ထိန်းချုပ်မှုမှ လွတ်ထွက်သွားခြင်း.........
Vol. 58 Ch. 803
ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းမှ လူတိုင်းသည် ပြင်းထန်စွာ ဒဏ်ရာရနေသော ကျုံးလင်ကို စိုက်ကြည့်နေကြစဉ် ထိတ်လန့်သွားကြသည်။ အချိန်အတော်ကြာပြီးနောက်တွင် လူအချို့သည် တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာလာပြီး လီလော့ကို မှင်သက်သောအမူအရာဖြင့် ကြည့်လိုက်ကြသည်။
ကျောက်ယန်ဇီတို့ သုံးယောက်စလုံးလည်း အထူးပင် အံ့အားသင့်ခဲ့ကြသည်။လီလော့အနေဖြင့် ကျုံးလင်ကို သည်းမခံနိုင်တော့ကြောင်း သိထားသော်လည်း ဤမျှလောက် ရက်စက်ကြမ်းကြုတ်စွာတုန့်ပြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
လီလော့က "အားလုံးပဲ.... အစိမ်းရောင်နယ်သာတံခွန်'ရဲ့ သဟဇာတဖြစ်ခြင်း စွမ်းအားကို ထိန်းချုပ်တာ ဒါပထမဆုံးအကြိမ်မို့ စောစောက အမှားတစ်ခုလုပ်လိုက်မိတယ်....ကံဆိုးစွာနဲ့ ကျုံးလင် ထိခိုက်ဒဏ်ရာရသွားပြီ....."
လူအုပ်ကြီးက တိတ်ဆိတ်ပြီး တသံမျှမထွက်ရဲကြပေ။
ကျုံးလင်က တကယ်ကံမကောင်းပေမယ့်... တကယ်ပဲ သဟဇာတဖြစ်အောင် ထိန်းချုပ်ဖို့ ကျရှုံးခဲ့တာလား.... ဒါမှမဟုတ် သူတို့ရဲ့ တံခွန်ကိုင်က ကျုံးလင် အပေါ် မကျေနပ်မှုတွေကို ဖွင့်ထုတ်နေတာလား.....
မည်သို့ပင်ဆိုစေကာမူ ထိုအကြောင်းကို မည်သူမျှ မပြောခဲ့ပေ။ များပြားလှသော စွမ်းအင်များ သူတို့အထက်တွင် ပျံဝဲနေသေးသဖြင့်၊ သူတို့အားလုံး ဤအတွေးကို ထုတ်ပြောရလောက်အောင်အထိ မတုံးသေးပေ။
ယခုအခါ လီလော့ ၏ အမိန့်အာဏာသည် ယခင်ကထက် အဆများစွာ ပိုမိုခိုင်မာလာပြီဖြစ်သည်။
ဤသည်မှာ အဓိကအားဖြင့် အဖွဲ့ဝင်ရှစ်ထောင်မှ သဟဇာတဖြစ်ခြင်း၏ စွမ်းအားကြောင့်ဖြစ်သော်လည်း လီလော့သည် သူ၏လက်ရှိအင်အားဖြင့် မြို့စားအဆင့်ကိုပင်ရင်ဆိုင်နိုင်သည်။
တံခွန်ကိုင်သည် တံခွန်အဖွဲ့တစ်ခုလုံး၏ သဟဇာတဖြစ်ခြင်းကို ထိန်းချုပ်နိုင်ကြောင်း ၎င်းတို့အားလုံး နားလည်သဘောပေါက်ကြသည်။
ယခုမှစပြီး လီလော့သည် သူတို့၏ခေါင်းဆောင်အစစ်အမှန်ဖြစ်လာပြီဖြစ်သည်။
ထို့ကြောင့်၊ တံခွန်အဖွဲ့ဝင်များသည် ၎င်းတို့၏ အနန္တတန်ခိုးရှင်ခေါင်းဆောင်အား မကျေနပ်ချက်တစုံတရာ ထုတ်ပြောမည်မဟုတ်ပေ။ ကျုံးလင်၏ဘက်တော်သားများပင် နှုတ်ဆိတ်နေကြသည်။
