← Chapters

အခန်း (၃၃၆)

Vol. 29 Ch. 336

အခန်း (၃၃၆)

Vol. 29 Ch. 336

ဒီမောက်မာတဲ့လူက မြောက်ပိုင်းအေးခဲ နိုင်ငံတော်ရဲ့ မင်းသား ဆယ့်ခြောက် တဲ့လား။ ကျန်ရှိနေသော ပြည်သူများကလည်း မင်းသား ဆယ့်ခြောက် အား ဒူးထောက်ချကာ အရိုအသေ ပေးလိုက်ပါသည်။

ထိုသူက လက်ရှိမင်းသားဖြစ်၏။ ဒူးမထောက်ရဲဘဲ ဘယ်သူကနေမှာလဲ။ မင်းသားတစ်ပါး ရောက်လာသည့် ဖြစ်ရပ်ကြောင့် လီဟမ်ရှန်းက အနည်းငယ် အံ့ဩသွားပါ၏။

ဒီလိုမျိုး ရာထူးဂုဏ်သိမ် ကြီးမားတဲ့ မင်းသားက မြွေဖြူလမ်းကြောင်းကို ဘာဖြစ်လို့ ရုတ်တရတ် ရောက်လာရတာလဲ။

အခြေအနေက ဘာကြီးတုံး။ မင်းသားက တိုင်းခန်းလှည့်လည် လာတာများလား။

“သတ္တိရှိလိုက်တာ မင်းသားရှေ့မှာတောင်မှ ဒူးမထောက်ရဲသေးဘူးပေါ့လေ။” ယင်ကျီရွှမ်၏ အနောက်တွင်ရှိသော အစေခံတစ်ဦးက ပြောလိုက်ပါ၏။ ထို့သို့ပြောပြီးနောက်တွင် သူက လက်ထဲတွင် ရှိသော မင်းသာအမိန့်ပြားကို ပြလိုက်ပါ၏။

မင်းသားအမိန့်ပြား ကိုမြင်သည့်နှင့် ဝတ်စုံဝါဝတ်လူက လွန်စွာကြောက်လန့်သွားပြီး မြင်းပေါ်မှပြုတ်ကျသွားပါ၏။ ထို့နောက်တွင် သူက မြေပြင်တွင် လေးဖက်ထောက်ပြီး နောက်တွင် မင်းသား၏ခြေထောက်ကို သူ၏နဖူးနဲ့ ဦးတိုက်ပြီး တုန်လှုပ်စွာပြောလိုက်ပါ၏။

“ကျုပ် မျက်လုံးကန်းသွားပါတယ်ဗျာ။ မင်းသားလေးရောက်လာတာကို မသိလိုက်ဖူး။ ကျုပ်က သေဖို့ ထိုက်တန်ပါတယ်။ ကျုပ်က သေဖို့ ထိုက်တန်ပါတယ်။”

သူကမူလအဆင့်ဖြစ်နေပြီးကျန်းကောစံအိမ်၏ လက်ထောက်စစ်သူကြီး ဖြစ်နေသည့်တိုင် မြောက်ပိုင်းအေးခဲ နိုင်ငံ၏ တော်ဝင်မိသားစု ရှေ့တွင်တော့ သူက ဘာမှမဟုတ် ပချေ။ မင်းသားက သူ့ကို သေစေချင်ပါက သူက မနက်ဖြန် နေထွက်မည်ကို မြင်ရတော့မည် မဟုတ်ပါ။

ယင်ကျီရွှမ်က ဖြေးညင်းစွာဖြင့် လမ်းလျှောက်လာပြီး လှောင်ပြောင်လိုက်ပါ၏။

“အထက်ကို ပေးမသိဘဲနဲ့ အမိန့်တွေကို ပြောင်းတယ်။ ပြီးတော့ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းရဲ့ တပည့်ရဲ့ မူရင်းနေရာ ကနေ တစ်ခြားနေရာကို လူမသိအောင်ပို့တယ်။

ပြီးတော့ အချက်အလက်တွေ အကုန်လုံးကို အထက်ကို တင်ပြရမယ့်ဥစ္စာ မတင်ပြဘဲနဲ့ ဖွက်ထားတယ်။ ကြည့်ရတာ ကျန်းကောစံအိမ်ရဲ့ စံအိမ်သခင်က တော်တော်လေးကို သတ္တိရှိနေပုံပဲ။”

