← Chapters

အခန်း (၃၃၄)

Vol. 29 Ch. 334

အခန်း (၃၃၄)

Vol. 29 Ch. 334

ယနေ့သည် တုရှန်းမြို့၏ အထူးနေ့တစ်နေ့ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် စစ်ဆေးရေးမှူးရုံးက အပြစ်သားများကို ကွပ်မျက်မည့်နေ့ပင်ဖြစ်ပါသည်။ မြို့ခံလူထုမှာ လွန်စွာစိတ်အားတက်ကြွနေသောကြောင့် တစ်ညလုံးပင်ကောင်းကောင်း မအိပ်ပျော်နိုင်ခဲ့ပါ။

မနက်မိုးလင်းသည်အထိ သူတို့က အိပ်ယာပေါ်မှာ မျက်လုံးအပြူးသားနဲ့ လှဲလျောင်းနေကြပြီး အာရုဏ်တက် လာသည်နှင့် မိမိတို့အိမ်မှ အပြင်သို့ ထွက်လာခဲ့ကြပါသည်။ ယနေ့မှာ စစ်ဆေးရေးမှူးရုံးတော်မှ ဟွာရှန်းကောနဲ့ မူစန်းအား ကွပ်မျက်မည့်နေ့ပင်ဖြစ်ပါသည်။ ကွပ်မျက်မည့်နေရာမှာ တုရှန်းမြို့လယ်ခေါင် တည့်တည့်တွင် လုပ်နေကြအတိုင်း လုပ်မည်ဖြစ်ပါ၏။

ယနေ့တွင် မူစန်းရော ဟွာရှန်းကောပါ ခေါင်းဖြတ်ခံရမည့်အပြင် မူကျင်းနှင့် ဟွာကျန်းယုပါ အသတ်ခံရမည်ဖြစ်ပါ၏။ ထို့အပြင် ထိုမိသားစုနှစ်စု၏ ဒုစရိုက်မှုများ လုပ်သည့်အခါ၌ ပါဝင်ခဲ့သည့် မိသားစုဝင်များ အားလုံးက အသတ်ခံရမည် ဖြစ်ပါ၏။ အပြစ်သားများမှာ မနည်းမနောလှသော လူအုပ်ကြီး တစ်ခုပင်ဖြစ်ပါသည်။

ထိုသူများ၏မျက်နှာမှာ ဖြူဖပ်ဖြူလျော် ဖြစ်နေပြီး အတိတ်တုန်းက ဟွာအိမ်တော်နဲ့ မူအိမ်တော်၏ ကြီးကျယ် မြင့်မြတ်မှုအောက်တွင် နေထိုင်လာခဲ့ရပြီး ယနေ့လိုမျိုး လူလယ်ခေါင်၌ ခွေးသတ်သလိုမျိုး အသတ်ခံရမည့်နေ့ကို ရောက်လာမည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပါ။

အပြစ်သားများကို သံကြိုးများဖြင့် တုပ်နှောင်ပြီး မြို့ကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်စေခဲ့ပါ၏။ ပတ်ပတ်လည်၌ ကြည့်နေကြသော ပြည်သူလူထုမှာ သူတို့အားသတ်ဖြတ်လိုစိတ် ဝါးစားတော့မတတ် အံကြိတ်ကာ ကြည့်နေခဲ့သည့်အပြင် ထိုသူတို့၏ အရိုးများ၊ အသားများကို အရှင်လတ်လတ် သတ်ဖြတ်ကာ၊ ကိုက်ဆွဲကာ စားသောက်လုမတတ် ဖြစ်နေခဲ့ ပါ၏။

မြို့ခံအချို့မှာ သူတို့အား ကျောက်တုံးများဖြင့်ပင် ပစ်ပေါက်ပါသည်။ သူတို့ကို မြို့ခံလူထုက ထိုကဲ့သို့ ဆက်ဆံလိမ့် မည်ဟု သူတို့က မမျှော်လင့်ခဲ့ပါ။ မြို့ခံလူထုက သူတို့အား မကြောက်မရွံ့ ထိုကဲ့သို့လုပ်ကာ လုပ်ပစ်မည်ဟု မထင်ထားခဲ့ မိပါ။ သာမာန်နေ့များတွင် ထိုမြို့ခံက သူတို့အား “သခင်ကြီး” ဟု အမည်တပ်ခေါ်ဝေါ်ပြီး လွန်စွာယဉ်ကျေးပျူငှာသော အသုံး အနှုန်းများဖြင့် သုံးကာ သူတို့ကို ဖိတ်ဖိတ်တုန်အောင် ကြောက်ရွံ့နေကြသည်မှာ ပုံမှန်သာဖြစ်ပါ၏။

