← Chapters

အခန်း (၃၃၇)

Vol. 29 Ch. 337

အခန်း (၃၃၇)

Vol. 29 Ch. 337

မူအိမ်တော်၏ လက်ထဲတွင် မြောက်မြားစွာသော သူ၏ ညီအစ်ကိုများက အသက် သေဆုံး ခဲ့ရ၏။ ယခုတွင်တော့ သူက ထိုသူများအတွက် လက်စားချေ ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ လင်းချီကျိုးက ဝမ်းသာလှသောကြောင့် မျက်ရည်များပင် ဝဲလာခဲ့ပါ၏။

မူစန်းက ထိုကဲ့သို့သေသွား သောကြောင့် ဟွာရှန်းကော၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ ပါ၏။ ယခုအချိန်မှသာ သူကအမှန်တကယ်ကို ကြောက်ရွံ့လာခဲ့ ပါသည်။ သူက လူအုပ်ကို ကြည့်လိုက်ပါ၏။ လူအုပ်ထဲတွင် သူ့မိသားစုများကို တွေ့မလားဟူသော မျှော်လင့်ချက်ဖြင့်ဖြစ်၏။

သူ၏ တံခါးပိတ်ကျင့်ကြံနေသော ဘိုးဘေးကြီးက သူ့ကို လာကယ်မလားဟုပင် မျှော်လင့်မိပါသည်။ ဒါပေမဲ့ သူထင်သလို မည်သူကိုမျှ မတွေ့ရပါ။ သူက နောက်ဆုံးစကားကို မပြောဆို နိုင်ခင်မှာပင် သူ၏ လည်ပင်းထက်တွင် အေးစက်သော ခံစား ချက်ကို ခံစားလိုက်ရပါ၏။ ထို့နောက်တွင် ဟွာရှန်းကော၏ ဦးခေါင်းကလည်း‌ မြေပြင်ထက်သို့ လိမ့်ကျသွားခဲ့ပါ၏။

ချက်ချင်းပင်လျှင် လင်းချီကျိုးက နောက်ထပ် ဟွာမိသားစုနဲ့ မူမိသားစုတို့မှ ကျန်ရစ်သော အပြစ်သားများကို တစ်ယောက်ပြီး တစ်ယောက် ခေါင်းဖြတ် သတ်လိုက်ပါ၏။ လူများအားလုံးကို သတ်ဖြတ်ပြီးသည့်အခါတွင် လင်းချီကျိုးမှာ သွေးကန်ထဲမှ ထွက်လာသည့် မကောင်းဆိုးဝါးအလား ကဲ့သို့ပင် ဖြစ်သွားခဲ့ ပါသည်။

ချက်ချင်းပင်လျှင် ဝိုင်းငုံ့ကြည့်နေသော သာမာန် ပြည်သူလူထုကလည်း အားပါးတရဟစ်ကြွေးကာ ပျော်ရွှင်နေ ကြပါတော့၏။ သူတို့မျက်နှာထက်တွင်ရှိနေသော စိုးရိမ်ပူပန်မှု များကလည်း ချက်ချင်းကို ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒုစရိုက် သမားများ အားလုံးက သေဆုံး သွားခဲ့ပြီ။

မူစန်းကလည်းသေပြီ။ ဟွာရှန်းကောကလည်း သေပြီ။ မူအိမ်တော်နှင့် ဟွာအိမ်တော်က တည်ရှိနေသည့်တိုင် ပြည်သူလူထုများက လုံးဝသိသည်မှာ လီဟမ်ရှန်း ရှိနေသေးသ၍ သူတို့က ပြဿနာရှာနိုင်မည် မဟုတ်သည်ကို ဖြစ်၏။ ယခုအချိန်မှာ သူတို့က သူတို့၏ အမြီးများကို ခြေထောက်နှစ်ချောင်းကြားထဲတွင် ညှပ်ကာ ကြောက်ရွံ့တုန်လှုပ် ပြီးနေနေရမည် ဖြစ်ပါ၏။

