အခန်း (၃၃၅)
Vol. 29 Ch. 335
လီဟမ်ရှန်း၏ သတ်ဖြတ်လိုသော အကြည့်ကို လွှမ်းခြုံခြင်း ခံလိုက်ရသောကြောင့် ဝတ်ရုံဝါဝတ်ထားသော လူက လွန်မင်းစွာကို ထိတ်လန့်ကြောက်ရွံ့နေခဲ့ပါ၏။ သူ့လိုမျိုး မူလ အဆင့်သိုင်းပညာရှင်တစ်ယောက်က ဘာမဟုတ်တဲ့ ပြန်လည် မွေးဖွားခြင်းအဆင့် အထွတ်အထိပ်လေးက သတ်ဖြတ်လိုစိတ် နဲ့ ကြည့်လိုက်တာနဲ့တင် ကြက်သီးဖြန်းဖြန်းထအောင် ကြောက်ရွံ့ နေရတယ်တဲ့လား။
ပြီးတော့ အဲ့ဒီ ဘာမဟုတ်တဲ့ ပုရွတ်ဆိတ်လို ကောင်က သူ့ကိုသတ်မယ်လို့တောင် ခြိမ်းခြောက်နေသေးတယ်။
“အတင့်ရဲလိုက်တာ”
ဝတ်စုံဝါဝတ်လူ၏ အကြည့်ကလည်း ချက်ချင်းပင် ရုတ်ရင်း ကြမ်းတမ်းမှုနဲ့ ပြည့်နှက်သွားပါ၏။ သူ၏ အမြင်တွင်တော့ လီဟမ်ရှန်းမှာ အမှန်တကယ်ကို မာနကြီးနေ ခြင်းသာ ဖြစ်ပါသည်။
“ငါမလုပ်ရဲဘူးလို့ တကယ်ထင်နေတာလား” လီဟမ်ရှန်းက တစ်ချက်ရယ်ပြီးပြောလိုက်ပါ၏။
“ ခင်ဗျား ကြိုးစားကြည့်ချင်တယ် ဆိုလို့ရှိရင် ခင်ဗျားနောက်က အစောင့် တွေကို ခြေတစ်လှမ်းတိုးခိုင်းလိုက်လေ”
“ ဒါကတော့…” ထိုအခိုက် မှာပင် ဝတ်စုံဝါဝတ်လူက လီဟမ်ရှန်း၏ကို ရင်ဆိုင်ရမည်မှာ ကြောက်ရွံ့လာခဲ့ပါ၏။ ဒါပေမဲ့ သူဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကို သတိရသွားခဲ့ပါသည်။ ဝတ်စုံဝါဝတ်လူက ဆက်ပြောလိုက်ပါ၏။
“လီဟမ်ရှန်း မင်း စံအိမ်သခင်ရဲ့ အမိန့်ကို ဖီဆန်ရဲတာလား။ မင်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း ရဲ့ တပည့်တစ်ယောက်ဆိုပေမယ့် မင်းတာဝန်ယူမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာက မြောက်ပိုင်းအေးခဲ နိုင်ငံတော်နော်။ မင်းတို့ဂိုဏ်း ပိုင်နက်ဖြစ်တဲ့ မင်းဟုန်ခရိုင် မဟုတ်ဘူး”
“ မင်းက ဒီမှာ စစ်ဆေးရေးမှူးအဖြစ် လုပ်နေတာက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းအတွက် ကောင်းမှုရမှတ် တွေကို စုဆောင်းပေးနေတာပဲ။ မင်း ဒီမှာ ရုတ်ရုတ်လုပ်ပြီး ပြဿနာရှာလို့ရှိရင် ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက ကောင်းမှုရမှတ်တွေ မရဘဲနဲ့ နစ်နာမယ်နော်”
“ မင်းသေချာ ပြန်စဉ်းစားဦး။ မင်းက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းရဲ့ အပြစ်သား ဖြစ်သွားမယ်။ ကိုယ့်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို မင်းကြောင့် မပျက်စီးပါစေနဲ့။ အချိန်ကျလာလို့ ရှိရင် မင်းက မင်းရဲ့ဂိုဏ်းကို ဘယ်လိုမျိုး ရင်ဆိုင်မလဲ။ မင်းရဲ့ ဆရာသခင်ကို ဘယ်လိုမျိုး ရင်ဆိုင်မလဲဆိုတာ ငါသိပ်သိချင် တာပဲ”