"ကျုံးလင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်.... တောင်းပန်တဲ့အနေနဲ့ သူ့ကို နှစ်ဝက်လောက် အနားယူခွင့်ပေးမှာပါ.... ဒီကာလအတွင်းမှာ အရင်လိုပဲ လစဉ်ထောက်ပံ့ကြေးတွေကို ဆက်လက်ရရှိမှာပါ" ဟု လီလော့က ကြေညာခဲ့သည်။
ဒါကိုကြားတော့ တံခွန်အဖွဲ့ဝင်တချို့ မဲ့ရွဲ့ကုန်ကြသည်။
ခြောက်လအနားယူခိုင်းမယ်....ကျုံးလင်ကို ဒုခန်းမသခင် ကျုံးယုရှီက အစိမ်းရောင်နယ်သာတံခွန်မှာ အကြံပြုထားတာကို လူတိုင်းသိကြသည်။.... လီလော့က တံခွန်ကိုင်ဖြစ်ပေမယ့် ကျုံးလင်ကို ထုတ်ပစ်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခု လိုအပ်သည်။ ထို့အပြင် ၎င်းကို ဒုတိယခန်းမသခင်ထံ တိုင်ကြားပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို တရားဝင် အပြီးသတ်ရန် ၎င်း၏ခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။
လီလော့တွင် ဂုဏ်သိက္ခာရှိသော နောက်ခံရှိနေသည့်တိုင် ဒုခန်းမသခင်သည် အကြောင်းပြချက် တစ်မျိုးမျိုးဖြင် ဟန့်တားမည်သာ.....
ဒါပေမယ့် လီလော့က လမ်းကြောင်း ရုတ်တရက်ပြောင်းသွားလိမ့်မည်ဟု မည်သူမျှမထင်ခဲ့ပေ။ ကျုံးလင် ကိုတိုက်ရိုက်ထုတ်ပစ်မယ့်အစား ပြန်လည်သက်သာအောင်အနားယူဖို့တရားဝင်အကြောင်းပြချက်ကိုရှာတွေ့ခဲ့သည်။ ဒါပေမယ့် နှစ်ဝက်လောက် အနားယူရခိုင်းလိုက်ခြင်းသည် ပြည်နှင်ဒဏ်ပေးလိုက်ခြင်းနှင့်သိပ်မကွာပေ။
ကျုံးလင် ပြန်ရောက်တာနဲ့ ပထမတပ်ခွဲက သူ့ကို မေ့နေလောက်ပြီ.....
ထိုသဘောအရ၊ လီလော့၏ရုတ်တရက် လှုပ်ရှားမှုသည် ပထမတစ်ချက်တွင် ကြမ်းတမ်းပုံပေါ်သော်လည်း၊ ၎င်းသည် ဒုခန်းမသခင်၏စွပ်စွဲချက်များကို ခုခံကာကွယ်နိုင်သရွေ့ အမှန်တကယ် ထိရောက်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်။
လီလော့က သူတကယ် ထိန်းချုပ်မှု ကနရျုံးသွားပြီလို့ အခိုင်အမာပြောနေသရွေ့ လီလော့ ကို မယုံရင်တောင်မှ ဒုခန်းမသခင်က ဘာမှလုပ်နိူင်မည်မဟုတ်ပေ။
"ဒီအတောအတွင်းမှာ ကျောက်ရှန်ဟေးက ပထမတပ်ခွဲရဲ့ တပ်ခွဲအဖွဲ့ခေါင်းဆောင်အဖြစ် ကျုံးလင် ပြန်လည်သက်သာလာတဲအထိ တာဝန်ယူပေးလိမ့်မယ်...."
