← Chapters

အခန်း (၃၃၈)

Vol. 29 Ch. 338

အခန်း (၃၃၈)

Vol. 29 Ch. 338

“ကျန်းကောစံအိမ်” ။ ကျန်းကောစံအိမ်သခင်က သူ၏နောက်ဖေးခြံဝန်းထဲတွင် လှောင်အိမ်ထဲတွင်ရှိသော အနက်ရောင်ငှက်ကို လှောင်ပြောင်နေဆဲပင် ဖြစ်ပါ၏။

“သခင်ကြီး” ထိုအခိုက်တွင် လူအိုကြီးဟူက အပြင်မှ ရောက်လာ ပါ၏။ သူကစံအိမ်သခင်အား ငှက်စာများကို လာပေးလိုက်ပါသည်။ စံအိမ်သခင်က ငှက်စာကို သူ၏ လက်ဖဝါးထဲသို့ ထည့်လိုက်ပါ၏။

ထို့နောက်တွင် ငှက်၏ နှုတ်သီးဝသို့ ထိုးကျွေးလိုက်၏။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ လှောင်အိမ်ထဲရှိငှက်က သူကျွေးသည့်အစာကို လုံးဝမစားပါ။ သူကိုပင် အဖက်မလုပ်သည့်အလားရှိပါ၏။ဒီသားရဲက လုံးဝကို မစားဘူးပဲ။ စံအိမ်သခင်က အံ့ဩနေသလို ခံစားရပါ၏။

“ဗိုက်ဝနေတာဖြစ်မှာပေါ့” လူအိုကြီး ဟူကလည်း စိတ်ဝင် တစားနဲ့ ကြည့်ကာ ပြောလိုက်ပါ၏။

“ဟွန့်”

စံအိမ်သခင်က အနည်းငယ် စိတ်တိုသွားပြီးနောက်တွင် အစာ ဆက်မကျွေး တော့ပါ။ ငှက်စာများကို သူက မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ဆဲဆိုလိုက်ပါ၏။

“ သူတို့ပြောတာကတော့ ဒီငှက်က အရမ်းရှားတဲ့ “အနက်ရောင်ပိုးသား စာကလေး” လို့ပြောတယ်။ ဒီငှက်ကို ဈေးကြီးပေးပြီးဝယ်တာတောင်မှ ဝယ်ပြီးတဲ့နောက်မှာ ငှက်က အသံလည်း မထွက်သလိုမျိုး စားလည်းမစားဘူး။ ဒီငှက်က အများ အနေတာလား”

“ အဲဒီတော့ ဘာလို့သူ့ကို အစာကျွေးတော့ မှာလဲ။ ဒီကောင် မနက်ဖြန်အထိ ငှက်သံမအော်သေးဘူး ဆိုလို့ ရှိရင်တော့ အဲဒီငှက်ကို ခေါင်းဖြတ်ပြီးငါကိုယ်တိုင်သတ်မယ်” အနက်ရောင်ငှက်မှာ စံအိမ်သခင်၏ စကားကို လျစ်လျူရှု လိုက်ပြီး အဝေးကိုသာ ငေးကြည့်နေခဲ့ပါ၏။

“မြွေဖြူ လမ်းကြောင်းကနေ ဘာသတင်းကြားလဲ” ထိုအခိုက်တွင် စံအိမ်သခင်က တည်ငြိမ်စွာ မေးလိုက်ပါ၏။

“ဘာလို့ ဒီကောင်တွေကကွာ အခုထက်ထိ သတင်းပြန်မပို့နိုင်သေး တာလဲ။ ငါဒီလောက်ထိ စီစဉ်ထားတာတောင်မှ။ သူတို့က ဘာလုပ်နိုင်မှာ မို့လို့လဲ”

