ဓားဆန္ဒ၏သဲလွန်စ......
Vol. 59 Ch. 814
လီလော့၏နေအိမ်ရှိ ကျင့်ကြံခန်းအတွင်းတွင်......
လီလော့ တင်ပျဉ်ခွေထိုင်နေပြီး သူ့ရှေ့မှာ အားနည်းပေမယ့် ဆန်းကြယ်တဲ့ အလင်းတန်းတွေကို ဖြာထွက်နေတဲ့ နဂါးအစွယ်တစ်ခုရှိနေသည်။
သူသည် သူ၏ပဲ့တင်ထပ်သံစွမ်းအားကို နဂါးအစွယ်ထဲသို့ ပေးပို့နေပြီး ဓားဟိန်းသံကို သူ့နားထဲတွင် တစ်ချိန်လုံး ကြားနေရသည်။ လီလော့ ဘဝင်ကျသွားပြီး၊ ဤအသံကို အာရုံစူးစိုက်ကြည့်သောအခါ အကန့်အသတ်မရှိသော ဓားရှည်များဖြင့် ပြည့်နှက်နေသော ကျယ်ပြောလှသော ကြယ်ပွင့်ကမ္ဘာကြီးထဲတွင် နှစ်မြုပ်သွားသည်ကို တွေ့လိုက်ရသည်။
ဓားများဖြင့်ဖန်တီးထားသော နဂါးငွေ့တန်းအတွင်း ရှေးကျသော ကမ္ဘာဉီးအငွေ့အသက်များကို ခံစားနေရသည်။ ထိုမြင်ကွင်းသည် ကျယ်ပြောကြီးကျယ်ခမ်းနားပြီး နဂါးငွေ့တန်းအတွင် လှည့်ပတ်လာသည်နှင့်အမျှ ပြင်းထန်သော ဓားဆန္ဒများနှင့်ယှဉ်လျှင် ကြယ်စင်တန်းများပင် မှေးမှိန်နေသည်ကို တွေ့ရှိခဲ့ရသည်။
လီလော့ ရောက်ရှိနေခြင်းသည် ဤကမ္ဘာကြီးအတွင်း၌ ဖုန်မှုန့်အမှုန်အမွှားတခုလိုသာဖြစ်နေပြီး သူ့အား ကျော်ဖြတ်သွားသော ဓားဆန္ဒအမျှင်တန်းတခုလောက်ကပင် သူ့အား ဖယ်ရှားပစ်နိုင်သည်။
လီလော့ ခမ်းနားထည်ဝါသော ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသော်လည်း စိတ်နှလုံးသားကတော့ ငြိမ်သက်နေခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် ဤဓားဆန္ဒ၏ ဖိနှိပ်မှုစွမ်းအားကို အကြိမ်များစွာ ခံစားခဲ့ရပြီးဖြစ်သည်။
အသင်္ချေပဲ့တင်ထပ်သံနဂါးစွယ်ဓား၀င်္ကပါကို ရရှိခဲ့ပြီးကတည်းက လေ့ကျင့်နိုင်ဖို့ ကိုယ်ရောစိတ်ပါ နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားသည်။
ဤမြို့စားပညာရပ်သည် အလွန်မြင့်မားသောအဆင့်ဖြစ်ပြီး ၎င်းကိုလေ့လာရန်ခက်ခဲသည်မှာ မရဏမြစ်၏မဟူရာနဂါးအလံတော်ပညာရပ်ကိုသင်ယူစဉ်ကထက် များစွာပိုခက်ခဲနေသည်။
ဤပညာရပ်ကို ကျင့်ကြံရန် နည်းလမ်းမှာ ဓားဆန္ဒနဂါးငွေ့တန်းအတွင်း နစ်မြုပ်သွားစေရန်နှင့် ၎င်း၏ ကြောက်မက်ဖွယ်စိတ်ဆန္ဒကို ခံစားသိရှိနိုင်ရန် ဖြစ်သည်။ ဉာဏ်အလင်းကို ရရှိပြီးသည်နှင့် ၎င်းတို့သည် သူ၏ပဲ့တင်ထပ်သံနှင့် ပေါင်းစပ်နိုင်သည့် ဓားဆန္ဒကြိုးမျှင်များကို ဖန်တီးကာ နဂါးစွယ်ဓားများကို အောင်မြင်စွာ သန့်စင်စေနိုင်မည်ဖြစ်သည်။
ထိုအတွက် ပဲ့တင်ထပ်သံပညာရပ်တွင် ထူးချွန်နေရန်လိုအပ်သည်။
လူတစ်ယောက်မှာ လုံလောက်တဲ့ အရည်အချင်းတွေ မပိုင်ဆိုင်ဘူးဆိုရင် ဓားဆန္ဒကို နားလည်ဖို့မဖြစ်နိုင်ပေ။ အတင်းအကြပ်လုပ်ယူလျှင် ဒဏ်ရာရသွားနိူင်သည်။