ယခုတွင်တော့ ထိုလူများက သူတို့အား ကျောက်တုံးများဖြင့်ပင် ပစ်ပေါက်ရဲနေကြချေပြီ။ ဒီနေ့ သူတို့ကို သတ်ဖြတ်မည့်လူက စစ်ဆေးရေးမှူးဖြစ်သည့် လီဟမ်ရှန်းကိုယ်တိုင်ပင် ဖြစ်ပါ၏။

တုရှန်းမြို့၏ မြို့လယ်ခေါင်တွင် အပြစ်သားများကို ကွပ်မျက်ရန် အတွက် စင်မြင့်တစ်ခုကို ဆောက်လုပ်ထားပါသည်။ ထိုစင်မြင့် ထက်တွင် ပြစ်မှုကျူးလွန်သည့် သူများအားလုံးကို ကြိုးတုပ် နှောင်ပြီး ဒူးထောက်ကာ အားလုံးကို စီစီရီရီ ထားခဲ့ပါ၏။ အပြစ်သားများ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။

“ကျုပ်လုပ်ပါရစေ။” ထိုအခိုက်တွင် လင်းချီကျိုးက တက်လာပြီး အာဏာပါးကွက်သားကို ပြောလိုက်ပါ၏။

အာဏာပါးကွက်သား က ဘာပြောရမှန်းမသိ ဖြစ်သွားသော်လည်း ကြီးမားလှသည့် ပုဆိန်ကြီးအား လင်းချီကျိုးထံသို့ ကမ်းပေးလိုက်ပါသည်။ လင်းချီကျိုးက ပုဆိန်ကို သူ့လက်ထဲ၌ စလိုက်ပါ၏။ ထို့နောက်တွင် မူစန်း၏အနားသို့ လာပြီး လှောင်ပြောင် လိုက်ပါ၏။

“မူစန်း မင်းကို ငါကိုယ်တိုင်သတ်မယ့်နေ့ ရောက်လာမယ်လို့ မင်းမထင်ထားဘူးမလား။ ငါ့ရဲ့ကျဆုံးသွားတဲ့ ညီအစ်ကို တွေကို ငါက သစ္စာပြုပြီး အဓိဋ္ဌာန်ချထားတယ်။ သူတို့ရဲ့ စိတ်ဝိဉာဉ်တွေ ကျေနပ်စေဖို့ အတွက် မင်းရဲ့ခေါင်းကို ငါကိုယ်တိုင်ပို့လိုက်မယ်ဆိုပြီးတော့ သံဓိဋ္ဌာန်ချပြီး သစ္စာဆိုထားတယ်ကွ”

“ အဟက်”

မူစန်းက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပါ၏။ လင်းချီကျိုးကို သူက ဂရုပင် မစိုက်ပါချေ။ သူက စင်မြင့်ထက်တွင် ရှိသော လီဟမ်ရှန်းကိုသာ ကြည့်ပြီးပြောလိုက်ပါ၏။

“လီဟမ်ရှန်း ငါ့ကို တကယ်ပဲ မင်းသတ်နိုင်မယ်” လို့ ထင်လို့လား။ မူစန်း၏မျက်လုံး အကြည့်များမှာ ယုံကြည်ချက်အပြည့်ဖြင့် ဖြစ်နေပါ၏။ ထိုစကားကိုကြားသော် လီဟမ်ရှန်းက ပြုံးလိုက်ပါ၏။

“ ငါမင်းကို ဒီကိုခေါ်လာတယ်ဆိုတာက ရှုခင်းကြည့်ဖို့ ခေါ်လာတယ်လို့များ ထင်နေတာလား”

