← Chapters

သတင်းပျံ့နှံ့မှု.......

Vol. 58 Ch. 806

သတင်းပျံ့နှံ့မှု.......

Vol. 58 Ch. 806

လာမည့်ရက်များတွင် လီလော့သည် နတ်ဆိုးလှိုဏ်ဂူကို သိမ်းပိုက်ရန် အာရုံစိုက်ခဲ့သည်။

ရှေ့တန်းအဖွဲ့သည် ယခုအခါ ဆုလာဘ်များကိုရိတ်သိမ်းဖို့အသင့်ဖြစ်နေပြီဖြစ်သည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏ အထက်တန်းလွှာများ စုစည်းမှုနှင့်အတူ လီလော့သည် ၎င်းတို့အား တာဝန်ခံရန် ဦးဆောင်ခဲ့သည်။ သုံးရက်တာအချိန်တိုအတွင်း သူတို့သည် အလွှာသုံးဆယ့်ငါးမှ အလွှာသုံးဆယ့်ခုနစ်သို့ ရောက်သွားကြသည်။

နဂါးစွယ်ကလန်၏တံခွန်အဖွဲ့ လေးခုအနက်၊ ရွှေရောင်အလင်းတံခွန်အဖွဲ့သည် အလွှာ လေးဆယ့်သုံးသို့ ရောက်ရှိခဲ့ပြီး၊ ထို့နောက် အလွှာသုံးဆယ့်ကိုးတွင် ကြက်သွေးရောင်တိမ်တိုက်တံခွန်အဖွဲ့နှင့် အလွှာသုံးဆယ့်ရှစ်တွင် ခရမ်းရောင်ဝိညာဉ်တံခွန်အဖွဲ့ ရှိနေသည်။ ၎င်းတို့၏ လက်ရှိတိုးတက်မှုနှင့်အတူ၊ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ သည် တံခွန်နှစ်ဆယ်တွင် အလယ်တန်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

တကယ်တော့ ဒါဟာ လွန်ခဲ့သည့် နှစ်လက နဂါးစွယ်ကလန်သို့ သူရောက်ရှိပြီးကတည်းက လီလော့၏ အကြီးမားဆုံး အောင်မြင်မှုဟု ယူဆနိုင်သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို စတင်ဝင်ရောက်စဉ်က ၎င်းတို့သည် အလွှာနှစ်ဆယ့်ရှစ်တွင်သာ ရှိသေးသည်။

ထိုသို့သော ထိရောက်မှုကြောင့် သူ၏စွမ်းဆောင်ရည်နှင့် ပတ်သက်၍ အပြစ်ပြောစရာမရှိပေ။

အခြားတစ်ဖက်တွင်......

လီလော့သည် နတ်ဆိုးလှိုဏ်ဂူ စူးစမ်းလေ့လာရေးခရီးတွင် ပျော်ရွှင်စွာနစ်မြုပ်နေချိန်တွင် ကောင်းကင်နဂါးကလန်ငါးခု၏ တံခွန်အဖွဲ့နှစ်ဆယ်ကြားတွင် အခြားသတင်းတစ်ခု စတင်ပျံ့နှံ့လာခဲ့သည်။

ဟွမ်းလုံရှီးရေကန် ဖွင့်လှစ်တော့မည်ဖြစ်သည်။

အစပိုင်းတွင်၊ ဟွမ်းလုံရှီးရေကန်သည် သုံးနှစ်အတွင်း ဖွင့်လှစ်မည်ဟု အားလုံးကြားသိခဲ့ကြရသည်။ ရုတ်ချည်းပြောင်းလဲသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ ဟွမ်းလုံရှီးရေကန် သည် နဂါးသွေးကလန်အကြီးအကဲ၏ မွေးနေ့ပွဲကျင်းပမည့် တစ်လအတွင်း ဖွင့်လှစ်တော့မည်ဖြစ်သည်။

သတင်းထွက်လာသောအခါ တံခွန်အဖွဲ့နှစ်ဆယ်သည် ၎င်းအတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။

နောက်ဆုံးတွင်၊ ဟွမ်းလုံရှီး မည်မျှထူးခြားသည်ကို သူတို့အားလုံး သိကြသည်။ ကြိုးမျှင်တစ်ချောင်းတည်းကပင် အဲ့မိုကွမ်းအလင်းတန်း ငါးထောင်တန်ဖိုးရှိသည်။