“ ဒါပေမဲ့ ပြောမယ်ဆိုရင် ထူးတော့ ထူးဆန်းတယ်နော်သခင်ကြီး။ အခုအချိန်လောက်ဆိုရင် သူတို့ ကသတင်းပြန်ပို့သင့်နေပြီ။ အခုထိသတင်းမပို့သေးဘူးဆိုတာက ထူးတော့ ထူးဆန်းတယ်။

ကျုပ်တို့လူလွှတ်ပြီးတော့ သတင်း စုံစမ်းခိုင်းလိုက်ရင်ကောင်းမလား။”

လူအိုကြီးဟူက မျက်မှောင်ကျုံ့ပြီးပြောလိုက်ပါ၏။

“ဘာမှ မလွဲမှားပါစေနဲ့ လို့တော့ ကျုပ်မျှော်လင့်ပါတယ်။ မြွေဖြူလမ်းကြောင်းလို နေရာသေးသေးလေးက ဘာပြဿနာများ ဖြစ်နိုင်မှာ မလို့လဲကွာ။”

ကျန်းကောစံအိမ်သခင်က လှောင်ပြောင် လိုက်ပါ၏။

“ဖြစ်နိုင်တာက လီဟမ်ရှန်းက သူခံရတာ မတရားဘူး ဆိုပြီး ပြဿနာရှာနေလို့ နည်းနည်းကြာနေတာနေမှာပေါ့။ အချိန်ခဏလောက်စောင့်ပြီးတော့ ကြည့်ကြတာပေါ့”

စံအိမ် သခင်က ဂရုမစိုက်ပါ။ ဒါပေမဲ့ ထိုအခိုက်မှာပင် စံအိမ်အဝ၌ ဆူညံပွတ်လောရိုက်နေသော အသံများ ကြားလိုက်ရပါ၏။

“ဘာတွေ ဆူညံနေတာလဲကွ။” ကျန်းကောစံအိမ်သခင်က လွန်စွာ စိတ်တိုနေပြီဖြစ်ပါ၏။

“ ဘာတွေဖြစ်နေတာလဲ။ ဒီနေ့ဘယ်သူကမှ ငါကို့ ငြိမ်ငြိမ်ပေးမနေကြဘူး။ လူအိုကြီးဟူ ကြည့်လိုက်စမ်း။ ဘာတွေဖြစ်နေလဲဆိုတာကို”

“ မှန်လှပါ သခင်ကြီး။ ကျုပ်သွားကြည့်လိုက်ပါ့မယ်” လူအိုကြီးဟူ ကလည်း စံအိမ်သခင် ဒေါသထွက်နေပြီကို မြင်သောကြောင့် ခပ်မြန်မြန်ပင် အပြင်သို့ထွက်ကာ ကြည့်လိုက်ပါ၏။

ဒါပေမဲ့ သူ အပြင်သို့ ထွက်လိုက်သည်နှင့် သူ၏လည်ပင်းသို့ ဓားနှစ်လက်က ကောက်တင်လိုက်သည်ကို ခံစားလိုက်ရပါသည်။

လူအိုကြီးဟူ မှာလည်း လန့်ဖျတ်သွားပါ၏။

“ဘယ်ကောင်က အတင့်ရဲတာလဲ ကွ ဒီနေရာက စံအိမ်သခင်ရဲ့နေရာလေကွာ။” ဒါပေမဲ့ ရောက် လာသည့်လူများကို မြင်လိုက်ပြီးသည့်နောက်တွင် လူအိုကြီးဟူ ၏ မျက်နှာက ဖြူဖျော့သွားပါ၏။

အဘယ်ကြောင့်ဆိုသော် သူမြင်လိုက်ရသည်မှာ ရောက်လာသူများ အားလုံးက တော်ဝင်စစ်သည်များ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ထို့နောက်တွင် တော်ဝင်စစ်သည်များကြားထဲက စစ်သူကြီး တစ်ဦးက အစောင့်အချို့ကို ဦးဆောင်လာပြီး ခြံဝန်းထဲသို့ တိုက်ရိုက်ဝင်ချလာပါ၏။

