← Chapters

နဂါးစွယ်အဆီအနှစ်…

Vol. 59 Ch. 813

နဂါးစွယ်အဆီအနှစ်…

Vol. 59 Ch. 813

လီလော့နှင့် လီကျင်းဇယ်တို့သည် တိမ်များနှင့် မြူများဖုံးလွှမ်းနေသော လမ်းငယ်လေးအတိုင်း တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။

"အဘိုး...အကူအညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ လီလော့က လီကျင်းဇယ်ကို ပြောခဲ့သည်။ မူလက၊ သူ၏အကြံအစည်မှာ ဝိဉာဉ်တက်လှမ်းခြင်းအဆင့်မြို့စားအဆင့်ပညာရပ် ကိုရယူရန်ဖြစ်သည်။ အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါလို သာလွန်အဆင့်ပညာရပ်မျိုးကို ရရှိရခြင်းမှာ သူ့အတွက် အံ့သြစရာပင်။

ဒါဟာလည်း လီကျင်းဇယ်ရဲ့ ကျေးဇူးကြောင့်ပင်...... ဒီလိုမှမဟုတ်ရင် သူ့လက်ရှိအခြေအနေမှာ တင်းကျပ်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မီမည် မဟုတ်မှာ သေချာပါသည်။

"ဘိုးဘေးတွေက ဒီပညာရပ်ကို နဂါးအစွယ်ကလန်မှာ ထားခဲ့တာက ကျင့်ကြံခြင်း အဆင့်နိမ့်ကျချိန်မှာ ငါတို့အတွက် သင့်လျော်တဲ့အတွက် ဒီပညာရပ်ကို ချန်ထားခဲ့တာ... ဒါပေမယ့် ဒီနှစ်တွေကြာပြီးတဲ့အထိ သူ့ရဲ့ အလားအလာကို ဘယ်သူကမှ ထုတ်မပြနိုင်သေးဘူး.... တစ်ဖက်မှာကျတော့ မင်းက ပဲ့တင်ထပ်သံ ခြောက်ခုကို ပိုင်ဆိုင်ထားတာကြောင့် ဒီပညာရပ်နဲ့ ရှေးရှေးတုန်းက လိုက်ဖက်ဆုံးပဲလေ....."ဟု လီကျင်းဇယ် +က ရယ်မောကာ တုံ့ပြန်ခဲ့သည်။

လီလော့က စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြီး ....."ဒီပညာရပ်ကို ကျွမ်းကျင်အောင် အစွမ်းကုန်ကြိုးစားမှာပါ... ဒါပေမယ့် ဒီမြို့စားအဆင့်ပညာရပ်က ဘယ်အဆင့်လဲ...."

ဤအချိန်တွင် လီကျင်းဇယ်က "ပြောရခက်တယ်....ဒီပညာရပ်ကို ဘိုးဘေးစဉ်ဆက်က သာလွန်အဆင့်ရဲ့ ဒုတိယလောက်ပဲရည်မှန်းပြီး တီထွင်ဖန်တီးခဲ့တာ..... ကမ္ဘာ့နယ်နိမိတ်ရဲ့ အစောင့်အကြပ်မဖြစ်ခင်မှာ သူဒါကို မပြီးမြောက်နိုင်ဘဲ နဂါးစွယ်ကလန်မှာ ငါတို့နဲ့ ကျန်ခဲ့တယ်...."

"သူ့ရဲ့ကန့်သတ်ချက်က နဂါးစွယ်ဓား အရေအတွက်ပေါ်မူတည်နေတယ်.... နဂါးစွယ်ဓားတစ်ချောင်းနဲ့သာဆို သာမန် ပေါင်းစည်းခြင်းအဆင့်မြို့စားအဆင့်ပညာရပ်လို အားကောင်းနိုင်တယ်.... နှစ်ချောင်းဆို ဝိဉာဉ်တက်လှမ်းခြင်းအဆင့်နဲ့ ယှဉ်နိုင်မယ်...ငါ့ ခန့်မှန်းချက်အတိုင်းဆို မင်းက နဂါးစွယ်ဓားလေးချောင်းကို ဖန်တီးနိုင်လောက်တာမို့ ကံကြမ္မာအဆင့်ရဲ့ စွမ်းအားနဲ့ တူညီလောက်တယ်.... စောစောကပြောခဲ့သလို ဒီပညာရပ်က မပြီးပြည့်စုံသေးတော့ တချို့နေရာတွေမှာ အားနည်းနေသေးတယ်...."