ဝတ်စုံဝါဝတ်လူက ကျယ်လောင်စွာဖြင့် အော်ဟစ် လိုက်ပါ၏။ ထိုကဲ့သို့သော စွပ်စွဲမှု၊ ခြိမ်းခြောက်မှုများက လီဟမ်ရှန်းပေါ်သို့ ဆက်တိုက်ကို ဖုံးလွှမ်းသွားခဲ့ပါ၏။ စစ်ဆေးရေးမှူးအဖြစ် ဆောင်ရွက်ခြင်းသည် လူသားမျိုးနွယ်၏ အကျိုးကို ဆောင်ရွက် ခြင်းဖြစ်ပါ၏။
စစ်ဆေးရေးမှူးတိုင်းက ကောင်းမှုရမှတ်များကို စုဆောင်းနိုင်ပြီး နောက်ပိုင်းတွင် ထန်းဟိုင်မြို့က သက်ဆိုင်ရာ စစ်ဆေးရေးမှူး၏ ဂိုဏ်းများကို ကောင်းမှုရမှတ်များ ခွဲဝေ ပေးပြီး လိုချင်သည့် ပစ္စည်းများနဲ့ လဲလှယ်ခွင့်ပြုပါသည်။ ပုံမှန် အတိုင်းဆိုလျှင် စံအိမ်သခင်က ဂိုဏ်းများ၏ လုပ်ဆောင်မှုကို ဘာမှပြဿနာမရှာဘဲ ထျန်းဟိုင်မြို့အား ကောင်းမွန်သော အခြေအနေကိုသာ တင်ပြလေ့ရှိပါသည်။
ဒါပေမဲ့ ကျန်းကော စံအိမ်သခင်က သက်သက်မဲ့ ညစ်ပတ်ပြီး လီဟမ်ရှန်း၏ လုပ်ဆောင်ချက်က မကောင်းမွန်ပါဟု ထျန်းဟိုင်မြို့ကို သတင်းပို့ခဲ့ပါက ရှေးဟောင်း တာအိုတောင်တန်းဂိုဏ်းရရှိမည့် ကောင်းမှုရမှတ်များကို အမှန်တကယ်ကို ထိခိုက်စေမည် ဖြစ်ပါသည်။
ရှေးဟောင်းတာအိုတောင်တန်း ဂိုဏ်းအတွက် ထိုအရာက လူသိရှင်ကြား ပျံ့နှံ့သွားပါက လွန်စွာအရှက်တကွဲ အကျိုးနည်းဖြစ်ပြီး မျက်နှာပျက်ရမည့် အခြေအနေဖြစ်ပါ၏။
ဝတ်စုံဝါဝတ်နဲ့လူက ထိုကဲ့သို့သော အခြေအနေမျိုးရောက် အောင်လုပ်ချလိုက်မည်ဟု လီဟမ်ရှန်းက လုံးဝမမျှော်လင့် ထားခဲ့မိပါ။ လီဟမ်ရှန်းက မျက်မှောင်ကျုံ့လိုက်ပါ၏။ သူ့ကြောင့်သာ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက ကောင်းမှုရမှတ် အနည်းငယ်သာ ရရှိမည်ဆိုပါက အမှန်တကယ် ကို ပြဿနာဖြစ်မည် ဖြစ်ပါ၏။
ဒါပေမဲ့ သူက ဟွာမိသားစုနဲ့ မူမိသားစုအိမ်တော်က ဒီလူများကို ယနေ့ မသတ်လျှင် မြွေဖြူ လမ်းကြောင်းက သာမာန် ပြည်သူများကို ဘယ်လို မျက်နှာပြ ရပါ့မလဲ။
ထိုအခိုက်တွင် ဘေးပတ်ပတ်လည်မှ စောင့်ကြည့်နေ ကြသော သာမာန်ပြည်သူများ၏ မျက်နှာမှာလည်း စတင်၍ စိတ်ပူလာခဲ့ပြီ ဖြစ်ပါသည်။
ယခုလိုမျိုး ဂိုဏ်းနှင့်ချီနှောင်ကာ ခြိမ်းခြောက်သည့် လုပ်ရပ်ကြောင့် လီဟမ်ရှန်းက မူအိမ်တော်နှင့် ဟွာအိမ်တော်၏ခေါင်းဆောင်များကို ယနေ့တွင် သတ်ဖြတ်နိုင် ပါတော့ မလားဆိုတာ မသေချာတော့ ပါချေ။ ဒါပေမဲ့ လီဟမ်ရှန်း၏ မျက်ဝန်းများတွင် တွေဝေမှုများက တစ်ခဏတာ ဖြတ်ပြေးသွားပြီးနောက်တွင် သူက ခိုင်မာသည့်လေသံနဲ့ အော်ဟစ်လိုက်ပါ၏။
“သတ်”
“သတ်” ဟူသောစကားကသာ ပဲ့တင်သံဟိန်းကာ ထွက်သွားခဲ့ ပါ၏။ ဟွာမိသားစုနှင့် မူမိသားစုတို့၏ လူများ၏ မျက်နှာအမူ အရာက ချက်ချင်းကို ပြောင်းလဲသွားပါသည်။ သူတို့က လီဟမ်ရှန်း၏ ဆုံးဖြတ်ချက်က ဝေဝါးတော့မည့် အရိပ် အယောင်ကို တွေ့လိုက်ရပါ၏။