“မင်းကို ဘယ်သူပေးဝင်လို့လဲ” ခြေသံများကြားသောကြောင့် စံအိမ်သခင်က ဒေါသတကြီးနဲ့ အော်ဟစ်ကာ ပြောလိုက်ပါ၏။ အဘယ်ကြောင့်ဆို့သော် စံအိမ်သခင် အနားယူသည့်နေရာကို မည်သူ့ကိုမျှ ပေးမဝင် သောကြောင့်ဖြစ်ပါ၏။

ဘယ်သူကများ ဒီအထဲ အတင့်ရဲပြီး ဝင်လာရဲရတာလဲ။

ဒါပေမဲ့ သူလှည့်ကြည့်လိုက်သည့်အခါတွင် ဝင်လာသောသူများကို မြင်လိုက်သောအခါ သူက အံ့ဩသွားကာ ကြက်သေ သေသွားပါ၏။ ထို့နောက်တွင်တော့ အလွန်အမင်း လန့်ဖျတ်သွားပါ၏။

“ စစ်သူကြီး ကုရန်ပါလား”

မြောက်ပိုင်း အေးခဲနိုင်ငံတော်၏ စစ်သူကြီး ကုရန် ရောက်လာမည်ဟု သူမထင်ထားခဲ့ပါ။ ထိုသူက တော်ဝင်နေပြည်တော်၏ တော်ဝင် အစောင့်များမှ လက်ထောက်တပ်မှူးဖြစ်ပါသည်။ လက်ထောက် တပ်မှူး ဖြစ်သော်လည်း သူလိုမျိုး သေးငယ်သည့် နယ်မြေမှ စံအိမ်သခင် တစ်ယောက်အတွက်တော့ ကောင်းကင်ကြီး ကဲ့သို့မြင့်သော ရာထူးကြီးမားသောသူ ဖြစ်ပါ၏။ ထိုကဲ့သို့သော သူမျိုးကို သူက လုံးဝ ပစ်မှားနိုင်မည် မဟုတ်ပါ။

“စစ်သူကြီး ကုရန် ဒါကဘာဖြစ်တာလဲ။” စံအိမ်သခင်က တစ်ခုခုမှားနေပြီဟု သူက တွေးလိုက်မိပါ၏။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ မျှော်လင့်ချက် အချို့ကို ဆုပ်ကိုင်ထားပါသည်။

စစ်သူကြီးကုရန်က သူ့အား စကားပင် မပြောပါချေ။ အနောက်မှ ရဲမက်များကိုသာ အမိန့် ပေးလိုက်ပါ၏။

“သူ့ကို ခေါ်သွားလိုက်” စံအိမ်သခင်၏ မျက်နှာက ချက်ချင်းကို သွေးစုပ်ကာ ဖြူရော်သွားပါ၏။ သူကခပ်မြန်မြန်ပင် နောက်သို့ ဆုတ်ပြီး ကြောက်ရွံ့စွာပြောလိုက်ပါ၏။

“ကျုပ်ကို ဘာလို့ဖမ်းတာလဲ။ ကျုပ် ဘာလုပ်ထားလို့လဲ။ ကျုပ် အရှင် ဆုန့်မင်ရွမ်နဲ့ တွေ့ချင်တယ်။” ဘယ်သူကမျှ သူပြောနေသည့် စကားကို နားမထောင်ပါ။ စစ်သားနှစ်ဦးကရှေ့သို့ရောက်လာပြီး သူ့ကို ချုပ်နှောင်ပြီး ခေါ်သွားပါ၏။

သူက အတင်းအကြပ် ရုန်းကန်ရင်း ငှက်လှောင်အိမ်ကို ကန်ချလိုက်မိပါသည်။ စစ်သားနှစ်ဦးက သူ့ကို မြေကြီးထက်၌ကပ်ကာ အတင်းအကြပ် ချုပ်နှောင်နေခဲ့ပါ၏။

