လှည့်စားခြင်း.....
Vol. 58 Ch. 812
"အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ..."
သူ့စိတ်ထဲသို့ ဝင်လာသော အချက်အလက်အသစ်များကို ဖတ်ရှုလိုက်သောအခါတွင် သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
"ဒါက မြို့စားအဆင့်ပညာရပ်ပဲလား..."
"ဒါပေမယ့် ဘယ်အဆင့်လဲ...."
“စပါးအုံးမြွေရုပ်သေးရုပ်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အပြုမူကိုကြည့်ရင် ဒါက သာမန်အရာတစ်ခုမဟုတ်တာတော့ သေချာတယ်....ဒါကိုရဖို့ ကောင်းကင်ဧကရာဇ်စာချွန်တော်တောင် လိုအပ်တယ်ဆိုတော့..…”
သူ့မှာ မေးခွန်းတွေ ပြည့်နေပေမယ့် သူ့စိတ်ထဲမှာ ပေါ်လာတဲ့ အချက်အလက်တွေကို လေးလေးနက်နက် အာရုံစိုက်ပြီး ပြန်သုံးသပ်လိုက်သည်။ ခဏအကြာတွင် အံ့အားသင့်စွာ အော်ဟစ်လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
ဤမြို့စားအဆင့်ပညာရပ် မည်မျှထူးခြားသည်ကို သဘောပေါက်လာခဲ့သည်။ ၎င်းသည် သာမန်ဓားများမဟုတ်သော နဂါးစွယ် ဓားများကို ပိုင်ဆိုင်ရန် လိုအပ်သော ဓား
၀င်္ကပါတစ်မျိုးဖြစ်သည်။ နဂါးစွယ် ဓားကို ပဲ့တင်ထပ်သံနှီးနှောဆက်နွယ်မှုဖြင့် ပုံဖော်ဖန်တီးရမည်ဖြစ်သည်။
ပြီးတော့ ဒီပညာရပ်၏ စစ်မှန်တဲ့ ခွန်အားကို အနည်းဆုံး နဂါးစွယ် ဓားနှစ်ချောင်းရှိမှသာ ပြသနိုင်ပေမည်။
နဂါးစွယ်ဓားများ အရေအတွက် တိုးလာသည်နှင့်အမျှ ပညာရပ်၏ စွမ်းအားလည်း တိုးလာပေမည်။
ထိုအချိန်တွင် လီလော့၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။ ဤသည်မှာ သူ့အတွက် ပြီးပြည့်စုံသော လက်ဆောင် ဖြစ်သည်။ ပဲ့တင်ထပ်သံများရဲ့ အဆင့်အတန်းနဲ့ ပတ်သက်ရင်၊ ထျန်းယွမ် တိုက်ကြီးမှာ အရည်အချင်းရှိသူတွေ ပြည့်နှက်နေသည်။ သူ့မှ ပဲ့တင်ထပ်သံသုံးခုရှိနေသည့်တိုင် သူ့ကိုယ်သူ အကောင်းဆုံးလို့ မကြေငြာဝံ့ပေ။ သို့သော် ပဲ့တင်ထပ်သံအရေအတွက်နှင့်ပတ်သက်လျှင် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကိုယှဉ်နိုင်မည်မဟုတ်ပေ။
အပြင်ပန်းကြည့်ရင် သူ့မှာ ပဲ့တင်ထပ်သံ သုံးခုသာရှိပုံရသည်။သို့သော် တစ်ခုစီအတွက် အဓိကနှင့် အကူဟူ၍ပဲ့တင်ထပ်သံနှစ်ခုရှိနေပြန်သည်။ ထို့ကြောင့် သူ့တွင် ပဲ့တင်ထပ်သံ စွမ်းအား အမျိုးအစား ခြောက်မျိုးရှိသည်။
နဂါးစွယ်ဓားများကို ဖန်တီးရာတွင် နဂါးပဲ့တင်ထပ်သံစွမ်းအားနှင့်အတူ အခြား ပဲ့တင်ထပ်သံစွမ်များကိုပေါင်းစပ်ရန် လိုအပ်သည်။ တစ်နည်းဆိုရသော် သူသည် နဂါးစွယ်ဓားငါးချောင်းအထိ ဖန်တီးနိုင်မည်ဖြစ်သည်။
ရေနဂါးစွယ်ဓား... သစ်သားနဂါးစွယ်ဓား.... အလင်းနဂါးစွယ်ဓား၊ မြေနဂါးစွယ်ဓား...မိုးကြိုးနဂါးစွယ်ဓား....
