← Chapters

အဆင့်ရှစ်ရေအလင်းပဲ့တင်ထပ်သံ.....

Vol. 58 Ch. 807

အဆင့်ရှစ်ရေအလင်းပဲ့တင်ထပ်သံ.....

Vol. 58 Ch. 807

လာမည့်ရက်များတွင်၊ ဟွမ်းလုံရှီးရေကန် ၏သတင်းနှင့် အခွင့်အရေးခြောက်ခုကို မည်သူရယူမည့်သတင်းသည် တံခွန်အဖွဲ့နှစ်ဆယ်တွင် ဆွေးနွေးမှုအပြင်းထန်ဆုံးအကြောင်းအရာဖြစ်လာသည်။

ဟွမ်းလုံရှီးရေကန်သည် ဤမျိုးဆက်အတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သော်လည်း၊ ၎င်းတို့အားလုံးသည် ယင်းနှင့်ပတ်သက်သည့် ဗဟုသုတများကို ကြိုတင်လေ့လာထားကြသည်။

ဤကမ္ဘာပေါ်တွင် အလကားရသော

နေ့လယ်စာဟူ၍မရှိပေ။ အခွင့်အရေးကို လိုချင်ရင် ကြိုးစား ရုန်းကန်ရမှာပင်.....

ဟွမ်းလုံရှီးရေကန်သည်လည်း အလားတူပင်။

လူအနည်းစုသည် ဤအခွင့်အရေး၏ အများစုခံစားကြပြီး ကျန်လူများသည် စားကြွင်းစားကျန်များကိုသာ ရရှိနိုင်သည်။

တစ်ချိန်တည်းတွင်၊ နဂါးပတ်တိုင်များကို ရနိုင်ချေအမြင့်ဆုံး တံခွန်ခြောက်ခုအတွက်မူ.... လူကြိုက်များဆုံးမဲပေးချက်အရ နတ်ဆိုးလှိုဏ်ဂူ၏ ထိပ်တန်းအဆင့် တံခွန်များအဖွဲ့အချို့သာဖြစ်သင့်သည်။ ဒါကလည်း အံ့ဩစရာတော့မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းအတွက် တိုက်ပွဲသည် တစ်ဦးချင်းသာမက၊ သက်ဆိုင်ရာ တံခွန်ကိုင်များနှင့် သဟဇာတဖြစ်ရန်အတွက် ၎င်းတို့၏တံခွန်အဖွဲ့ဝင်များထံမှ ပေးအပ်ထားသော ကြီးမားသောစွမ်းအာအပေါ် အားကိုးရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် ၎င်းသည် မြို့စားနှစ်ဆယ်ကြားက တိုက်ပွဲတစ်ခုနှင့်တူသည်။

ထို့အပြင်၊ နဂါးပတ်တိုင် ခြောက်ခုကြားတွင် အနည်းငယ် ကွဲပြားမှုများလည်း ရှိခဲ့သည်။ ရိုးရိုးရှင်းရှင်းပြောရရင် ရွှေတိုင်တစ်တိုင်၊ ငွေတိုင်နှစ်တိုင်နဲ့ ကြေးတိုင်သုံးတိုင်ရှိသည်။

အလယ်ဗဟိုတွင်ရှိသော ရွှေတိုင်ကို တောက်ပသော ရွှေရောင်ဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတွင် စုဝေးနေသည့် လုံရှီးအငွေ့အသက်က အားလုံးထဲတွင် အသန့်စင်ဆုံးဖြစ်သည်ဟု ဆိုကြသည်။

အလားတူ ငွေတိုင်နှစ်တိုင်ကိုလည်း ငွေရောင်ဖြင့် ပြုလုပ်ထားပြီး အခြားတိုင်သုံးတိုင်ကိုလည်း ကြေးဝါဖြင့် ဖုံးအုပ်ထားသည်။