“ကျုပ် အရှင်ဆုန့်မင်ရွမ်နဲ့တွေ့ချင်တယ်။” စံအိမ်သခင်က အတင်းအကျပ်ကို ရုန်းကန်နေပါ၏။ သူ၏ မျက်နှာမှာ မြေပြင်နှင့် အပ်နေသည့်တိုင် သူက ရုန်းကန်မှုကို လက်မလျော့ခဲ့ပါ။ ငှက်လှောင်အိမ်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လှောင်အိမ်၏ တံခါးကလည်း ပွင့်သွားပါ၏။

အနက်ရောင်ငှက်က လှောင်အိမ်တံခါးထဲမှ ထွက်လာပါသည်။ သူက စံအိမ်သခင်၏ မျက်နှာရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး စံအိမ်သခင်ကလည်း အနက်ရောင်ငှက်က သူကို စိုက်ကြည့် နေသည်ကို သိလိုက်ရပါသည်။

ထိုအချိန်၌ အနက်ရောင်ငှက်က ရုတ်တရက် အားပါးတရ ဝမ်းသာအားရစွာဖြင့် တွန်ကျူး လိုက်ပါ၏။ ထို့နောက်တွင် သူ၏ တောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်ပြီး အဝေးသို့ ပျံထွက်သွားခဲ့ပါ၏။

စံအိမ်သခင်မှာ တုန်လှုပ်သွားပြီး သူ၏ မျက်ဝန်းများမှာ ဗလာ ဖြစ်သွားပါသည်။ သူ့ကို ခြံဝန်းထဲမှ တုပ်နှောင်ကာ ခေါ်ဆောင်သွားသည်အထိ သူက မရုန်းကန် တော့ပါ။

သူက အဝေးသို့ ပျံသန်းသွားသည့် အနက်ရောင်ငှက် ကိုသာ တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ပါ၏။ အနက်ရောင်ငှက်က ပျော်ရွှင်စွာ တွန်ကျူးလိုက်သည်ကို သူနားနှင့် ဆတ်ဆတ်ကြား လိုက်ပါ၏။ ထိုတွန်ကျူးသံမှာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် အောင်ပွဲခံကာ တွန်ကျူးလိုက်ခြင်းဖြစ်ပါသည်။

ထိုငှက်က သူ၏ အဖမ်းခံရမှု ကျရှုံးမှုကို ဝမ်းမြောက်နေသည့်အလားပင် ဖြစ်နေပါ သည်။

ခုနလေးတင်တုန်းကပဲ သူက ‘မနက်ဖြန်ကျလို့ရှိရင် ဒီငှက်က မအော်လို့ရှိရင် ခေါင်းဖြတ်သတ်မည်’ဟု ကျွေးကြော် ခဲ့သည် မဟုတ်ပါလား။ ယခုတွင်တော့ ခေါင်းဖြတ်သတ်ခံ ရမည်မှာ သူဖြစ်သွားခဲ့ချေပြီ။ လွတ်လပ်သွားသည်က အနက်ရောင် စာကလေးငှက် ပင်ဖြစ်ပါ၏။

ယင်ကျိရွှမ်က ကျန်းကောစံအိမ်သခင်ကိုပါ ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းကို လီဟမ်ရှန်းက ကြားလိုက်သောအခါတွင်တော့ အနည်းငယ် အံ့ဩသွားခဲ့ရပါ၏။ သူတို့နှစ်ဦးက စစ်ဆေးရေးမှူး ရုံးတော်၌ နှစ်ယောက်အတူတူ အချိန်အကြာကြီး စကားပြောခဲ့ သေးပါသည်။ ယင်ကျိရွှမ်က မထင်ရစွာဖြင့် စကားအလွန် များသော သူဖြစ်ပါ၏။