ဤ ပညာရပ်ကို အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါ ဟုခေါ်ဆိုခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
ထိုအခြေအနေတွင်၊ သူသည် နဂါးစွယ်ဓားငါးချောင်းကိုဖန်တီးနိုင်ပါက ၀င်္ကပါ မည်မျှအားကောင်းလာမည်နည်း။
ပြီးတော့ ဒီပညာရပ်က ဘယ်အဆင့်ဖြစ်လောက်မလဲ.....
လီလော့ တဖြည်းဖြည်း စိတ်နဲ့လူနဲ့ မကပ်ခင်အထိ ကြောင်တက်တက်ဖြင့် ထိုနေရာတွင် ရပ်နေလိုက်သည်။ သူ့လက်ထဲက နဂါးအစွယ်ကို စိုက်ကြည့်ရင်း၊ ဒါက တိုက်ဆိုင်လွန်းတယ်လို့ ခံစားလိုက်ရသည်။
ရှင်းနေသည်မှာ၊ သူသည် ဤပညာရပ်ကို သိမ်းပိုက်ရန်အတွက် စံသတ်မှတ်ချက်အချို့ကို အစပျိုးထားခဲ့ခြင်းမှာ ထင်ရှားပါသည်။ ဥပမာအားဖြင့်၊ သူ့တွင် စပါးအုံးမြွေရုပ်သေးကို စွဲဆောင်သော ပဲ့တင်ထပ်သံများစွာရှိသည်။ ထို့အပြင်၊ သူသည် ဤမြို့စားပညာရပ်ကိုရယူနိုင်ဖို့ အသိအမှတ်ပြုလက်မှတ်ဖြစ်သော ကောင်းကင်ဧကရာဇ်စာချွန်တော်ကိုလည်း ပိုင်ဆိုင်ထားသည်။
ဒါတွေအားလုံးဟာ တိုက်ဆိုင်မှုများပေလော....တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ ဤအရာသည် သူ့အပိုင်ဖြစ်လာခဲ့ပြီ။
ထို့နောက် လျင်မြန်စွာ နောက်ကြောင်းပြန် လှည့်၍ ထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။
အကွေ့အကောက်များသောလမ်းအတိုင်း လျှောက်သွားပြီး နောက်ဆုံးတွင် ဂူပေါက်ဝသို့ ပြန်ရောက်လာသည်။ ထိုအချိန်တွင် မီးခိုးရောင်၀တ်စုံဝတ် အဖိုးအိုက မျက်လုံးဖွင့်လိုက်ပြီး.... “မင်း ဘယ်ပညာရပ်ကို ရွေးလိုက်တာလဲ” ဟု ဖြည်းညှင်းစွာ မေးသည်။
ဤနေရာ၏ တံခါးမှူးအနေဖြင့်၊ သူသည် လှုပ်ရှားမှုအားလုံးကို မှတ်တမ်းတင်ရန် လိုအပ်သည်။ ငှားရမ်းခဲ့သူက ပညာရပ်ကို ကျွမ်းကျင်ပြီးတာနဲ့ ပြန်ပေးရမည်ဖြစ်သည်။
ဒါကိုကြားတော့ လီလော့ အမှန်တရားကို ပြောသင့်သလား စဉ်းစားရင်း ခဏလောက် တုန်လှုပ်သွားခဲ့သည်။ နဂါးအစွယ်ကို နောက်ဆုံးတွင် ထုတ်ယူပြီး သူ၏ထူးဆန်းသောအခြေအနေကို အကြီးအကဲအား ရိုးသားစွာရှင်းပြခြင်းမပြုမီ အချိန်အနည်းငယ်ကြာသည်အထိ စဉ်းစားနေခဲ့သည်။
ထင်ရှားသည်မှာ၊ ဤနေရာတွင် တာဝန်ယူထားသော အကြီးအကဲသည် သာမန် မျိုးနွယ်စုဝင် မဟုတ်သောကြောင့် သူ့ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ရန် လွယ်ကူမည်မဟုတ်ပေ။
လီလော့ နဂါးအစွယ်ကို ထုတ်ယူလိုက်သောအခါ မီးခိုးရောင်ဝတ် အဖိုးအို၏ အိပ်ငိုက်နေသော မျက်လုံးများ ပြူးကျယ်သွားသည်။
"အကြီးအကဲ.... ဒီပညာရပ်အကြောင်း သိလား"
အကြီးအကဲ၏ တုံ့ပြန်မှုကိုကြည့်ရုံဖြင့် ဒီအရာကိုသိနေကြောင်းထင်ရှားသည်။
"လီကျင်းဇယ်... ယ မင်းဘယ်တုန်းက စည်းမျဥ်းတွေကို ဖောက်ဖျက်ခဲ့တာလဲ?"