သူတို့ကို အနာဂတ်တွင် မည်သူကမျှ အနိုင်ကျင့်တော့မည် မဟုတ် ကြောင်းကို ပြည်သူလူထုက သိရှိသွားပြီးနောက်တွင် ပျော်ရွှင်စွာဖြင့် ဟစ်ကြွေးပြီး အချို့ဆိုလျှင် မျက်ရည်များပင် စီးကျကာ ငိုပင်ငိုနေကြပါ၏။ နှစ်ပေါင်းများစွာ ကြာအောင် သူတို့ ဒုက္ခခံခဲ့သည်မှာ ယနေတွင်တော့ လွတ်လပ်ခဲ့ပြီဖြစ်သည်။ အချို့လူများမှာ အော်ဟစ်ကာ အကြီးအကျယ် ငိုကြွေးနေပါ၏။

မူအိမ်တော်နှင့် ဟွာအိမ်တော် လက်ချက်ထဲတွင် ဆုံးပါးသွား သော သူတို့၏ ဆွေမျိုးများကို သတိရကာ တမ်းတပြီး ငိုနေ ကြခြင်းဖြစ်ပါ၏။ယခုအချိန်တော့ သူတို့က လက်စားချေနိုင်ခဲ့ပြီ ဖြစ်ပါသည်။

လီဟမ်ရှန်းက ထိုသူများကို ခေါင်းဖြတ်လိုက် ပြီးသည့်နောက်တွင် သူက အရေးကြီးသည့်ပြဿနာတစ်ခုကို ဖြေရှင်းလိုက်ပြီဟု ခံစားလိုက်ရပါ၏။ ထိုပြဿနာမှာ လွန်စွာ မှကို အရေးကြီးပါသည်။

မြွေဖြူလမ်းကြောင်း၏အခြေအနေနှင့် သက်ဆိုင်သော အရေးကြီးသည့်ပြဿနာဖြစ်ပါ၏။ မြွေဖြူလမ်း ကြောင်းမှာ ထိုသူများကို သတ်ဖြတ်ပြီးသည့် နောက်ပိုင်းတွင် အခြေအနေက ယခင်ကထက်ပို၍ ကောင်းလာတော့မည်ဖြစ်ပါ ၏။ အနာဂါတ်မှာ သာမာန် ပြည်သူလူထု၏ ဘဝအခြေ အနေက ပို၍ ကောင်းမွန်လာပေတော့မည်ဖြစ်ပါသည်။

ဒါပေမဲ့ ယခုအချိန်မှာတော့ ဝတ်စုံဝါဝတ်လူနှင့် သူနှင့်အတူပါလာသော စစ်သားများက ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပါသည်။ စံအိမ်သခင်က ကာကွယ်ရန်အတွက် အမိန့်ပေးလိုက်သော သူများအားလုံးက သေဆုံးသွားခဲ့ပြီဖြစ်၏။ သူတို့စပြီး လာခဲ့စဉ်က နောက်ဆုံးရလာဒ်မှာ ယခုလိုဖြစ်မည်ဟု သူတို့ မထင်ထားခဲ့မိပါချေ။

ဝတ်စုံဝါဝတ်လူက စံအိမ်သခင်ကို ဘယ်လိုရှင်းပြရမလဲဆိုတာသူတွေးစရာ မလိုမှန်းသိနေပါ၏။ အဘယ်ကြောင့်ဆိုသော် ယနေ့တွင် မင်းသားက ရောက်လာပြီ ဖြစ်သောကြောင့် ဖြစ်ပေါ်လာသော ရလာဒ်က သူတို့ ကိုင်တွယ် နိုင်မည့်အခြေအနေမျိုး မဟုတ်ပါချေ။ မင်းသား ဆယ့်ခြောက် က စံအိမ်သခင်ကို သူ့နေရာတွင် ဆက်ရှိခိုင်းစေမည် မဟုတ် မှန်းကို သူက သေချာသိနေခဲ့ပါ၏။

မင်းသားက လီဟမ်ရှန်းအား “အစ်ကို”ဟု သုံးနှုန်းကာ ခေါ်လိုက်ပြီဖြစ်သောကြောင့် စံအိမ်သခင်က ဘဝဆုံးမည်ဟု သူက သေချာသိလိုက်ပါသည်။