ယင်ကျိရွှမ်က ရိုးသားဖြူစင် သည့်ပုံစံကို ပုံဖော်ထားသည့်တိုင် ယင်ကျိရွှမ်တွင် အခြားသော အကြံအစည် များရှိနေမည်ဟု လီဟမ်ရှန်းက ခံစားမိပါသည်။ဘာအကြံအစည် ရှိနေလဲဆိုတာကို လီဟမ်ရှန်းက သေချာမပြောပြနိုင်သည့်တိုင် ခံစားချက်တစ်ခုက သူ့တွင်ရှိနေခဲ့ခြင်းဖြစ်ပါ၏။

သူက ရှေးဟောင်း တာအိုတောင်တန်းဂိုဏ်းတွင် ရှိခဲ့စဉ်တုန်းက လိုမျိုး ဘာမှ မသိနားမလည်သည့် လူငယ်လေးတစ်ယောက်လိုမျိုး မဟုတ်တော့ပါချေ။

ကျိုးကျွင်းနှင့် လုချောင်းချောင်းတို့၏ သစ္စာဖောက်မှုကို ခံလိုက်ရပြီးနောက် တွင် လီဟမ်ရှန်းက ရုတ်တရက်ရောက်ရှိလာသော ကြင်နာမှုကို အယုံအကြည် မရှိတော့ပါ။

ထို့ကြောင့် ယင်ကျိရွှမ်နဲ့ စကားပြောနေသည့် အချိန်ကာလ တစ်ခုလုံးတွင် လီဟမ်ရှန်းက ယင်ကျိရွှမ်အား မည်သည့် အမူအရာမှ မပြသည့်တိုင် စိတ်ထဲ၌ သတိကြီးကြီး ထားနေခဲ့ပါ၏။

ဒါပေမဲ့ သူ့စိတ်ထဲ၌ ဝန်ခံမိတာတော့ တစ်ခု ရှိပါ၏။ ယင်ကျိရွှမ်ကြောင့်သာ မဟုတ်လျှင် ယနေ့အစီအစဉ် အဖြစ်အပျက်များမှာ ယခုလောက်ပင် ရိုးရှင်းသွားမည် မဟုတ် ပါချေ။ လီဟမ်ရှန်းက ယင်ကျိရွှမ်အား ညစာစားရန်အတွက် ဖိတ်ခေါ်လိုသော်လည်း ယင်ကျိရွှမ်က ခပ်မြန်မြန်ပင် ပြန်ပြီး လီချန်းရှင်းထံသို့ သတင်းပို့လိုနေခဲ့ပါ၏။

ထို့ကြောင့် သူက အကြာကြီး ဆက်မနေတော့ပါ။ အပြင်ဘက်တွင် မမှောင်သေး သောကြောင့် သူက ရထားလုံးနှင့်ပြန်ရန်စီစဉ်လိုက်ပါသည်။ ရထားလုံးထဲသို့ ရောက်သောအခါတွင် ယင်ကျိရွှမ်၏အနောက်မှ အမြဲတမ်းလိုက်ပါလျက်ရှိသော ကျောင်းတော်သားနဲ့ တူသော သူတစ်ဦးကမေးလိုက်ပါ၏။

“အရှင်မင်းသား အရှင်မင်းသားက လီဟမ်ရှန်းနဲ့ အရမ်းကိုနီးကပ်နေတယ် မဟုတ်ဘူးလား”။ သူကရှေးဟောင်းတာအို တောင်တန်းဂိုဏ်းက ဘာမှ မဟုတ်တဲ့ တပည့်လေးပဲလေ။ သူ့ကို ညီအစ်ကိုဆိုပြီးတော့ ခေါ်တာတော့ မသင့်တော်ဘူးလို့ ကျုပ်ထင်တယ်။