ကျန်ငါးခုမှ အကျိုးသက်ရောက်မှုသည် ရွှေတိုင်ထက် အားနည်းသည်။

သို့သော် လူအများစုသည် ဤအသေးစိတ်အချက်များနှင့် ပတ်သက်၍ သိပ်ပြီးထူးခြားသည်ဟု မထင်ကြပေ။ နောက်ဆုံးတွင်၊ နဂါးပတ်တိုင် ခြောက်ခုသာရှိသဖြင့် ၎င်းတို့ထဲမှ တစ်ခုကို ရနိုင်လျှင် အောင်ပွဲခံနိုင်ပြီဟု ယူဆထားပြီးဖြစ်သည်။

ထို့အပြင်... ယနေ့အထိ ဤမျိုးဆက်၏ တံခွန်အဖွဲ့နှစ်ဆယ်၏ စွမ်းဆောင်မှုအပေါ် အခြေခံ၍ ရွှေရောင်နဂါးပတ်တိုင်သည် ရွှေသွေးတံခွန်မှ လီချင်းဖုန်းအတွက်သာ ဖြစ်နိုင်ချေမြင့်မားသည်။

အခြားတံခွန်ကိုင်များက ၎င်းကို လုယူရန် အခွင့်အလမ်းအနည်းငယ်သာရှိပေမည်။

တံခွန်အဖွဲ့နှစ်ဆယ်ကြားတွင် ထိုသို့သော ဆွေးနွေးမှုများသည် အချိန်အတော်ကြာအောင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဒါပေမယ့် လီလော့ကတော့ ဒါတွေကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ပေ။ ယင်းအစား၊ ဤအချိန်အတောအတွင်း သူ၏ ရေအလင်းပဲ့တင်ထပ်သံအပေါ် ပိုအာရုံစိုက်ခဲ့သည်။ ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်းမျကို ထပ်ခါထပ်ခါ အသုံးပြုပြီးနောက် ၎င်းသည် နောက်ဆုံးတွင် အဆင့်တက်သွားသည့် လက္ခဏာများ ပြသခဲ့သည်။

လက်ရှိတွင်၊ သူ၏ ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်ခုနှစ်ဖြစ်ပြီး နောက်ဆုံးတွင် အဆင့်ရှစ်အထိ နောက်တဆင့်တက်လှမ်းနိုင်ခဲ့သည်။

ဤအရာသည် သူမျှော်လင့်ထားသည့်အရာဖြစ်သည်။ အဆင့်ရှစ် ပဲ့တင်ထပ်သံကို ယေဘူယျအားဖြင့် ထိပ်တန်းအဆင့်ဟု ယူဆထားသောကြောင့် ၎င်းသည် ပါရမီရှင်လူနည်းစုသာ ပိုင်ဆိုင်သည့် အရာဖြစ်သည်။

အဆင့်ရှစ်အထိ သူ၏ ရေအလင်းပဲ့တင်ထပ်သံကို ပြုစုပျိုးထောင်ဖို့သည် သူ၏ အကြီးမားဆုံး ဆန္ဒတစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးတွင် သူ၏ ရိုးရှင်းသော ဆန္ဒလေး ပြည့်စုံလာပေတော့မည်။

……

အစိမ်းရောင်နယ်သာလေ့ကျင့်ကွင်း၏ ကျင့်ကြံရေးခန်းမတွင်......

လီလော့သည် စားပွဲပေါ်ရှိ အဆင့်ခုနှစ် ဝိညာဉ်ရည်ပုလင်းကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ခရီးစဥ်စကတည်းက သူအသုံးပြုခဲ့သော ဝိညာဉ်ရည်ပုလင်းများနှင့် သန့်စင်သောအလင်းများ မည်မျှရှိသည်ကို မရေတွက်နိုင်တော့ပေ။ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ဒါဟာ ကြောက်စရာကောင်းလောက်သည့် ပမဏဖြစ်ပေလိမ့်မည်။

တကယ်တော့၊ သူ့ရဲ့ ရေအလင်းပဲ့တင်ထပ်သံသည် အဆင့်လေးမှ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်းတိုးတက်လာသည်ဟု ပြောလျှင် မည်သူမျှယုံနိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ ပဲ့တင်ထပ်သံအဆင့်ကို မြှင့်တင်ခြင်းသည် စိန်ခေါ်မှုမြင့်မားသော လုပ်ဆောင်မှုတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။