ထိုအခိုက်တွင်တော့ ဝိုင်းဝန်းကြည့်နေသော ပြည်သူလူထု၏ လူအုပ်ထဲမှ လူနှစ်ဦးက တိတ်တဆိတ် ထွက်သွားခဲ့ပါသည်။ ထိုသူများက မြင်းများကိုစီးပြီး လျင်မြန်စွာပင် မြို့ပြင်သို့ ပြေးထွက်သွားခဲ့ပါ၏။ မြင်စီးသမားများက မြင်းကို အရှိန်ပြင်းစွာ ဒုန်းဆိုင်းပြေးပြီးတော့ မြို့ပြင်သို့ရောက်လာပါပြီ။

ထိုမြင်းစီးသမားများက ကျန်းကော စံအိမ်သို့ အမြန်သွားကာ စံအိမ်သခင်ကို သတင်းသွားပို့ခြင်း ဖြစ်ပါ၏။

စံအိမ်သခင် ကလည်း လည်သည်။ ထိုကဲ့သို့သော ဖြစ်လာမည့် ဖြစ်နိုင်ချေ များကို ကြိုတွေးပြီးတော့ ကင်းထောက်နှစ်ယောက် ကို ကြိုလွှတ်ထားခြင်းဖြစ်ပါ၏။ ထို့ကြောင့် ယခုလို မမျှော်လင့်သော အခြေအနေဖြစ်သွားသောကြောင့် စံအိမ်သခင်၏ အရံအစီအစဉ်က အသက်ဝင်လာခြင်းဖြစ်ပါသည်။

ထိုကင်းထောက် မြင်းစီးသမား နှစ်ယောက်က အလျင်အမြန် ပင် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို စံအိမ်သခင် ထံသို့ သတင်းပို့ရန်အတွက် ပြန်လာနေခဲ့ပါ၏။ ဒါပေမဲ့ သူတို့၏ မြင်းများက မြို့ဂိတ်တံခါးကို ကျော်သွားပြီး ဆယ်မိုင်ခန့် အကွာတွင် မြေပြင်၌ တားထားသည့် ကြိုးများကို ခလုတ် တိုက်ပြီး မြင်းများ ပစ်လဲသွားကြပါ၏။

မြင်းကော လူပါ ဒလိမ့်ခေါက်ကွေးနှင့် ပြိုလဲကျသွားခဲ့သည်။

“ဘယ်ကောင်က ငါတို့ကို ချောင်းတိုက်တာလဲကွ”။

သူက ကျိန်ဆဲလိုက်ပြီး နောက်တွင် မော့ကြည့်လိုက်ရာ သူ၏လည်ပင်းထက်တွင် ဓားနှစ်စင်းက တင်ထားသည်ကို သိလိုက်ရပါ၏။ သူ၏မျက်နှာ အမူအရာက ပြောင်းလဲသွားပါသည်။

“သူတို့ကို ဓားပြများက ဝိုင်းတိုက်ခိုက်တာလား”ဟု ထင်လိုက်သည့်အခါတွင် သူက မော့ကြည့်လိုက်ပါ၏။ သူမော့ကြည့်လိုက်သည့်အခါတွင် သူ၏ လည်ပင်းကို ဓားချိန်ရွယ်ထားသည့်သူမှာ ဓားပြများ မဟုတ်ဘဲနဲ့ အစိုးရ အရာရှိမင်း ယူနီဖောင်းများကို ဝတ်ဆင် ထားသည်ကို တွေ့လိုက်ရပါသည်။ ထိုသူများ အားလုံးမှာ မြောက်ပိုင်း အေးခဲနိုင်ငံတော်၏ အရာရှိမင်းများဖြစ်ကြပါသည်။

ထိုအချိန်ကြမှသာ ကင်းထောက်နှစ်ယောက်က ကောင်းကောင်း သိလိုက်ပါ၏။ မင်းသားဆယ့်ခြောက်က ထိုအရာများအားလုံးကို တစ်ခါတည်း ကြိုတင်တွေးထားပြီးတော့ မြို့ပြင်မှာ ကင်းပုန်း တပ်ကို ချထားသည်မဟုတ်ပါလား။