အခြားသော ကောင်းကင်ဧကရာဇ်သွေးမျိုးဆက်များကြားတွင်ပင်၊ လူတိုင်း ထိုသို့သောအခွင့်အရေးကို ခံစားခွင့်ရမည်မဟုတ်ပေ။

အရင်က အချိန်စောင့်ရဉီးမည်ဖြစ်သောကြောင့် အာရုံမစိုက်ခဲ့ကြပေ။ သို့သော် ထိုကဲ့သို့ အံ့သြဖွယ်ကောင်းသည့် အံ့အားသင့်ဖွယ်သတင်း ရုတ်တရက် ပေါ်လာမည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။

စိတ်အားထက်သန်မှုနှင့်အတူ တံခွန်အဖွဲ့များအားလုံးက ယခုလာမည့်အခွင့်အရေးအတွက် စတင်ပြင်ဆင်နေပြီဖြစ်သည်။

လီလော့ နတ်ဆိုးလှိုဏ်ဂူလေ့လာရေးခရီးကို အဆုံးသတ်သောအခါ ကျောက်ယန်ဇီက သူ့ဆီသတင်းတစ်ခု ပေးပို့ခဲ့သည်။

"တျန်ဖုန်းရှန်က ကျုံးလင်နဲ့ တွေ့ဖို့ချိန်းတယ်..... ရွှေအလင်းတံခွန်ကိုင်က ငါတို့ရဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ဝင်တွေကို ခိုးယူဖို့ စီစဉ်နေတာလား...."

လီလော့ သတင်းကြားပြီးနောက် ထိုသို့ မေးမြန်းခဲ့သည်။

ယခုအချိန်တွင် ကျုံးလင်ကို လီလော့က ဘာမှမလုပ်ပေးဘဲ လွှတ်ထားသည်။ သို့သော်လည်း သူ၏ ခွန်အားသည် တံခွန်အဖွဲ့များကြားတွင် ထိပ်တန်းတစ်ဦးအဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။ တျန်ဖုန်းရှန်က သူ့ကို ခိုးယူဖို့ တွေးနေတာလား.....

"တျန်ဖုန်းရှန်က နောက်လမှာ ဟွမ်းလုံရှီးရေကန်အတွက် ပြင်ဆင်ရတော့မယ်....ဒါ့ကြောင့် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကိုခြေလှမ်ပြီးသား ကျုံးလင်ကို သူတို့ဆီအပါခေါ်နိုင်ရင် သူတို့အဖွဲ့ သိသိသာသာတိုးတက်လာလိမ့်မယ်..." ဟု ကျောက်ယန်ဇီက ရှင်းပြခဲ့သည်။

"ငါတို့ သူ့ကိုတားရမလား?"

တွေးတောရင်းနဲ့ လီလော့က ခေါင်းခါလိုက်ပြီး ...."ကျုံးလင်က ​​အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှာ ငါတို့နဲ့ အတူရှိနေရင် လျှို့ဝှက်ထားတဲ့ အန္တရာယ်တစ်ခုလိုဖြစ်နေမှာပဲ..... သူ့စိတ်နှလုံးသားက ငါတို့နဲ့ လုံးဝမပတ်သက်ဘူး..... ငါ သူ့ကို ဒီအတိုင်း လွှတ်ထားပေမယ့် ယုံမှားသံသယတွေ အများကြီး ရှိနေသေးတယ်၊.....ဒါကြောင့် သူ့ကို လွှတ်ပေးလိုက်တာက ပိုအဆင်ပြေမယ် ..သူမရှိတော့ရင် ပထမတပ်ခွဲကို အပြည့်အဝစီမံနိုင်ပြီ...."

တကယ်တော့ လီလော့မှာ ကျုံးလင်နဲ့ အလုပ်တွဲလုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပေ။ သူတို့၏ရန်ငြိုးဖွဲ့မှုသည် နက်နဲလွန်းပြီး ညှိနှိုင်းရန် မဖြစ်နိုင်ပေ။

အကယ်၍ တျန်ဖုန်းရှန်က ဤဝန်ထုပ်ဝန်ပိုးကို သူ့ထံမှ ဖယ်ထုတ်ရန် ဆန္ဒရှိနေပါက သူ့အား ဒုက္ခများစွာကနေ ကယ်တင်နိုင်မည်ဖြစ်သည်။

