← Chapters

အမြီးငါးချောင်း....

Vol. 58 Ch. 808

အမြီးငါးချောင်း....

Vol. 58 Ch. 808

သူ့လက်ကောက်ဝတ်ရှိ ကြက်သွေးရောင်လက်ကောက် ရုတ်တရက် တုန်ခါသွားသည်ကို သတိပြုမိသည်နှင့် လီလော့၏ အမူအရာ ပြောင်းလဲသွားသည်။

အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ နောက်ဆုံး နိုးထလာချိန်က ရှပြည်ထောင်စုတွင်ဖြစ်ပြီး ၎င်းသည် နက်ရှိုင်းစွာ အိပ်ပျော်မသွားခင် သူ့ထံမှ သွေးအဆီအနှစ်အချို့ကို ထုတ်ယူခဲ့သည်။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတော့ လှုပ်စပြုလာပြီဖြစ်သည်။

ခဏလောက် စဉ်းစားပြီးနောက် လီလော့ မျက်လုံးမှိတ်ထားကာ လက်ကောက်ထဲကို အသိစိတ်အချို့ပို့လွှတ်လိုက်သည်။

ထိူအခါ သူ့ပတ်ဝန်းကျင်သည် တံလျှပ်ကဲ့သို့ မှုန်ဝါးလာသည်။ လက်ကောက်၏အတွင်းပိုင်းနယ်မြေသည် ပုံမှန်အတိုင်း အလင်းရောင်မှိန်ပျပျ ရှိနေဆဲဖြစ်သော်လည်း သူဝင်ရောက်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော ကြက်သွေးရောင်မျက်လုံးတစ်စုံကနေထုတ်လွှင့်နေသော အေးစက်နေသည့် အလင်းတန်းတစ်ခုကို ချက်ချင်းအာရုံခံမိလိုက်သည်။

နယ်မြေအတွင်း၌ အမြင့် မီတာ 100 ကျော် အတိုင်းအတာ ရှိသော ဧရာမ ဝံပုလွေကြီး တစ်ကောင် ရှိနေပြီး ၎င်း၏အမြီးများက လေတွင် ဖြည်းညင်းစွာ ဝှေ့ယမ်းကာ လေခွင်းသံနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ဟမ်.....အမြီးငါးချောင်း....အရင်ကသုံးချောင်းပဲရှိခဲ့တာမဟုတ်ဘူးလား.....

လီလော့ ဤမြင်ကွင်းကြောင့် အံ့သြသွားမိသည်။ သူသည် ကောင်းကင်ဝံပုလွေ၏ သန်မာပြီး ထူထပ်သော အမြီးသုံးချောင်းကို စိုက်ကြည့်နေသော်လည်း ၎င်းအပြင် ပါးလွှာသော အမြီးနှစ်ချောင်းလည်း ရှိသေးသည်။

"ဒါဆို ....အမြီးငါးချောင် ကောင်းကင်ဝံပုလွေပေါ့..... "

"ဒီလို ဗီဇပြောင်းလဲမှုက ငါ့ရဲ့ ကောင်းကင်နဂါးသွေးအဆီအနှစ်ကို စုပ်လိုက်လို့များလား....."

အမြီးသုံးချောင်း ကောင်းကင်ဘုံဝံပုလွေထံမှ ထွက်လာသော စွမ်းအင်ထုတ်လွှတ်မှုများသည် ယခင်ကထက် များစွာ ပိုမိုအားကောင်းလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ၎င်း၏ ထူထဲသော အစွယ်များသည်လည်း ပိုမိုပြတ်သားလာသည်။

အလွန်ကြောက်စရာကောင်းတဲ့ ဖိအားတစ်ခုက လေထုကို ဖြတ်ပြီး ပုံမှန်အတိုင်း အသက်ရှူဖို့ပင်ခက်ခဲစေသည်။

သူ့နှလုံးခုန်နှုန်း ပိုမိုမြန်ဆန်လာပြီး....

“အမြီးသုံးချောင်းရှိတဲ့ ကောင်းကင်ဝံပုလွေက အခုဆို မြို့စားအဆင့်နဲ့ ယှဉ်နိုင်တဲ့ နတ်သားရဲကြီးဖြစ်လာပြီပဲ.....”

