← Chapters

နဂါးစွယ်လှိုဏ်ဂူ.......

Vol. 58 Ch. 810

နဂါးစွယ်လှိုဏ်ဂူ.......

Vol. 58 Ch. 810

အလွှာလေးဆယ်မှ ပြန်လာကြသောအခါ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကိုကြိုဆိုရန် နတ်ဆိုးလှိုဏ်ဂူအပြင်ဘက်တွင် အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ အခြားတံခွန်အဖွဲ့ သုံးခုမှ အဖွဲ့ဝင်များသည် လီလော့တို့ ဤအခက်အခဲကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်ကို ကြားသိရ၍ အံ့ဩသွားကြသည်။

ဒါဟာ အလွန်လျင်မြန်သောတိုးတက်မှုဖြစ်သည်။ မည်သို့ပင်ဆိုစေ လီလော့တို့သည် အလွှာလေးဆယ်ကို ကျော်ဖြတ်ချိန်က ရွှေအလင်းတံခွန်အဖွဲ့ထက်ပင် ပိုမြန်သည်။

တကယ်တော့၊ အားလုံးထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ဟာ အလွှာနှစ်ဆယ့်ခုနစ်ကနေ အလွှာလေးဆယ်အထိ မြင့်တက်လာဖို့ အချိန်သုံးလသာကြာခဲ့သည်။ သူတို့၏ အရှိန်အဟုန်သည် အခြားတံခွန်အဖွဲ့ သုံးခုထက် ကျော်လွန်သွားခဲ့သည်။

ဤအရာအားလုံးသည် လီလော့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် ပါဝင်ခဲ့သည့်အချိန်မှ စတင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံး၏ စိတ်နှလုံးထားထဲတွင် နားလည်မှုအသစ်များ ရှိလာကြသည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ လျင်မြန်သော အသွင်ကူးပြောင်းမှုသည် လီလော့ကြောင့်သာ ဖြစ်နိုင်သည်။

" ငါ့မောင်လေးက တော်လိုက်တာ.... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့ တိုးတက်မှုက ခရမ်းဝိဉာဉ်တံခွန်အဖွဲ့ထက် ပိုသာတယ်...."

လီဖန်းရိက လီလော့ရဲ့ နောက်ကျောကို ပွတ်သပ်ပေးရင်း ကြည်နူးစရာကောင်းတဲ့ အပြုံးနဲ့ ဂုဏ်ပြုလိုက်သည်။

မနေ့ကအထိ လီကျင်းထောင် ဦးဆောင်တဲ့ ခရမ်းဝိဉာဉ်တံခွန်အဖွဲ့က အလွှာလေးဆယ်ကို ရောက်နေခဲ့သည်။ သို့သော် ယနေ့အထိ ရှင်းလင်းနိူင်ခြင်းမရှိသေးပေ။ သူတို့သည် နတ်ဆိုးခေါင်းဆောင် ခြောက်ဦး၏ စွမ်းအင်ကို ဖြည်းညှင်းစွာ ဆုတ်ယုတ်စေ

သောကြောင့် ၎င်းတို့ကိုရှင်းလင်းရန် အချိန်အနည်းငယ်သာ လိုတော့သည်။

"လီကျင်းထောင်....နင် ပိုပြီးကြိုးစားရမယ်..... ခရမ်းဝိဉာဉ်တံခွန်အဖွဲ့က အခုဆို နဂါးစွယ်ကလန်ရဲ့ တံခွန်အဖွဲ့လေးခု အောက်ခြေရောက်နေပြီ ..." ဟု လီဖန်းရိက လီကျင်းထောင်ကို လှမ်းပြောလိုက်သည်။

"ငါတို့တွေ နတ်ဆိုးခေါင်းဆောင်တွေထဲက တစ်ယောက်ကို အနိုင်ယူပြီးနေပြီ.....အလွှာလေးဆယ်ကို ရှင်းဖို့ အချိန်တစ်ခုလောက်ပဲလိုတော့တာ......." လီကျင်းထောင်က ရှက်ကိုးရှက်ကန်းဖြင့် တုံ့ပြန်လိုက်သည်။

"အစ်မ... အစ်ကိုကြီးက နှေးကွေးပေမယ့်တည်ငြိမ်တယ်... သူ့မှာ ယှဉ်ပြိုင်လိုစိတ် မရှိရုံပါ.... တစ်နေ့မှာ အကောင်းဆုံးကြိုးစားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံးကို အံ့အားသင့်စေမှာ သေချာတယ်" လို့ လီလော့က ပြုံးပြီး ထပ်လောင်းပြောကြားခဲ့သည်။