ဒီနေ့မှာ မင်းသား ဆယ့်ခြောက်က စံအိမ်သခင်ကို လုံးဝ အလွတ်မပေးတော့မည် ဖြစ်သည်။

ဒါပေမဲ့ သူက စိတ်မပူပါ။ အဘယ်ကြောင့်ဆိုသော နောက်ထပ် ကင်းထောက်တစ်ယောက်က စံအိမ်သခင်၏ နောက်ထပ်အရံအစီအစဉ်တခုအနေနဲ့ ရှိနေသောကြောင့် ဖြစ်ပါ၏။

နောက်ထပ် ကင်းထောက်တစ်ယောက်က မြင်းစီးသမား မဟုတ်ဘဲနဲ့ မြင်းစီး သမားနှစ်ယောက်က စံအိမ်သခင်ကို သတင်းပို့ရန်အတွက် ပျက်ကွက်ပြီး ကျရှုံးခဲ့ပါက စံအိမ်သခင်၏ အရံအစီအစဉ်၏ နောက်ထပ်အရံအစီအစဉ် ဖြစ်သော ပုန်းကွယ်နေသည့် ကင်းထောက်သမားနောက်တဦးက စာပို့ခိုနှင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် အရာများကို ရေးသားပြီး သူ့ထံသို့ပို့ရန်အတွက်ကိုပါ တစ်ပါတည်း စီစဉ် ထားခဲ့ပါသည်။

ထို့ကြောင့် စာပို့ခိုက ကောင်းကင်ထက်မှ ဖြတ်ပျံသွားသည်ကို မြင်လိုက်သောကြောင့် ကင်းထောက်က အားပါးတရ အနိုင်ရရှိသူလို ပြုံးလိုက်ပါသည်။ ထိုအခိုက်တွင် လေထုကို အက်ကွဲသွားသည့် အသံတစ်သံ ထွက်ပေါ်လာ၏။ သူမော့ကြည့်လိုက်ရာ ပျံသန်းနေသော ခိုငှက်ကို မြှားတစ်စင်းက စိုက်ဝင်သွားပြီး ခိုက ကောင်းကင်ထက်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရပါ၏။ ခပ်လှမ်းလှမ်းတွင် သစ်ပင်တစ်ပင်ထက်၌ လေးပစ်သမား တစ်ဦးရှိနေပြီး လှောင်ပြောင်နေသည့် အကြည့် နှင့် သူ့အားကြည့်နေသည်ကိုပင် မြင်လိုက်ရပါ၏။

“သွားပြီ အားလုံးသွားပြီ။ စံအိမ်သခင်က ဘယ်လောက်ပဲ ဉာဏ်ကောင်း ဉာဏ်ကောင်း ဒီတစ်ခါတော့ တစ်ကယ်သွားပြီ”ဆိုတာကို ကင်းထောက်က သိလိုက်ရပါသည်။

ယခုလိုမျိုး သတင်းက လုံးဝကို ပိတ်ဆို့သွားပြီဖြစ်သောကြောင့် စံအိမ်သခင်ကဘာတွေ ဖြစ်နေပြီလဲဆိုတာကို မသိပါ။ အဲဒီတော့ သူက ကြိုတင်ပြင်ဆင် နိုင်မည်လည်း မဟုတ်ပါချေ။

စံအိမ်သခင်က နယ်နယ်ရရ မဟုတ်ပါ။ သူက တော်ဝင်ခုံရုံး၌ အဆက်အသွယ်များစွာ ရှိပါ၏။ ထိုအဆက်အသွယ်များကို အသုံးချပြီး ယခုအချိန် တွင်သာ ဆက်သွယ်ပြီး ပြင်ဆင်လိုက်မယ်ဆိုပါက သူက သေဒဏ်ပေးခြင်းမှ လွတ်မြောက်နိုင်မည် ဖြစ်ပါ၏။

ဒါပေမဲ့လည်း မင်းသား ဆယ့်ခြောက် က ပိုပြီး ဉာဏ်ကောင်း ပြီးတော့ စံအိမ်သခင်ကို လုံးဝအလစ်မပေးခဲ့ပါ။ ညနေခင်း သို့ရောက်ပါပြီ။ နေကလည်းဝင်လာပြီ…

All Chapters