ ချက်ချင်းကို ကျဉ်းမြောင်းသွားပါ၏။

ထိုအထဲတွင် ရေးထားသည်မှာ လီဟမ်ရှန်း၏ ပြစ်မှုများ ရေးထားခြင်းမဟုတ်ဘဲ မိသားစု သုံးစု၏ ဘဏ္ဍာတိုက်ထဲမှ ရွှေ၊ ငွေရတနာများ၊ ငွေကြေးများကို စာရင်းပြုလုပ်ပြီးတော့ ကျန်းကောစံအိမ်သခင်အား လာဘ်ထိုးကာ ပေးအပ်မည့် စာရင်းကို ရေးထားခြင်းဖြစ်သည်။

သူတို့ဆိုလိုသည်မှာ ဤစာအုပ်ထဲတွင် ရေးထားသည့် ငွေတုံးများ၊ ပိုင်ဆိုင်မှုများကို ကျန်းကောစံအိမ်သခင်ကို ပေးပြီး ကျန်းကောစံအိမ်သခင် အနေနဲ့ လီဟမ်ရှန်းအား တာဝန်ရွှေ့ပြောင်းရန်အတွက် လာဘ်ပေးလာဘ်ယူ လုပ်ခြင်းသာ ဖြစ်ပါ၏။

မာဟန်းထောင်က ကောင်းကောင်းကို သိပါသည်။ သူတို့တောက်ဟီအိမ်တော်မှာလဲ မူအိမ်တော်နဲ့ ဟွာအိမ်တော်လိုမျိုး သန့်ရှင်းသည့် အိမ်တော် မဟုတ်ပေ။ သူတို့၏ လုပ်ငန်းတော်တော် များများမှာ အမှောင်ရိပ်ထဲတွင် လုပ်ကိုင်ပြီး ဒုစရိုက်မှုများနဲ့ ငြိစွန်းနေသည့် အရာများစွာရှိပြီး ချမ်းသာနေသည့် မိသားစုဖြစ်ပါ၏။

လီဟမ်ရှန်းက သူတို့၏ တောက်ဟီအိမ်တော်ကို မထိသေးသည်မှာ လီဟမ်ရှန်းက မူအိမ်တော်နဲ့ ဟွာအိမ်တော်၏ ပြဿနာကို အရင်ဆုံးဖြေရှင်းနေရသောကြောင့်ပင် ဖြစ်ပါ၏။ ထိုကိစ္စများကို ဖြေရှင်းပြီးသည့်နောက်တွင် လီဟမ်ရှန်း၏ ဦးတည်ရာမှာ တောက်ဟီအိမ်တော်ဘက်သို့ လှည့်လာပြီဖြစ်ပါသည်။

အတိတ်တုန်းက တောက်ဟီအိမ်တော်က ဂရုပင်မစိုက်ပါချေ။ သူတို့က လီဟမ်ရှန်းမှာ ဓားခုတ်ကောင်တစ်ကောင်ကဲ့သို့ပင် တစ်ခဏမျှ သောင်းကျန်းခြင်းဖြစ်မည်။ အချိန်တန်လျှင် ဖယ်ရှားခံရမည် ဟုသာ တွေးထားပါ၏။ ထိုအပြင် တံခါးပိတ်ကျင့်ကြံနေသော မူကျန်းက သူ၏ကျင့်ကြံနေရာမှ ထွက်လာသည့်အခါတွင်တော့ လီဟမ်ရှန်းက လုံးဝကို သေမည်ဟု သူတို့က အပိုင်တွက်ထားပါ၏။

သို့သော် မူကျန်းက လီဟမ်ရှန်းလို ဘာမဟုတ်သည့် ပြန်လည်မွေးဖွားခြင်းအဆင့်၏ လက်ချက်အောက်တွင် သေဆုံးသွားသည်ကိုမြင်သည့် အခါတွင်တော့ မာဟန်းထောင်က စတင်၍ စိတ်ပူလာခဲ့ပါ၏။ ထိုမြင်ကွင်းမှာ လွန်စွာမှကို ကြောက်ရွံ့ဖွယ်ကောင်းပါသည်။ ထို့ကြောင့် မာဟန်းထောင်က သူ၏ ယုံကြည်မှုများကို ပျောက်ဆုံးသွားပြီးနောက်တွင် ဟွာမိသားစုနှင့် မူမိသားစုတို့နှင့် ပူးပေါင်းပြီးနောက်တွင် မိသားစုသုံးစု၏ ပိုင်ဆိုင်မှု တော်တော်များများကို ထုတ်ယူပြီး ကျန်းကောစံအိမ်သခင်အား လာဘ်ထိုးရန်အတွက် ကြံစည်ခဲ့ကြခြင်းဖြစ်ပါသည်။