ကောင်းသောအချက်မှာ လီလော့က ဤကဏ္ဍတွင် အမြဲတမ်း ထက်မြက်နေခြင်းဖြစ်သည်။
အရင်ရက်တွေတုန်းက သူ့ရဲ့ကြိုးစားမှုတွေကြောင့် ဒဏ်ရာတချို့ရခဲ့ဖူးသည်။ သို့သော်လည်း ဉာဏ်အလင်းရရှိရန် ဆက်လက်ကြိုးစားခဲ့ပြီး ဓားဆန္ဒ၏ အကြွင်းမဲ့ကြောက်မက်ဖွယ်ဖိအားကို ခံနိုင်ရည်ရှိအောင် တဖြည်းဖြည်း ကြိုးစားပြီးနောက် ကြောက်ရွံ့မှုမရှိတော့ပေ။
နောက်တဆင့်အနေနဲ့ သင့်တော်တဲ့အခွင့်အရေးကိုဖမ်းဆူယုပ်နိုင်ဖို့ နောက်တဆင့်တက်လှမ်းဖို့ ဖြည်းဖြည်းချင်းကြိုးစားရမည်။
နဂါးစွယ်အဆီအနှစ်ကို မရရှိနိုင်သောကြောင့် အလျင်လိုနေစရာမလိုသေးပေ။ ထို့ကြောင့် သူသည် ဓားဆန္ဒကြိုးမျှင်တခု ရရှိပြီးသည့်တိုင် နဂါးစွယ်ဓားကို အမှန်တကယ် သန့်စင်နိုင်ဉီးမည်မဟုတ်ပေ။
လီလော့ စိတ်ထဲမှာ ဒီအတွေးတွေ ရှိနေသလိုပဲ သူ့အမူအရာ ပြောင်းသွားခဲ့သည်။
ကျယ်လောင်သော ဓားဟိန်းသံနှင့်အတူ ကမ္ဘာပေါ်ရှိ နေရာအနှံသို့ အတားအဆီးမရှိဖြန့်ကျက်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ဖျတ်ခနဲ ခံစားလိုက်ရသည်။
သူ့စိတ်အခြေနေက လိုက်လျောညီထွေဖြစ်နေပြီး နာကျင်မှုဝေဒနာနှင့် ရင်ဆိုင်ရတဲ့အခါ အနည်းငယ် ပြိုလဲသွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း လွယ်လွယ်နှင့် အရှုံးမပေးရန် ရွေးချယ်ကာ တည်ကြည်စွာ ရပ်တည်ခဲ့သည်။
အချိန်အတိုင်းအတာတစ်ခုအထိ ခုခံပြီးနောက် သူ့စိတ်တွေ နွမ်းလျပြီး ရှုံးနိမ့်သွားခဲ့သည်။ လီလော့ ဖျော့တော့သော မျက်နှာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ့အသက်ရှူသံ ပြင်းထန်နေပြီး သူ့တစ်ကိုယ်လုံး အေးစက်နေကာ နဖူးပေါ်မှ အေးစက်သော ချွေးများ ဖြည်းညှင်းစွာ စီးကျလာသည်။
ဓားဆန္ဒက အလွန်ကြောက်စရာကောင်းလှသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အဆုံးမဲ့ ဖိအားများကို ခံနိုင်ရည်ရှိခဲ့သော်လည်း ဤရုတ်တရက်ပေါက်ကွဲမှုကို ခံနိုင်ရည်ရှိရန် ခက်ခဲနေဆဲပင်....
"အဆင့်မြင့်တဲ့မြို့စားအဆင့်ပညာရပ်တွေက မျှော်လင့်ထားသလိုပဲ..."
လီလော့ သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"ဟမ်?" ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို စိတ်ဖြင့် စစ်ဆေးကြည့်သည်နှင့် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ သူ့ခန္ဓာအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်သဲလွန်စအချို့ ရှိနေပုံရသည်။
ဒီစွမ်းအင်က ရင်းနှီးတဲ့ အငွေ့အသက်ကိုတောင် ပေးစွမ်းနေသည်။
ဓားဆန္ဒရဲ့ သဲလွန်စများလား.....