လီကျင်းထောင်ကို လီဖန်းရိ၏တည့်တိုးဆန်သော အပြောအဆိုများကြောင့် စိတ်မသက်မသာ မဖြစ်စေလိုပေ။ ထို့အပြင် စိတ်ရင်းကောင်းပြီးဖော်ရွေသော လီကျင်းထောင်တွင် တမူထူးခြားသော တည်ငြိမ်မှုမျိုးရှိနေသည်။ လီဖန်းရိက အရှက်ပြေချောင်းဟန့်လိုက်ပြီး ဂုဏ်ပြုပွဲကျင်းပဖို့အကြံပြုခဲ့သည်။

ထုံးစံအတိုင်း လီလော့က သူမ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး ၎င်းတို့ သုံးဦးစလုံး စည်ကားနေသော နတ်ဆိုးတောင်ထွတ်မှ ထွက်ခွာသွားခဲ့သည်။

မလှမ်းမကမ်းတွင်ရပ်နေသော ရွှေအလင်းတံခွန်အဖွဲ့ဝင်များက အနည်းငယ်ရှုပ်ထွေးသောအကြည့်များဖြင့် သူတို့ကိုကြည့်နေကြသည်။

"တံခွန်ကိုင်လီလော့က တော်တော် အရည်အချင်းရှိတယ်..... သူက ရွှေအလင်းတံခွန်အဖွဲ့ထက် အလွှာလေးဆယ်ကို မြန်မြန်ရှင်းပစ်လိုက်တယ်" ဟု တျန်ဖုန်းရှန်က ရယ်မောကာ မှတ်ချက်ပေးလိုက်သည်။

တစ်ဖက်တွင် ကျုံးလင်သည် မသေချာသော အကြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ တွင် သူခေါင်းဆောင်ဖြစ်စဥ်အချိန်က အဆိုးဆုံးတံခွန်အဖွဲ့ဖြစ်ခဲ့သည်။ ထို့ကြောင့် လီလော့ ၏ ဦးဆောင်မှုအောက်က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို နှိုင်းယှဉ်ကြည့်လျှင် သူကသာပို၍ အရည်အချင်းမရှိသူဖြစ်သည်။

"အစ်ကိုကြီးတျန်....လီလော့က နဂါးစွယ် ကလန်မှာ နာမည်ပိုကြီးလာပြီ.... အခု သူ့ရဲ့ စစ်မှန်တဲ့ အစွမ်းသတ္တိကို စတင်ပြသနေပြီမို့ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က အနာဂတ်မှာ ရွှေအလင်းတံခွန်အဖွဲ့ကို ခြိမ်းခြောက်လာနိုင်တယ်...."ဟု ကျုံးလင်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။

ဒါကိုကြားတော့ တျန်ဖုန်းရှန်က သူ့ကို တချက်ကြည့်လိုက်ပြီး ပြုံးပြုံးလေးနဲ့.....

"ဒါဆိုရင် ငါတို့တံခွန်အဖွဲ့နှစ်ခုကြားထဲမှာ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲဖြစ်လာမှာ သေချာတယ်..... ငါတို့ကို အနိုင်ရရင် လီလော့ က နဂါးစွယ်ကလန်ရဲ့ မျိုးဆက်သစ်လူငယ်ခေါင်းဆောင် ဖြစ်လာလိမ့်မယ်....."

"မစိုးရိမ်ဘူးလား အစ်ကိုကြီး" ကျုံးလင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သူလိုလူကို ထိန်းမထားနိုင်ရင် ထျန်းယွမ်တိုက်ကြီးက လူငယ်တွေကို ဘယ်လိုယှဉ်နိုင်မလဲ " တျန်ဖုန်းရှန်က ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ..... သူက အရည်အချင်းတွေက ငါတို့ကို ထိခိုက်မှာ မဟုတ်ဘူး.....ဒါပေမယ့် သူက သူ့အဖေလို အရည်အချင်းရှိတယ်ဆိုရင် နဂါးသွေးတံခွန်အဖွဲ့ရဲ့ တံခွန်ကိုင်တောင် သူ့ကိုကျော်နိုင်မယ်မထင်ဘူး.... သူသာ တကယ့် ပါရမီရှင်ဖြစ်တယ်ဆိုရင် ငါ ဘာလို့ သူ့ကို ငါ့ခေါင်းဆောင်အဖြစ် လက်မခံနိုင်ရမှာလဲ.....ကျုံးလင် ....မင်းက ခေါင်းမာလွန်းတယ်..... မင်း လီလော့ကို ရှုံးခဲ့တာကို အရှက်ရစရာလို့ မြင်သလား..... ဒါက အနာဂတ် မင်းအတွက် ဂုဏ်ယူစရာ အခိုက်အတန့် ဖြစ်သွားနိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ......"