လီလော့က ပထမတပ်ခွဲကို လှည့်ကြည့်ရင်း အမိန့်ပေးလိုက်သည်။
လူအုပ်ကြားတွင် ကျောက်ရှန်ဟေးသည် ဤအမိန့်ကြောင့် အစပိုင်းတွင် အံ့သြသွားခဲ့သည်။ သို့သော် မကြာမီမှာပင်.....
"ဟုတ်ကဲ့ပါ...." ဟု ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။
ပထမတပ်ခွဲ၏အခြားအဖွဲ့ဝင်များသည် ဤရုတ်တရက်အမိန့်ကြောင့် အချင်းချင်း စတင်ဆွေးနွေးနေကြသည်။ ကျောက်ရှန်ဟေးသည် ကျုံးလင်လောက်အရည်အချင်းမပြည့်မီသည်မှာ သေချာပါသည်။ သို့သော်လည်း ကျောက်ရှန်ဟေးသည် ပထမတပ်ခွဲတွင် အထက်တန်းစားအဖြစ် ရှိနေဆဲဖြစ်သောကြောင့် မကြာမီတွင် ရုန်းရင်းဆန်ခတ်မှုများ ငြိမ်သက်သွားခဲ့သည်။
သဘောထားတင်းမာသော ကျုံးလင်၏ ထောက်ခံသူ အနည်းစုပင်လျှင် မည်သည့် အတိုက်အခံကိုမျှ မပြောဝံ့ကြပေ။ ခိုင်လုံသော ကျောထောက်နောက်ခံရှိသည့် ကျုံးလင်တောင် ပြင်းထန်စွာ ဒဏ်ရာရခဲ့လျှင် သူတို့သာဆန္ဒပြဝံ့လျှင် ဘာဖြစ်မည်ကို တွေးဆ၍မရပေ။
ယခုအချိန်တွင် ကျုံးလင်အပေါ် ၎င်းတို့၏သစ္စာစောင့်သိမှုများ သိသိသာသာ အားနည်းသွားခဲ့သည်။
" ဒီစွမ်းအင်သမုဒ္ဒရာကို ထိန်းချုပ်နိုင်မှု ကျရှုံးသွားတာဟာ မတော်တဆမှုတစ်ခုပါပဲ..... ဒါကို သတိထားပြီး နောက်တစ်ကြိမ်မှာ ပိုသတိထားပါ့မယ်... ဆိုလိုတာက အခုကစပြီး ငါတို့ စည်းလုံးညီညွတ်နေဖို့လိုတယ်.... အဲဒါမှသာလျှင် အစိမ်းရောင်နယ်သာတံခွန် ရဲ့အတိတ်ကဂုဏ်ကျက်သရေကိုပြန်လည်နိုင်မယ်" ဟု လီလော့က လေးနက်သောအသံဖြင့်ပြောလိုက်သည်။
လေ့ကျင့်ရေးကွင်းရှိ တံခွန်အဖွဲ့ဝင် ရှစ်ထောင်သည် သူ၏စကားများကို အံ့အားသင့်စွာ နားထောင်ခဲ့ကြသည်။
ထို့နောက် လီလော့က "ဒါဆို... ကျုံးလင် ဒဏ်ရာက ဘယ်လိုဖြစ်သွားတာလဲ...."
လိမ္မာပါးနပ်သူအချို့က.... "သဟဇာတဖြစ်မှု ကျရှုံးသွားတာကြောင့်ပါ.....!"
လီလော့က ကျေနပ်စွာ ပြုံးလိုက်ပြီး....
"လူတိုင်း စည်းလုံးကြမယ်လို့ မျှော်လင့်ပါတယ်..... ဒီစည်းလုံးညီညွတ်မှုကို ချိုးဖျက်တဲ့ ဘယ်သူမဆို ငါတို့ရဲ့ အိပ်မက်ကို ဖျက်စီးသွားလိမ့်မယ်..... ဒီလိုသာဆို အဲ့လူတွေအတွက်နဂါးစွယ်ကလန်မှာ နေရာမရှိမှာမဟုတ်ဘူး!"