“မင်းဘာသိလို့လဲ။” ယင်ကျိရွှမ်က တည်ငြိမ်စွာဖြင့်ပြောလိုက်ပါ၏။

“လီဟမ်ရှန်းက ဘာကောင်မှ မဟုတ်ဘူး။ ဒါပေမဲ့ သူ့အဖေ လီချန်းရှင်းက ပန်းချီသူတော်စင်တစ်ပါး ပြီးတော့ သူက အခု မြောက်ပိုင်း အေးခဲနိုင်ငံတော်နေနေတာ။ ငါ့အဖေတောင်မှ အဲ့ဒီလူကြီးကို မလေးမစားမလုပ်ရဲဘူး”

အကြံပေးသော ကျောင်းတော်သားက ထိုအခိုက်မှသာ အနည်းငယ် စွံ့အသွားခဲ့ပါ၏။ သူ၏ မျက်ဝန်း များက ပြူးကျယ်လာပြီးနောက်တွင် ပြောလိုက်ပါသည်။

“ဒါဆိုရင် ဖြစ်နိုင်တာက အရှင်မင်းသား အရှင်မင်းသားက ဧကရာဇ်ပုလ္လင်နေရာကို ယှဉ်ပြိုင်ချင်နေတာလား”

“ကျုပ်ကဘာလို့ မယှဉ်ပြိုင်ရမှာလဲ” ယင်ကျိရွှမ်က ကျောင်းတော်သားကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါသည်။

“အတိတ်တုန်းက ကျုပ်မှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ခွန်အားမရှိခဲ့ဘူး။ တခြားမင်းသားတွေက ပွင့်ပွင့် လင်းလင်းရော၊ အမှောင်ထဲမှာပါ ကြိတ်ပြီးတော့ ပြိုင်ဆိုင်နေကြတာ။

ကျုပ်မှာ ခွန်အားမရှိလို့ မပြိုင်နိုင်ဘူး။ ကျုပ် ဝင်မပြိုင်ဘူးဆိုတာနဲ့ ကျုပ်မှာ ရည်မှန်း ချက်မရှိတာ မဟုတ်ဘူး။ ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် အတိတ်တုန်းက ကျုပ်အဖေကိုယ်တိုင်ကလည်း သူ့ရဲ့ ညီတော်၊ နောင်တော်တွေနဲ့ အတူတူ ပွင့်ပွင့်လင်းလင်း ပုလ္လင်ကို ယှဉ်ပြိုင်ခဲ့တာမှ မဟုတ်တာဂ

ထိုစကားကို ပြောပြီးနောက်တွင် ယင်ကျိရွှမ်က တစ်ချက်ရယ်လိုက်ပါ၏။

“ ကျုပ်အဖေရဲ့ လုပ်ရပ်က ကျုပ်ကို သင်ခန်းစာတစ်ခု ရစေခဲ့တယ်။ ကိုယ်လိုချင်တာကို ရဖို့အတွက်ဆိုရင် စိတ်ရှည်ရှည်နဲ့ အချိန်စောင့်ရမယ် ဆိုတဲ့ ဟာကိုပေါ့။ ပြီးတော့ စိတ်ရှည်ရှည်နဲ့ အချိန်စောင့်တယ် ဆိုတ က သူရဲဘောကြောင်တာ မဟုတ်ဘဲနဲ့ အစီအစဉ်ကောင်း တစ်ရပ် ဆိုတာကိုပါ ကျုပ်ကိုသိသွားစေခဲ့တယ်”

“ အတိတ်တုန်း က ကျုပ်အဖေက ချီရှန်းအမိန့်ပြားကို တိတ်တဆိတ်နဲ့ ရယူခဲ့တယ်။ အခုလဲ အဲ့လိုမျိုးပဲ။ ကျုပ်သာ အကြီးအကဲ ချန်းချင်းရဲ့ နောက်ခံကို ရမယ်ဆိုလို့ရှိရင် ကျုပ်လည်းပုလ္လင်ကို တစ်နေ့ရသွားနိုင်တယ်။ ကျုပ်က ဧကရာဇ်ဖြစ်လာနိုင်လိမ့်မယ်”

All Chapters