အခန်း(၃၄၀)
Vol. 29 Ch. 340
-ထောင်ချီနေတဲ့တောင်တန်း ငှက်တစ်စင်းမှမပျံသန်းပါ၊
-ရှုပ်ထွေးနေတဲ့ လမ်းကြောင်းများ လူတစ်ယောက်မှမရှိပါ၊
-သစ်သားလှေလေးပေါ်မှာတော့ ကောက်ရိုးမိုးကာနဲ့လူအိုကြီး၊
-နှင်းကျနေတဲ့လေထု အေးစက်နေတဲ့မြစ်ရေပြင်က အထီးကျန်မှုနဲ့အတူ သူ့ကို အဖော်ပြုပေးနေတယ်
ထိုကဗျာကို ဖတ်ရှုပြီးသည့်နောက်တွင် ရွယ်ချင်းပိုင်မှာ ကဗျာစာသားနှင့် ပန်းပုရုပ်ထုကို လုံးဝ ကို နစ်မြုပ်သွားခဲ့ပါ၏။ သူက မြစ်ကမ်းနံဘေးတွင် ငါးမြှားတံတစ်ချောင်းနှင့်ကောက်ရိုးမိုးကာ ကို ဝတ်ဆင်ကာ ငါးမြှားနေသည့် အထီးကျန်အဘိုးအို ဖြစ်သွားခဲ့ပါ၏။
သူသတိမထားမိစဉ်မှာပင် ရွယ်ချင်းပိုင်က လောကကြီးကို မေ့လျော့သွားပြီ ဖြစ်ပါသည်။ ရုတ်တရက် သူ၏ ငါးမြှားတံက သူ၏လက်သုံးတော်ဓားဖြစ်သော ချင်းရွှယ် အာဏာဓားအဖြစ်သို့ ပြောင်းလဲသွားပါ၏။
မည်သည့်အရာကိုမျှ မပြုလုပ်လိုက်ရဘဲနဲ့ ထိုပန်းပုရုပ်ထုက ရွယ်ချင်းပိုင်အား ကျင့်ကြံခြင်း လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်ဟသွားစေ နိုင်ခဲ့ပါသည်။ သူကထိုကဲ့သို့သော ဉာဏ်အလင်းပွင့်နေသည့် အခြေအနေသို့ ဝင်ရောက်နေသည့်အခါတွင် အပြင်တွင် အချိန် မည်မျှကုန်သွားလဲ။ ရက်မည်မျှကုန်သွားလဲ ဆိုတာကို သူ သတိမပြုမိတော့ပါချေ။
လီချန်းချင်းအတွက်တော့ လောကကြီးနှင့် ဘဝကြီးက သာယာစွာနှင့် နေပျော်နေခဲ့ပါ၏။ သူက သူ၏ဘဝကို စာသင်လိုက် ပန်းပုထုလိုက်နှင့် အေးဆေး သက်တောင့် သက်သာစွာဖြင့် ဖြတ်သန်းနေခဲ့ပါ၏။
တစ်ချိန်တည်းမှာပင် လီဟမ်ရှန်း၏ တုရှန်းမြို့ကလည်း တိုးတက်လာခဲ့ပြီ ဖြစ်ပါသည်။ ဒါပေမဲ့ တစ်နေ့မှာတော့ ယင်ဖန်းချီက လီချန်းချင်းရှိရာ ချန်းချင်းစံအိမ်တော်သို့ ကြွရောက်လာခဲ့ပါ၏။
“လူကြီးမင်း ချန်းချင်း” ယင်ဖန်းချီက ရိုသေစွာဖြင့် ဦးညွတ်လိုက်ပြီးနောက်တွင် စကားဆက်ပြောလိုက်ပါ၏။ “ သတင်းတစ်ခုက ရောက်လာတယ်ဗျ။
ဆုမိသားစုက မြောက်ပိုင်းအေးခဲ နိုင်ငံတော်ကို ဦးတည်ပြီးတော့ ခရီးထွက်လာပြီတဲ့”
“နောက်ဆုံးတော့ ဖြစ်လာမဲ့အရာတွေက ဖြစ်ကိုဖြစ်လာခဲ့တာပဲ။”
လီချန်းချင်း က မအံ့ဩပါချေ။ ဆုမိသားစု၏ စွမ်းဆောင်နိုင်မှုများနှင့်ဆိုလျှင် သူတို့ကသာ လူတစ်ဦးတစ်ယောက်ကို ရှာချင်မည်ဆိုပါက ထိုအရှာခံရသည့်လူက ဘယ်လိုပုန်းပုန်း လွတ်မြောက် နိုင်မည်မဟုတ်ပါချေ။