ထိုစကားကို ကြားရသည်နှင့် ဝတ်စုံဝါဝတ်လူက ချွေးစီးများကြလာပြီး လွန်စွာကြောက်လန့် နေခဲ့ပါပြီ။ သူက စကားတစ်ခွန်းကိုမှ မပြောရဲတော့ပါ။ ဟွာမိသားစုနဲ့ မူအိမ်တော်တို့၏ မျက်နှာများ မှာလည်း ဖွေးဆွတ်သွားခဲ့ပါ၏။

ယခုလိုမျိုး အခြေအနေက ချက်ချင်း ပြောင်းလဲသွားမည်ဟု သူတို့က မထင်ထားခဲ့မိပါ။ သူတို့အတွက် ဒီနေ့ သေဘေးမှ လွတ်မည်ဟု လုံးဝတွေးထား ကာ စီစဉ်ထားသည့် အစီအစဉ်များက မင်းသားတစ်ပါး ရောက်လာသည်နှင့် အားလုံးပျက်စီး သွားခဲ့ပါပြီ။

ဘယ်လို ဖြစ်ပြီးတော့ မြောက်ပိုင်းအေးခဲ နိုင်ငံတော်ရဲ့ မင်းသား တစ်ပါးက ဒီလိုမျိုး တောကြိုအုံကြားမှာ ရုတ်တရတ် ပေါ်လာရတာလဲ။ သူရောက်လာရတဲ့ အကြောင်းပြချက်က ဘာများလဲ။

“စစ်ဆေးရေးမှူးလီ” ယင်ကျီရွှမ်က လီဟမ်ရှန်းအား တစ်ချက်ကြည့်ပြီးနောက်တွင် အံ့ဩသင့်ဖွယ်ကောင်းစွာ အပြုံးမျက်နှာနဲ့ ပြောလိုက်ပါ၏။ ထို့နောက်တွင် သူက အနားသို့တိုးလိုက်ပါသည်။

သူ့အရှေ့တွင် ရှိသောလူက လီချန်ချင်း၏ သားဖြစ်၏။ လီချန်ချင်း၏ ဂုဏ်ပုဒ်ကို ခဏထားလိုက်ပါဦး။ လီချန်ချင်းက သူ့ညီမလေးကို ကယ်တင်ပေးတဲ့ ကျေးဇူးနဲ့တင်ပဲ ယင်ကျီရွှမ်က လီဟမ်ရှန်းနှင့် နီးစပ်နေသည့် ခင်မင်ရင်းနှီးမှုကို ခံစားနေရပါ၏။

“မင်းသား ဆယ့်ခြောက်” သူ့အနားသို့ တိုးကပ်လာသော လူကို မြင်သောကြောင့် လီဟမ်ရှန်းကလည်း လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပါ၏။

“အရမ်းရိုသေနေပါပြီဗျာ။” ယင်ကျီရွှမ်က ခပ်မြန်မြန်ပြောလိုက်ပါ၏။

“ကျုပ်တို့က အသက်က အတူတူလောက်ပဲရှိတာလေ။ စစ်ဆေးရေးမှူးလီရဲ့ စိတ်အားတက်ကြွမှုကို ကျုပ် တကယ်ပဲလေးစားပါတယ်။ အဲ့ဒီတော့ ကျုပ်တို့က အချင်းချင်း ရာထူးဂုဏ်သိမ်တွေကို ဘေးဖယ်ထားပြီးတော့ “ညီအစ်ကို”လို့ပဲခေါ်ကြတာ ကောင်းမယ်ထင်တယ်ဗျ”

အတိတ်တုန်းက လီချန်ချင်းက သူက ယင်ချင်းကို စာသင်ပေးနေသည့် အကြောင်းကို လီဟမ်ရှန်းကို မပြောပြရန်အတွက် ယင်ကျီရွှမ်အား မှာထားခဲ့ပါသည်။

လီချန်ချင်းက သားဖြစ်သူ လီဟမ်ရှန်းက သူ့အပေါ် သံသယ မဝင်တော့သည်ကို မသိသေးပါ။ ထို့ကြောင့် သူက သူ့ရဲ့ လုပ်ရပ် များကို ယခင်ကအတိုင်းပင် လျှို့ဝှက်ကာထားပြီး သိုဝှက်နေ သေးပါ၏။