ဒါကိုကြားတော့ ကျုံးလင်ရဲ့စိတ်ထဲမှာ ​ နာကြည်းမှုတွေ ပြည့်နှက်နေခဲ့သည်။

"ဟာသပဲ..... ဒီကောင်ဆီ အရိုက်ခံရတာကို ဘာလို့ ဂုဏ်ယူရမှာလဲ....."

...............................

ဒုတိယနေ့တွင်၊ လီလော့က စိတ်မြန်စွာနှင့် နဂါးစွယ်လှိုဏ်ဂူဆီသို့ သွားခဲ့သည်။

နဂါးစွယ်လှိုဏ်ဂူသည် နဂါးစွယ်ကလန်ပိုင်ဆိုင်သော မြို့စားအဆင့်ပညာရပ် အားလုံးကို ထိန်းသိမ်းထားသော အထူးနေရာဖြစ်သည်။

လီလော့ ရောက်သွားတော့ ကြီးမားလှတဲ့ တောင်ထိပ်တစ်ခုပေါ်မှာ ကြီးမားတဲ့ ဝင်ပေါက်တစ်ခုကို တွေ့လိုက်ရသည်။ ဂူကြီးသည် ဧရာမနဂါးကြီး၏ ဦးခေါင်းသဏ္ဍာန်ရှိပြီး ပါးစပ်ကျယ်ကျယ်ဖွင့်ထားသလိုပင်....

လီလော့ ဂူပေါက်ဝကို စူးစိုက်ကြည့်နေစဉ်၊ သဘာဝစွမ်းအင်များကို နဂါပါးစပ်ထဲသို့ အဆက်မပြတ် မျိုချနေသောကြောင့် ၎င်းမှထွက်လာသော ကြောက်မက်ဖွယ်စွမ်းအင်များကို အာရုံခံမိနေသည်။

ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အစီအရင်တစ်ခုရှိသည်မှာ ထင်ရှားသည်။

ဒါက မျှော်လင့်ထားသည့်အတိုင်းပင်.... နောက်ဆုံးတွင်၊ မြို့စားအဆင့်ပညာရပ် များသည် ပြင်ပနတ်ဘုရားတိုက်ကြီးနှင့် အတွင်းပိုင်းနတ်တိုက်ကြီးနှစ်ခုလုံးတွင် မြို့စားအဆင့် အများအပြား တိုက်ခိုက်ခဲ့သော အဖိုးတန်ရတနာများဖြစ်သည်။ သေချာသည်မှာ နဂါးစွယ်ကလန်သည် ၎င်းတို့အား ကောင်းစွာကာကွယ်နိုင်မည်ဖြစ်သည်။

ကောင်းကင်လှေကားထစ်ပေါ် တက်ပြီးနောက် လီလော့သည် လှေကားထစ်များကို ဖြည်းညှင်းစွာ လှမ်းတက်ကာ နဂါးစွယ်လှိုဏ်ဂူ ရှေ့သို့ ရောက်ရှိလာသည်။

အဝင်ဝတွင် မီးခိုးရောင် ၀တ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးရှိသည်။ ထုံးစံအတိုင်း၊ ဤသည်မှာ နဂါးစွယ်ကလန်၏ လေးစားဖွယ်အကြီးအကဲများထဲမှ တစ်ဦးဖြစ်ကြောင်း လီလော့ အသိအမှတ်ပြုခဲ့သည်။ သူသည် အဖိုးအိုကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် ၎င်း၏ တံခွန်ကိုင် ရွှေတံဆိပ်ကို ထုတ်ယူကာ ရောက်လာရသည့် ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။

အဖိုးအိုက သူ့ကို ခဏလောက်စစ်ဆေးကြည့်ပြီး.... "လီတိုင်ရွှမ်ရဲ့သား... ကောင်းပြီ၊ မင်းဝင်လို့ရပြီ.....နဂါးစွယ်လှိုဏ်ဂူမှာ မြို့စားပညာရပ်တွေကို ကိုယ်သားပြုတဲ့ နဂါးအကောင်ရေ ခြောက်ဆယ့်ရှစ်ကောင် ရှိတယ်.... လေးဆယ့်ခုနစ်ကောင်က ပေါင်းစည်းခြင်းအဆင့်.... ဆယ့်ကိုးကောင်က ဝိဉာဉ်တက်လှမ်းခြင်းအဆင့် .... "

လီလော့ အတော် စိတ်လှုပ်ရှားနေသည်။မြို့စားအဆင့်ပညာရပ် ခြောက်ဆယ့်ရှစ်ခု...