ဒါကိုကြားတော့ လီလော့ အံ့သြသွားခဲ့သည်။ နဂါးစွယ်ဓားလေးချောင်းသည် ကံကြမ္မာအဆင့် မြို့စားပညာရပ်နှင့် ညီမျှသည်။ ဒါက သူ့မျှော်လင့်ချက်ထားသည်ထက် အများကြီး ကျော်လွန်နေပြီဖြစ်သည်။

" ဘယ်လ်ိုပဲဖြစ်ဖြစ် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါမှာ ပြဿနာတစ်ခုရှိနေသေးတယ်.... ဒီပညာရပ်က ကျင့်ကြံဖို့ အင်မတန်ခက်ခဲပြီး ပဲ့တင်ထပ်သံပညာရပ်မှာ ထူးချွန်သူဖြစ်ဖို့ လိုအပ်တယ်.." ဟု လီကျင်းဇယ်က ထပ်မံပြောကြားခဲ့သည်။

"ပဲ့တင်ထပ်သံပညာရပ်မှာ ကျွန်တော့်ရဲ့ အရည်အချင်းက ကောင်းပါတယ်"

လီလော့က ယုံကြည်မှုအပြည့်နဲ့ ပြန်ဖြေခဲ့သည်။ ပဲ့တင်ထပ်သံပညာရပ်တွင် အရည်အချင်းရှိသူဖြစ်သောကြောင့် လီလော့သည် ၎င်းတို့အား လျင်မြန်စွာနားလည်နိုင်ပြီး သင်ယူနိုင်သည့်စွမ်းရည်အတွက် အမြဲဂုဏ်ယူခဲ့သည်။

လီလော့ နန်ဖန်းကောလိပ် ကို စတင်ဝင်ရောက်စဉ်က သူ၏ထူးခြားသော ပဲ့တင်ထပ်သံပညာရပ်ထူးချွန်မှုကြောင့် ဗလာနန်းတော်ရှိနေသည့်တိုင် ရှေ့သို့ တက်လှမ်းနိုင်ခဲ့သည်။ သူအရင်တုန်းက သင်ယူခဲ့တဲ့ ပဲ့တင်ထပ်သံပညာရပ်နဲ့ ဒီနေ့သူရခဲ့တဲ့မြို့စားအဆင့်ပညာရပ်ဟာ မိုးနှင့်မြေလိုကွာခြားနေသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် လူများစွာအတွက် မဖြစ်နိုင်ဟု ထင်ရသည့် မရ​ဏမြစ်၏မဟူရယနဂါးအလံတော်ပညာရပ်ကို ကျွမ်းကျင်အောင် သင်ယူလေ့လာနိုင်ခဲ့သည်။ထို့ကြောင့် သူ့ရဲ့ ထူးခြားသည့် အရည်အချင်းကို သံသယဖြစ်စရာမရှိပေ။

"ဟုတ်တယ်....ပဲ့တင်ထပ်တဲ့ပညာရပ်မှာထူးချွန်တဲ့ မင်းရဲ့အရည်အချင်းနဲ့ဆို အဆင်ပြေသင့်တယ်..... ဒါပေမယ့် ပြဿနာတစ်ခုရှိသေးတယ်...နဂါးစွယ်ဓားတွေကို ပုံဖော်ဖို့ နဂါးစွယ်အဆီအနှစ်လို့ခေါ်တဲ့ ရှားပါးပစ္စည်းတစ်ခု လိုအပ်တယ်" ဟု လီကျင်းဇယ်က ရယ်မောကာ သတိပေးလိုက်သည်။

"နဂါးစွယ်အဆီအနှစ်?"