လီချန်းချင်းက စန်းယွမ်ခန်းမ၏သတင်းအချက်အလက် ဌာနကို မနာလို ဖြစ်နေခဲ့ပါ၏။
“ စန်းယွမ် ခန်းမရဲ့ သတင်းအချက်အလက်က တော်တော်ကြီးကို အံ့ဩဖို့ကောင်းတာပဲ”
လီချန်းချင်းက မနေနိုင်ဘဲနဲ့ပြောလိုက်၏။
“ဟုတ်တယ်” ယင်ဖန်းချီကလည်း ပြောလိုက်၏။
“တစ်ခါတုန်းက ကျုပ်က စန်းယွမ် ခန်းမကလူ တစ်ယောက်ကို ကျုပ်လက်အောက်မှာ ထားဖို့ ကြိုးစားခဲ့သေး တယ်။ ဒါပေမဲ့လည်း အဲဒီအစီအစဉ်က ကျရှုံးခဲ့တယ်ဗျ။”
“အို စန်းယွမ်ခန်းမက တစ်ယောက်ယောက်ကို အရှင်မင်းကြီးက သိတယ်တဲ့လား။ သူတို့တွေက အရမ်းကို လျို့ဝှက်တယ် မဟုတ်ဘူးလား။ သူတို့ဘယ်သူလဲဆိုတာကို သူတို့ထုတ်ပြ လို့လား။”
လီချန်းချင်းက အလွန်သိချင်နေခဲ့ပါ၏။
“စန်းယွမ် ခန်းမက လူတွေက တစ်ကယ်ကိုပဲ ဆန်းကြယ်လွန်းပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း အပြစ်အနာအဆာလေးတွေတော့ ရှိတာပေါ့” ယင်ဖန်းချီက ရှင်းပြလိုက်ပါ၏။
“အမည်ပျက် စာရင်းထဲမှာရှိတဲ့ ရာဇဝတ်ကောင်တစ်ကောင်က မြောက်ပိုင်း အေးခဲနိုင်ငံတော်မှာ ပြဿနာလာရှာတယ်လေ။ အဲဒီပြဿနာ လာရှာတဲ့သူကို ကျုပ်တို့က ဖမ်းမိခဲ့တယ်။ သိပ်မကြာခင် စန်းယွမ်ခန်းမ ကလူတွေရောက်လာပြီးတော့ အဲဒီလူကို လွှတ်ပေးဖို့အတွက် ကျုပ်တို့ကို လာတောင်းဆိုတယ်”
“ အဲဒီအချိန်ကျမှ ကျုပ်တို့ဖမ်းမိထားတဲ့ အမည်ပျက်စာရင်း ကလူက စန်းယွမ်ခန်းမ က လူတစ်ဦးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတယ်။ အဲဒီလူက မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာ သတင်းအချက်အလက်စုဆောင်းဖို့ အတွက် လွှတ်ထားတဲ့လူပဲ”
“ သူ့ကိုဖမ်းမိပြီးတော့ ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ သူက မြောက်ပိုင်းအေးခဲနိုင်ငံတော် နှင့် မနီးမဝေး တောင်ပေါ်မှာ တောပုန်းဓားပြ ဝင်လုပ်နေတယ်။ ကျုပ်က သူ့ကို နှစ်ခါ တောင်မှ ကမ်းလှမ်းခဲ့တယ်။ကျုပ်လက်အောက်မှာ အလုပ်လုပ်ဖို့ပေါ့။ ဒါပေမဲ့သူက ချက်ချင်း ကိုငြင်းဆန်ခဲ့တယ်”
“ ငြင်းဆန်တဲ့အပြင်ကိုမှ စန်းယွမ်ခန်းမတဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘာတစ်ခုမှ ကျုပ်ကို မပေးခဲ့ဘူး” ယင်ဖန်းချီက သက်ပြင်းချလိုက်ပါ၏။