သူတို့က စံအိမ်သခင်က လီဟမ်ရှန်းကို မြွေဖြူလမ်းကြောင်းမှ တစ်ခြားနေရာသို့ ပြောင်းရွေ့ပေးပြီး အရင်စစ်ဆေးရေးမှူး ကိုသာ ပြန်လည် ခေါ်ဆောင်ပေးရန်အတွက် မျှော်လင့်နေခဲ့ပါ၏။ သူတို့က အရင်တုန်းက လာဘ်စားပြီးတော့ သူတို့ လိုသလိုထိန်းချုပ်၍ရသော စစ်ဆေးရေးမှူးကိုသာ သတိရ တမ်းတနေခဲ့ပါ၏။

ထို့ကြောင့် ယခုအချိန်တွင် လာဘ်ထိုးရန်အတွက် ပေးရခဲ့သည့် ငွေတုံးများ၊ ရတနာပစ္စည်းများကို မိသားစုသုံးစုက နှမြော တွန့်တိုမနေဘဲ သူတို့၏ ဘဏ္ဍာတိုက်ထဲတွင်ရှိသည့် ပိုင်ဆိုင်မှုများ၏ တစ်ဝက်တိတိကို ရက်ရက်ရောရော ထုတ်ကာ စံအိမ်သခင်ကို ပေးခဲ့ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့သော ရတနာများ၏ ပိုင်ဆိုင်မှုများစာရင်းကို ဖတ်ရှုနေသည့် စံအိမ်သခင်၏ နှလုံးသားပင်လျှင် လောဘရိပ်ကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ပါသည်။ ဒါပေမဲ့ မြေခွေးအိုကြီးဖြစ်သော စံအိမ်သခင်က စိတ်နှလုံးသားထဲမှ လောဘဇောများ တက်နေသည့်တိုင် သူ၏ မျက်နှာအမူအရာမှာတော့ မည်သည့် ခံစားချက်မျှ မတွေ့ရပါချေ။

“ မင်းတို့တင်ပြထားတဲ့ပြစ်မှု မှတ်တမ်းတွေကို ငါစစ်ဆေးလိုက်မယ်။ လောလောဆယ်မင်းပြန်လို့ရပြီ” စံအိမ်သခင်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ပါ၏။

“စံအိမ်သခင်” မာဟန်းထောင်က ပြောလိုက်သည်။

“လေးရက်အတွင်းမှာ လီဟမ်ရှန်းက ဟွာရှန်းကောနဲ့ မူစန်းကို ခေါင်းဖြတ်သတ်တော့မယ်။ အခုအခြေအနေတွေက အရေးကြီးနေတယ်လို့ ပြောလို့ရပါတယ်။”

ဟွာရှန်းကောနဲ့ မူစန်း၏ သေဆုံးမှုမှာ တောက်ဟီအိမ်တော် တစ်ခုတည်းကိုသာ အမြတ်အစွန်းရစေလိမ့်မည် ဖြစ်ပါ၏။ ဒါပေမဲ့ ထိုနှစ်ဦးသေသွားပါက ဟွာမိသားစုနဲ့ မူအိမ်တော်ကလည်း ထောက်ပံ့ပေးမှုများ ရပ်ဆိုင်းသွားမည် ဖြစ်ပါ၏။ ထိုကဲ့သို့သော ထောက်ပံ့ပေးမှုများရပ်ဆိုင်းသွားမည့် အခြေအနေကို တောက်ဟီအိမ်တော်က မလိုလားပါချေ။

သူတစ်ဦးတည်းနဲ့ လီဟမ်ရှန်းကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ယခုအချိန်တွင်တော့ မိသားစုသုံးစုလုံးက တစ်လှေတည်းစီး တစ်ခရီးတည်း သွားသည့်အလား ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မာဟန်းထောင်က သူ့စိတ်ထဲ၌ မူစန်းနဲ့ ဟွာရှန်းကောအား သေစေချင်နေသည့်တိုင် ကာကွယ်ပေးရန်သာ တတ်နိုင်ပါတော့၏။

“ကျုပ်နားလည်ပြီ” စံအိမ်သခင်က စိတ်မရှည်စွာပြောလိုက်ပါ၏။

“ဒါဆိုရင်လဲ ကျွန်တော်မျိုး သွားလိုက်ပါဦးမယ်”

မာဟန်းထောင်မှာ ထွက်သွားရန်မှ တစ်ပါးရွေးချယ်စရာမရှိခဲ့ပါ။ မာဟန်းထောင် ထွက်သွားပြီးသည့်နောက်တွင် စံအိမ်သခင်က သူ့နံဘေးတွင်ရှိသော လူအိုကြီးဟူအား မှတ်တမ်းစာအုပ်ကို ကမ်းပေးလိုက်ပါ၏။