သို့သော် ယခင်က သူကြုံတွေ့ခဲ့ရသော ဓားဆန္ဒနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ အားနည်းနေသည်။
ဤအရာကြောင့် လီလော့ အထိန်းအကွပ်မဲ့ ပျော်ရွှင်နေလေတော့သည်။
ဆိုလိုသည်မှာ သူသည် ပထမဆုံး ဓားဆန္ဒကြိုးမျှင်ကို နောက်ဆုံးတွင် ရယူနိုင်ခဲ့ပြီး ပထမဆုံး နဂါးစွယ်ဓားကို ဖန်တီးနိုင်တော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
လီလော့ ဓားဆန္ဒကြိုးမျှင်ကို စစ်ဆေးကြည့်သည့်အခါ ပေါ့ပါးနေပေမယ့် အေးစက်တဲ့အော်ရာတွေ ဖြာထွက်နေတာကြောင့် ကြောက်ရွံ့မှုအနည်းငယ်ခံစားခဲ့သည်။
အချိန်အတော်ကြာအောင် စိုက်ကြည့်ပြီးနောက်ကျေနပ်မှုစွာဖြင့် ရပ်တန့်လိုက်သည်။ ခါးသီးသော ကျင့်ကြံခြင်းမှ ဆုလာဘ်များ ရရှိခဲ့ချေပြီ.......
"မနက်ဖြန် နဂါးသွေးကလန်အကြီးအကဲရဲ့ မွေးနေ့ပွဲပဲ..."
အရင်တုန်းက သူ့အဖေနဲ့ ဖြစ်ခဲ့သည့် ပြသာနာများကို စိတ်မဝင်စားသော်လည်းနဂါးသွေးကလန်အပေါ် အကောင်းမြင်စိတ်မရှိပေ။ သို့သော်၊ ဟွမ်းလုံရှီးရေကန်ကို ဖွင့်လှစ်မည့်နေ့ ဖြစ်သည့်အတွက် စိတ်ထဲတွင် မှတ်သားထားခြင်းဖြစ်သည်။
ဤသည်မှာ ရဖို့ခဲယဉ်းတဲ့အခွင့်အရေးတစ်ခုဖြစ်ပြီး မျိုးဆက်တိုင်း သူ့ရဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်ခဲ့မည်မဟုတ်ပေ။
သူ့အဖိုးက သူ့အတွက် တိုက်ပွဲဝင်ခဲ့တာဆိုတော့ သေချာကြိုးစားရပေမည်။
လီလော့သည် ပဲ့တင်ထပ်သံနန်းတော်ရှိ အဲ့မိုကွမ်းစွမ်းအင်အလင်းတန်းများကို စစ်ဆေးကြည့်လိုက်ပြန်သည်။ ယခုအခါတွင် သူ၏ ကြိုးပမ်းမှုများကြောင့် အဲ့မိုကွမ်းစွမ်းအင်အလင်းတန်း စုစုပေါင်း တစ်သောင်းခန့် ရှိနေပြီဖြစ်သည်။
လူအများစုသည် နတ်ဆိုးခန္ဓာအဆင့်ကို ကျော်ဖြတ်ရန် ဤမျှလောက်သော အဲ့မိုကွမ်းစွမ်းအင်အလင်းတန်းများရှိနေလျှင် အသုံးပြုပြီးနေလောက်ပြီဖြစ်သည်။ သို့သော်လည်း လီလော့သည် ထိုသို့မလုပ်ဆောင်ခဲ့ဘဲ ဆက်လက်စုဆောင်းရန်သာ ဆုံးဖြတ်ခဲ့သည်။
သူ့ခန္ဓာကိုယ်တွင် ပဲ့တင်ထပ်သံနန်းတော်သုံးခု ပိုင်ဆိုင်ထားသောကြောင့် အလင်းတန်းသုံးသောင်းအထိ ကိုင်ဆောင်ထားနိုင်သည်။ ယခု သူ၏ ရေအလင်းပဲ့တင်သံ အဆင့်ရှစ်သို့ ရောက်ရှိသွားသောအခါတွင် သုံးသောင်းငါးထောင်အထိ စုဆောင်းထားနိုင်ပြီဖြစ်သည်။
ဒါက ကြောက်စရာကောင်းတဲ့ ပမာဏပင်.....
လီလော့သည် ထျန်းယွမ်တိုက်ကြီးရှိ သူနှင့်သက်တူရွယ်တူများကြားတွင် သူ့လိုခိုင်မာသောအုတ်မြစ်ဖြင့် နတ်ဆိုးခန္ဓာအဆင့်ကို တက်လှမ်းနိုင်သူရှိမည်မဟုတ်ကြောင်း ယုံကြည်ထားသည်။
အဆင့်ကိုး ပဲ့တင်ထပ်သံရှိသူတောင်မှ သူ့ကိုယှဉ်နိုင်မည်မဟုတ်ပေ။
သို့သော် ၎င်းက လီလော့ကို နောက်ထပ်ပြဿနာတစ်ခု ဖြစ်စေခဲ့သည်။ အဆင့်တက်ဖို့ အချိန်ပိုကြာနေခြင်းပင်.......