ဒါကိုကြားတော့ လီလော့ အံ့ဩသွားခဲ့သည်။ အသင်္ချေပဲ့တင်ထပ်သံနဂါးစွယ်ဓား၀င်္ကပါကို သူ မလေ့လာရသေးသောကြောင့်၊ ၎င်းသည် သူ့အတွက် လုံးဝအသစ်အဆန်းတစ်ခုဖြစ်နေသည်။

"နဂါးစွယ်အဆီအနှစ်ဆိုတာ

နဂါးအစစ်ရဲ့အစွယ်ကနေဆင်းသက်လာတဲ့ပဟေဠိဆန်တဲ့ ရတနာကို ရည်ညွှန်းတာ.....ဒီပစ္စည်းက အလွန်ရှားပါးပြီး အလွန်စျေးကြီးတယ်...." ဟု လီကျင်းဇယ် က သူ့ကို ရှင်းပြသည်။

"ဘယ်လောက်စျေးကြီးလို့လဲ?" လီလော့ သူ့နှလုံးခုန်သံမြန်ဆန်လာတာကြောင့် သေသေချာချာ မေးလိုက်သည် ။

"ကောင်းကင်ရွှေနဲ့တွက်မယ်ဆို တစ်စက်ကို သန်းသုံးဆယ်လောက်ရှိမယ်" လို့ လီကျင်းဇယ်က တွေးတွေးဆဆနှင့်ပြန်ဖြေလိုက်သည်။

လီလော့ ဤစကားကိုကြားသောအခါ သွေးအန်လုမတတ် ခံစားနေရသည်။ ဒီလောက်ကောင်းတဲ့ ပညာရပ်ကို ပြုစုပျိုးထောင်ဖို့မလွယ်မှန်း အစကတည်းကသိနေသည်။

တစ်စက်လျှင် ကောင်းကင်ရွှေသန်းသုံးဆယ်နှင့်သယဆို နဂါးစွယ်ဓားငါးချောင်းကိုဖန်တီးလိုပါက ဤပစ္စည်းအတွက်တင် ကောင်းကင်ရွှေသန်းတစ်ရာကျော် လိုအပ်မည် မဟုတ်လော။

လော့လန်အိမ်တော်တခုလုံးကိုရောင်းလိုက်ရင်တောင် ဝယ်နိုင်မည်မဟုတ်ပေ။

ထို့အပြင်၊ ယခု သူသည် ထျန်းယွမ်တိုက်ကြီးသို့ရောက်နေသောကြောင့် လော့လန်အိမ်တော်ကို ဝယ်ချင်သူရှိလျှင်တောင် ရောင်းနိုင်မည် မဟုတ်ပေ။ လက်ရှိအချိန်တွင် သူ၏စုစုပေါင်းပိုင်ဆိုင်မှုမှာ မကောင်းကင်ရွှေသန်းအနည်းငယ်သာရှိသည်။

လီလော့ ဤကိစ္စအတွက် အလွန်စိတ်ပူပန်နေခဲ့သည်။ လောလောဆယ်တွင် နဂါးစွယ်ကလန်၏ လစဉ် ထောက်ပံ့ငွေနှစ်မျိုးကိုရရှိနေသော်လည်း စုစုပေါင်းမှာ သန်းအနည်းငယ်သာ တန်ဖိုးရှိသည်။ လစဉ်ထောက်ပံ့ကြေးသည် ကောင်းကင်ရွှေထက် အရင်းအမြစ်များကိုသာ ပိုပေးလေ့ရှိသည်။ ထို့အပြင် သူသည် ကျင့်ကြံခြင်းအတွက် ထိုအရင်းအမြစ်များကို လိုအပ်မည်ဖြစ်သည်။ အခုအချိန်မှာ မကောင်းကင်ရွှေနဲ့ လဲလှယ်ပြီး ရောင်းချဖို့ ဘာပိုင်ဆိုင်မှုမှ ရှိမနေပေ။

တစ်နည်းအားဖြင့်ပြောရလျှင် နဂါးစွယ်အဆီအနှစ် တစ်စက်အတွက် မကောင်းကင်ရွှေသန်းသုံးဆယ်ကို သူဘယ်လိုရှာရမည်နည်း။