ဤဆင့်ကဲဖြစ်စဉ်ကြောင့် လီလော့ ၏နှလုံးသားများ ဆက်လက်တုန်ခါနေချိန်တွင်၊ အမြီးသုံးချောင်း ကောင်းကင်ဘုံဝံပုလွေက သူ့ကို ကြမ်းတမ်းသောအကြည့်များဖြင့် စောင့်ကြည့်နေခဲ့သည်။ သားရည်တွေနဲ့ စိုရွှဲနေတဲ့ သူ့ရဲ့ချွန်ထက်တဲ့ အစွယ်တွေကြားကနေ ခပ်အုပ်အုပ် ဟိန်းဟောက်သံထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် မတ်တပ်ထရပ်ပြီး ၎င်း၏အရိပ်က လီလော့အပေါ် လုံးလုံးလျားလျား လွှမ်းသွားသည်။ လီလော့ကို ကောင်းကင်နဂါးသွေးအဆီအနှစ်ပြည့်ဝသော အစာအဖြစ် လောဘကြီးစွာ ကြည့်နေသည်။

လီလော့သည် ရန်လိုပြီး လောဘကြီးသော ဝံပုလွေရှေ့တွင် တည်ငြိမ်စွာ ပေါ်လာပြီး....

"ရှောင်စန်း.... မင်း အတော်တိုးတက်လာပြီပဲ..... နောက်ဆုံး မင်းရဲ့အတားအဆီးတွေကိုကျော်ဖြတ်ပြီး မြို့စားအဆင့်ကို ရောက်သွားပြီလား ..... ဘယ်လိုလဲ ...ငါ မင်းကို မလိိမ်ခဲ့ဘူးမဟုတ်လား...ငါ့နောက်ကို လိုက်ခဲ့တာက အရိပ်လှ်ိုဏ်ဂူထဲမှာနေရတာထက်ပိုကောင်းတယ်မလား...."

ဝံပုလွေ၏အကြည့်များရွေ့လျားသွားပုံရသည်။ သို့သော်လည်း လီလော့ သူဘာတွေတွေးနေတယ်ဆိုတာကိုတော့မသိနိုင်ပေ။ ဤဝိညာဉ်သားရဲ၏ ဉာဏ်ရည်ဉာဏ်သွေးသည် အဆင့်တက်မှူ အောင်မြင်ပြီးနောက် တိုးတက်လာပုံရသည်။

မူလက ဤဝိညာဉ်သားရဲသည် ၎င်းကို ထိန်းချုပ်ထားသည့် ကောင်ငယ်လေးကို ကြောက်လန့်စေရန် အသစ်ရရှိထားသော စွမ်းအားကို အသုံးပြုလိုခဲ့သည်။သို့သော် လီလော့က တစက်ကလေးမျှ မကြောက်လန့်ပေ။

ထိုအခိုက်အတန့်တွင်၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေသည် ၎င်း၏ခြေလက်လေးချောင်းပတ်ပတ်လည်ရှိ သံကြိုးများကို လှုပ်ယမ်းကာ ၎င်း၏ညာခြေကိုမြှောက်ပြလိုက်သည်။

ဒီခဏမှာပဲ လီလော့က သူ့ရဲ့ညာခြေသည်းကို ချုပ်နှောင်ထားသော သံကြိုးတွင် အက်ကွဲကြောင်းများရှိနေသည်ကိုမြင်လိုက်ရသည်။

အဲဒါကို မြင်လိုက်တာနဲ့ ခဏလောက် အေးခဲသွားသည အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေသည် ကျောင်းအုပ်ကြီးဖန်၏ တံဆိပ်များကို ရှင်းရှင်းလင်းလင်း အနိုင်ယူခဲ့သည်။

ထို့ကြောင့် ဝံပုလွေက သူ့ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေခြင်းပင်.....ဒီလို အင်အားကြီးကြီးမားမား တိုးလာပြီးနောက် သူတို့ကြားက ဆက်ဆံရေးကို ပြောင်းလဲပစ်ချင်နေပြီ.....

မည်သို့ပင်ဆိုစေကာမူ လီလော့က အေးစက်စက်ရယ်မောလိုက်ပြီး ....

"မြို့စားအဆင့်ရောက်သွားပြီဆိုတော့ မင်းငါ့ကို စည်းကမ်းချက်တွေပြောင်းစေချင်နေတာလား"

လီလော့သည် ခိုင်မာသော စည်းကမ်းချက်များ ချမှတ်ရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ဝံပုလွေသည် အနာဂတ်တွင် ပို၍ပင် လောဘကြီးပြီး ထိန်းချုပ်ရန် ပိုမိုခက်ခဲလာမည်ကို သိထားသည်။ အရေးကြီးတဲ့အခိုက်အတန့်မှာ ပုန်ကန်ဖို့ရွေးချယ်ခဲ့မယ်ဆိုရင် သူ့အတွက် ကြီးစွာသောဒုက္ခတွေသယ်ဆောင်လာနိုင်သည်။

“ဝေါင်းးးးး!”

