နဂါးစွယ် မြို့စားအဆင့်ပညာရပ်....
Vol. 58 Ch. 805
နောက်ဆုံးတွင်တော့ ဤကိစ္စအလျင်အမြန် ပြီးဆုံးသွားခဲ့သည်။ လီလော့ဘက်က ပင်မခန်းမသခင်၏ မဲပေးခွင့်ကို ပိုင်ဆိုင်ထားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ၎င်းသည် ပင်မခန်းမသခင်၏ အခွင့်ထူးများအားလုံးကို မပိုင်ဆိုင်ထားသော်လည်း ဆုံးဖြတ်ချက်များအတွက် မဲပေးပိုင်ခွင့်ရှိခြင်းဟူသောအချက်ကို ထည့်သွင်းစဉ်းစားလိုက်လျှင် ၎င်းသည် တံခွန်အဖွဲ့နှစ်ဆယ်တွင် သြဇာအရှိဆုံး တံခွန်အဖွဲ့ခေါင်းဆောင်ဖြစ်မည်မှာ သေချာပါသည်။
အခြားငေါ တံခွန်ကိုင်များတွင် ထိုကဲ့သို့သော အထူးအခွင့်အရေးကို မပိုင်ဆိုင်နိုင်ကြပေ။
သိပ်မကြာခင်မှာပဲ ကျုံးယုရှီ ဒေါသတကြီးထွက်သွားခဲ့သည်။ ပင်မခန်းမသခင်၏မဲပေးပိုင်ခွင့်ဖြင့် လီလော့သည် အစိမ်းရောင်နယ်သာခန်းမတွင် သူ၏သြဇာလွှမ်းမိုးမှုကို အမှန်တကယ်ထိခိုက်စေနိုင်သည်။ သို့သော်လည်း ဤအရာအားလုံးသည် လီကျင်းဇယ်ထံမှ အရင်းတည်လာသောကြောင့် ဘယ်လောက်ပဲဒေါသထွက်နေပါစေ ဘာမှမလုပ်နိုင်ပေ။
နောက်ဆုံးတွင် ကျုံးလင်၏ပြသာနာ ရပ်တန့်သွားခဲ့သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ဟာ လီလော့ ရဲ့လက်ထဲကို ကျရောက်သွားမှာ မလွဲမသွေပင်.......
တောင်တွေကြားက အစိမ်းရောင်နယ်သာတောင်ထွတ်တွင်.....
လီရုန်ယွင့်က လီလော့ကို ပျော်ရွှင်စွာကြည့်လိုက်သည်။ သူမသည် ကျုံးယုရှီကို ယခင်က အနိုင်ရခဲဖူးခြင်းမရှိသောကြောင့် ယနေ့ ကြုံတွေ့ရသည်မှာ ကျေနပ်အားရစရာပင်။
"ကလန်အကြီးအကဲက မင်းကို အစိမ်းရောင်နယ်သာခန်းမရဲ့ ပင်မခန်းမသခင်တံတိပ်ပြား ပေးလိုက်မယ်လို့ ဘယ်သူထင်ထားမှာလဲ.... ကျုံးယုရှီက ဒီတံဆိပ်ပြားကို နှစ်ပေါင်းများစွာမျက်စိကျနေခဲ့တာ...."
" ကြည့်ရတာ လီတိုင်ရွှမ် ထွက်သွားတာနှစ်ပေါင်းများစွာကြာခဲ့ပေမယ့် ကလန်အကြီးအကဲရဲ့စိတ်ထဲမှာ ရှိနေဆဲပဲ....."
"ဒီတံဆိပ်ပြားကြောင့် ကျွန်တော့်မှာ မဲပေးပိုင်ခွင့်ရှိပေမယ့် ကျွန်တော် ဝင်မစွက်ဖက်နိုင်တဲ့ ကိစ္စတွေ အများကြီး ရှိပါသေးတယ်...ဒါက စောလွန်းနေသေးတယ်လို့ ထင်တယ်"
"ဒါဟာ ကောင်းမွန်တဲ့ စတင်မှုတစ်ခုပဲလေ..... မင်းအဖေက နောက်ထပ်နှစ်အနည်းငယ်ကြာတဲ့အထိ နဂါးစွယ်ကလန်ကို ပြန်မလာဘူးဆိုရင် ကလန်အကြီးအကဲက မင်းကို သူ့ရာထူးကို လွှဲပြောင်းပေးလိမ့်မယ်" ဟု လီရုန်ယွင့်က ထပ်လောင်းပြောကြားခဲ့သည်။
"ဒါက ငါ့အတွက် သိပ်ကြီးလေးလွန်းတယ်....." လီလော့က ခေါင်းယမ်းကာ ရယ်လိုက်သည်။ အစိမ်းရောင်နယ်သာခန်းမ သည် နဂါးစွယ်ကလန်ရှိ နယ်ပယ်နှစ်ခုကို အုပ်ချုပ်ခဲ့ပြီး ၎င်းတို့နှစ်ခုလုံးသည် ရှပြည်ထောင်စုတစ်ခုလုံး၏ စီရင်ပိုင်ခွင့်ထက် များစွာကြီးမားသည်။ ထိုနယ်မြေများတွင်အင်အားစုများစွာနှင့် မြို့စားအဆင့်များစွာ ပါဝင်နေမည်ဖြစ်သည်။
"မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မြို့စားအဆင့်ကို နောက်ထပ်နှစ်အနည်းငယ်အတွင်း ရောက်ဖို့ဆိုတာ မဖြစ်နိုင်စရာအကြောင်းမရှ်ဘူး..."