သို့ပေသိ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ မှ အဖွဲ့သားကို ပွင့်လင်းမြင်သာစွာ ခိုးယူမှု သည် တံခွန်အဖွဲ့နှစ်ခုကြား သဘောထား ကွဲလွဲမှုအချို့ကို ဖြစ်စေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တျန်ဖုန်းရှန်လည်း ဒါကို သတိပြုမိသည်။ နောက်လတွင် ဖွင့်လှစ်မည့် ဟွမ်းလုံရှီးရေကန်အတွက် ရွှေအလင်းတံခွန်အဖွဲ့၏ ခွန်အားကို တိုးမြှင့်ရန် လိုအပ်သောကြောင့် ဆက်လက်လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၊ နဂါးစွယ်ကလန်၏ တံခွန်အဖွဲ့လေးခုကြားတွင် သူ၏ဂုဏ်ဒြပ်ကြောင့် လီလော့ကို အကြွေးတင်နေသည်ဟုပင် ထင်မည်မဟုတ်ပေ။

တျန်ဖုန်းရှန်သည် နူးညံ့သိမ်မွေ့ပြီး နွေးထွေးသောအသွင်အပြင်ရှိသော်လည်း အမှန်တကယ် မာနကြီးသူဖြစ်သည်။

..................

"အစ်ကိုကြီးတျန်.... မင်းအခုလို ရွှေရောင်တံခွန်အဖွဲ့ကို ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်ရင် တံခွန်ကိုင်လီလော့ကို စော်ကားမိသလိုဖြစ်မှာ မစိုးရိမ်ဘူးလား... ?"

ကျုံးလင်က ရယ်ကာမောကာပြောလိုက်သည်။ စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတွင် မျက်နှာဖြူဖျော့နှင့် ကျုံးလင်က သပ်ရပ်သော အဖြူရောင်အဝတ်အစားဝတ်ဆင်ထားသူတစ်ယောက်နှင့်အတူ ထိုင်နေသည်။

ကျုံးလင်အတွက် လက်ဖက်ရည်ပူပူတစ်ခွက်ကို လောင်းထည့်ပေးနေသည့် တျန်ဖုန်းရှန် က...

"သူ ဘယ်လောက်ပဲ နာမည်ကြီးပါစေ၊ အဲဒါက အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ထဲမှာပဲ ရှိပါသေးတယ်....ရွှေအလင်းတံခွန်အဖွဲ့ ဒါမှမဟုတ် ရွှေအလင်းခန်းမနဲ့ ဘာမှမဆိုင်ဘူး.... မင်း လာဖို့ ဆန္ဒရှိနေသမျှ ရွှေရောင် တံခွန်အဖွဲ့က မင်းအတွက်ရပ်တည်ပေးမယ်...."

ထိုအချိန်တွင် ကျုံးလင်၏ အမူအရာ အနည်းငယ် မှုန်မှိုင်းနေခဲ့သည်။ လီလော့နဲ့ ထိပ်တိုက်တွေ့ချိန်မှာ အဆင်မပြေမှုတွေ အများကြီးရှိပြီးနောက် သူ့ကိုယ်သူ ယုံကြည်မှု အနည်းငယ် ပျောက်ဆုံးသွားခဲ့တယ်။ ထို့အပြင်၊ လီလော့သည် ယခုအခါ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို ထိန်းချူပ်နိုင်နေပြီဖြစ်သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ တွင် သူ့အတွက် အနာဂတ်မရှိနိုင်တော့ပေ။ ရွှေအလင်းတံခွန်အဖွဲ့ တွင်ပါဝင်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်နိုင်သည်။

လီလော့သည် ဖျက်မြင်းတစ်ကောင်ဖြစ်သော်လည်း တျန်ဖုန်းရှန်သည် နဂါးစွယ် ကလန်၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဖြစ် ဆက်လက်ရှိနေခဲ့သည်။ လီကျင်းထောင်နှင့်လီဖန်းရိတို့က သူ့ကို တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အသက်ပြင်းပြင်းရှူရင်း ကျုံးလင် မတ်တပ်ထရပ်ပြီး လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ကာ.... “အခုမှစပြီး မင်းရဲ့ဂရုစိုက်မှုကိုပဲ အားကိုးရတော့မယ် အစ်ကိုကြီး” ဟု လေးလေးစားစား ပြန်ဖြေလိုက်သည်။

"မင်းရဲ့အကူအညီနဲ့ဆို ရွှေရောင်တံခွန်အဖွဲ့က နောက်လမှာ ဟွမ်းလုံရှီးရေကန်ထဲမှာ အနည်းဆုံး ဟွမ်းလုံရှီးတစ်ခုကို လုံခြုံအောင်ထားနိုင်မယ်" ဟု တျန်ဖုန်းရှန်က ပြုံးပြီး ပြန်ပြောလိုက်သည်။