ဝံပုလွေသည် သူ့စကားကြောင့် ဒေါသဖြစ်ကာ လူသတ်ချင်နေသည့်အကြည့်များဖြင့် သူ့ကို စိုက်ကြည့်နေသည်။

"မင်းကို မြို့စားအဆင့်ရောက်အောင် ဘယ်သူ ကူညီပေးခဲ့တာလဲဆိုတာ မမေ့နဲ့..... ငါပြောခဲ့သလိုပဲ မင်းငါ့နောက်ကို သစ္စာရှိရှိ လိုက်နေသရွေ့ မြို့စားအဆင့်က အစပဲရှိပါသေးတယ်.....ငါဘယ်သူလဲ မင်းသိလား.....

ဝံပုလွေ၏ ရက်စက်ကြမ်းကြုတ်မှုကို သိပ်ဂရုမစိုက်ဘဲ လီလော့က လှောင်ပြောင်သောလေသံဖြင့်....

"ငါတို့တွေ ထျန်းယွမ်တိုက်ကြီးကိုရောက်နေပြီ....ဒီနေရာက ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရဲ့ စီရင်ပိုင်ခွင့်ရှိတဲ့နယ်​မြေ....ကောင်းကင်ဧကရာဇ်လီက ငါ့ဘိုးဘေး....အခုလက်ရှိ ငါရောက်နေတဲ့နဂါးစွယ်ကလန်က မင်းကိုတံဆိပ်ခတ်ခဲ့တဲ့ ကျောင်းအုပ်ကြီးထက် အဆပေါင်းများစွာ သန်မာတယ်.... မြို့စားအဆင့်က ဒါအကုန်ပဲလို့ မင်းတကယ်ထင်နေတာလား....ဒီနေရာမှာ မြို့စားအဆင့် ကျွမ်းကျင်ပညာရှင်တွေ ဒါဇင်နဲ့ချီရှိနေတယ်....."

လီလော့၏ လက်ရှိအပြုအမူက မောက်မာသောသခင်လေးတစ်ပါးနှင့်တူနေသည်။

ဒါကိုကြားတော့ ဝံပုလွေ အတော် ထိတ်လန့်သွားပုံရသည်။

ထျန်းယွမ်တိုက်ကြီး? သူ့ဘိုးဘေးက ကောင်းကင်ဧကရာဇ်အဆင့်.... သူ့အဖိုးက ဘုရင်အဆင့်......

ကောင်းကင်ဝံပုလွေအတွက် ဒီစကားတွေကယုံရခက်သည်။၎င်းသည် ယခင်က အရိပ်လှိုဏ် ဂူထဲတွင် ပိတ်မိနေသော်လည်း ကောင်းကင်ဧကရာဇ် မည်မျှ တန်ခိုးကြီးသည်ကို ၎င်း၏သွေးအဆီအနှစ်မှတဆင့် သိရှိခဲ့သည်။ ဒီကလေးက ဒီသန်မာတဲ့သူတွေနဲ့ ဘယ်လိုအမျိုးတော်သွားတာလဲ.....

"ဒါကို စဉ်းစားဖို့ မင်းရဲ့ ဦးနှောက်သေးသေးလေးကို သုံးကြည့်လိုက်ပါ....ငါ့ရဲ့ သွေးအဆီအနှစ်ထဲမှာ ကောင်းကင်နဂါးရဲ့ စွမ်းအားတွေ ဘာလို့ရှိနေတာလဲ...."

ဒါကိုကြားတော့ ဝံပုလွေ ငြိမ်ကျသွားသည်။လီလော့၏သွေးအဆီအနှစ်ကြောင့် ဗီဇပြောင်းလဲပြီး အမြီးငါးခုအထိ ဆင့်ကဲပြောင်းလဲခဲ့သည်က သက်သေပင်.....

လီလော့က ပေါ့ပေါ့ပါးပါး ပြုံးပြီး....

"အခုဆို ငါက နဂါးစွယ်ကလန်ရဲ့ တံခွန်ကိုင်ဖြစ်နေပြီ....ငါ့လက်အောက်မှာ တံခွန်အဖွဲ့ဝင် ရှစ်ထောင်ရှိတယ်....အရာအားလုံးက လွန်ခဲ့တဲ့လအနည်းငယ်ကအတိုင်းပဲ ရှိသေးတယ်လို့ ထင်နေတာလား...."

"မင်း သိအောင် လက်တွေ့ပြပေးမယ်...."

