← Chapters

အခန်း (၃၄၂)

Vol. 29 Ch. 342

အခန်း (၃၄၂)

Vol. 29 Ch. 342

တုရှန်းမြို့၏ အပြင်ဘက်မိုင်သုံးဆယ်အကွာ လီဟမ်ရှန်းက လုရှီရန်နဲ့အတူ ခရမ်းမိုးကြိုးမြင်းကို စီးပြီး ထိုနေရာသို့ သွားနေပါ၏။ သူတို့သွားနေသည့် ခရီးတစ်လျှောက်တွင် မြို့ပြင်နှင့် နီးလာသည်နှင့်အမျှ လုရှီရန်၏ ခံစားချက်မှာလည်း ပို၍ပို၍ပင် ပိုအားကောင်းလာခဲ့ပါ၏။

မြို့ပြင်တွင်ရှိသော ဆုမိသားစု၏ အရှိန်အဝါကို လုရှီရန်က ခံစားမိသလိုမျိုး ဆုကျန်းကလည်း လုရှီရန်က ရောက်လာသည်ကို အာရုံခံစားမိပါသည်။ သူတို့နှစ်ဦးတည်ရှိရာ အကွာအဝေးမှာ လည်း လွန်စွာဝေးကွာလှသောကြောင့် သာမဟုတ်လျှင် ဆုကျန်းက မြို့တွင်းသို့ ဝင်လာပြီး လုရှီရန်ကို အရင်ဦးဆုံး ရှာဖွေမည်မှာ ကျိန်းသေလှပါ၏။

“သူတို့ရောက်နေပြီ။”

ပျက်စီးပြိုလဲနေသော မျှော်စင်ပျက်တစ်ခုအပေါ်၌ ဆုကျန်းနှင့် ဆုရှန်းချီက မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေပါ၏။

မြေးအဘိုးနှစ်ယောက်က လုရှီရန်ကို ရှာဖွေရန်အတွက် ယခုနေရာအထိကိုပင် မရပ်မနား ခရီးနှင်လာခဲ့ကြပါ၏။ သူတို့က ထျန်းဟိုင်မြို့သို့ပင်သွားပြီး စန်းယွမ်ခန်းမ၏ သတင်း အချက်အလက်ကိုပင်လျှင် ဈေးကြီးပေးကာ ဝယ်ယူပြီး လုရှီရန်ရှိမည့်နေရာကို မရမက ရှာဖွေခဲ့ပါ၏။

လီဟမ်ရှန်းနှင့် အတူတူ လုရှီရန်က မြင်းတစ်စီးတည်း အတူတူစီးလာ သောကြောင့် ဆုရှန်းချီ၏ မျက်နှာမှာ ဒေါသထွက်စွာဖြင့် အရုပ်ဆိုးသွားခဲ့ပါ၏။

လုရှီရန်မှာ သူ၏ သတို့သမီးဖြစ်ပါသည်။ သူ၏သတို့သမီးဖြစ်သူ သူမက တစ်ခြား သူစိမ်းယောက်ျား တစ်ယောက်နဲ့ အတူတကွ မြင်းစီးစရာ ဘာအကြောင်းရှိလို့လဲ။

ပြီးတော့ အဲ့သူစိမ်းယောက်ျားဆိုတာကလည်း သူရွံ့ရှာ စက်ဆုပ်ပြီးတော့ အမုန်းတီးဆုံးဖြစ်တဲ့ လီဟမ်ရှန်း ဖြစ်နေသေးတယ်။

ဘာလို့ ဒီစိတ်ရှုပ်စရာကောင်းတဲ့လူက သူဘယ်သွားသွားနေရာတကာမှာ အမြဲရှိနေရတာလဲ။

“လီဟမ်ရှန်း” ဆုရှန်းချီက လီဟမ်ရှန်းအား မုန်းတီးစက်ဆုပ်စွာ ဖြင့် ကြည့်ရင်းပြောလိုက်ပါ၏။

“ငါ ဘယ်သွားသွား မင်းကို ဘာလို့ တွေ့နေရတာလဲ။ အောက်တန်းစားကောင်”