"အင်း....." လီလော့က သူ့မေးစေ့ကို ပွတ်ပြီး ပြုံးလိုက်သည်။ နှစ်အနည်းငယ်ကြာလာသောအခါတွင်၊ သူ့ကိုစောင့်ကြိုနေသော ရလဒ်နှစ်ခုအနက်မှ တစ်ခုသာရှိလိမ့်မည်။ မြို့စားအဆင့်သို့ရောက်ခြင်း သို့မဟုတ် ... သေဆုံးခြင်း....
"ဘယ်လိုပဲဖြစ်ဖြစ်... ကျုံးယုရှီရဲ့အစီအစဉ်တွေကို မင်းရဲ့မဲပေးပိုင်ခွင့်နဲ့ အနှောင့်အယှက်ပေးခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး၊ သူ့အကြံဉာဏ်တွေအောင်မြင်ဖို့ ဒီလိုနည်းလမ်းတွေကို အမြဲတမ်းအားကိုးနေခဲ့တာ...အခုဆို သူ့ရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို လွယ်လွယ်နဲ့ စွန့်လွှတ်လိုက်ရပြီ”
"ဒေါ်လေးယွင့် သူဘာလုပ်မယ်ထင်လဲ.."
"အခု အစိမ်းရောင်နယ်သာခန်းမရဲ့ ဆဌမခန်းမသခင်နေရာကို အနိုင်ရဖို့ သူ့ရဲ့ အားထုတ်မှုတွေကို အာရုံစိုက်လိမ့်မယ်ထင်တယ်....."
ဒါကိုကြားတော့ လီလော့ ခဏလောက် စဉ်းစားလိုက်သည်။ ဉီးလေးပေါင်အတွက် ဆဌမခန်းမသခင်ရာထူးကို ချန်ထားရန် စီစဉ်ထားသည်။ ဦးလေးပေါင်သည် သူ့မိသားစုကို ကြီးမားစွာကူညီခဲ့ပြီး မည်သည့်အရာကိုမျှ ပြန်မရရှိခဲ့ပေ။ ဒါဟာ ရာထူးသက်သက်ဖြင့် ပြန်လည်ပေးဆပ်နိုင်သည့်အရာမဟုတ်သော်လည်း လီလော့အနေဖြင့် သူ့အတွက် တစ်ခုခုလုပ်ပေးချင်သေးသည်။
"ဒီကိစ္စနဲ့ပတ်သတ်ပြီး ကလန်အကြီးအကဲ နဲ့စကားပြောပြီးပြီ.... ဉီးလေးပေါင်ကို ရွေးချယ်မှုမှာ ပါဝင်ခွင့်ပေးဖို့ သဘောတူထားတယ်.... ဒါပေမယ့် ဦးလေးပေါင် မသက်သာသေးတဲ့အတွက် စတုတ္ထအဆင့် ခွန်အားကို ရရှိဖို့အတွက် ပြင်ပအကူအညီတွေ လိုအပ်နေသေးတယ်....မြို့စားရဲတိုက်တွေ ပြန်လည်မွမ်းမံနိုင်မှ ဆဌမခန်းမသခင်ရွေးချယ်မှုကို စတင်ဖို့ စီစဉ်ထားတယ်....ဒါမှသာ သူ့ကို ခန်းမသခင်တစ်ယောက်အနေနဲ့ရိုသေလေးစားကြမှာ.... "
လီရိုယွင်က ခေါင်းညိတ်သဘောတူလိုက်သည်။ အမှန်မှာ၊ နွားသိုးကြီးပေါင်ပေါင်သည် သူ၏ ခွန်အားကို ပြန်လည်ရရှိရန် လိုအပ်သည်။ သို့မဟုတ်ပါက လီလော့က သူ့ကို ဆဌမခန်းမသခင်အဖြစ် တွန်းပို့လိုက်လျှင်ပင် ကြာရှည်ခံမည်မဟုတ်ပေ။
"ကလန်အကြီးအကဲက ဒီလိုပြောတဲ့အတွက် စောင့်ကြရအောင်"
ထို့နောက်တွင်၊ သူတို့သည် လီလော့၏တိုးတက်မှုအပြင် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ အကြောင်းကို စတင်ဆွေးနွေးခဲ့ကြသည်။ အားရကျေနပ်သည့်အကြည့်ဖြင့် သူမက...."