သူ၏မှတ်ချက်ကြောင့် လီလော့ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူဘာမှ ထပ်မရှင်းပြမီ သူ့နောက်မှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာကိုကြည့်ပြီးစွပ်စွဲနေတာလဲ"
ထိုအချိန်တွင် လီလော့ လျင်မြန်စွာ နောက်လှည့်ကြည့်လိုက်တော့ လီကျင်းဇယ်ရောက်နေသည်ကိုမြင်လိုက်ရသည်။
"အဘိုး...ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ "
လီကျင်းဇယ်က လီလော့ကိုပြုံးပြပြီး မီးခိုးရောင်ဝတ် အဖိုးလးအိုဘက်ကို လှည့်ကာ....
"ဒုတိယဦးလေး၊ ဒီပညာရပ်က လီလော့နဲ့ အရမ်းလိုက်ဖက်ပါတယ်.... ဘာလို့ သူ့ကို မပေးရတာလဲ?"
အမှန်မှာ၊ မီးခိုးရောင်ဝတ် အကြီးအကဲသည် နဂါးစွယ်ကလန်၏ အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်သည်။ ကလန်အကြီးအကဲ လီကျင်းဇယ်ပင်လျှင် သူ့ကို "ဒုတိယဦးလေး" ဟုခေါ်ဆိုနေသည်။
ဒုတိယဦးလေးဆိုသူက ဒေါသတကြီးဖြင့်....
" ဒီပညာရပ်ကို ငါတို့ဘိုးဘေးတွေက သေချာရင်းနှီးမြှုပ်နှံပြီး ဖန်တီးခဲ့တာ....ဒီလို အခြေအနေတွေကို ပြောင်းလဲလိုက်ရင် မင်း လှည့်စားနေတာ မဟုတ်လား....ဒီကလေးက စပါးအုံးမြွေရုပ်သေးကို ဆွဲဆောင်နိုင်မှာမဟုတ်မှန်း ငါ ကောင်းကောင်း သိတယ်... စပါးအုံးမြွေရုပ်သေးက သတ်မှတ်ထားတဲ့ အသက်အရွယ်နဲ့ မြို့စားအဆင့်ပညာရပ် အမျိုးအစားသုံးမျိုးပိုင်ဆိုင်ထားသူတွေရှေ့မှာသာ ပေါ်လာလိမ့်မယ်...လီလော့မှာ ကိုက်ညီတဲ့အချက်တခုမှမရှိဘူး...."
ဒါကိုကြားတော့ လီလော့ လန့်သွားသည်။ သူစိတ်ကူးထားသလိုပဲ၊ ဒါက တိုက်ဆိုင်မှုဖြစ်နေသည်။ လီကျင်းဇယ်သည် နောက်ကွယ်မှ ကြိုးကိုင်နေသူဖြစ်သည်။
ဤအရာက သူ့ကို နွေးထွေးစေခြင်းနှင့် အဆင်မပြေခြင်း နှစ်မျိုးလုံးကို ခံစားစေခဲ့သည်။ လီကျင်းဇယ်က သူ့ကို တိတ်တဆိတ် ကူညီပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီပညာရပ်ကိုကျင့်ကြံဖို့ လိုအပ်ချက်တွေများပြားပေမယ့် ဖန်တီးထားတဲ့ လီလော့နဲ့ လိုက်ဖက်နေတုန်းပဲ .... ဒီအတိုင်း ဂူထဲမှာမှိုတက်ခံနေမယ့်အစား ဘာလို့မကြိုးစားကြည့်တာလဲ....ဒုတိယ ဦးလေး...ဉီးလေးက တစ်ခါတလေ ခေါင်းမာလွန်းတယ်"
ဒါကိုကြားတော့ မီးခိုးရောင်၀တ် အဖိုးအိုက ဒေါသတကြီးနှင့်.... "ဟားးးလီကျင်းဇယ်လို ခေါင်းမာတဲ့သူဆီကနေ ခေါင်းမာတဲ့သူလို့ အခေါ်ခံလိုက်ရတာလား..... မင်းသာ ခေါင်းမမာခဲ့ရင် တိုင်ရွှမ် ထွက်ပြေးဖို့ ရွေးချယ်မှာ မဟုတ်ဘူး!!!!!"
လီကျင်းဇယ်၏ မျက်နှာ မည်းမှောင်လာပြီး စူးရှသော မှတ်ချက်စကားကို ကြားပြီးနောက် တိတ်ဆိတ်နေခဲ့သည်။
သူ့တုံ့ပြန်မှုကိုမြင်တော့ မီးခိုးရောင်ဝတ် အဖိုးအိုက သူ့ကို အမှတ်မထင် နာကျင်စေခဲ့မှန်း သတိရလိုက်မိသည်။ သူသည် နဂါးအစွယ်ကို နောက်တချက် တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ဘိုးဘေးတွေက ငါ့ကို ဒီပညာရပ်ကို ကောင်းကောင်းဂရုစိုက်ဖို့ သေချာမှာထားတယ်.... မင်းဘာလို့ ဒီကိုလာပြီး အနှောင့်အယှက်ပေးနေတာလဲကွာ....."