စန်းယွမ်နယ်မြေကြီးတွင် လီချန်ချင်းက သူ၏ နာမည်နှင့် လုပ်ရပ်များကို မသိုဝှက်တော့သည့်တိုင် သားဖြစ်သူ နဲ့ ပတ်သက်သော ကိစ္စရပ်တိုင်းတွင် သူက သတိကြီးကြီး ထားရပါသေး၏။

ယင်ကျီရွှမ်၏ စကားကို ကြားသော် ရောက်နေသောသူများ အားလုံးက ကြောင်တောင်တောင် ဖြစ်သွားခဲ့ပါသည်။ လီဟမ်ရှန်းကိုယ်တိုင်ပင်လျှင် အနည်းငယ် အံ့ဩသွားခဲ့ပါ၏။

မြောက်ပိုင်းအေးခဲ နိုင်ငံတော်ရဲ့မင်းသား ဖြစ်တဲ့ ယင်ကျီရွှမ်က သူ့ကို “ညီအစ်ကို”လို့ ခေါ်စေချင်နေတာ တဲ့လား။

ဘာတွေဖြစ်ကုန်တာတုံး။

ဒါက သိပ်ပြီးတော့ မသင့်တော်ဘူးလို့ထင်တယ်။ ဟုတ်တယ်မလား။

လီဟမ်ရှန်း ကလည်း အနည်းငယ် နေရခက်နေပါ၏။ သူက မင်းသား တစ်ပါးကို ဘယ်လိုလုပ်ပြီးတော့ ညီအစ်ကို ဆိုပြီးတော့ သတ်မှတ်ပြီး မင်းနဲ့ငါနဲ့ သုံးနှုန်းရဲပါ့မလဲ။

တစ်ဖက်လူက မင်းသားဖြစ်နေပြီး သူကရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တပည့်တစ်ဦးဖြစ်နေတယ်လေ။

“အစ်ကိုလီကတော့ဗျာ အရမ်းကို နှိမ့်ချလွန်းနေပါပြီ။” ယင်ကျီရွှမ်က အပြုံးဖြင့် ပြောလိုက်ပါ၏။ လီဟမ်ရှန်းမှာ ပန်းချီသူတော်စင်တစ်ပါး၏ သားဖြစ်သည်။ ထို့အပြင် သူက ချန်းချင်းကုန်သွယ်ရေး လုပ်ငန်း၏ မင်းသားလေးလည်းဖြစ်ပါ၏။

အဲ့ဒီတော့ လီဟမ်ရှန်းနှင့် ယင်ကျီရွှမ်၏ အဆင့်အတန်းမှာ အတူတူဟု ပြော၍ရပါသည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ အချင်းချင်း “ညီအစ်ကို” ဟု သုံးနှုန်းခြင်းက မသင့်တော်မဖြစ်ပါချေ။

“အဲ့တာဆိုလိုလဲဗျာ ကျုပ်မယဉ်ကျေးနေတော့ဘူး။ အစ်ကိုကျိရွှမ်” လီဟမ်ရှန်းက တစ်ခဏမျှတွေးပြီးနောက်တွင် ခေါင်းညိတ်လိုက်ပါ၏။ သူက ရာထူးဂုဏ်သိမ်ကြီးမားကာ အဆင့်အတန်းတော်တော်မြင့်မားသော သခင်လေးတော်တော် များများနဲ့ ကြုံတွေ့ခဲ့ပါ၏။

ဒါပေမဲ့ ထူးဆန်းစွာနဲ့ ထိုလူများအားလုံးက သူ့အား ယဉ်ကျေးပျူငှာစွာ ဆက်ဆံ ခဲ့ကြပါသည်။ ထိုကဲ့သို့သော အဖြစ်အပျက်များ ခဏခဏ ကြုံတွေ့လာရသောကြောင့် လီဟမ်ရှန်းက ထိုအဆင့်အတန်း ကြီးမားသည့် သခင်လေးများမှာ လူတွေပြောနေကြသလိုမျိုး မာနကြီးကာ မောက်မာသည် မဟုတ်ဘူး ဟူ၍ပင် တွေးမိလာခဲ့ ပါ၏။