လီလော့သည် ဝိဉာဉ်ရည်များနှင့်သန့်စင်သောအလင်းများ လုံလောက်စွာ ရရှိသောကြောင့် အချိန်တိုလေးအတွင်းမှာပင် တိုးတက်လာခဲ့သည်။ ပို၍အရေးကြီးသည်မှာ၊ သူ၏ဗလာနန်းတော်များသည် သူ့အား အဆုံးမရှိသော ဖွံ့ဖြိုးတိုးတက်စေမည့် အထူးဝိသေသလက္ခဏာတစ်ရပ်ကို ပေးဆောင်ခဲ့သည်။

သာမာန်လူတစ်ယောက်အတွက်၊ များပြားလှသော ဝိဉာဉ်ရည်နှင့်အလင်းများကို အချိန်အတော်ကြာ သုံးစွဲခဲ့လျှင် ပဲ့တင်ထပ်သံနန်းတော်အတွင်း၌ အညစ်အကြေးများ စုပုံနေပေလိမ့်မည်။ အညစ်အကြေးများ စုပုံလာသည်နှင့်အမျှ ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများ၏ အကျိုးသက်ရောက်မှု တဖြည်းဖြည်း အားနည်းလာမည်ဖြစ်သည်။

သို့ရာတွင် ဗလာနန်းတော်များ ပိုင်ဆိုင်သော လီလော့အတွက်တော့ ဤပြသာနာမျိုးနှင့်မကြုံရပေ။

တစ်နည်းဆိုရသော် သူသည် ဝိဉာဉ်ရည်နှင့်သန့်စင်သောအလင်းများကို ထမင်းစားရေသောက်သလို စားသုံးနိုင်ခဲ့သည်။

ရှပြည်ထောင်စုမှ ထွက်လာခြင်းသည် အမှန်တကယ်ပင် ကောင်းချီးတစ်ခုဖြစ်သည် သို့မဟုတ်ပါက လော့လန်အိမ်တော်သည် သူ၏ဆာလောင်မှုကို ပြေပျောက်စေရန် ဒေဝါလီခံသွားပေလိမ့်မည်။ ကံကောင်းစွာနဲ့ပဲ သူ့ဆန္ဒတွေကို ဖြေဖျောက်ဖို့ နေရာသစ်တစ်ခုကို ရှာတွေ့ခဲ့သည်။

ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ခိုင်မာသော အ​ခြေခံအုတ်မြစ်ကသာ သူ့ကို ထောက်ပံ့ရန် တတ်နိုင်ပေမည်။

ပြင်းထန်သော ခံစားချက်များကြားတွင် လီလော့သည် အဆင့်ခုနှစ် ဝိညာဉ်ရည်ပုလင်းကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ သူ့လက်ဆယ်ချောင်းကို ဖြန့်လိုက်သည်နှင့် ဝိညာဉ်အရည်များကို သန့်စင်ပြီးနောက် သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံစွမ်းအားများ ထွက်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ အဆင့်ခုနှစ် ဝိညာဉ်အရည်၏ အကျိုးသက်ရောက်မှုများကို ဖြည်းညှင်းစွာ စုပ်ယူပြီး သူ၏ ရေအလင်းပဲ့တင်ထပ်သံ နန်းတော်ထဲသို့ စီးဆင်းသွားသည်။

ထိုအခိုက်အတန့်မှာပဲ လီလော့၏ အာရုံအလုံးစုံက ပဲ့တင်ထပ်သံနန်းတော်ပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။

ရေအလင်းပဲ့တင်ထပ်သံ နန်းတော်၏အလယ်ဗဟိုတွင် အလွန်တောက်ပကြည်လင်သော ရေကန်တစ်ခုရှိပြီး ၎င်း၏တောက်ပသောမျက်နှာပြင်ပေါ်တွင် အလင်းလှိုင်းများသာရှိသည်။

ဤသည်မှာ ရေကန်အလယ်မှာ ရောင်ပြန်ဟပ်နေတဲ့ နေမင်းကြီးတစ်စင်းလိုပင်.....

