← Chapters

ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်း......

Vol. 58 Ch. 802

ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်း......

Vol. 58 Ch. 802

ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကို ပြန်အမှတ်ရတဲ့အခါ သူ့မျက်နှာမှာ သာယာတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ ဤသည်မှာ လက်ရှိပြဿနာအတွက် ပြီးပြည့်စုံသော အဖြေဖြစ်သည်။

ကောင်းကင်ယံမှာ ရည်ရွယ်ချက်မဲ့ လွင့်မျောနေတဲ့ တံခွန်အဖွဲ့ဝင် ရှစ်ထောင်ရဲ့ ပုံသဏ္ဍာန်မရှိတဲ့ စွမ်းအင်ကို ခံစားနေရသည်။

အသက်ပြင်းပြင်းရှူရင်း၊ လက်နှစ်ဖက်နဲ့ လက်ဖျံအစီအရင်တွေကို လျင်မြန်စွာ ဖန်တီးပြီး ပုံတေရိပ်အယောင်တွေ ချန်ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက ကွင်းပြင်တစ်ဝိုက်တွင် "မင်းတို့တွေ ဒီမှာကြည့်စမ်း.....အမိုက်စား အကွက်လေးတစ်ခုပြမယ်" ဟု အော်လိုက်သည်။

ပထမတော့ ရုတ်တရက်အော်သံကြောင့် လူအုပ်ကြီး အံ့ဩသွားပြီး လီလော့ ရှိတဲ့နေရာကို ကြည့်လိုက်ကြသည်။

နောက်အခိုက်အတန့်တွင်၊ လင်းလက်တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကွင်းပြင်တစ်ခုလုံးကို ချက်ချင်းပျံ့နှံ့သွားသည်ကို တွေ့လိုက်ရသည်။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လူတိုင်း အံ့ဩသွားကြသည်။ဤသည်မှာ အဆုံးအစကို မမြင်နိုင်လောက်အောင် ကြီးမားသော နဂါးကြီး၏ သရုပ်သဏ္ဍာန် ထွက်ပေါ်လာသကဲ့သို့ပင်.....

နဂါး၏သရုပ်သဏ္ဍာန်မှာ အနည်းငယ်မှုန်ဝါးနေသော်လည်း ၎င်း၏အသွင်အပြင်သည် လူအုပ်ကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားလှိုင်းများကို ပေးပို့ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ကြီးမားသော နဂါးကြီးတစ်ကောင် သူတို့၏အသိစိတ်ကို တိုက်ရိုက်ထိမှန်သွားသလိုပင်..... ထိုအချိန်တွင် သူတို့သည် မိမိကိုယ်ကို လုံးဝမေ့သွားကာ မှင်တက်စွာ ကျန်ရစ်ခဲ့သည်။

ယခင်က ပွက်ပွက်ဆူနေသော စွမ်းအင်များ ငြိမ်သက်စပြုနေပြီဖြစ်သည်။

ဒါကိုမြင်တော့ လီလော့က အခွင့်အရေးကိုလက်လွတ်မခံဘဲ တံခွန်ကိုင်၏ ရွှေတံဆိပ်အကူအညီနဲ့ အပေါ်က စွမ်းအင်တွေကို အမြန်စုစည်းလိုက်သည်။

တိုတောင်းသောအခိုက်အတန့်တွင်၊ ယခင်က တွန်းလှန်ခဲ့သော စွမ်းအင်များ သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်သည်။

ယခုတော့ သူအသုံးချနိုင်သော စွမ်းအင်ပမာဏ သိသိသာသာ တိုးလာသည်။

မိနစ်ဝက်လောက်ကြာတော့ လူအုပ်ကြီးက သူတို့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ အနေအထားကနေ သတိပြန်ဝင်လာကြသည်။ အလွန်ကြီးမားသော စွမ်းအင်မြစ်ရေသည် ၎င်းတို့အထက်ရှိ စွမ်းအင်၏ သမုဒ္ဒရာအတွင်း၌ ပေါ်လာသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ကြသည်။

လီလော့က ၎င်းကို ထိန်းချုပ်ထားသည်။

ဤမြင်ကွင်းက ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်လောက်အောင်ပင်..... မကြာသေးမီကပင် လီလော့သည် စုစုပေါင်းစွမ်းအင်၏ ဆယ်ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ အခု ခုနစ်ဆယ်ရာခိုင်နှုန်းကျော်ကို ထိန်းချူပ်နိူင်ပြီဖြစ်သည်။

လီလော့က စွမ်းအင်သမုဒ္ဒရာကို သိသိသာသာ ထိန်းချုပ်ထားပုံရသည်။

ဒါပေမယ့်ဘယ်လို ထိန်းချူပ်လိုက်တာလဲ????

