စုဝေးခြင်း.....
Vol. 59 Ch. 815
လီလော့ ပတ်ဝန်းကျင် အပြောင်းအလဲများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသောအခါတွင် မျက်လုံးဖွင့်ကြည့်လိုက်တော့ ရွှန်းလဲ့နေသော ရွှေရောင်အလင်းတန်းများက ကြိုဆိုနေသည်။
သူသည် အလင်းရောင်နှင့် လိုက်လျောညီထွေဖြစ်အောင် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ ထိုအချိန်တွင် သူ့ရှေ့တွင်ရှိနေသည့် မရေမတွက်နိုင်သော ရွှေရောင်ခမ်းနားထည်ဝါသော ဘုရားကျောင်းများမှ ရွှေရောင်အလင်းတန်းများ ထွက်လာသည်ကို သတိပြုမိလိုက်သည်။
ဤအဆောက်အဦများထက်မှ အလင်းတန်းများသည် အဆုံးမရှိသော စီးဆင်းမှုဖြင့် စီးဆင်းတောက်ပနေသည်။
ထိုစဉ် အဆုံးမရှိသော ဆူညံသံများ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"ဒါက နဂါးသွေးကလန်ရဲ့ ဌာနချုပ်လား...."
လီလော့ ဧရိယာတခွင်ကို စူးစမ်းကြည့်လိုက်သည်။ ဗိသုကာလက်ရာများက နဂါးစွယ်ကလန်နှင့် လုံးဝကွဲပြားသည်။ ရွှေဝါရောင်များကို နေရာတိုင်းတွင်မြင်တွေ့နိုင်သည်။ နဂါးသွေးသည် အမှန်တကယ် ရွှေရောင်ဖြစ်ပြီး ၎င်းတို့၏ အမည်နာမအတိုင်း မှန်ကန်သောမျိုးရိုးက အရာခပ်သိမ်းကို လိုက်လျောညီထွေ အလှဆင်ထားသည်ဟု ဆိုကြသည်။
အပေါ်က တိမ်တွေတောင် ရွှေရောင်တောက်နေပုံရသည်။ ဤသည်မှာ ထင်ယောင်ထင်မှားမဟုတ်ပေ။တိမ်လွှာများထက်တွင် ကြီးမားသော ရွှေနဂါးကြီး ပေါ်လာပြီး အစောင့်အရှောက်အစီအရင်တစ်ခုအဖြစ် ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
ခမ်းနားခြင်း..အထက်တန်းစားဆန်ခြင်း...ဆန်းကြယ်ခြင်း....
ဤသည်မှာ နဂါးသွေးကလန်အတွက် လီလော့၏ ပထမဆုံးသော ထင်မြင်ချက်ဖြစ်ပေသည်။
လီလော့ လူတစ်စု ချဉ်းကပ်လာသည်ကိုလှည့်ကြည့်လိုက်သည်။ သူတို့သည် လီကျင်းဇယ်ကို လေးစားစွာ ဆက်ဆံသောကြောင့် နဂါးသွေးကလန်၏ အကြီးအကဲများ ဖြစ်ပုံရသည်။
စကားအနည်းငယ်ပြောပြီးနောက်လီကျင်းဇယ်ကို နဂါးသွေးကလန်၏တောင်တန်းအုပ်ချုပ်သူအကြီးအကဲနှင့်တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် တံခွန်အဖွဲ့လေးခုကို ၎င်းတို့၏ တည်းခိုရန်စီစဉ်ပေးထားသောနေရာသို့ ပို့ဆောင်ရန် စီစဉ်ခဲ့သည်။
တကယ့် ပွဲတော်ကို နောက်ရက်မှာ ကျင်းပမည်ဖြစ်သောကြောင့် ၎င်းတို့အား အနားယူရန်အတွက် အချိန်တစ်ရက်ပေးမည်ဖြစ်သည်။
လီလော့ ထွက်သွားတော့မယ့်အချိန်မှာလီဖန်းရိ သူ့ကို လာရှာခဲ့သည်။
"ဒီည စုဝေးပွဲတစ်ခုရှိလိမ့်မယ်.... နဂါးသွေးကလန်က လီချင်းဖုန်းက စီစဉ်ထားတာ.... သူက မျိုးဆက်သစ်လူငယ်တွေနဲ့ တခြားအင်အားကြီးနိုင်ငံတွေက လာရောက်ဂါရဝပြုကြတဲ့ ဧည့်သည်တော်အားလုံးကို ဖိတ်ကြားထားတယ်... တံခွန်ကိုင် အယောက် (၂၀) က သူဘာတွေ ဆွေးနွေးဖို့ စီစဉ်ထားလဲတော့ မသိဘူး...."