လီလော့ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ ဤမျှများပြားသော မကောင်းကင်ရွှေများကို လီကျင်းဇယ်ဆီမှတောင်းခံရန် ဤမျှလောက် အရည်ထူသူမဟုတ်သေးပေ။ ထို့အပြင်၊ သူ့အဘိုးက အဆင့်မြင့်မားသောပညာရပ်ကိုရအောင် ကူညီရန် စည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူသည် မာနရှိသော ယောက်ကျားတစ်ယောက်ဖြစ်သည်။

လီလော့တွေးတောနေသည်ကိုကြည့်ပြီး လီကျင်းဇယ်က ဘေးကနေ အော်ဟစ်လိုက်လေသည်။

"လောလောဆယ် မင်းက အစိမ်းရောင်နယ်သာတံခွန်ရဲ့ ပင်မခန်းမသခင် ကမ္ပည်းပြားကို ကိုင်ဆောင်ထားတာမို့ အခွင့်အာဏာတချို့ ပိုင်ဆိုင်ထားတယ်လို့ ယူဆလို့ရတယ်....ပြီးတော့ အစိမ်းရောင်နယ်သာတံခွန်ကိုင်ဖြစ်နေပြီဆိုတော့ နဂါးစွယ်ကလန်ရဲ့ တံခွန်လေးခုကြားမှာ မင်းရရှိမယ့် အခွင့်အာဏာလည်းတိုးလာပြီ...ဒါဆိုတော့ ပင်မခန်းမသခင်အနေနဲ့ ရရှိနိုင်မယ့် အကျိုးကျေးဇူးအချို့ကိုပါခံစားနိုင်ပြီ...."

လီလော့ အံ့အားသင့်သွားသည်။ ဒါက ပင်မခန်းမသခင်ရဲ့ အကျိုးခံစားခွင့်တွေကို ခံစားခွင့်ရမယ်လို့ ဆိုလိုတာလား.....

" ပင်မခန်းမသခင်က လစာ ဘယ်လောက်ရလဲ " ဟု လီလော့က စိတ်ဝင်တစား မေးသည်။

"အရင်းအမြစ်မျိုးစုံအပြင် တစ်နှစ်စာ ထောက်ပံ့ကြေးငွေက စုစုပေါင်း

ကောင်းကင်ရွှေ သန်းရှစ်ဆယ်လောက်တော့ရှိမယ်" ဟု လီကျင်းဇယ်က ပေါ့ပေါ့ပါးပါး ဖြေကြားခဲ့သည်။

ထိုအချိန်တွင် လီလော့ ရုတ်တရက် တောင့်တင်အေးခဲ့သွားသည်။

"တစ်နှစ်ကို သန်းရှစ်ဆယ်... ဒါဆို ပင်မခန်းမသခင်ရဲ့ ထောက်ပံ့ကြေးငွေ တစ်နှစ်စာပဲပေးရုံနဲ့ လော့လန်အိမ်တော်လို အိမ်တော် တော်တော်များများကို ဝယ်နိုင်ပြီပေါ့....."

ယခု လီလော့ တွေးလိုက်မိသည်မှာ အဓိပ္ပါယ်ရှိလှသည်။ အစိမ်းရောင်နယ်သာခန်းမသည် ရှပြည်ထောင်စုထက် များစွာပိုကြီးပြီး လူဦးရေများသော နယ်ပယ်နှစ်ခုကို အုပ်စိုးထားသည်။ ထို့ကြောင့် ဤနေရာတစ်ဝိုက်တွင် အမြင့်ဆုံးအာဏာရှိသည့် ပင်မခန်းမသခင် သည် ထိုသို့သောအကျိုးခံစားခွင့်များကို ခံစားရခြင်းမှာ အံ့သြစရာမဟုတ်ပေ။

ထိုအချိန်တွင် လီလော့၏ နှလုံးခုန်သံ မြန်ဆန်လာသည်။ အစိမ်းရောင်နယ်သာ တံခွန်၏ ပင်မခန်းမသခင် ၏အခွင့်အရေးအချို့ကို ရယူခြင်းဖြင့် ပိုမိုအခွင့်အာဏာရရှိပြီးသည့်တိုင် အံ့သြဖွယ်ကောင်းသောအကျိုးခံစားခွင့်များကို ခံစားနိုင်မည်ဟု ဆိုလိုပါသလား။ဤသည်မှာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သော်ငြား အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓား၀င်္ကပါပညာရပ်ကို လေ့ကျင့်ရန် သူ့အတွက် လုံလောက်သင့်သည် မဟုတ်လော.....