ရွှေသွေးတံခွန်အဖွဲ့မှ လီချင်းဖုန်းပင်လျှင် သူ၏ပထမဆုံးကြိုးစားမှုတွင် ထိုသို့ပြုလုပ်နိုင်ခဲ့ခြင်းမရှိပေ။ လီလော့က လီချင်းဖုန်း ထက်ပင် ထူးချွန်နေပါသလား.....

သူတို့၏ စိတ်နှလုံးသားများ တုန်လှုပ်ချောက်ချားသွားကြသည်။ သဟဇာတဖြစ်မှုအခြေအနေအတွက်မဟုတ်ပါက၊ အချင်းချင်းလှည့်၍ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြပေလိမ့်မည်။

အခြားသူများနှင့်မတူဘဲ ကျုံးလင်သည် ယခု လီလော့၏ ထိန်းချုပ်မှုအောက်ရှိ များပြားလှသော စွမ်းအင်ပမာဏကို စိုက်ကြည့်နေစဉ် တုန်လှုပ်ခြောက်ခြားကာ ထိတ်လန့်တကြားဖြစ်ခဲ့ရသည်။

ဒီအချိန်တိုလေးအတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သူနားမလည်နိုင်တော့ပေ။

လီလော့ အစောပိုင်းက ဖန်တီးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးကြီးက ဘာလဲ.....

ထိုသတ္တဝါထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားများကြောင့် ကလန်ကဆန်လုပ်လို့မရတော့ပေ။

"ဒီကောင် ဘာလိုလုပ်လိုက်တာလဲ..."

ကျုံးလင်သည် ကြောက်ရွံ့မှုနှင့် ဒေါသ ရောထွေးကာ သူ့ကိုယ်သူ မေးလိုက်သည်။ လီလော့ ကျရှုံးတာကိုမြင်ပြီး ဟာသတစ်ခုလို ပျက်ရယ်ပြုချင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် လီလော့၏ထိန်းချုပ်မှုအောက်တွင် စွမ်းအင်၏ ခုနစ်ဆယ်ရာခိုင်နှုန်းရှိနေပြီဖြစ်ပြီး ကျန်သုံးဆယ်ရာခိုင်နှုန်းမှာ သူ့အား ခြိမ်းခြောက်မှု သို့မဟုတ် အဟန့်အတားဖြစ်စေရန် ခဲယဉ်းနေတော့မည်ဖြစ်သည်။

တစ်နည်းဆိုရသော် လီလော့သည် ပထမဆုံးကြိုးစားမှုတွင် တံခွန်အဖွဲ့တစ်ခုလုံးနှင့် ပြီးပြည့်စုံသော သဟဇာတဖြစ်မှုကို ရရှိရန် ဖြစ်နိုင်ချေရှိသည်။

ဒီလိုအောင်မြင်မှုမျိုးကို မကြုံဖူးတာမဟုတ်ပေမယ့် အကြိမ်အနည်းငယ်သာ ရှိခဲ့ဖူးသည်။ အနည်းဆုံးတော့ လီချင်းဖုန်းပင်လျှင် ထိုသို့မအောင်မြင်နိုင်ခဲ့ပေ။

ဤအတိုင်းသာဆို လီလော့၏ဂုဏ်သတင်းသည် ဤသတင်းထွက်လာသည်နှင့် တပြိုင်နက် ပို၍ပင် တိုးတက်လာမည်ဖြစ်သည်။