“စန်းယွမ်ခန်းမက တစ်ကယ်ကို စီမံခန့်ခွဲတဲ့နေရာမှာ တော်တော်ကို တော်တယ်လို့ ကျုပ်က သတ်မှတ်ရမယ်ဗျ။ သူတို့လက်အောက်ကို ဝင်ထားရတဲ့လူတွေက ဘယ်သူကမှ သစ္စာမဖောက်ဘူး”
“ အရှင်မင်းကြီးပြောပုံအရဆိုရင် အဲဒီလူ က ပြင်ပကနေပဲ သတင်းစုဆောင်းတဲ့သူမဟုတ်လား။ သူက အရှင်မင်းကြီးကို ဘာမှ မကူညီနိုင်ဘူးလေ။ အဲလိုမဟုတ်ဘူးလား” လီချန်းချင်းက စိတ်ဝင်စားသောကြောင့် မနေနိုင်ဘဲ ထပ်မေးမိပြန်၏။
စန်းယွမ်ခန်းမက လူက ကိုယ့်လက်အောက်ရောက်မယ် ဆိုရင်တောင်မှ အဲဒီလူက စန်းယွမ်ခန်းမရဲ့ အတွင်းပိုင်းက လူဖြစ်ဖို့လိုပါလိမ့်မည်။ ထိုမှသာ ထိုသူက စန်းယွမ်ခန်းမ ၏အတွင်းတွင်ရှိသော သတင်းများကို မိမိထံသို့ ပို့ဆောင် နိုင်လိမ့်မည်ဖြစ်၏။
အပြင်ပိုင်းကလူကို မိမိလက်အောက်သို့ သွတ်သွင်းခြင်းက အချည်းအနှီးသာ ဖြစ်ပါသည်။
“လူကြီးမင်း ချန်းချင်းက သေချာနားမလည်သေးလို့ ပါ” ယင်ဖန်းချီက ရှင်းပြလိုက်ပါ၏။
“ပြောရမယ်ဆိုလို့ရှိရင် စန်းယွမ်းခန်းမမှာ အလုပ်လုပ်နေတဲ့ တော်တော်များများက ခန်းမထဲမှာနေပြီး တော့ သတင်းအချက် အလက်တွေကို စီမံခန့်ခွဲရတာထက် အပြင်မှာ ထွက်ပြီး သတင်း အချက်အလက်ကို စုဆောင်းတာကို ပိုပြီးစိတ်ဝင်စားတယ်”
“အပြင်ထွက်မှဘဲ သူတို့ရဲ့လွတ်လပ်ခွင့်ကို တော်တော်များများ သူတို့ရကြတာလေ။ အဲဒါကြောင့်မလို့ အဲ့ဒီလူသာဆန္ဒရှိတယ် ဆိုလို့ရှိရင် ကျုပ်က အဲ့ဒီလူရဲ့ ရာထူးတာဝန်ကို ကျုပ်အတွင်းလူတစ်ယောက် အနေနဲ့ ထည့်ပြီးတော့ လုပ်ခိုင်းလိုက်မလို့”
“ ပြီးတော့ အဲ့ဒီလူကို စန်းယွမ်ခန်းမကို ပြန်ခိုင်းပြီးတော့ စန်းယွမ်ခန်းမရဲ့ သတင်းအချက်အလက် စီမံခန့်ခွဲတဲ့ ဌာနမှာ အလုပ်လုပ်ခိုင်း စေချင်တာဗျာ။ အဲ့အချိန်ကျလို့ရှိရင် စန်းယွမ်ခန်းမထဲမှာ ရတဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို အဲ့ဒီလူက ကျုပ်တို့ကို ပြန်ပြီး ပို့ပေးနေသ၍ ကျုပ်ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံတော်က သူများတွေထက် သတင်းထူးတွေကို အချိန်မရွေး အရင်ဆုံးသိခွင့်ရမှာလေ”
ယင်ဖန်းချီ၏ မျက်နှာက နောင်တရနေသည့် ဟန်ပန်ရှိပါ၏။ ထိုကဲ့သို့သော အတွင်းလူကို စန်းယွမ်ခန်းမ၌ ထည့်နိုင်ရန်အတွက် လီချန်းချင်းကလည်း မျှော်လင့်နေခဲ့မိပါ၏။