ဒါပေမဲ့ ထိုအရိပ်အယောင် တစ်ချက်ပေါ်ပြီး ချက်ချင်းကို ပျောက်သွား ပြီးသည့် နောက် သူတို့ကိုသတ်ရန်ပင် လီဟမ်ရှန်းက မဆုတ်မရွံ့ ကိုပင် ဆုံးဖြတ်ချက်ချခဲ့ပါ၏။
ဖြစ်နိုင်တာက သူက သူ့ရဲ့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုတောင် လုံးဝ မစဉ်းစားတော့တာ များလား။
“လီဟမ်ရှန်း မင်းသေချာတွေးနော်” အဝါရောင်ဝတ်စုံ ဝတ်ထား သည့် လူကလည်း ထိတ်လန့်စပြုလာပါပြီ။
လီဟမ်ရှန်းက ဘာကြောင့် ခြိမ်းခြောက်လို့ မရရတာလဲ။ ဒီလူမှာ အားနည်းချက်ဆိုပြီး မရှိဘူးလား။
“ မင်း ဒီနေ့ ဒီလူတွေကို သတ်မယ်ဆိုလို့ရှိရင် ငါ ချက်ချင်းကို စံအိမ်သခင်ကို သွားပြီး သတင်းပို့မှာနော်။ ဝတ်စုံဝါဝတ်နဲ့လူက ခပ်မြန်မြန် ပြောလိုက်ပါ၏”
လီဟမ်ရှန်းက ဟွာမိသားစုနှင့် မူမိသားစုကလူများကို သတ်ဖြတ်လိုက်ပါက စံအိမ်သခင်ကို သူဘယ်လိုများ ရှင်းပြရပါ့မလဲ။
“ကျန်းကောစံအိမ်က စံအိမ်သခင်လေးက ဒီလိုမျိုး လွှမ်းမိုးနိုင်စွမ်းရှိမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား။ စံအိမ်သခင်က ဒီကိစ္စကို မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ဌာနကို ပို့တယ်။ ပို့တဲ့ အတွက်ကြောင့်မို့လို့ စံအိမ်သခင်မှာ အဆက်အသွယ်ရှိပြီး အဲဒီ ပို့တဲ့သတင်းက အရှင်မင်းမြတ်ရဲ့ စားပွဲအထိကို ရောက်လာမယ် ဆိုရင်တောင်မှ အရှင်မင်းမြတ်က ဒီအတိုင်း ထိုင်နေမှာ မဟုတ်ဘူး”
“ အရှင်မင်းမြတ်က ဒီကိစ္စကို စုံစမ်းစစ်ဆေးမှု လုပ်မှာပဲ။ အရှင်မင်းမြတ်ရဲ့ ခွင့်ပြုချက် တံဆိပ်တုံးမပါလို့ရှိရင် ဒီသတင်းက ထျန်းဟိုင်မြို့ကို ရောက်မယ်လို့ မင်းတကယ်ပဲ ထင်နေတာလား။ ဟမ် ကျန်းကော စံအိမ်ရဲ့ ဘာမှမဟုတ်တဲ့ သေးငယ်တဲ့ အရာရှိမင်းလေး က ဒီလောက်ထိကြီးမားတဲ့ လွှမ်းမိုးအုပ်ချုပ်မှု ကို ရထားတယ်ဆိုတာ ငါဘာလို့ မသိရတာလဲ။ ပြောပြစမ်းပါဦး”
ထိုအခိုက်မှာပင် ဝိုင်းဝန်းကြည့် နေသည့် လူထုထဲမှ ကျယ်လောင်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် အသံတစ်သံက ထွက်ပေါ်လာခဲ့ပါ၏။
“ဘယ်ကောင်က ကျန်းကောစံအိမ် သခင်ကို ဒီလိုမျိုး ပြောရဲရတာလဲ။ သေချင်နေ ပြီလားကွ။” ဝတ်စုံဝါဝတ်လူ၏ အနောက်တွင်ပါလာသော ချပ်ဝတ်တန်ဆာ အပြည့်နဲ့ စစ်သားတစ်ဦးက အော်ဟစ်လိုက် ပါ၏။
ထိုကဲ့သို့ ရဲတင်းစွာ ပြောလိုက်သည့်သူက မည်သူ ဖြစ်သနည်း ဆိုတာကို လီဟမ်ရှန်းကိုယ်တိုင်ပင် စိတ်ဝင်စား သွားခဲ့ပါသည်။