ကျုံးလင်သည် အဆုံးမရှိသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ တစ်ဖက်တွင်တော့ လီလော့က ဝမ်းသာအားရ အံ့သြသွားသည်။ သူ၏ လျင်မြန်သော တွေးခေါ်မှု သည် မျှော်လင့်ထားသည်ထက် များစွာ ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိခဲ့ပြီး ဖြစ်နိုင်ချေ အများစုမှာ တံခွန်အဖွဲ့ဝင် အများစုက နဂါးငွေ့တန်းကျင့်စဉ်ကို အသုံးပြုသူများ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သူ၏ ကောင်းကင်နဂါးပဲ့တင်ထပ်သံဉာဏ်အလင်းမှ နဂါးသဏ္ဍာန်၏ သက်ရောက်မှုများက ထင်ရှားလှသည်။

သူ၏ ထိန်းချုပ်မှုအောက်တွင် စွမ်းအင်၏ ခုနစ်ဆယ်ရာခိုင်နှုန်းဖြင့် အောင်မြင်မှုကို မျက်မြင်တွေ့ရှိခဲ့သည်။

လျင်မြန်သော အတွေးဖြင့် ကြီးမားသော စပါးအုံးမြွေကြီးကဲ့သို့ သမုဒ္ဒရာထဲတွင် ကြီးမားသော စွမ်းအင်များ လျှော့ကျသွားပြီး ကျန်စွမ်းအင်များကို အိမ်ပြန်လာသော ငှက်များသဖွယ် စုပ်ယူသွားသည်။

ခဏအကြာတွင် စွမ်းအင်၏ ကိုးဆယ်ရာခိုင်နှုန်းကျော် သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ကျန်ဆယ်ရာခိုင်နှုန်းသည် ကျုံးလင်နှင့် သူ၏အမာခံထောက်ခံသူများဖြစ်ကြောင်း မကြည့်ဘဲ သိနိူင်သည်။

သူတို့သာလျှင် ပုန်ကန်ရန် ပြင်းပြသော ရည်ရွယ်ချက်ဖြင့် ပေါင်းစည်ခြင်းအား တွန်းလှန်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤအချိန်တွင် ခုခံမှုမှာ အချည်းနှီးသာဖြစ်သည်။ လီလော့သည် ၎င်းတို့ကို ကျော်ဖြတ်ရန် ကြီးမားသော စွမ်းအင်ပမာဏကို ထိန်းချုပ်ထားစဉ်တွင် ၎င်းတို့၏ စွမ်းအင်များကို အလွယ်တကူ ဝါးမျိုသွားခဲ့သည်။

အဆုံးတွင်၊ သူသည် ပထမဆုံးကြိုးပမ်းမှုတွင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ တစ်ခုလုံးနှင့် သဟဇာတဖြစ်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ဝုန်းးးးဝုန်းးးးးးးး

လီလော့ ထိန်းချုပ်ထားသော ခမ်းနားသောစွမ်းအင်များသည် အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းများထက်တွင် ကျယ်လောင်သော မိုးခြိမ်းသံကိုထုတ်လွှတ်နေသော ဧရာမနဂါးကြီးကဲ့သို့ ပျံသန်းသွားသည်။ ၎င်းသည် သဘာဝစွမ်းအင်အားလုံးကိုပင် ဖိနှိပ်ချုပ်ချယ်နိုင်သော အော်ရာကိုပိုင်ဆိုင်ထားသည်။

မိုးခြိမ်းသံများ ဆက်လက် ထွက်ပေါ်နေချိန်တွင် တောင်တန်းများရှိ ထူးဆန်းသော အကြည့်များစွာက ၎င်းထံသို့သာ အာရုံစိုက်နေကြသည်။

နောက်ဆုံးတွင်၊ ၎င်းသည် မြို့စားအဆင့်ကိုပင်ပြိုင်ဆိုင်ရန်လုံလောက်သောစွမ်းအင်များဖြစ်သည်။

၎င်းတို့သည် အစိမ်းရောင်နယ်သာ လေ့ကျင့်ကွင်းမှ ထွက်ပေါ်လယသောကြောင့်အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့'၏သဟဇာတဖြစ်ခြင်းမှ ဖြစ်ပေါ်လာကြောင်း သူတို့ နားလည်ခဲ့ကြသည်။ ဒါဟာ တကယ်ကို အံ့သြလောက်စရာပင်.... အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ သည် တံခွန်ကိုင်အသစ်တစ်ဦးကို ခန့်အပ်ခဲ့သည်မှာ ရက်ပိုင်းမျှပင်ရှိသေးသည်မဟုတ်လော......