သို့သော် ဧကရာဇ်မင်းဖြစ်သော ယင်ဖန်းချီ ကိုယ်တိုင်ပင်လျှင် ကျရှုံးခဲ့သောကြောင့် သူကလည်း ဘယ်လိုလုပ်ပြီး လုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာ လီချန်းချင်းက မြောက်ပိုင်းအေးခဲနိုင်ငံတော်ကနေ ထွက်သွားတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဆုမိသားစုက မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ရောက်လာတော့မည် ဖြစ်သောကြောင့် သူတို့၏ ဦးတည်ချက်မှာ လုရှီရန်ကို ရှာဖွေရန်အတွက် ဖြစ်ပါ၏။
လုရှီရန်ကို သူတို့ရှာမည်ဆိုလျှင် လီဟမ်ရှန်းဆီသို့ သူတို့ ရောက်လာမည် ဖြစ်ပါသည်။
သားဖြစ်သူက အဲ့ဒီမှာ ရှိနေသောကြောင့် လီချန်းချင်းက သားဖြစ်သူကို ကာကွယ်ရန်လိုပါလိမ့်မည်။ ထို့အပြင် ဆုမိသားစုက လီဟမ်ရှန်းနဲ့ ရန်ငြှိုးရန်စရှိပါ၏။
အထူးသဖြင့်ပြောရလျှင် ဆုမိသားစု၏ သခင်လေး ဆုရှန်းချီက လီဟမ်ရှန်းအား သေလောက်အောင် မုန်းတီးနေခဲ့ပါ၏။ ထို့ကြောင့် လီချန်းချင်းက ထိုနေရာသို့သွားပြီး သားဖြစ်သူကို ကာကွယ်ရန်အတွက် ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။
ပထမဦးဆုံးရည်ရွယ်ချက်က သူ၏ ချွေးမဖြစ်သူကို အတင်းအကြပ်ခိုးမည့် ကိစ္စကို မအောင်မြင်အောင် တားဆီးရမည်။
ဒုတိယအချက် သားဖြစ်သူကို အနိုင်ကျင့်မည်ကို တားဆီးရမည်။
တတိယအချက် လီချန်းချင်းက အင်မော်တယ် ချုပ်နှောင်ခြင်းလက်ညှိုးသိုင်းကို ဖြေလျော့ရန်အတွက် နည်းလမ်းရှာရမည်။ လုရှီရန်ကို သူမ၏ မူလကျင့်ကြံအဆင့်နှင့် နတ်ခန္ဓာကို ပြန်လည်ရရှိနိုင်ရန်အတွက် အင်မော်တယ်ချုပ်နှောင်ခြင်း လက်ညှိုးသိုင်းကို တတ်မြောက်ပြီးတော့ ဖြေလျော့နိုင်ရန်အတွက် လိုအပ်ပါမည်။
စတုတ္ထအချက် ဆုမိသားစုက ချန်ထင်မြို့တွင် သူ့အားသတ်ဖြတ်ရန်အတွက် ကြိုးစားခဲ့ပါသည်။ ထိုရန်ငြှိုးကို ပြန်ဆပ်ရန်အတွက် သူကိုယ်တိုင် လှုပ်ရှားရန်လိုအပ်ပါသည်။
ထို့ကြောင့် မြောက်ပိုင်းအေးခဲနိုင်ငံမှ တစ်ခဏမျှထွက်ရမည့်အကြောင်းကို သူက ယင်ချင်းအား ရှင်းပြလိုက်ပြီးနောက်တွင် သူမရှိသည့်အချိန်တွင် ထိုကောင်မလေးက အိမ်စာများလုပ်နိုင်ရန်အတွက် အိမ်စာတစ်ပုံတစ်ပင်ကို လီချန်းချင်းက ပေးခဲ့ပါ၏။
အရာအားလုံးကို ပြင်ဆင်ပြီးသည့် နောက်တွင် လီချန်းချင်းက မြောက်ပိုင်းအေးခဲနိုင်ငံမှ ထွက်သွားပြီးတော့ ကျန်းကောစံအိမ်ရှိရာ နယ်မြေသို့ ခရီး စတင်ထွက်လာခဲ့ပါ၏။