နှစ်သောင်းငါးထောင်မျှသော အဲ့မိုကွမ်း အလင်းတန်းများကိုစုဆောင်းရန် အချိန်တစ်နှစ်လောက်တော့ လိုအပ်သည်။ထို့အပြင် သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။
ထို့ကြောင့်၊ ဟွမ်းလုံရှီးရေကန်က သူ့အတွက် အထူးအရေးကြီးပြီး သေရေးရှင်ရေးနှင့်ပင် သက်ဆိုင်နေသည်ဟု ဆိုနိုင်သည်။
"ဘာပဲဖြစ်ဖြစ် နဂါးပတ်တိုင်ကိုရယူပြီး ဟွမ်းလုံရှီးကြိုးမျှင် နှစ်ခုလောက်တော့ရအောင်ယူရမယ်... "
ဟွမ်းလုံရှီ ကြိုးမျှင်နှစ်ခုသည် အဲ့မိုကွမ်းစွမ်းအင်အလင်းတန်းတစ်သောင်းနှင့် ညီမျှမည်ဖြစ်ပြီး၊ သူ၏ကြီးမားသောလိုအပ်ချက်များကို တစ်ဝက်နီးပါးဖြည့်ဆညးနိုင်ကာ အချိန်များစွာ သက်သာစေမည်ဖြစ်သည်။
ဤအရာကို စိတ်ထဲတွင် တွေးကာ လီလော့ ကျင့်ကြံခန်းမှ ထွက်သွားပြီး နောက်တစ်နေ့အတွက် ပြင်ဆင်မှုများ စတင်ခဲ့သည်။
နောက်တစ်နေ့တွင်.....
နဂါးစွယ်တောင်ကြီးတစ်ခုလုံး သက်ဝင်စည်ကားလျက်ရှိသည်။ တောင်သခင်ကလန်အကြီးအကဲ၏ မွေးနေ့ပွဲသည် နဂါးစွယ်ကလန်အတွက် လုံလောက်သော လေးစားမှုကို ပြသရမည့် အရာဖြစ်သည်။
နဂါးစွယ်တောင်တန်းအတွင်း.......
လီလော့သည် အခြားတံခွန်သုံးခုနှင့်အတူ အချိန်မီရောက်ရှိရန် အစိမ်းရောင်နယ်သာတံခွန်ကို ဦးဆောင်ခဲ့သည်။ တံခွန်အဖွဲ့ဝင်တွေ အများကြီးရှိနေတာကို တွေ့ရတာ အတော်လေးကို ကြည်နူးစရာပင်.....
ဟွမ်းလုံရှီးရေကန်၏ ဆွဲဆောင်မှု ကြောင့်သာ မဟုတ်ပါ တံခွန်လေးခုစလုံး ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။ သူတို့ရှေ့မှာ ဒီလို အံ့အားသင့်စရာကောင်းတဲ့ ဆုတစ်ခုရှိနေသည်ကို မည်သူလက်လွတ်ခံနိုင်မည်နည်း။
ဤမွေးနေ့ပွဲ၌ ထျန်းယွမ်တိုက်ကြီးတခွင်မှ ဖိတ်ကြားထားသော ဧည့်သည်များလည်း ရှိနေမည်ဖြစ်သည်။ ဟွမ်းလုံရှီးရေကန်ဖွင့်လှစ်ခြင်းသည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ အစွမ်းသတ္တိကို ပြသခြင်းမည်ပေသည်။
တံခွန်လေးခု၏ ရှေ့တွင် ဧရာမကျောက်တုံးကြီးတစ်ခုရှိသည်။ ထိုကျောက်တုံးကို သဘာဝစွမ်းအင်များ အဆုံးမရှိ ဝါးမျိုနေသည့် မှော်စာလုံးများဖြင့် ဖုံးအုပ်ထားသည်။
ဤသည်မှာ ကောင်းကင်နဂါးကလန်ငါးခု၏ သယ်ယူပို့ဆောင်ရေးအစီအရင်ဖြစ်သည်။ ၎င်းကို ပုံမှန်အချိန်များတွင် အသုံးပြုနိုင်မည်မဟုတ်ဘဲ အလွန်အရေးကြီးသော သို့မဟုတ် အရေးပေါ်အခြေအနေများတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
လီလော့က ကျောက်ယန်ဇီကို မေးခွန်းမထုတ်မီ သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"နဂါးစွယ်စောင့်ရှောက်သူတပ်မဟာ ဘယ်မှာလဲ....."