"ရွှေသွေးတံခွန်ရဲ့ တံခွန်ကိုင် လီချင်းဖုန်း?"
လီလော့ တုန်လှုပ်သွားသည်။ ဤအမည်သည် ကောင်းကင်နဂါးကလန်ငါးခုတွင် အတော်လေး လူသိများသည်။ လူတိုင်းက သူ့ကို လက်ရှိမျိုးဆက်ရဲ့ လုံထိုအဖြစ် သတ်မှတ်ထားကြသည်။
"ဒီကောင်က...သူ့ကိုယ်သူ ငါတို့မျိုးဆက်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်လို့ တကယ်ထင်နေတာလား...အခုကတည်းက လုံထိုလို ဂိုက်ဖမ်းနေပြီပဲ.... အဲဒါအတွက် တိုက်ပွဲက မစသေးဘူး.......ဘယ်သူက နောက်ဆုံး အောင်နိုင်မလဲဆိုတာ ဘယ်သူသိမလဲ....."
လီဖန်းရိက ငြီးတွားရင်း ပေါ့ပေါ့ပါးပါး နှုတ်ခမ်းစူလိုက်သည်။ ရှင်းနေသည်မှာ၊ သူမ လီချင်းဖုန်းအပေါ် အမြင်ကြည်ခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ လီချင်းဖုန်းသည် အမှန်တကယ်ပင် အထွတ်အထိပ် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူမ ကောင်းကောင်းသိခဲ့သည်။ သူ့မှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားပြီး ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် ခွန်အား ဒါမှမဟုတ် သူဦးဆောင်တဲ့ တံခွန်အဖွဲ့ပဲဖြစ်ဖြစ်၊ နှစ်ခုစလုံးဟာ လက်ရှိမျိုးဆက်ရဲ့ ထိပ်တန်းအဆင့်တွင်ရှိနေသည်။
ကောင်းကင်နဂါးကလန်ငါးခု၏ လက်ရှိမျိုးဆက်အတွက် ထိပ်တန်းပါရမီရှင်အဖြစ် တံဆိပ်ကပ်ခံရသည်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။
သို့တိုင် လီဖုန်းရိကတော့ မကျေမနပ်ဖြစ်နေသည်။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမ၏ကိုယ်ရည်ကိုယ်သွေးက ခေါင်းမာပြီး သတ္တိရှိသည်။ သူမ၏တတိယဦးလေးလီတိုင်ရွှမ်ကို စံနမူနာထား၍ သူ့မျိုးဆက်၏လူတစ်ဦးချင်းစီအား ပြတ်ပြတ်သားသား ခွန်အားဖြင့် နှိမ်နင်းခဲ့ပုံကို အံ့ဩမိသည်။ ထို့ကြောင့် သူမ လီတိုင်ရွှမ်လိုဖြစ်လာရန် တတ်နိုင်သမျှ ကြိုးစားအားထုတ်ခဲ့သည်။
လီဖန်းရိတွင် ခြွင်းချက်မရှိ အရည်အချင်းရှိသော်လည်း သူမနှင့် လီချင်းဖုန်းကြားတွင် မကျော်ဖြတ်နိုင်သော ကွာဟချက် ရှိနေသည်မှာ သနားစရာပင်။
လီလော့က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး.....