ဤသည်မှာ နဂါးအစွယ်ကလန်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ မြို့စားအဆင့်ပညာရပ် ၏ အဆင့်ကန့်သတ်ချက်သည် လီလော့ အတွက် ပြဿနာတစ်စုံတစ်ရာ မဖြစ်နိုင်ပေ။ နောက်ဆုံးတော့၊ သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က သူ့အတွက် သင့်လျော်တဲ့ မြို့စားအဆင့်ပညာရပ်ကို ကြိုးစားရယူဖို့ပင်.... ပေါင်းစည်းခြင်းအဆင့် သို့မဟုတ် ဝိဉာဉ်တက်လှမ်းခြင်းအဆင့် ပဲဖြစ်ဖြစ် သူ့အတွက် အဆင်ပြေသည်။ ကံကြမ္မာအဆင့် မြို့စားအဆင့်ပညာရပ်နှင့် ပတ်သက်၍ သူသည် ၎င်းတို့အကြောင်းကိုပင် မတွေးဝံ့ပေ။

"သာလွန်အဆင့် မြို့စားအဆင့်ပညာရပ်ရှိလား" လီလော့က စပ်စပ်စုစု မေးလိုက်သည်။

ဒါကိုကြားတော့ မီးခိုးရောင်ဝတ် အဖိုးအိုက ခပ်သော့သော့ရယ်မောလိုက်ပြီး.... “မင်းအဖေလည်း ဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးတယ်...."

လီလော့ အံသြသွားသည်။ သူ့အဖေလည်း ဒီလိုမေးခွန်းမျိုး မေးခဲ့တာလား.... တိုက်ဆိုင်လိုက်တာ.......

"ကောင်လေး.... သာလွန်အဆင့် မြို့စားအဆင့်ပညာရပ် က မင်းစိတ်ကူးထားသလောက် မရိုးရှင်းဘူး.....ငါတို့မှာ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်မှာတောင် တစ်ခုပဲရှိတယ်.... ဒါပေမယ့် နဂါးသွေးကလန်ကသိမ်းဆည်းထားတာမို့ ကလန်အကြီးအကဲငါးယောက်ကပဲ ဒါကိုကြည့်ခွင့်ရှိတယ်...."

"သာလွန်မြို့စားအဆင့်ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရင် သာလွန်မြို့စားအဆင့်ဖြစ်ပြီ......" ဟု ၎င်းက ဆက်ပြောသည်။

"သာလွန်မြို့စားအဆင့်? အဲဒါဘာလဲ?"

လီလော့က သံသယစိတ်ဖြင့် မေးလိုက်သည်။

ထိုအချိန်တွင် လူအိုကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"မြို့စားအဆင့်တွေထဲမှာ သာလွန်အဆင့် မြို့စားအဆင့်လို့ခေါ်တဲ့ အခြားအမည်တစ်ခုရှိသေးတယ်...သူတို့ကို ကောင်းကင်ပျိုးပင်တွေလို့လဲ ခေါ်သည်.....ရှင်းရှင်းပြောရရင်

ကောင်းကင်ဧကရာဇ်ဖြစ်ဖို့ အလားအလာရှိတဲ့သူတွေပေါ့....."

လီလော့ ထိုရှင်းပြချက်ကို နားထောင်ရင်း အသက်ပြင်းပြင်းရှူလိုက်မိသည်။ သာလွန်အဆင့် မြို့စားအဆင့် အကြောင်း သူမသိသော်လည်း ကောင်းကင်ဧကရာဇ်ဖြစ်လာနိုင်သည့် အလားအလာကို ကြားသိရသည့်အတွက် အံ့အားသင့်ခဲ့ရသည်။

ကောင်းကင်ဧကရာဇ်အဆင့်... ဤကမ္ဘာကြီး၏ တန်ခိုးအာဏာ၏ နိမိတ်ပုံဖြစ်သည်။ ၎င်းတို့၏ တည်ရှိမှုသည် ၎င်းတို့ ထိန်းချုပ်ထားသော စွမ်းအားများကို မြှင့်တင်ပေးကာ ကောင်းကင်နဂါးကလန်ငါးခု ပိုင်ဆိုင်ထားသော ကြွယ်ဝမှုကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ဒါတွေအားလုံးဟာ သူတို့ရဲ့ ဘိုးဘေး ကောင်းကင်ဘုံဧကရာဇ်လီရဲ့ ကျေးဇူးကြောင့်ပင်.....

"သွားတော့" အဖိုးအိုက လက်ဝှေ့ယမ်းပြီး အထဲကို ညွှန်ပြလိုက်သည်။

လီလော့က ကျေးဇူးတင်စကားဆိုပြီး ခေါင်းညိတ်လိုက်သည်။ အဖိုးအိုကို လေးလေးစားစား နှုတ်ဆက်ပြီးနောက် လှည့်ကြည့်ကာ နက်နဲသော နဂါးစွယ်လှိုဏ်ဂူထဲသို့ စိုက်ကြည့်လိုက်သည်။ မဆိုင်းမတွဘဲ တည့်တည့်လျှောက်သွားကာ သူ့အရိပ်က အမှောင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

All Chapters