လီလော့ သူတို့အပေါ် စူးစမ်းလိုစိတ် အမြဲ ရှိခဲ့သည်။ ၎င်းတို့သည် နဂါးစွယ် ကလန်၏ စစ်မှန်သော အထက်တန်းစားများ ဖြစ်သည်မဟုတ်လော.....
"သူတို့ ပေါ်လာမှာ မဟုတ်ဘူး.....သူတို့မှာ အထူးတာဝန်တွေရှိလို့ ဌာနချုပ်မှာ တစ်ခါမှ မတွေ့ဖြစ်ဘူး"ဟု ကျောက်ယန်ဇီက တိုးတိုးလေး ပြန်ဖြေခဲ့သည်။
"ဘယ်လိုတာဝန်တွေလဲ" ဟု လီလော့က စိတ်ဝင်တစား မေးသည်။
"ကမ္ဘာခြားသက်ရှိတွေကို နှိမ်နှင်းတာ...."
ဤအဖြေကြောင့် လီလော့ အနည်းငယ် ထိတ်လန့်သွားသည်။
"ထျန်းယွမ်တိုက်ကြီးမှာ ကမ္ဘာခြားသက်ရှိတွေပေါ်လာလို့လား..”
ထျန်းယွမ်တိုက်ကြီးတွင် ကျွမ်းကျင်သူ အရေအတွက်များပြားသဖြင့် ကမ္ဘာခြားသက်ရှိများ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ပြီဟု သူထင်ခဲ့သည်။
ကျောက်ယန်ဇီက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး....
"ထျန်းယွမ်တိုက်ကြီးမှာရှိတဲ့ ကမ္ဘာခြားသက်ရှိအရေအတွက်က ပြင်ပနတ်ဘုရားတိုက်ကြီးတွေကထက်တောင်ပိုများသေးတယ်....ပြီးတော့ ပိုပြီးတော့လည်း အားကောင်းကြတယ်.... နဂါးစွယ်နယ်မြေလို နယ်မြေကျယ်ဝန်းလာတာနဲ့အမျှ အက်ကွဲကြောင်းတွေ အများအပြား ရှိနေတယ်.... အလျင်အမြန်မနှိမ်နှင်းရင် ကပ်ဘေးတွေဖြစ်လာပြီး ဆုံးရှုံးမှုကြီးမားနိုင်တယ်လေ......"
လီလော့ ခေါင်းညိတ်လိုက်သည်။ဤနေရာသည်လာ သူမျှော်လင့်ထားသလောက် မငြိမ်းချမ်းပေ။
သူတို့စကားပြောနေစဉ် လီကျင်းဇယ် သူတို့အားလုံးရှေ့တွင် ရုတ်တရက်ပေါ်လာပြီး အားလုံး တိတ်ဆိတ်သွားလေသည်။
လီကျင်းဇယ်၏နောက်တွင် လီကျင်းပန်၊ လီချင်းဖန်နှင့် နဂါးစွယ်ကလန်၏ ရာထူးကြီးပုဂ္ဂိုလ်များရှိနေကြသည်။
လီကျင်းဇယ်က လီလော့ကို အရင်ကြည့်ပြီး လူအုပ်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သည်။ထို့နောက် စကားသိပ်မပြောဘဲ လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်လေသည်။
"သွားကြမယ်..."
သူ့အသံ ကျယ်လောင်လာသောအခါ လှိုင်းလုံးများ တုန်ခါကာ မီတာထောင်ပေါင်းများစွာကို လွှမ်းခြုံထားသည့် အလင်းတန်းများနှင့်အတူ ပေါက်ကွဲသွားသည်။
တံခွန်အဖွဲ့လေးခု စတင်လှုပ်ရှားလာပြီး အစီအရင်ထဲသို့ ဝင်သွားခဲ့ကြသည်။ နောက်ဆုံး တောက်ပမှုနှင့်အတူ၊ အဖွဲ့သားများ ပျောက်ကွယ်သွားခဲ့သည်။
လီလော့ နေရာကူးပြောင်းနေသည်ကို ခံစားလိုက်ရသဖြင့် မျှော်လင့်ချက်အပြည့်ဖြင့် အသက်ပြင်းပြင်းရှူကာ မျက်လုံးမှိတ်ထား၍.....
"ဟွမ်းလုံရှီးရေကန်... ငါလာနေပြီဟေ့....!"