"အဘိုး၊ ဒါက စည်းကမ်းနဲ့မညီဘူး မဟုတ်လား"

"မင်းအဖေက အစိမ်းရောင်နယ်သာတံခွန် ရဲ့ ပင်မခန်းမသခင်ပါ.... သူ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပေမယ့် ရာထူးက ဖယ်ရှားခံရတာမှ မဟုတ်တာ.... ဒါကြောင့် မင်းအဖေရဲ့ ရာထူးကို အမွေဆက်ခံတယ်ဆိုတာ အဓိပ္ပါယ်ရှိပါတယ်.... မင်းမှာ လုံလောက်တဲ့ ယုံကြည်ကိုးစားမှု ရှိသရွေ့ အဆင်ပြေတယ်....”

လီကျင်းဇယ်က သူ့မေးခွန်းကို လေးနက်စွာ ဖြေကြားခဲ့သည်။

"မင်းက နဂါးစွယ်ကလန်ရဲ့ တံခွန်လေးခုထဲမှာခေါင်းဆောင်ဖြစ်လာရင်၊ ပင်မခန်းမသခင်နဲ့ ပတ်သက်တဲ့ အခွင့်အာဏာရဲ့ အစိတ်အပိုင်းတစ်ခုကို မင်းရနိုင်တယ်....မင်းသာ ကောင်းကင်နဂါးကလန်ငါးခုထဲက လုံထို(နဂါးဦးခေါင်း)ဖြစ်လာနိုင်ရင် အစိမ်းရောင်နယ်သာတံခွန်ရဲ့ တရားဝင် ပင်မခန်းမသခင်တစ်ယောက်အဖြစ် အပြည့်အဝ အခွင့်အာဏာ ပေးအပ်ခံရမယ်.... တကယ်လို့ မင်းအဖေကို စိန်ခေါ်ချင်ရင် မင်းအဖေပြန်လာတာကို စောင့်ပြီး စိန်ခေါ်လိုက်ပေါ့...."

ထိုအချိန်တွင် လီလော့ အံ့အားသင့်စွာ မျက်တောင်တစ်ချက်ခတ်လိုက်သည်။ ဒါမျိုးကိုတောင် ခွင့်ပြုထားတာလား....

"ဒါဆို နဂါးစွယ်ကလန်ရဲ့ တံခွန်လေးခုကြားမှာ အစိမ်းရောင်နယ်သာတံခွန်ကို ထိပ်ဆုံးရောက်အောင် အရင်လုပ်ပါရစေ" ဟု လီလော့က တုံ့ပြန်ခဲ့သည်။

ဒါက သူ့အဖိုး သူ့ကိုပေးတဲ့ အခွင့်အရေးမှန်း နားလည်ထားသည်။ လီကျင်းဇယ်၏ ပင်ကိုယ်စရိုက်ကြောင့်၊ ဤအရာသည် သူ အတတ်နိူင်ဆုံးကူညီပေးနိူင်သော အရာဖြစ်သည်။ ထို့အပြင် ၎င်းသည် လီလော့၏ စွမ်းရည်အပေါ် သူမည်မျှ ယုံကြည်မှုရှိကြောင်း ပြသခဲ့သည်။

လီကျင်းဇယ်က ရှေ့သို့ ဆက်လျှောက်လာရင်း ခေါင်းညိတ်လိုက်ကာ.....

"နဂါးသွေးကလန်အကြီးအကဲရဲ့ မွေးနေ့ပွဲ ကျင်းပဖို့ ငါးရက်ပဲ ​​လိုတော့တယ်.... အဆင်သင့်ဖြစ်ပြီလား...."