"ဂူထဲမှာ အကြာကြီး မှိုတက်ခံအောင်ထားတာတာ အလဟသဖြုန်းတီးနေသလို့ဖြစ်မနေဘူးလား....လီလော့ရဲ့အလားအလာကိုလျှော့မတွက်ပါနဲ့..." ဟု လီကျင်းဇယ်က ရှင်းပြသည်။
"အိုး? ဘာကိုအခြေခံပြီး ဒီပညာရပ်ကိုကျင့်ကြံမှာလဲ သူ့ရဲ့ ပဲ့တင်ထပ်သံ သုံးခုနဲ့လား...."
ထိုအချိန်တွင် လီကျင်းဇယ်က လီလော့ကို တစ်ချက်ကြည့်လိုက်သည်။ အကင်းပါးသော လီလော့က သူ့ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံစွမ်းအားများကို ဆင့်ခေါ်ပြီး ပဲ့တင်ထပ်သံစွမ်းအား ခြောက်မျိုး သူတို့ရှေ့တွင် ပေါ်လာသည်။
မီးခိုးရောင်ဝတ် အဖိုးအိုက လီလော့ကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း မုတ်ဆိတ်မွေးကိုပွတ်သပ်လိုက်သည်။
"ဒါက... ပဲ့တင်ထပ်သံ ခြောက်ခုလား? မဖြစ်နိုင်ဘူး.... ... အဲဒီထဲက သုံးခုက အားနည်းတယ်..... ဒါဆို အဓိကနဲ့ အကူ ပဲ့တင်ထပ်သံ သုံးခုစီပေါ့!!!!"
မီးခိုးရောင်ဝတ် အဖ်ိုးအိုက လီလော့ကို အကဲခတ်ရင်း အကြိမ်ပေါင်းများစွာ အံ့အားသင့်စွာ အော်ပြောခဲ့သည်။
"ကြည့်စမ်းပါ.... ကျွန်တော်တို့ဘိုးဘေးတွေ ဖန်တီးထားတဲ့ ဒီမြို့စားအဆင့်ပညာရပ်က လီလော့အတွက် ပြီးပြည့်စုံတဲ့ လက်ရာပဲလေ..." ဟု လီကျင်းဇယ်က ရယ်မောရင်း ပြောလိုက်သည်။
အဖိုးအိုက အနည်းငယ် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့် ခေါင်းညိတ်ပြသည်။လီကျင်းဇယ်က သူ့ကိုအသက်အရွယ်ကြောင့် လေးလေးစားစားဆက်ဆံနေသော်လည်း လီကျင်းဇယ်က ကလန်အကြီးအကဲဖြစ်နေဆဲဖြစ်သည်။ သူ့ကို ဆက်ပြီး တွန်းအားပေးနေမယ် ဆိုရင်၊ အဆုံးသတ်က အကျည်းတန်သွားနိုင်သည်။
"ထားလိုက်တော့... မင်းက ငါတို့ကလန်ရဲ့ ကလန်အကြီးအကဲပဲ..... "
မီးခိုးရောင်ဝတ် အဖိုးအိုက အော်ဟစ်ပြီး ပြန်ထိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒုတိယဦးလေး"
ထိုအချိန်တွင် လီလော့သည် မီးခိုးရောင်ဝတ် အဖိုးအိုကို လေးစားစွာ ကျေးဇူးတင်စကားဆိုခဲ့သည်။
"လီလော့ မင်းက ဒီပညာရပ်နဲ့ သင့်လျော်တဲ့ ရင်းနှီးမှု ရှိလို့၊ မင်း ဒါကို ကောင်းကောင်း အသုံးချသင့်တယ်....ဘိုးဘေးတွေက ဒီပညာရပ်ကို သာလွန်အဆင့်အထိရောက်အောင် ဖန်တီးချင်ခဲ့တာ... ရှင်းရှင်းပြောရရင် ဒီပညာရပ်က သာလွန်အဆင့်ထိရောက်နိုင်တယ်....”
လီလော့၏ ခန္ဓာကိုယ် တုန်ယင်နေပြီး ၎င်းကို ကြားလိုက်ရသည်နှင့် သူ့နှလုံးခုန်သံမြန်ဆန်လာသည်။
"သာလွန်အဆင့်....တကယ်ကို ကြောက်စရာကောင်းတယ် !”