ထိုအချိန်မှသာ စံအိမ်သခင်၏ မျက်နှာအထက်တွင် ပြုံးဖြီးနေသည့် မျက်နှာအပြုံးကို မြင်ရမည်ဖြစ်သည်။ လူအိုကြီးဟူက လွန်စွာသတိထားစွာ စာအုပ်ကိုယူလိုက်ပြီး အတွင်းတွင်ရေးမှတ်ထားသည့် ငွေကြေးများ ရတနာပစ္စည်းများ၏စာရင်းကို ကြည့်လိုက်ပါ၏။ သူဖတ်ရှုပြီးသည့်အခါတွင် သူက အသက်ကို အငမ်းမရ ရှုလိုက်ပါ၏။

“သခင်ကြီး ဒီမိသားစုသုံးစုလုံးက ဒီတစ်ခါတော့ တကယ်ကြီးကို လုပ်နေတာပဲဗျ”

လူအိုကြီးဟူက သူတို့အား ထိုမျှလောက်များပြားသည့် ရတနာပစ္စည်းများ၊ ငွေကြေးများကို ပေးမည်ဟု မထင်ထားခဲ့ပါ။ မိသားစုသုံးစုက စုပေါင်းပြီး ပေးအပ်သော ရတနာများ၏ စုစုပေါင်းတန်ဖိုးမှာ ငွေတုံးငါးမီလီယံတောင် ကျော်ပါ၏။ ယင်းမှာ အမှန်တကယ်ကို များပြားလှသော ပမာဏပင်ဖြစ်ပါသည်။

“ကြည့်ရတာ သူတို့တွေက လီဟမ်ရှန်းကို တော်တော်လေးကို ကြောက်နေတဲ့ပုံပဲ” စံအိမ်သခင်က လန်းဆန်းတက်ကြွ နေသည့် လေသံနှင့် ပြောလိုက်ပါ၏။

“ ဒါပေမဲ့ အဲ့ဒီ လီဟမ်ရှန်းရဲ့ လုပ်ရပ်တွေက ငါထင်ထားတာထက်ကို အများကြီးကို ကျော်လွန်နေတာပဲ”

“ဒါဆိုရင်တော့ သခင်ကြီးက ဘာလုပ်ဖို့ စဉ်းစားထားပါလဲ။” လူအိုကြီးဟူက လျင်မြန်စွာဖြင့် မေးလိုက်ပါ၏။ “ဟင် ငါက ဘာလုပ်ရမှာလဲ။” စံအိမ်သခင်က သူ၏စားပွဲကို လက်ညှိုးနဲ့တောက်လိုက်ပြီး ပြောလိုက်ပါ၏။

“လီဟမ်ရှန်းက စစ်ဆေးရေးမှူး ဖြစ်နေပေမယ့် သူရဲ့တာဝန်တွေကို သူက လျစ်လျူရှုထားတယ်။ ပြီးတော့ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းရဲ့ နေရာက မြွေဖြူလမ်းကြောင်းမှာ မဟုတ်ဘူး။ အဲ့တော့ လီဟမ်ရှန်းကို သူ့ရဲ့ တကယ်တာဝန်ကျတဲ့ ကျားနက်ရေကန်ကို ပြန်ပို့ကြတာပေါ့။ မြွေဖြူလမ်းကြောင်းကို နဂိုက သတ်မှတ်ထားတဲ့ စစ်ဆေးရေးမှူးကို သူ့နေရာသူ ပြန်ပို့လိုက်မယ်လေ။ အဲ့တာဆိုရင် ပြဿနာတွေ အကုန်လုံးက ရှင်းပြီးသွားပြီ မဟုတ်ဘူးလား”

လူအိုကြီးဟူက တစ်ချက်ပြုံးလိုက်ပေမယ့် စကာဆက်မပြောပါ။ အတိတ်တုန်းက မြွေဖြူလမ်းကြောင်းကို စစ်ဆေးရေးမှူး ဖန်ကျစ်လျိုက စီမံခန့်ခွဲကာ ကိုင်တွယ်ခြင်းဖြစ်ပါသည်။

ယခုစံအိမ်သခင်က ဖန်ကျစ်လျိုအား စစ်ဆေးရေးမှုးအဖြစ် ပြန်ခေါ်မည်ဆိုသောကြောင့် လီဟမ်ရှန်းက သူ၏မူရင်းနေရာဖြစ်သော ကျားနက်ရေကန်သို့ ပြန်သွားရတော့မည်ဖြစ်၏။ ယခုတွင် ကျားနက်ရေကန်မှာ အတိတ်တုန်းက တည်ငြိမ်ကာ အေးချမ်းနေသော်လည်း ဖန်ကျစ်လျို၏ ကျေးဇူးကြောင့် ကျားနက်ရေကန်မှာ ရုန်းရင် ဆန်ခတ်များ လာဘ်စားမှုတွေဖြစ်ပြီး ဖြစ်ချင်တိုင်း ဖြစ်နေခဲ့ပြီလေ။

All Chapters