သူပြောသည့်စကား ပြီးဆုံးသောအခါ လူအုပ်ကြီးက သဘောကျစွာ အော်ဟစ်လိုက်ကြသည်။
ကျုံးလင်၏ အမာခံထောက်ခံသူများသည် ကျယ်လောင်သော အားပေးမှုများကြားတွင် ကြောက်ရွံ့တုန်လှုပ်နေကြသည လီလော့၏ စကားလုံးများသည် ၎င်းတို့ကို ဦးတည်နေပြီး သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်နေခြင်းကို သူတို့ နားလည်ကြသည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏စည်းလုံးညီညွတ်မှုကိုနှောင့်ယှက်ဝံ့သူမည်သူမဆို နဂါးစွယ်ကလန်တွင် ဆက်လက်နေထိုင်နိုင်မည်မဟုတ်ပေ။
အကယ်၍ ထိုစကားများသာ အခြားသူများထံမှ ထွက်လာပါက ဤမျှ ကြောက်စရာကောင်းမည်မဟုတ်ပေ။ ဒါပေမယ့် လီလော့ ကတော့ မတူပေ။ သူ၏နောက်ခံကြောင့် ဤသို့ မောက်မာစွာပြောဆိုနိုင်ပေသည်။
နောက်ဆုံးတွင် လီလော့သည် လေ့ကျင့်မှုကိုရပ်နား၍ ဒဏ်ရာရနေသော ကျုံးလင်ကို သူ့လူများ အဝေးသို့ သယ်ဆောင်သွားသည်ကို စောင့်ကြည့်ခဲ့သည်။
သဟဇာတဖြစ်ခြင်းမှ စွမ်းအင်များ မှိန်ဖျော့သွားသောအခါ လီလော့သည်စိတ်ပျက်အားငယ်မှုကို ခံစားနေရသည်။ ပဉ္စမတပ်ခွဲ၏ သဟဇာတဖြစ်မှုထက် အဆမတန် ကြီးမားသော စွမ်းအားသည် အမှန်တကယ် ဆွဲဆောင်မှုရှိသည်။
ဤမျှလောက်ကြီးသော တန်ခိုးအာဏာကို ကိုင်စွဲထားနိုင်ပြီးနောက် အာဏာ ယစ်မူးလာသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
လီလော့ သက်ပြင်းချပြီးနောက် သူ့မျက်လုံးများ ကြည်လင်ပြတ်သားနေသည်။ တကယ့်ကို ပြင်းထန်တဲ့ စွမ်းအားတစ်ခုဖြစ်ပေမယ့် သူ့အတွက် လုံးဝအစွဲအလမ်းကြီးနေဖို့ မလုံလောက်သေးပေ။
သို့သော် အစိမ်းရောင်နယ်သာတံခွန်နှင့် သဟဇာတဖြစ်ခြင်းတွင် သူ၏ပထမဆုံးကြိုးပမ်းမှုသည် မျှော်လင့်ထားသည်ထက် များစွာပိုမိုကောင်းမွန်သောအောင်မြင်မှုမျိုးဖြင့် အောင်မြင်ခဲ့သည်။ ထို့ကဲ့သို့ ပြင်းထန်သောအာဏာကို ထိန်းချုပ်ရန် သင်ယူခဲ့ရုံသာမက အစိမ်းရောင်နယ်သာတံခွန်တွင် ဝှက်ထားသော အကြီးမားဆုံး အတားအဆီးကိုလည်း ဖယ်ရှားနိုင်ခဲ့သည်။
ပြန်လည်သက်သာလာသည့်တိုင် ကျုံးလင် အတွက် အစိမ်းရောင်နယ်သာတံခွန်မှာ နေစရာနေရာရှိတော့မည်မဟုတ်ပေ။
တဖြည်းဖြည်းနှင့် တံခွန်အဖွဲ့ဝင်များ လေ့ကျင့်ရေးကွင်းမှ ထွက်သွားကြသည်။ အချင်းချင်း တီးတိုးပြောရင်း တက်ကြွပြီး စိတ်အားထက်သန်နေကြသည်။ သို့သော် သူတို့သည် ကျုံးလင်၏အဖြစ်အပျက်အကြောင်း မပြောခဲ့ကြပေ။ သဟဇာတဖြစ်ခြင်းတွင် ပထမဆုံးကြိုးစားမှုဖြင့် အောင်မြင်မှုအတွက် စိတ်လှုပ်ရှားနေကြသည်။