ဒီအခိုက်အတန့်မှာ သူတို့ အတွေးတွေ ရပ်တန့်သွားပြီး အမူအရာတွေပြောင်းကုန်ကြသည်။

သူတို့မှတ်မိသလောက်ဆို လီလော့က အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ရဲ့ တံခွန်ကိုင်ဖြသ်လာတာ မကြာသေးခင်ရက်ပိုင်းကပဲ မဟုတ်လား......

အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ နဲ့ သဟဇာတဖြစ်အောင် ကြိုးပမ်းနေတဲ့ ဒီနေ့ဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလား.....

သူအောင်မြင်ခဲ့တာလား?!

ဤအခိုက်အတန့်တွင်၊ နဂါးစွယ်ကလန်ရှိ အကြီးအကဲအများအပြား လုံးဝ အံ့အားသင့်သွားကြသည်။

လီတိုင်ရွှမ် ၏သားသည် အမှန်တကယ် ထူးခြားသူဖြစ်ပြီး အမြဲတစေ အံ့အားသင့်စရာများကို ယူဆောင်လာသည်။

အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းတွင်.....

လီလော့သည် အသစ်ရရှိလာသော စွမ်းအားများကို ပျော်ရွှင်စွာ ထိန်းကျောင်းခဲ့သည်။ ဤဆွဲဆောင်မှုသည် ပဉ္စမတပ်ခွဲတစ်ခုတည်းက ပေးစွမ်းနိုင်သည့်အရာထက် များစွာသာလွန်ပြီး၎င်းသည် မြို့စားအဆင့် နှင့်တန်းတူအာဏာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မကြာမီမှာပင် ပင်ပန်းနွမ်းနယ်မှု လှိုင်းလုံးကြီးက သူ့ထံ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ဤမျှကြီးမား များပြားသောစွမ်းအင်များကို ထိန်းချုပ်ခြင်းသည် သူ့အပေါ် ကြီးမားသော ထိခိုက်မှုဖြစ်စေခဲ့သည်မှာ ထင်ရှားသည်။

သူ့ထံမှ အတွေးတစ်ခုဖြင့် ကြီးမားလှသော သမုဒ္ဒရာကြီးကဲ့သို့ စွမ်းအင်များ ဖြည်းညှင်းစွာလေထဲတွင် ပျံ့လွင့်သွားသည်။

ထို့နောက် အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ ၏ အဖွဲ့ဝင် ရှစ်ထောင်ကို တစ်ချက်ကြည့်လိုက်သည်။မက်မောစွဲမက်လောက်စရာ စွမ်းအားများကြောင့် သူတို့ရဲ့ မျက်လုံးတွေဟာ အခုချိန်မှာ လေးစားမှုတွေနဲ့ ပြည့်နှက်နေပေသည်။

ထိုအချိန်တွင် လီလော့သည် ရှုပ်ထွေးနေသော အကြည့်ဖြင့် ကျုံးလင်ကို ကြည့်လိုက်သည်။

သူ့အကြည့်တွေကို ခံစားရင်း ကျုံးလင် ချက်ချင်းပဲ သူ့ကိုယ်သူ ထိန်းလိုက်ကာ မျက်နှာလွှဲနေသည်။

"ကျုံးလင်" လီလော့ မသိမသာ ပြုံးလိုက်မိသည်။ အနာဂတ်တွင် ပြဿနာများမကြီးထွားမီ အချို့အရာများကို ဖြေရှင်းရပေမည်။

"ဘာလဲ?"

"မင်းဒဏ်ရာတွေ ပြန်ကောင်းလာပြီလား" ဟု လီလော့က စေ့စေ့စပ်စပ် မေးလိုက်သည်။

" လုံးဝ မပျောက်ကင်းသေးပေမယ့် နေ့စဉ် လေ့ကျင့်ဖို့တော့ ပြသာနာမရှိလောက်ပါဘူး....." ဟု ကျုံးလင်က မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ လီလော့က ခေါင်းခါလိုက်ပြီး ....."ငါဆိုလိုတာက မင်းရဲ့ကျန်းမာရေးက အရေးကြီးဆုံးပဲ..... ပြန်ကောင်းအောင် ဂရုစိုက်သင့်တယ်.....လေ့ကျင့်ရေးလို အသေးအဖွဲကိစ္စတွေကနေ အနားယူလိုက်ပါ...."