လီဟမ်ရှန်းကလည်း ခရမ်းမိုးကြိုးကို ရပ်တန့်လိုက်ပြီးနောက် တွင် ဆုရှန်းချီရှိရာသို့ မော့ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်ပါ၏။

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ ငါလည်း မင်းကို ဒီစကားပဲ ပြောမလို့ပဲ။ ငါ ဘယ်သွားသွား မင်းကို ဘာလို့တွေ့နေရတာလဲ။ မင်းမျက်နှာကို မြင်လိုက်ရ တာနဲ့တင် ငါ ဒီည ထမင်းစားချင်စိတ် ပျောက်သွားပြီ။

မင်းရဲ့ ဇာတိဖြစ်တဲ့ တောင်ဘက်‌တောရိုင်းနယ်မြေကို ပြန်သွားပြီး တော့ လိပ်လိုမျိုး သွားပုန်းနေပါ့လား။ ဘာလို့ဒီနေရာကို ရောက်လာရတာလဲ”

“ လီဟမ်ရှန်း မင်းအနောက်မှာ ရှိတဲ့ လုရှီရန်ဆိုတာက ငါ့ရဲ့ သတို့သမီးပဲ။ မင်းကိုသူမ အဲ့အကြောင်း မပြောပြဘူးလား။” ဆုရှန်းချီက လုရှီရန်ကို ကြည့်ပြီးပြောလိုက် ပါ၏။

“ငါအဲ့လိုတော့ မကြားဘူးကွ ငါသိတာကတော့ မင်းက သောက်ရှက်မရှိဘဲနဲ့ သူမအနားကို အတင်းအကြပ် ချဉ်းကပ် တယ်ဆိုတာပဲ သိတာ။

ပြီးတော့ လုရှီရန်ကလည်း မင်းကို မကြိုက်ဘူးလေ။ တစ်ဖက်လူက မကြိုက်တဲ့ ဥစ္စာတောင်မှ မင်းက အတင်းအကြပ်တွေ လုပ်နေတာ။ ရှက်ဖို့ကောင်းတယ် လို့ မထင်ဘူးလား။”

“ဒီကိစ္စက ကွမ်လမ်နန်းတော်နဲ့ တစ်ခါတည်း သဘောတူညီခဲ့ပြီးပြီ။ ကွမ်ကျူးကိုယ်တိုင် တောင်မှ သဘောတူခဲ့တာ။” ဆုကျန်းက ခံစားချက်ကင်းမဲ့စွာ ဖြင့်ဝင်ပြောလိုက်ပါ၏။

“အဲ့ကောင်မလေးသဘောတူဖို့ဆိုတာမလိုအပ်ဘူး။”

“သူမက လူတစ်ယောက်ဗျ၊ လူ။ ပစ္စည်းတစ်ခု မဟုတ်ဘူး။ သူမက လက်ထပ်ချင်တဲ့လူကို သူမဘာသာသူမ ရွေးချယ်ခွင့် ရှိတယ်။ တစ်ခြားလူက သူမအတွက် ရွေးချယ်ပေး စရာ မလိုဘူး”

“ ပြီးတော့ ဆုမိသားစုက မဟာသိုင်းဂိုဏ်းအဆင့် ဖြစ်တဲ့ခင်ဗျားက အရှက်မရှိဘဲနဲ့ ဂျူနီယာတစ်ယောက်ကို အင်မော်တယ် ချုပ်နှောင်ခြင်းလက်ညှိုးကို အသုံးပြုပြီးတော့ ကျင့်ကြံခြင်းတွေ အကုန်လုံးကို ချိတ်ပိတ်ထားသေးတယ်။ ခင်ဗျားရဲ့ လုပ်ရပ်က သိက္ခာမဲ့လွန်းတယ်လို့ မထင်ဘူးလား”

လီဟမ်ရှန်းက ဆုကျန်းလိုမျိုး သိုင်းပညာရှင် တစ်ဦးနဲ့ တွေ့ရာတွင် လည်း သူ၏ စကားလုံးနဲ့ အပြုအမူများကို မထိန်းသိမ်းကာ ရိုင်းစိုင်းစွာဖြင့်ပြောလိုက်ပါ၏။

“တော်တော် လျှာစောင်းထက်တဲ့ ဂျူနီယာပဲ။”