ဒါကိုကြားတော့ လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းကင်ဧကရာဇ်ချင်ရဲ့သွေးမျိုးဆက်ထဲက ချင်လျန်လည်း ဒီပွဲကိုလာလိမ့်မယ်... နဂါးသွေးကလန်က သူမကို ဖိတ်ခေါ်ထားပြီး သူ့ရဲ့အနှစ်သက်ဆုံးတပည့်နဲ့ သူ့သမီးကိုပါ ခေါ်ဆောင်လာမယ်လို့ ကြားထားတယ်" ဟု လီကျင်းဇယ်က ပြောကြားခဲ့သည်။

လီလော့ ထိုအကြောင်းအရာကို ကြားသောအခ မျက်လုံးပြူးသွားသည်။ သူ့အဖေနဲ့ သူမကြားမှာ ရန်ငြိုးတွေရှိခဲ့တာမို့ ပြဿနာတစ်ခုခုဖြစ်လာမလား......

"ချင်လျန်အတွက် စိတ်ပူနေစရာ မလိုဘူး....သူက မွေးနေ့ပွဲ အတွင်း ပြဿနာတက်အောင် နှောင့်ယှက်မယ့်သူမဟုတ်ဘူး.... ဒါပေမယ့် သူ့သမီး ချင်ရိကိုသတိထားဖို့တော့ လိုလိမ့်မယ်...ထျန်းယွမ်တိုက်ကြီးထဲက လူငယ်တော်တော်များများက သူ့အလှမှာ နစ်​မြောနေကြတာ...."

"ရှပြည်ထောင်စုမှာလည်း ကျွန်တော့်ရဲ့ချောမောတဲ့ရုပ်ရည်ကို ကြွေနေကြတဲ့ မျိုးရိုးမြင့် သခင်မလေးတွေတပုံကြီးပါ...ဒီကိစ္စနဲ့ပတ်သတ်ရင် ကျွန်တော် သူ့ကို ဘယ်နည်းနဲ့နှ မရှုံးနိူင်ဘူး...." လို့ လီလော့က အရှက်မဲ့စွာ ပြန်ဖြေခဲ့သည်ယ။

လီကျင်းဇယ်က သူ၏ တုံ့ပြန်မှုကို မတတ်ကြောင့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး.....

"မင်းသာ ချင်ရိကို ကျဆုံးအောင် လုပ်နိုင်ရင် ချင်လျန် ဒေါသထွက်လိမ့်မယ် ငါထင်တယ်.....အဲဒါ မင်းမိဘတွေအတွက် သေချာပေါက် လက်စားချေပေးတာပဲ..."

"ဒါက သိပ်အဆင်မပြေဘူး.... ကျွန်တော်မှာ စေ့စပ်ထားတဲ့သူ ရှိနေပြီးသား...."

"စေ့စပ်ထားတဲ့သူ???? မင်းရဲ့မိဘတွေက အတင်းအကြပ်စီစဉ်ခဲ့တာလား.... ပြင်ပနတ်ဘုရားတိုက်ကြီးတွေမှာ အလယ်အလတ်အဆင့်ရှိတဲ့ လူတွေကလွဲလို့ ဘာမှမရှိဘူး..... မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆိုအနာဂတ်မှာ ပိုကောင်းတဲ့သူတစ်ယောက်ကို သေချာပေါက် ရှာတွေ့မှာသေချာတယ်.... "

လီလော့ ဤစကားကိုကြားသောအခါ မချိတင်ကဲပြုံးလိုက်မိသည်။

"ကျန်းချင်းအာကို တော်ရုံတန်ရုံလို့ထင်နေတာလား... ? ပဲ့တင်ထပ်သံသုံးခုရှိနေတာတောင် ကျွန်တော် သူ့ရှေ့မှာ လေမကျယ်ရဲဘူး...."

လီလော့ ဒီ့ထက်ပိုပြီး ဆက်မပြောခဲ့ပေ။ ကျန်းချင်းအာနှင့် ကိုယ်တိုင်တွေသည့်အခါ လီကျင်းဇယ် အရာအားလုံးကို နားလည်သွားလိမ့်မည်။

လီလော့က တောင်ခြေရင်းတွင် လီကျင်းဇယ်ကို နှုတ်ဆက်ခဲ့သည်။မျက်စိတမှိတ်အတွင်း သူ့အဘိုး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။

All Chapters