ယင်းက သူ၏ ရေအလင်းပဲ့တင်ထပ်သံ၏ ဆင့်ကဲဖြစ်စဉ်ကို ကိုယ်စားပြုသည်။

မကြာမီ လေပြင်းတိုက်ခတ်လာသောအခါ ငြိမ်သက်နေသော ရေကန်၏မျက်နှာပြင်ပေါ်တွင်လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး ကမ်းစပ်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။

စူးစူးဝါးဝါး လှိုင်းပုတ်သံများ တောက်ပနေသော နန်းတော်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ယံမှ မရေတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ရွာသွန်းနေသောကြောင့် တဟုန်ထိုး ဒီရေများ ပိုမိုပြင်းထန်လာသည်။ ဤအလင်းတန်းများသည် အဆင့်ခုနှစ်ဝိညာဉ်အရည်မှစွမ်းအင်များဖြစ်သည်။

၎င်းတို့ ရေကန်ထဲသို့ ကျဆင်းလာသောအခါ လီလော့သည် ဒီရေတက်လာခြင်း လှိုင်းပုတ်သံကို ကြားနေရသည်။

ရေလမ်းကြောင်းများ အရပ်ရပ်သို့ ပျံ့နှံ့သွားသဖြင့် ရေကန်သည် အံ့သြဖွယ်အရှိန်ဖြင့် အံ့သြဖွယ်ကောင်းလောက်အောင် ကျယ်ပြန့်လာသည်။

တစ်ချိန်တည်းမှာပင်၊ လီလော့သည် ရေအလင်းသံပဲ့တင်ထပ်သံစွမ်းအားများ တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ရေကန်ထဲသို့ နောက်ဆုံး အလင်းတန်းများကျဆင်း ပျောက်ကွယ်သွားသည်အထိ အချိန်မည်မျှကြာသွားသည်မသိပေ။ ယခု သူ့ရှေ့ရှိ ရေကန်ကြီးသည် ယခင်ကထက် နှစ်ဆပိုကျယ်လာသည်။

အလယ်တွင်၊ နေရောင်ခြည် ပိုမိုတောက်ပလာပြီး မရေမတွက်နိုင်သောငါးများ ကူးခတ်နေသကဲ့သို့ ရေမျက်နှာပြင်မှ တောက်ပနေသော အလင်းတန်းများ ထွက်ပေါ်လာသည်။

လီလော့ ဤမြင်ကွင်းကြောင့် အင်မတန် ပျော်ရွှင်နေ၏။

သူ၏ ရေအလင်းရောင် ပဲ့တင်ထပ်သံ အဆင့်ရှစ်သို့ ရောက်သွားချေပြီ။

အဆင့်ရှစ် ရေအလင်းပဲ့တင်ထပ်သံ...

နှစ်နှစ်နီးပါး ကြိုးစားအားထုတ်ပြီးနောက်၊ ယခုအချိန်တွင် ဆုလာဘ်များကို ရရှိနိုင်ပြီဖြစ်သည်။

"အဆင့်ရှစ်!" လီလော့ မျက်လုံးဖွင့်ကြည့်ရင်း ဝမ်းသာအားရအော်လိုက်မိသည်။ သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ စွမ်းအားအကြွင်းအကျန်များ ထွက်ပေါ်လာဆဲဖြစ်သည်။ သူ၏ ရေအလင်းပဲ့တင်ထပ်သံကို အဆင့်မြှင့်လိုက်ခြင်းဖြင့် ပဲ့တင်ထပ်သံစွမ်းအားများတိုးပွားလာပြီဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ လီလော့သည် သူ၏ ပဲ့တင်ထပ်သံစွမ်းအားသည် အဆင့်တူသော အဆသ့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်သူကိုပင် ရှုံးနိမ်မည်မဟုတ်ဟု ခံစားရသည်။

ဤအရာဖြင့်၊ သူသည် ဟွမ်းလုံရှီးရေကန် တတိုက်ပွဲအတွင်း ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။