“လီဟမ်ရှန်း အချိန်တွေကပြောင်းသွားပြီးကွ”

ဟွာရှန်းကောကလည်း တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်ပါ၏။

“ငါတို့ရဲ့ အသက်တွေက မင်းယူဖို့မဟုတ်ဘူး” ကျန်းကော စံအိမ်၏ စံအိမ်သခင်က သူတို့အား ကူညီမည်ကို သူလျှိုများမှ တစ်ဆင့် သူတို့က သတင်းရခဲ့ပါ၏။ ယနေ့တွင် ကျန်းကော စံအိမ်မှ လွှတ်လိုက်သည့် အရာရှိများက ဒီနေ့ရောက်လာမည် ဆိုတာကိုပင် သူတို့က သိထားပါသည်။

ကျန်းကောစံအိမ်၏ ဝင်ရောက်နှောင့်ယှက်မှုနဲ့အတူ လီဟမ်ရှန်းက ဘာများ လုပ်နိုင်ဦးမှာလဲ။ ထိုလူနှစ်ဦးက လွန်စွာမှကို ယုံကြည်မှုရှိနေ သောကြောင့် လီဟမ်ရှန်းကလည်း အနည်းငယ်တော့ အံ့ဩသွားပါ၏။ ထို့ကြောင့် သူက အစောင့်တစ်ဦးအား လက်ဟန်ပြ လိုက်ပါ၏။

“လူကြီးမင်း” အစောင့်က အနားသို့ ကပ်လာပါ၏။

“ဒီနှစ်ကောင်ကို မင်း မနက်က ဘာတွေကျွေးထားတာလဲ။ မင်းတို့ကျွေးထားတာက တစ်ခုခုပါလို့လား။ ဒီနှစ်ကောင် ပုံစံကြည့်ရတာက သေခါနီးမှာ ထင်ယောင်ထင်မှားတွေမြင်ပြီး‌ ပြောချင်ရာပြောနေတယ်” လီဟမ်ရှန်းက ပဟေဋိဖြစ်စွာဖြင့် ပြောလိုက်ပါ၏။

“သူတို့က ထူးထူးခြားခြား ဘာမှမစားထား ပါဘူး။ အစောင့်ကလည်း နားမလည်နိုင်အောင် ဖြစ်နေပါ၏”

“အချိန်ကျပြီ။ဂ လီဟမ်ရှန်းက ကောင်းကင်ထက်ရှိနေမင်းကို ကြည့်လိုက်ပါ၏။

နေမင်းမှာ မွန်းတည့်ချိန်သို့ ရောက်နေခဲ့ပါ၏။ တုရှန်းမြို့၌ မွန်းတည့်ချိန်တွင် အမြဲတမ်းအပြစ်သားများကို ခေါင်းဖြတ်ကာ ကွပ်မျက်လေ့ရှိပါ၏။

“သူတို့ကိုသတ်

သူတို့ကိုသတ်

သူတို့ကိုသတ်

သူတို့ကိုသတ်”

ပတ်ပတ်လည်တွင် ရှိသော မြို့ခံလူများက ဒေါသတကြီးနဲ့ အော်ဟစ်နေပါ၏။ ဟွာမိသားစုနဲ့ မူအိမ်တော်မှ ဖိနှိပ်ထားသောနေ့ရက်များမှာ ယနေ့တွင် ကုန်ဆုံးသွားရမည်ဟု သူတို့က စိတ်ထဲ၌ တွေးထား ပါသည်။

ထိုအချိန်တွင်တော့ ဟွာရှန်းကောနဲ့ မူစန်းမှာ စတင်၍ စိုးရိမ်ပူပန်နေခဲ့ပါ၏။ ကျန်းကောစံအိမ်က လူများက ဘာလို့ မရောက်လာသေးရတာလဲ။

“လင်းချီကျိုး အဆုံးသတ် လိုက်တော့” လီဟမ်ရှန်းက စိတ်ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါ၏။

“မှန်လှပါ”

လင်းချီကျိုးက တစ်ချက်ရယ်မော လိုက်ပြီး သူ့လက်ထဲတွင်ရှိသော ပုဆိန်ကြီးကို မြှောက်လိုက် ပါ၏။