"ဒါပေမယ့် ဟွမ်းလုံရှီးရေကန် မဖွင့်ခင် နောက်ထပ် သုံးနှစ်လောက်ကြာမယ်ထင်ခဲ့တာ....." ကျုံးလင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒါက လီလော့နဲ့ သက်ဆိုင်တယ်လို့ ပင်မခန်းမသခင်ဆီ ကြားထားတယ်... ကလန်အကြီးအကဲက လီလော့အတွက် သဘောတူပေးခဲ့တာ" ဟု တျန်ဖုန်းရှန် က စိတ်ဝင်တစား တုံ့ပြန်ခဲ့သည်။

ဒါကိုကြားတော့ ကျုံးလင်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး.... "ကလန်အကြီးအကဲက လီလော့ကို ဒီအခွင့်အရေးကို ပေးချင်နေတာလား?"

"ထင်တာပဲ" တျန်ဖုန်းရှန်က ရယ်မောကာ ပြန်ဖြေသည်။

ထိုအချိန်တွင် ကျုံးလင်၏ မျက်လုံးများထဲတွင် မနာလိုမှုများ ပြည့်နှက်နေခဲ့သည်။ "သူက လီလော့အတွက်ဆို တကယ်ကို သဘောကောင်းတာပဲ"

"နောက်ဆုံးတော့၊ လီလော့က သူ့မြေးပဲလေ.... ရိုးရိုးသားသားပြောရရင် ကလန်အကြီးအကဲက တော်တော်တရားမျှတတယ်လို့ ယူဆလို့ရနေပြီ.... မဟုတ်ရင် မင်းဘယ်လိုလုပ်ပြီး ဒီလောက်ကြာအောင် ယှဉ်ပြိုင်နိုင်မှာလဲ" တျန်ဖုန်းရှန် က အေးအေးဆေးဆေး ပြောလိုက်သည်။

"ဒါပေမယ့် ကလန်အကြီးအကဲက ဘက်လိုက်လွန်းနေတာမဟုတ်ဘူးလား..."

"ဟွမ်းလုံရှီးရေကန်မှာ နဂါးပတ်တိုင်ခြောက်ခုရှိတယ်..... တစ်နည်းဆိုရရင် အခွင့်အရေး ခြောက်ခုပဲရှိတယ်..... လီလော့ နဲ့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ဟာ မကြာသေးခင်ကမှ ပေါ်ထွန်းလာခဲ့ပေမယ့် ထင်သလောက်တော့ လက်တွေ့မကျသေးဘူး.... အခွင့်အရေးခြောက်ခုထဲက တစ်ခုရသွားနိုင်မယ်ထင်လို့လား...."

တျန်ဖုန်းရှန်က "ဘယ်သူသိလဲ? တံခွန်အဖွဲ့ခေါင်းဆောင် လီလော့က နဂါးစွယ်ကလန်ကို ရောက်လာကတည်းက အကြိမ်ပေါင်းများစွာ အံ့အားသင့်စေခဲ့တယ်"

ကျုံးလင်က လှောင်ပြောင်ဟန်ဖြင့်.... "အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို သူကြီးစိုးနိုင်တော့လဲ ဘာဖြစ်လဲ.... မရေမတွက်နိုင်တဲ့ လူတွေက နောက်လမှာ တောင်အုပ်စိုးရှင် ကလန်အကြီးအကဲရဲ့ မွေးနေ့ပွဲကို တက်ရောက်ကြလိမ့်မယ်.... ကြည့်လိုက်ကြရအောင်.... တကယ်လို့ လီလော့သာ ကလန်အကြီးအကဲက သူ့အတွက် ပြင်ဆင်ထားတဲ့ အခွင့်အရေးကို မဆုပ်ကိုင်နိုင်ရင် လူတိုင်းရှေ့မှာ ပြဇာတ်တပုဒ်ကြည့်ရသလိုဖြစ်နေမှာပဲ....."

သူ့စကားအဆုံးသတ်လိုက်သောအခါ ကျုံးလင်သည် လီလော့ ၏ သနားစရာကောင်းသော အဆုံးသတ်ကို တစ်လအကြာတွင် မြင်နိုင်တော့မည်ဟုတွေးကာ ပျော်ရွှင်နေလေတော့သည်။

All Chapters