ဒီအောင်မြင်မှုက ဘယ်လောက်ထူးခြားတယ်ဆိုတာ သူတို့ကောင်းကောင်းသိကြသည်။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေ ပြန့်နှံ့သွားတဲ့အခါ လူတိုင်းက အစိမ်းရောင်နယ်သာတံခွန် ကို အာရုံစိုက်လာကြလိမ့်မည်။
၎င်းတို့၏ တံခွန်ကိုင်အသစ်၏ ဦးဆောင်မှုအောက်တွင် အစိမ်းရောင်နယ်သာတံခွန်၏ ကျက်သရေရှိသော နေ့ရက်များကို အမှန်တကယ် ရောက်နိုင်မည်သာ......
"ယန်ဇီ.... လာမယ့်နှစ်ရက်အတွင်း အကောင်းဆုံးအဖွဲ့ဝင်တွေကို ရွေးချယ်ပြီး ပဉ္စမတပ်ခွဲကို ရှေ့တန်းအဖွဲ့အဖြစ် ပြောင်းလဲရမယ်.... နောက်လာမည့် နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးအတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်...." ဟု လီလော့က ကျောက်ယန်ဇီ ကို သတိပေးခဲ့သည်။
ကျောက်ယန်ဇီက ခေါင်းညိတ်ပြီး ပြုံးချိုချိုနဲ့..... "ခေါင်းဆောင်.....ကျုံးလင်ကို ကန်ထုတ်ဖို့ နည်းလမ်းတွေ အများကြီး စဉ်းစားထားပေမယ့် အခုသုံးလိုက်တဲ့နည်းလမ်းလောက် ဘယ်အရာမှ ထိရောက်မှု မရှိခဲ့ဘူး"
လီလော့က "ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး..... စွမ်းအင်တွေ ထိန်းမရတော့တာကြောင့်ပါ..... ကျုံးလင်ကိုက ကံဆိုးတာ......"
အနည်းငယ် လျှို့ဝှက်သော
အပြုံးဖြင့် ကျောက်ယန်က....
"ခေါင်းဆောင်ကိုယ်စားလူလွှတ်ပြီး သူ့ကိုနှစ်ရက်တကြိမ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း တောင်းပန်လိုက်မယ်....သူ့မြန်မြန်သက်သာဖို့မျှော်လင့်နေကြောင်းလဲစကားလိုက်မယ်လေ....."
ဒါကိုကြားတော့ လီလော့ ထိတ်လန့်သွားသည်။ ထိုအချိန်တွင် လီရှိ နှင့်မုဘီတို့သည် ချစ်စဖွယ်ပြုံးနေသော ကျောက်ယန်ဇီကို တစ်ချက်ကြည့်လိုက်သည်။
ဘယ်လောက် ရက်စက်လိုက်သလဲ.... ဒါ ကျုံးလင်ရဲ့ဒေါသကိုသွားဆွတာမဟုတ်ဘူးလား.....
ထို့အပြင် နှစ်ရက်တစ်ကြိမ် သွားရောက်လည်ပတ်ခြင်းသည် ကျုံးလင်ကို ပိုကောင်းစေဖို့ ရည်ရွယ်ချက်မရှိမှန်း ထင်ရှားနေသည်။
လီလော့က ကျုံးလင်ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေခဲ့သော်လည်း ကျောက်ယန်ဇီက စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ချင်နေသည်။