သူ့လက်ထဲတွင် အဆင့်ခုနှစ် ဝိညာဉ်အရည်ပုလင်းအလွတ်ရှိနေသည်ကို သတိမထားမိဘဲ​လက်နှစ်ဖက်ကို အနည်းငယ်ဆန့်လိုက်သည်။

သူ့ရဲ့ ရေအလင်း ပဲ့တင်ထပ်သံ အဆင့်ရှစ်ကို ရောက်နေပြီဖြစ်ပေမယ့် အနာဂတ်မှာ ဒါကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင် အဆင့်ရှစ် ဝိဉာဉ်ရည်တွေလိုလာပေမည်။

အဆင့်ရှစ် ဝိဉာဉ်ရည်ပုလင်းတစ်လုံး၏စျေးနှုန်းသည် အဆင့်ခုနှစ်ဝိဉာဉ်ရည်ထက် ဆယ်ဆပိုများသည်။

တစ်နည်းဆိုရသော် နဂါးစွယ်ကလန်တွင် လစဉ်ရရှိသော ထောက်ပံ့ကြေးနှစ်ဆဖြင့်ပင်၊ အဆင့်ရှစ်ဝိဉာဉ်ရည်တစ်ပုလင်းပင် ရနိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အဆင့်ရှစ်ဝိဉာဉ်ရည်များကို သန့်စင်ခြင်းသည် စိန်ခေါ်မှုဖြစ်ပြီး ၎င်းကိုဖော်စပ်ဖို့ အဆင့်ရှစ် ပဲ့တင်ထပ်သံပြုပြင်သူ လိုအပ်သောကြောင့်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်လီသွေးမျိူးဆက်လို တန်ခိုးကြီးသော သွေးမျိုးဆက်အတွင်း၌ပင် အဆင့်ရှစ် ပဲ့တင်ထပ်သံပြုပြင်သူများကို မမြင်ရသလောက်ပင်။

ထို့ကြောင့် အဆင့်ရှစ်ဝိဉာဉ်ရည်များက အဆင့်ခုနှစ်ဝိဉာဉ်ရည်များထက် အလွန်ရှားပါးသည်။

ထုတ်ကုန်သိပ်မရှိသဖြင့် ၎င်းတို့၏ ဈေးနှုန်းများက သဘာဝအတိုင်း မြင့်မားလာခဲ့သည်။

လီလော့သည် လော့လန်အိမ်တော်၏ ရှီးယန်စံအိမ်တွင် တစ်ချိန်က တာဝန်ယူခဲ့ဖူးသဖြင့် ကောင်းကောင်းနားလည်သည်။ အဆင့်ရှစ်အောက်ရှိ ဝိဉာဉ်ရည်များ အတော်လေးပေါများသော် လည်း အဆင့်ရှစ်ဝိဉာဉ်ရည်များကို လုံးဝမထုတ်လုပ်နိုင်ခဲ့ပေ။

"ဟူးးးး လစဉ် ထောက်ပံ့ကြေး နှစ်ခုက ငါ့အတွက် မလုံလောက်တော့ဘူး...."

လီလော့ ဝမ်းနည်းပူဆွေးစွာ ညည်းတွားခဲ့သည်။ အဆင့်ရှစ်ဝိဉာရည်များ၏စျေးနှုန်းသည် အလွန်မြင့်မားသောကြောင့် သူသည် လော့လန်အိမ်တော်တွင်နေပါက၊ သူ့ကို အမှန်တကယ် မထောက်ပံ့နိုင်တော့ပေ။

သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။

တစ်နည်းနည်းဖြင့် တိုးတက်စေရန် နည်းလမ်းရှာရပေတော့မည်။

လီလော့ မတ်တပ်ထရပ်ပြီး သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့လက်ကောက်ဝတ်က ကြက်သွေးရောင်လက်ကောက်ကို စိုက်ကြည့်ရင်း တုန်ခါမှုလှိုင်းအချို့ကို ခံစားလိုက်ရသည်။

"ဒါ......အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေရဲ့ နိုးထမှုဖြစ်နေမလား...."

All Chapters