လီလော့က သူ့စကားကိုအဆုံးသတ်လိုက်သည်နှင့် ကျုံးလင်၏ မျက်လုံးထောင့်များ သိသိသာသာတုန်ရီသွားပြီး သူက ချက်ချင်းဆိုသလို..... "အရမ်းစိတ်မပူပါနဲ့....ငါ့ဒဏ်ရာက ဒီလောက်မပြင်းထန်ပါဘူး... ဒါကြောင့် အကြာကြီး အနားယူနေစရာ မလိုဘူး"

ဤအခိုက်အတန့်တွင် လီလော့ တွေးနေသည့်အရာကို သူ ကောင်းကောင်းခံစားနိုင်ခဲ့သည်။ လီလော့က သူ့ကို ပထမတပ်ခွဲကနေ

​ဝေးကွာသွားစေဖို့အတွက် ဒါကို ဆင်ခြေတစ်ခုအနေနဲ့ အသုံးချချင်နေသည်။ အကယ်၍ သူသာ ခဏလောက် အနားယူခဲ့မည်ဆိုလျှင်၊ သူပြန်လာသောအခါ သူ့ကို ဆက်လက်ပံ့ပိုးပေးမည့်သူ ကျန်တော့မည်မဟုတ်ပေ။

လီလော့က တောက်ပစွာ ပြုံးပြပြီး တုံ့ပြန်လိုက်သည်။ အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ မှ မိန်းကလေးအချို့သည် သူ၏ချောမောသောရုပ်ရည်ကို ကြည့်ပြီး မျက်တောင်မခတ်နိုင်ကြတော့ပေ။

ထို့နောက် သူ့မျက်နှာပေါ်တွင် လေးနက်သောအမူအရာ ပြန်ရောက်လာပြီး၊ လီလော့က သူ၏လက်ဖဝါးကို ဖိချလိုက်ကာ အပေါ်မှ ကြီးကျယ်ခမ်းနားသော စွမ်းအင်စီးကြောင်းသည် တောင်ကြီးတစ်ခုကဲ့သို့ ကျဆင်းလာသည်။

ကျုံးလင်သည် ကြီးမားလှသော စွမ်းအင်များ၏ပစ်မှတ်ဖြစ်လာသည်။ ၎င်းအတွက် ပြင်ဆင်ထားသော်လည်း လီလော့၏ ကြီးမားလှသော ခွန်အားရှေ့တွင် သူသည် လုံးဝ စွမ်းအားမရှိပေ။ တစ်ချက် အသက်ရှုလိုက်ရုံနဲ့ သူ့ခံစစ် ပြိုပျက်သွားလေပြီ.....

ကျုံးလင် ပါးစပ်ထဲက သွေးတွေ ထွက်လာပြီး ဒေါသနဲ့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်နေသောအကြည့်ဖြင့် လီလော့ကိုကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ဖိနှိပ်မှုအောက်တွင် ပြိုကျကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

ရုတ်တရတ် ချုံခိုတိုက်ခိုက်မှုကနေ ဒီလောက်ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို မမျှော်လင့်ထားခဲ့ပေ။

လီလော့၏ သနားညှာတာမှုကင်းမဲ့ပြီး ပြတ်သားသော လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထိုအချိန်တွင် လီလော့သည် ငြိမ်သက်နေပြီး ဒူးထောက်ကာ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သတိလစ်သွားသော ကျုံးလင်ကို စောင့်ကြည့်နေသည်။

"အဲဒီဒဏ်ရာတွေကို ကြည့်စမ်းပါဉီး.... တော်တော်ပြင်းထန်ပုံရတယ်။ မင်းနေကောင်းတယ်လို့ ဘယ်လိုပြောလိုက်တာလဲ.... ခေါင်းမာမနေသင့်ဘူး...များများအနားယူပါ......"

All Chapters