လီလော့၏ အသိစိတ် ကြက်သွေးရောင်လက်ကောက်မှ ဆုတ်ခွာသွားခဲ့သည်။

တံခွန်အဖွဲ့ဝင်ရှစ်ထောင်သည် ယခုအချိန်တွင် လုံ့လစိုက်ထုတ်လေ့ကျင့်နေကြသည်။စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်ပြီး အချက်ပြလိုက်သည်နှင့် တံခွန်အဖွဲ့ဝင်တိုင်း လျင်မြန်စွာ စုရုံးကာ သဟဇာတဖြစ်မှု အခြေအနေသို့ ဝင်ရောက်ခဲ့သည်။ ခဏအကြာတွင် သူတို့အပေါ် ကောင်းကင်ယံ၌ စွမ်းအင်သမုဒ္ဒရာတစ်ခု ပေါ်လာသည်။

တံဆိပ်ခတ်ထားသော လက်ကောက်ထဲတွင်....

ဝံပုလွေသည် ၎င်း၏ကိုယ်ပိုင်စွမ်းအားထက် အားကောင်းသော စွမ်းအင်များကို ခံစားနိုင်သည်။ နောက်ဆုံးတွင်၊ ဤအံ့သြဖွယ်ကောင်းသော အာရုံခံမှုကြောင့် နှုတ်ဆိတ်သွားသည်။

အရင်က သူ့ရဲ့စွမ်းအားကို ချေးငှားဖို့ လိုအပ်နေတဲ့ ဒီလူသားလေးဟာ လအနည်းငယ်အတွင်းမှာပဲ ဒီ့ထက်မက ကြီးထွားလာတာကို မယုံနိုင်စရာ တွေ့ရှိခဲ့ရပါသည်။

အရေးအကြီးဆုံးမှာ၊ တံခွန်အဖွဲ့ဝင်ရှစ်ထောင်သည် လီလော့ လိမ်ညာနေခြင်းမဟုတ်ကြောင်း သက်သေပြခဲ့သည်။

လက်ရှိအချိန်တွင် လီလော့၏ စွမ်းအားနှင့် နောက်ခံသည် လွန်ခဲ့သော လအနည်းငယ်နှင့် နှိုင်းယှဉ်လျှင် လုံးဝ ကွဲပြားခြားနားနေပြီဖြစ်သည်။

လီလော့ကို မြို့စားအဆင့် ခွန်အားဖြင့် ခြိမ်းခြောက်ပြီး ၎င်းတို့၏ ဆက်ဆံရေးကို ပြောင်းလဲပစ်နိုင်သည်ဟု တွေးလိုက်သည်မှာ နုံအလွန်းရာကျနေသည်။

သေချာတွေးတောပြီးနောက် ဝံပုလွေ နည်းနည်း စိတ်ဓာတ်ကျသွားသည်။

ထိုအချိန်တွင် လီလော့၏ အသိစိတ်က တံဆိပ်ခတ်ထားသော လက်ကောက်ထဲသို့ ဝင်သွားပြန်သည်။ အမြီးသုံးချောင်း ကောင်းကင်ဘုံဝံပုလွေ လဲလျောင်းနေပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်ကို မပြတော့ဘဲ တောင်းပန်သည့် အပြုံးမျိုးကို ပြသနေခဲ့သည်။

“ဝေါင်း...”

ဤတစ်ကြိမ်သည် ပို၍ သိမ်မွေ့သောသဘောဖြင့် ဟိန်းဟောက်လိုက်ခြင်းဖြစ်သည်။

လီလော့ တကယ်ကိုကျေနပ်နေမိသည်။မြို့စားအဆင့်ရောက်ရုံနဲ့ ငါ့ကိုအာခံချင်နေပြီလား.....

"ရှောင်စန်း.... ငါ့နောက်ကို သစ္စာရှိရှိ လိုက်ခဲ့ပါ။ မင်းကို သေချာကျွေးမွေးစောင့်ရှောက်မှာပါ..... မြို့စားအဆင့်က ဘာမှ မဟုတ်သေးဘူး.... ဘုရင်အဆင့်ထိရောက်အောင်ကြိုးစားကြမယ်....!"

လီလော့က ငါးစားချပြီးသွေးဆောင်နေသော်လည်း သတိပေးဖို့မမေ့ခဲ့ပေ

“ဖြည်းဖြည်းစား...မနင်စေနဲ့....”

အဝေးမှ လီလော့၏အရိပ်ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ ဆက်လက် လဲလျောင်းနေ၏။ မြို့စားအဆင့်ကိုရောက်တာတောင် သူ့အိမ်မွေးတိရစ္ဆာန်အဖြစ်ကနေ လွတ်မြောက်ဖို့ အလှမ်းအကမ်းမမြင်နိုင်သေးပေ။

ထားလိုက်ပါတော့....လောလောဆယ်တော့ သည်းခံရမှာပဲ......

All Chapters