ဆုကျန်းက လှောင်ပြောင် လိုက်ပါ၏။

“ မင်းတို့ အရှေ့ပိုင်း စိတ်ငြိမ်ခြင်းနယ်မြေမှာရှိတဲ့ ဂျူနီယာတွေက လျှာစောင်းသိပ်ထက်တာပဲ။ ဒါပေမဲ့ မင်းတို့ဟာ မင်းတို့ ကြိုက်သလိုပြောပါ”

“လုရှီရန်က အခု လောလောဆယ်မှာ ဆုမိသားစုရဲ့ ချွေးမဖြစ်နေပြီ။ အဲ့တော့ ဒီနေ့မှာ သူမက ဆုမိသားစုနောက်ကို ပြန်လိုက်ကို လိုက်ရမယ်”

“ကျွန်မက ဆုမိသားစုကို လက်ထပ်မှာ မဟုတ်ဘူး။ ကျွန်မက တစ်ခြားလူ တစ်ယောက်ရဲ့ အမျိုးသမီး ဖြစ်နေပြီးသား။”

ဆုကျန်း၏ စကားသံ ဆုံးသွားသည်နှင့် လုရှီရန်ကလည်း ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ပါ၏။ ထိုစကားကို ကြားသော် ဆုရှန်းချီက တုန်လှုပ်သွားခဲ့ပါ၏။

လုရှီရန်နှင့် လီဟမ်ရှန်းအား အပြန်ပြန် အလှန်လှန် ကြည့်နေရင်းနှင့် လုရှီရန်၏ လက်မောင်းများမှာ လီဟမ်ရှန်း၏ခါးများကို တင်းကြပ်စွာ ဖက်ထားသည်ကို မြင်ပြီးနောက်တွင် ဆုရှန်းချီ၏ မျက်နှာမှာ အစိမ်းပုပ်ရောင် အဖြစ်သို့ပြောင်းလဲသွားပါ၏။

“လီဟမ်ရှန်း ငါ မင်းကို နှစ်ယောက်ချင်း တိုက်ဖို့အတွက် စိန်ခေါ်တယ်။”

ဆုရှန်းချီက ဒေါသထွက်လွန်းသောကြောင့် သွေးကြောများ ဖောင်းပွနေပြီး အတွင်းအားကို သုံးကာ အော်ဟစ် လိုက်ပါ၏။ သူက မျှော်စင်ထက်တွင် ရှိနေရာမှ မြေပြင်ပေါ်သို့ အားနဲ့ ခုန်ဆင်းလိုက်ပါ၏။

အလင်းတန်း တစ်ချက် လက်သွားပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ စစ်ပွဲသုံး ဓားမောက်တစ်လက်က သူ့လက်ထဲ၌ ပေါ်လာခဲ့ပါ၏။ ထို့နောက်တွင် သူ၏ ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံခြင်းများက ဟုန်းခနဲ ထွက်ပေါ်လာခဲ့ပါသည်။

“လီဟမ်ရှန်း… မင်း၊ ယောက်ျားတစ်ယောက်လိုမျိုး တိုက်ခိုက် ရဲလား ဟမ်။ မျှမျှတတတိုက်မယ်။”

ဆုရှန်းချီ၏ သတ်ဖြတ်လို စိတ်မှာ မိုးကောင်းကင်အထိပင် ထောင်ထနေခဲ့ပါပြီ။ လီဟမ်ရှန်းနဲ့သူ စတင်၍ တွေ့ပြီးနောက်ပိုင်းကတည်းက ကံဆိုးမှုများက ဆက်တိုက်ကို ကြုံနေခဲ့ရပါ၏။ သူကြုံတွေ့ခဲ့ရ သမျှ ကောင်းမွန်သော အရာများအားလုံးက လီဟမ်ရှန်းလက်ထဲသို့ ရောက်သွားခဲ့သည်ချည်းသာ ဖြစ်၏။

ယခုပင်လျှင် သူ၏ သတို့သမီး ဖြစ်လာသော သူပင်လျှင် လီဟမ်ရှန်း၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွား ခဲ့လေပြီ။ ထိုကဲ့သို့သော အရှက်ကွဲမှုမျိုးကို သူက ဘယ်လိုလုပ် ပြီးတော့ ငုံ့ခံနိုင်မှာလဲ။