“သူတို့ကို အသက်ချမ်းသာပေးလိုက်စမ်း”

ထိုအခိုက်မှာပင် အသံတစ်သံက အော်ဟစ်လိုက်ပါ၏။

ထိုအသံမှာ လွန်စွာစူးရှ ကျယ်လောင်လှပြီး အော်ဟစ်နေသော မြို့ခံလူများအားလုံးကို မီးကိုရေနဲ့ ဖြန်းလိုက်သလိုမျိုး တိတ်ကြသွားစေခဲ့ပါ၏။

ထို့နောက်တွင် မြို့ခံလူအုပ်ကြီး၏ နောက်တွင် လူတန်း တစ်တန်းက အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးလာခဲ့ပါ၏။ ထိုသူများအားလုံးကို ဦးဆောင်ထားသောသူမှာ အဝါရောင်ဝတ်ရုံကို ဝတ်ထားသောသူဖြစ်ပြီး သူ့နောက်တွင်တော့ ချပ်ဝတ်တန်ဆာများ ဝတ်ထားသော စစ်သည်များက ကြီးမားလှသော အလံများကို ကိုင်ဆောင် ထားပြီး ပြေးဝင်လာကြပါ၏။

ထိုအလံတွင်တော့ “ကျန်း”ဟူသော စာလုံးကို ရေးထိုးထားပါသည်။

“ သူတို့ ရောက်လာပြီ” ထိုအခိုက်တွင် ဟွာရှန်းကောနဲ့ မူစန်းက သက်တောင့်သက်သာဖြစ်သွားခဲ့ပါ၏။ ကျန်းကောစံအိမ်မှ လူများရောက်လာသည်ကို မြင်သောအခါ လီဟမ်ရှန်းနှင့် ကျန်သောသူများက အံ့ဩသွားခဲ့ပါ၏။

ဒီလူတွေက ဘာကြောင့်ရောက်လာရတာလဲ။ သို့သော် လီဟမ်ရှန်းက လုံးဝကို မလှုပ်ရှားပါ။ အဝါရောင်ဝတ်စုံနဲ့လူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လီဟမ်ရှန်းကို တစ်ချက်ကြည့်လိုက်ပါ၏။

ထို့နောက်တွင် သူက အမိန့်စာပြန်တမ်းစာလိပ်ကို ဆွဲဖွင့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“မြွေဖြူလမ်းကြောင်းက စစ်ဆေးရေးမှူးလီဟမ်ရှန်း အမိန့်ကို လက်ခံပါ။” လီဟမ်ရှန်းက မျက်မှောင်ကြုံ့ပြီးနောက်တွင် မတ်တပ်ထရပ်လိုက်ပါ၏။ အခြားသော မြို့ခံလူထုများကလည်း အနည်းငယ် အံ့ဩနေပါ၏။

သူတို့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို နားမလည်နိုင်အောင် ရှိနေခဲ့ပါ၏။

“စံအိမ်သခင် အမိန့်ချမှတ်လိုက်တယ်” ဝတ်စုံဝါဝတ်လူက ကျယ်လောင်စွာ ကြေညာလိုက်ပါသည်။

“နေဦး”

လီဟမ်ရှန်းက အဝါရောင် ဝတ်စုံနဲ့လူအား ဤတစ်ကြိမ်တွင်တော့ ဝင်ဟန့်လိုက်ပါ၏။ ထို့နောက်မှ ပြောလိုက်ပါ၏။

“လူကြီးမင်း ကျုပ်က ဒီမှာ အပြစ်သားတွေကို ကွပ်မျက်ဖို့လုပ်နေတာ။ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး။ ကျုပ် သူတို့ကို သတ်ပြီးသွားလို့ရှိရင် ခင်ဗျားတို့ စံအိမ်သခင်ပြောတဲ့အမိန့်ကို ကျုပ် နာခံမယ်။”

“လင်းချီကျိုး ဆက်လုပ်” လီဟမ်ရှန်းက လင်းချီကျိုးအား ကြည့်ကာပြောလိုက်ပါ၏။

လင်းချီကျိုးက ခေါင်းညိတ် လိုက်ပါ၏။

“မလုပ်ရဘူး။” ထိုအခိုက်တွင် ဝတ်စုံဝါဝတ်လူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။