"ဟူး...လုံထိုက ကျွန်တော်ဆီက ဘာလိုချင်လဲဆိုတာ ကြည့်ကြရအောင်"
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦး ဟွမ်းလုံရှီးပြိုင်ပွဲတွင် တစ်နည်းနည်းဖြင့် ဆုံတွေ့နိုင်ဖွယ်ရှိသည်။ထို့ကြောင့် ကြိုတင်အကဲခတ်နိုင်သည်ကလည်း တမျိုးကောင်းပေသည်။
ထို့အပြင် လီချင်းဖုန်းက လီဖန်းရိကတဆင့် သူတို့ကို ကြင်နာစွာ ဖိတ်ခေါ်ခဲ့တာမို့၊ သူမ သူ့ကို မျက်နှာပေးရမည်။
"ဒါဆို သွားကြရအောင်...."
သူမစကားပြောနေစဉ် နေရောင်ကို မော့ကြည့်လိုက်သည်။
လီလော့က ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သားလီကျင်းထောင်ကိုရှာဖို့ ထွက်လာခဲ့တယ်။ ထိုလူသည် အမှန်တကယ် ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း လီဖန်းရိနှင့်တွေ့ဆုံသောအခါ မကျေမနပ်နှင့် လိုက်လာခဲ့ရသည်။
ထို့နောက် တစ်နာရီအကြာတွင် ရေကန်အလယ်ရှိ အလင်းရောင်ကောင်းစွာရရှိသော ရွှေနန်းတော်သို့ နဂါးသွေးကလန်မှ အမှုထမ်းအမျိုးသမီးတစ်ဦးက ၎င်းတို့သုံးဦးကို လမ်းပြခေါ်ဆောင်သွားခဲ့သည်။
နေဝင်ပြီး ကောင်းကင်တခွင် မဟူရာရောင်သန်းနေပြီ... သို့သော်လည်း ရွှေနန်းတော်သည် ရေကန်၏ မျက်နှာပြင်ကို တောက်ပစွာ လင်းလက်တောက်ပစေခဲ့သည်။
နန်းတော်ထဲတွင် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး မရေမတွက်နိုင်သော ဧည့်သည်များကို အစေခံများက အဆက်မပြတ် လမ်းညွှန်ပေးနေပါသည်။
သူတို့ သုံးယောက်ရောက်လာသောအခါတွင် လူပေါင်းများစွာ၏ အကြည့်များကို ဆွဲဆောင်ခဲ့လေသည်။ အများစုမှာ လီလော့ကို စိတ်ဝင်တစား စူးစမ်းလိုစိတ်ဖြင့်ကြည့်နေသော မိန်းမပျိုများဖြစ်သည်။
သူတို့သည် လီလော့ကို မမှတ်မိကြသော်လည်း ငွေမှင်ရောင်ဆံသားပိုင်ရှင် ဤလူငယ်သည် မီးအလင်းရောင်ထဲတွင် ထူးခြားစွာ ပေါ်လွင်နေပုံပေါ်သည်။
"မောင်လေး... နင်က တကယ်ကို ထူးချွန်တဲ့သူပဲ... နင်သာ ဆန္ဒရှိမယ်ဆိုရင် ပျော်စရာကောင်းတဲ့ စွန့်စားခန်းတွေနဲ့ ပြည့်တဲ့ညတညကို အလွယ်တကူ ရနိူင်တယ်...'' ဟုလီဖန်းရိက အရွှန်းဖောက်ပြောဆိုခဲ့သည်။
လီလော့က သူမကို မငြင်းမီ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
“မဖြစ်နိုင်ပါဘူး....ကျွန်တော်ကစေ့စပ်ထားပြီးသား....သူ့အတွက် ကျွန်တော့်ရဲ့ ဖြူစင်မှုကို ထိန်းသိမ်းရမယ်......”