“ငါပဲ”
သိပ်မကြာခင် လူအချို့က ဝိုင်းအုံကြည့် နေသော လူအုပ်များကြားထဲမှ ထွက်ပေါ်လာခဲ့ပါ၏။ ဦးဆောင်လာသူမှာ လူငယ်လေးတစ်ဦးဖြစ်ပါသည်။ ထိုသူကို နံဘေးတွင် အစေခံတစ်ဦးက စက္ကူထီးတစ်ခုကို ကိုင်ကာ ဆောင်းပေးထားပါသည်။
“တော်တော်သတ္တိရှိနေတာပဲ။ စံအိမ်သခင်ကိုတောင် မကောင်းပြောရဲတယ်။ မင်းနာမည် ပြောစမ်း။” ဝတ်စုံဝါဝတ်လူက မောက်မာသည့်လေသံနဲ့ အော်လိုက်ပါ၏။ ထိုလူငယ်လေးက တစ်ချက်ပြုံးပြီးနောက်တွင် ပြောလိုက်ပါ၏။
“ငါ့နာမည်ကို မေးနေတာဟုတ်လား။ ငါပြောလို့ရပါတယ်။ ဒါပေမဲ့ မင်းက ငါ့နာမည်ကို သိဖို့အတွက် သတ္တိရှိလို့လား။”
“တော်တော်မောက်မာနေတဲ့ကောင်ပဲ။ မင်းကို ငါ ဖမ်းပြီးသွားလို့ရှိရင် စံအိမ်သခင်အရှေ့ကို ခေါ်သွားမယ်။ အဲ့ဒီအချိန်ကျလို့ရှိရင် မင်းက ငါ့ခြေသလုံးကို ဖက်ပြီး တောင်းပန်မလား ဆိုတာကို ကြည့်ကြသေးတာပေါ့။”
ဝတ်စုံဝါ ဝတ်လူက လှောင်ပြောင်လိုက်ပါသည်။ ကျန်းကောစံအိမ် နယ်မြေအတွင်း၌ စံအိမ်သခင်ထက် ဘယ်သူကများ ပိုပြီးတော့ ရာထူးကြီးပါသနည်း။
“ မင်း မကြောက်ဘူးဆိုရင်တော့ ငါ့နာမည်ကို ပြောပြပေးရတာပေါ့။ ငါ့နာမည်က “ယင်ကျီရွှမ်”လို့ ခေါ်တယ်” လူငယ်လေးက သူ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်ပါသည်။
“မင်းလိုမျိုး စံအိမ်သခင်ရဲ့ လက်ထောက်စစ်သူကြီးက ဒီနာမည်ကို ကြားဝံ့သလား ဆိုတာကို ငါသိပ်သိချင်လိုက်တာ”
“ယင်ကျီရွှမ်” ဝတ်စုံဝါဝတ်လူက ထိုနာမည်ကို အနည်းငယ် မရင်းမနှီး ဖြစ်နေခဲ့ပါ၏။ ထိုအမည်ကို သူ လုံးဝ မကြားဖူးခဲ့ပါ။ ဒါပေမဲ့ နောက်တစ်ခဏတွင်တော့ ထိုဝတ်စုံဝါဝတ်လူ၏ မျက်နှာက ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါ၏။
“ယင်”မျိုးရိုး “ယင်”မျိုးရိုးမှာ တော်ဝင်မိသားစုတွင်သာ ရှိသော မျိုးရိုးဖြစ်ပါသည်။ မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင် “ယင်”မျိုးနွယ်များမှာ တော်ဝင်မိသားစု တစ်စုတည်းသာရှိ၏။
“မင်းသား” ချက်ချင်း ပင်လျှင် သူ့နံဘေးတွင်ရှိသော စစ်သားများက ဒူးထောက်ချ လိုက်ပါ၏။ ဝတ်စုံဝါဝတ်လူက ယင်ကျီရွှမ်ကို သတိမထားမိ သော်လည်း ထိုနာမည်ကို ကြားသော စစ်သားများအားလုံးက ချက်ချင်းပင်လျှင် ဒူးထောက်ချလိုက်ပါ၏။
“မင်းသား ဆယ့်ခြောက်ကို ဂါရဝပြုပါတယ်။
မင်းသား ဆယ့်ခြောက်ကို ဂါရဝပြုပါတယ်။”
ကျန်သောစစ်သားများ ကလည်း လွန်စွာထိတ်လန့်သွားပြီး ခပ်မြန်မြန်ပင် ယင်ကျီရွှမ်အား ဒူးထောက်ချကာ အရိုအသေပေးလိုက်ပါသည်။ ဝတ်စုံဝါဝတ်လူ တစ်ဦးတည်းကသာ အူကြောင်ကြောင်နဲ့ ကျန်နေခဲ့ပါ၏။