“ စစ်ဆေးရေးမှူး”

ဝတ်စုံဝါဝတ်လူက လီဟမ်ရှန်းအား လက်ညှိုးညွှန်ကာ ပြောလိုက်ပါ၏။

“ခင်ဗျားက အခုကျားနက် ရေကန်ရဲ့ စစ်ဆေးရေးမှူးဖြစ်သွားပြီ။ မြွေဖြူလမ်းကြောင်းရဲ့ စစ်ဆေးရေးမှူးမဟုတ်တော့ဘူး။ မြွေဖြူလမ်းကြောင်းက အပြစ်သားတွေကို ကွပ်မျက်ဖို့အတွက် ခင်ဗျားမှာ ဘာအခွင့်အရေးမှ ရှိမနေဘူး။

သူတို့ကို ကွပ်မျက်ဖို့အတွက် ကတော့ တာဝန်ကျတဲ့လူ စစ်ဆေးရေးအရာရှိ နောက်ထပ် ရောက်လာလိမ့်မယ်။ အဲ့ဒီစစ်ဆေးရေးအရာရှိကပဲ သူတို့ကို သူတို့အပြစ်ကို ဖြေရှင်းလိမ့်မယ်။ ခင်ဗျားမှာ သူတို့ကို သတ်ဖို့ အတွက် အခွင့်အရေးမရှိဘူး။”

ထိုစကားများကို ကြားသော အခါ မြို့ခံလူထု၏ မျက်နှာအမူအရာများမှာ လုံးဝကို ပြောင်းလဲ သွားခဲ့ပါတော့သည်။

“ဟား ဟား ဟား ဟား” ဟွာရှန်းကောက အားပါးတရ ရယ်မောလိုက်ပါ၏။

“တွေ့တယ်မလား လီဟမ်ရှန်း မင်း ငါတို့ကို သတ်လို့မရဘူးကွ။ လီဟမ်ရှန်း မင်းရဲ့ ကျားနက် ရေကန်ကို ပြန်လိမ့်လိုက်စမ်း။”

“ဒီအပြစ်သားတွေကို ပြန်ခေါ်သွားစမ်း။” အဝါရောင်ဝတ်စုံနဲ့လူက ကျယ်လောင် စွာဖြင့် အမိန့်ပေးလိုက်၏။

ချက်ချင်းပင်လျှင် သူ့နောက်တွင် ရှိသောစစ်သားများက အရှေ့သို့ တိုးလာခဲ့ပါ၏။

“ဘယ်ကောင်က သတ္တိရှိလဲဆိုတာကို ငါကြည့်အုံးမယ်”

လီဟမ်ရှန်းကလည်း ထိုအခိုက်တွင် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပါ၏။ သူ၏အကြည့်မှာမူ ဝတ်စုံဝါဝတ်လူ၏ မျက်လုံးထဲကို ထွင်းဖောက်လုမတတ် ကြည့်နေခြင်းမှ မလွှဲရှောင်ခဲ့ပါ။

“ မင်းရဲ့လူတွေကို နောက်ထပ်ခြေတစ်လှမ်းထပ်တိုးခိုင်းလိုက်။ ပြီးရင်ဘာဖြစ်မလဲဆိုတာကို ကြည့်လိုက်တာပေါ့။ ခြေတစ်လှမ်း ထပ်တိုးရဲတဲ့လူ ဘယ်သူမဆို ငါသတ်ပစ်မယ်”

ချက်ချင်းပင်လျှင် လီဟမ်ရှန်း၏အကြည့်မှ သတ်ဖြတ်အငွေ့များမှာ တလူလူနဲ့ ထွက်လာခဲ့ပါ၏။ သူ၏အရှိန်အဝါများမှာလဲ လုံးဝမထိန်းချုပ် ထားဘဲ ဝတ်စုံဝါဝတ်လူအပေါ်ကို ချက်ချင်းပင်လျှင် လွှမ်းခြုံလိုက်ပါတော့သည်။

All Chapters