တောင်ပိုင်းတောရိုင်း နယ်မြေမှာ တုန်းက ဆုရှန်းချီလိုချင်တဲ့ အရာတိုင်းကို ရရှိခဲ့သည်ချည်းသာ ဖြစ်ပါ၏။ ဘယ်သူကမှ သူနဲ့ အတူ ယှဉ်ပြိုင်ပြီးတော့ မလုခဲ့ပါ။ ဒါပေမဲ့ ဒီလီဟမ်ရှန်းကတော့ လုံးဝအလျော့ မပေးဘဲ အတိုက် အခံ လုပ်ကာ သူလိုချင်သည့် အရာများကို လုယူသွားသည် ချည်းသာဖြစ်၏။

“ရှန်းချီ” ဆုကျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်ပါ၏။ “ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိုက်ခိုက်နေဖို့ မလိုဘူး။ သူကို တစ်ခါတည်း သတ်ပစ်ပြီးတော့ လုရှီရန်ကို တစ်ခါတည်း ပြန်ခေါ်လာခဲ့။”

“အဘိုးလေး” ဆုရှန်းချီက ဆုကျန်းအား စူးရှစွာကြည့်ပြီး ပြောလိုက်ပါ၏။

“ဒီကိစ္စကို ကျွန်တော် ကိုင်တွယ်ပါရစေ။ ဒါက ကျွန်တော့်သိက္ခာနဲ့ ဆိုင်တယ်။”

ဆုရှန်းချီက ရန်လိုစွာဖြင့်ပြောလိုက်ပါ၏။ ကျွန်တော့် နှလုံးသားထဲက အမုန်းတရားတွေကို ဖြေဖျောက်ဖို့ အတွက် လီဟမ်ရှန်းခေါင်းကို ကျွန်တော်ကိုယ်တိုင်ဖြတ်မှ ဖြစ်မယ်။

“ပြီးတော့ လုရှီရန် နင်နဲ့ ဘယ်သူက ပိုပြီးထိုက်တန်လဲ ဆိုတာ ငါကိုယ်တိုင် သက်သေပြမယ်။ ငါနဲ့ယှဉ်လို့ရှိရင် လီဟမ်ရှန်းဆိုတဲ့ ကောင်က ဘယ်လောက်တောင်မှ သနားဖို့တောင်ကောင်းလဲ။ ဘယ်လောက်တောင် စွမ်းအားမဲ့ လဲဆိုတာကို နင်မြင်စေရမယ်”

“ လီဟမ်ရှန်းဆိုတဲ့ကောင်က ဆုမိသားစုရဲ့ အောက်မှာ ပြားပြားဝပ်နေရမယ်ဆိုတာကိုပါ နင်သိစေရမယ်”

ထိုသို့ပြောပြီးနောက်တွင် ဆုရှန်းချီက မြေပြင်ပေါ်ကို ပြင်းထန်စွာဖြင့် ဖနောင့်တစ်ချက် ပေါက်လိုက်ပါ၏။

ထို့နောက်တွင် ဖနောင့် ပေါက်လိုက်သည့် အရှိန်ကြောင့် မြေပြင်က ပက်ကြားအက်ပြီး အက်ကွဲသွားခဲ့ပါပြီ။ တိုက်ပွဲဝင် ဓားမောက်ကို ကိုင်ထားပြီးသည့် နောက်တွင် ဆုရှန်းချီ၏ ပုံစံမှာ ထက်မြသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲ သွားသကဲ့သို့ ဖြစ်သည်။

သူ၏ ပတ်ပတ်လည်တွင်ရှိသော မြေကြီးများမှာ ဓားသွား၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည့် အလားပင် ဖြစ်သွားခဲ့ပါ၏။ ဓားသွားမှာ လွန်စွာမှကို ထက်မြပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှပါ၏။

သူ့ပုံစံက သာမာန် ပြန်လည် မွေးဖွားခြင်းအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ဦးနဲ့ တူကို မတူညီပါချေ။

All Chapters