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ က နတ်ဆိုးလှိုဏ်ဂူရဲ့ အလွှာသုံးဆယ့်ငါးအထိ ရောက်ရှိနေပြီ.....ပြန်လည်အသက်ဝင်လာတဲ့ ရှေ့တန်းစောင့်အဖွဲ့နဲ့သာဆို မင်းရဲ့ကြိုးပမ်းမှုတွေကို မြှင့်တင်နိုင်တယ်...ဒါဆို တိုးတက်မှု ပိုမိုမြန်ဆန်လာမယ်...."
လီလော့က ဝမ်းသာအားရ ပြုံးကာ တုံ့ပြန်လိုကိသည်။
"ဒေါ်လေးယွင့် ကျွန်တော်တို့ အလွှာလေးဆယ်ကိုရောက်တာနဲ့ နဂါးစွယ်ကလန်ရဲ့ မြို့စားပညာရပ်ကို သင်ယူခွင့်ရမယ်လို့ ကြားတယ်....ဟုတ်လား..."
ရုတ်တရတ်မေးခွန်းကြောင့် လီရုန်ယွင့် အံ့အားသင့်သွားသော်လည်း သူမက ပြုံးကာ.....
"ဟုတ်တယ်... တံခွန်အဖွဲ့က အလွှာလေးဆယ်ကို ရောက်သရွေ့၊ တံခွန်ကိုင်က မြို့စားအဆင့်ပညာရပ်ကို လေ့လာခွင့်ရမှာ....မင်း စိတ်ဝင်စားလို့လား.... "
"ကောင်းကင်ဧကရာဇ်သွေးမျိုးဆက် အမွေဆက်ခံတဲ့ မြို့စားအဆင့်ပညာရပ်ကို စိတ်မဝင်စားဘူးလို့ ပြောရင် လိမ်ရာကျနေမှာပေါ့.... "
မရဏမြစ်၏မဟူရာနဂါးအလံတော်၏ ပြီးပြည့်စုံသောပုံစံသည် ကံကြမ္မာအဆင့် မြို့စားအဆင့်ပညာရပ် ဖြစ်သည်ဟု ဆိုသည်။၎င်းသည် ကောင်းကင်ဘဧကရာဇ်သွေးမျိုးဆက်များကြားတွင်ပင် သြဇာ ကြီးမားပေလိမ့်မည်။ ဝမ်းနည်းစရာမှာ၊ သူ၏လက်ဝယ်ရှိ ပညာရပ်သည် အစွမ်းအစမရှိသဖြင့် ပေါင်းစည်းခြင်းအဆင့် ပညာရပ် တစ်ခုအဖြစ်သာ ယူဆနိုင်သည်။
ဤအရာက သူ့အတွက် လုံလောက်နေသော်လည်း အခွင့်အရေးရလာပါက အခြား မြို့စားအဆင့်ပညာရပ်ကို သင်ယူပြီးဝှက်ဖဲများ ဖန်တီးလိုသည်။ ဤတိုက်ကြီးတွင် အနှေးနှင့်အမြန်ဆိုသလို၊ ကျုံးလင်ထက် အဆပေါင်းများစွာ အားကောင်းသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
သူ့ရဲ့စိတ်အားထက်သန်မှုကိုမြင်တော့ လီရုန်ယွင့်ကပြုံးလိုက်ပြီး ....
"နတ်ဆိုးခန္ဓာအဆင့်ပဲရှိသေးတဲ့ တခြားသူတွေသာ ငါ့ကို ဒီအကြောင်းမေးခဲ့ရင်၊ သူတို့က အရမ်းရည်မှန်းချက်ကြီးပြီး ကိုယ်ပိုင်အရည်အချင်းတွေကို သတိမထားမိဘူးလို့ ထင်မိလိမ့်မယ်.... မြို့စားအဆင့်ပညာရပ်ကို သင်ယူဖို့ အခက်အခဲမြင့်မားပြီး အကယ်၍ ပါရမီရှင်သာမဟုတ်ရင် ဒီပညာရပ်အတွက် အချိန် မဖြုန်းတီးစေချင်ဘူး...ဒါပေမယ့် ကနလန်မှာ မင်း သင်ယူနိုင်တဲ့နဂါးစွယ် မြို့စားအဆင့်ပညာရပ်တွေအများကြီးရှိတယ်....."