လီဟမ်ရှန်းမသိသည်မှာ ထိုသူများအားလုံးက သူ့အပေါ်တွင် လွန်စွာ ယဉ်ကျေးနေခြင်းမှာ သူ့ဖခင် လီချန်ချင်းက နောက်ကွယ်မှ ကြိုးကိုင်ထားသောကြောင့် ဖြစ်နေသည်ကိုပင် ဖြစ်ပါ၏။

“အစ်ကိုလီ အစ်ကိုလီ ဘာလုပ်စရာရှိလဲ။ ဒီလူတွေကို ကွပ်မျက်ဖို့ လုပ်နေတာ မဟုတ်ဘူးလား။ ဒီကောင်တွေ ကြည့်ရတာ ကျက်သရေ တုံးတယ်။ မြန်မြန်သတ်လိုက်တာ ကောင်းမယ်။”

ယင်ကျီရွှမ်က ဟွာမိသားစုနဲ့ မူအိမ်တော်မှ လူများအားကြည့်ပြီး ရေရွတ် လိုက်ပါ၏။ ထိုသူများက တကယ်ပဲ အပြစ်သား ဟုတ် ဟုတ် မဟုတ် ဟုတ် ယင်ကျီရွှမ်က ဂရုမစိုက်ပါ။ လီဟမ်ရှန်းမှာ ပန်းချီ သူတော်စင်တစ်ပါး၏ သားဖြစ်သည်။ လီဟမ်ရှန်းပြောသည့် စကားကသာ အမှန်သာဖြစ်သည် ဟု ယင်ကျီရွှမ်က တွေးထား ပါ၏။

“အရှင်မင်းသား ကျွန်တော်မျိုးတို့ကို ချမ်းသာပေးပါ။” ထိုအခိုက်တွင် ဟွာမိသားစုနဲ့ မူမိသားစုက လူများက အမှန် တကယ်ကို ကြောက်ရွံ့ပြီး ချက်ချင်းပင်လျှင် အသက်ချမ်းသာ ပေးရန်အတွက် တောင်းဆိုပါ၏။

သို့သော် ထိုကဲ့သို့သော တောင်းဆိုမှုများက ယင်ကျီရွှမ်ကို လုံးဝကို မတုန်လှုပ်သွားစေ ခဲ့ပါ။ လီဟမ်ရှန်းကလည်း အချိန်မဖြုန်းလိုသောကြောင့် လင်းချီကျိုးအား ချက်ချင်း အမိန့်ပေးလိုက်ပါ၏။

“သတ်လိုက်တော့။” လင်းချီကျိုးကလည်း ထိုအချိန်ကို စောင့်နေခြင်းပင်ဖြစ်ပါသည်။ သူက အချိန်အကြာကြီး စောင့်နေသည် ဖြစ်သောကြောင့် ကျန်သောအရာများကို ဂရုမစိုက်တော့ပါ။ သူ့ကို ဘယ်သူပဲတားတား သူက ဒီနေ့ မူအိမ်တော်နှင့် ဟွာအိမ်တော်၏ ခေါင်းဆောင်များကို သတ်ဖြတ်မည်ဖြစ်၏။ လင်းချီကျိုး၏ လက်မှ ပုဆိန်ကြီးကို မြှောက်လိုက်ပါ၏။

ထို့နောက်တွင် ပုဆိန်က ဝုန်းခနဲ ပြုတ်ကျလာပါ၏။ ပုဆိန်ကျလာပြီးသည့်နောက်တွင် မူစန်း၏ ခေါင်းမှာ ချက်ချင်းပင်လျှင် ပြတ်ကျသွားခဲ့ပါတော့သည်။ ခေါင်းမှာ ပြတ်ကျသွားပြီးသည့်အပြင် မြေပြင်ထက်သို့ပင် လှိမ့်သွားခဲ့ပါ၏။

သွေးများမှာ လင်းချီကျိုး၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့တော့ပါသည်။ ထိုအချိန်တွင်တော့ လင်းချီကျိုးက အသက်ပြင်းပြင်း ရှုလိုက်ပါ၏။ သူက လွတ်လပ်ပြီး ပေါ့ပါးသွား သလို ခံစားလိုက်ရပါသည်။

All Chapters