"နဂါးစွယ် မြို့စားအဆင့်ပညာရပ်တွေ?" လီလော့ အံ့သြစွာမေးလိုက်သည်။
"ဒါက ဘယ်လို မြို့စားအဆင့်ပညာရပ်လဲ"
"အရှင်းဆုံးပြောရရင် ဒီမြို့စားပညာရပ်ရဲ့အဓိကအကျဆုံးအချက်က အထူးနည်းလမ်းသုံးပြီး နဂါးအစွယ်မွေးမြူရတာပဲ...."
ထိုအချိန်တွင် သူမ ပါးစပ်ဟ၍ တစုံတခုကို မှုတ်ထုတ်လိုက်သည် ။ လီလော့သည် သူမ၏ပါးစပ်မှ အလင်းတန်းလေးများ ထွက်လာသည်ကို မြင်လိုက်ရသည်။
အလင်းတန်းများ လေထဲသို့ တဖျပ်ဖျပ် လွင့်ပျံလာကာ လီရုန်ယွင့်၏အနှးတစ်ဝိုက်တွင် ပျံဝဲနေသော အလင်းတန်းတစ်ခုသို့ ချက်ချင်း ပေါင်းစည်းသွားသည်။
အနီးကပ်ကြည့်လိုက်တော့ အလင်းစီးကြောင်းအတွင်းတွင် ချွန်ထက်သော အရာဝတ္ထုတစ်ခု ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဤသည်မှာ သူမ ရည်ညွှန်းသော နဂါးအစွယ်ဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ ထက်မြက်သော အရိပ်အယောင်ကို ပေးစွမ်းနေသည်။
ဤစူးရှသော အော်ရာ၏ရှေ့မှောက်တွင် ရှိနေရုံမျှဖြင့် စိတ်ဝိညာဉ်ကို ဖောက်ထွင်းခံရသကဲ့သို့ ခံစားရစေကာ ကျောရိုးအထိ ချမ်းခိုက်လာစေသည်။
လီလော့ ကြောက်စိတ်ကြောင့် အေးခဲသွားသည်။ ဤအခိုက်အတန့်တွင်၊ ဤနဂါးအစွယ်ကသာ သူ့ကိုတိုက်ခိုက်လျှင် ခုခံကာကွယ်မှုတစ်ခုမျှ အလုပ်မဖြစ်နိုင်ဟု ခံစားရသည်။ သံသယမရှိဘဲ သူ့တစ်ကိုယ်လုံး မျက်လုံးတစ်မှိတ်အတွင်း ထိုးဖောက်ခံရပြီး ချက်ချင်းသေဆုံးသွားနိုင်သည်။
"ဒါက ငါ မွေးမြူထားတဲ့ နဂါးအစွယ်တွေထဲက တစ်ခုပဲ.....ဘယ်လိုပဲ ပြောင်းလဲနေပါစေ နဂါးစွယ် မြို့စားအဆင့်ပညာရပ်တွေရဲ့ အခြေခံအုတ်မြစ်က နဂါးစွယ်တွေကို အကောင်ထည်ဖော်ခြင်းကနေ စတင်တယ်.... အသေးစိတ်ကိုသိဖို့ စိတ်မလောနဲ့ .... လောလောဆယ်တော့ ဘယ် မြို့စားအဆင့်ပညာရပ် အမျိုးအစားကို ကျင့်ကြံချင်သလဲ ဆိုတာပဲ စဉ်းစားရမှာ....”
ထို့နောက် သူမ ရှူသွင်းလိုက်သည်နှင့် နဂါးစွယ်သည် ကြိုးတစ်မျှင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ပါးစပ်ထဲသို့ ပြန်ဝင်သွားသည်။
လီလော့ ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် သူတို့သည် တောင်အောက်ခြေသို့ရောက်လုနီးနီးဖြစ်သဖြင့် လီရုန်ယွင့်ကို လက်ပြနှုတ်ဆက်လိုက်သည်။
နဂါးစွယ် မြို့စားအဆင့်ပညာရပ်များက သူ့စိတ်ဝင်စားမှုကို ဖမ်းစားခဲ့သည်။ သူသည် နတ်ဆိုးလှိုဏ်ဂူကို လျင်မြန်စွာ အနိုင်ယူပြီး ရှေ့သို့တိုးကာ အလွှာလေးဆယ်သို့ ရောက်အောင် တွန်းအားပေးရမည်ဖြစ်သည်။