"မင်း တကယ် စေ့စပ်ထားတာလား.... တတိယဉီးလေးက ပြင်ပနတ်ဘုရားတိုက်ကြီးမှာ ဒါကိုစီစဉ်ခဲ့တာလား...."
လီကျင်းထောင်က မေးစေ့ကို ပွတ်သပ်ပြီး ပညာရှိလေသံဖြင့်အံ့အားသင့်စွာ မေးလိုက်သည်။
"အဲဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ အခု မင်းရဲ့ နတ်ဘုရားတိုက်ကြီးထဲမှာ မင်း နောက်ကျကျန်ခဲ့တော့ မင်းတို့နှစ်ယောက်ကြားက ကွာဟချက်က ပိုကျယ်လာလိမ့်မယ်။ မင်းတို့နှစ်ယောက်ကြား ကွဲလွဲမှုပုံစံတွေ မလွဲမသွေ ဖြစ်ပေါ်လာလိမ့်မယ်။ ...”
လီဖန်းရိလည်း သူမမျက်နှာပေါ်တွင် မကျေနပ်သည့်အမူအရာရှိနေသည်။
"ဟုတ်တယ်၊ အဲ့ဒါက မသင့်တော်ဘူး...နင် ဒီစေ့စပ်ပွဲကို အမြန်ဖျက်သိမ်းသင့်တယ်..မဟုတ်ရင် ကိစ္စတွေက နင့်ကိူ ဆွဲချပြီး နှစ်ယောက်စလုံးအတွက် အကျိုးရှိမှာ မဟုတ်ဘူး.."
လီလော့ ထိုစကားများကြောင့် စိုးရိမ်တကြီး သက်ပြင်းချလိုက်သည်။ကျန်းချင်းအာ ထွက်ခွာသွားချိန်မှာ သူတို့ရဲ့ စေ့စပ်ပွဲကို အမှန်တကယ် ဖျက်သိမ်းလိုက်ကြောင်း သူ ရုတ်တရက် သတိရသွားခဲ့ပါသည်။.. တကယ်တော့ ဒါက သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်းပင်.....
ထို့ကြောင့် သူတို့နှစ်ဦး စေ့စပ်ထားခြင်းမဟုတ်တော့ပေ။
လီလော့ မျက်နှာကို ပွတ်သပ်ရင်း သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်ကို မနည်းထိန်းနေရသည လီလော့.... လီလော့.. ဆက်ပြီး သရုပ်ဆောင်ဖို့ မလိုဘူး....အခု မင်းဖြစ်ချင်တဲ့အတိုင်းဖြစ်သွားပြီဆိုပေမယ့် လက်ကျန်ဘဝတစ်လျှောက်လုံး သူ့ကိုရှာဖွေနေရတော့မယ်..
သို့ပေမယ့် ဒီခံစားချက်တွေကို မျိုသိပ်ထားရပေမည်။.ကျန်းချင်းအာ ကိုလည်း ကောင်းကောင်းနားလည်သည်။ သူတို့နှစ်ယောက်ကြားက ခံစားချက်တွေက ဒီလိုအသေးအဖွဲကိစ္စတွေကြောင့် ထိခိုက်မှာမဟုတ်ပေ။
လမ်းလျှောက်ရင်း စကားစမြည်ပြောရင်း သုံးယောက်သား ရွှေနန်းတော်တံခါးဝသို့ ရောက်လာကြသည်။
ထိုအချိန်တွင် လူအချို့က လှောင်ပြောင်ရယ်မောကာ ချဉ်းကပ်လာသည်။
"လီဖန်းရိပါလား....အမြဲတမ်း တက်ကြွနေတာပဲနော်....."
တံခါးဝအလယ်တွင် ခရမ်းရောင်ဝတ် အမျိုးသမီးငယ်တစ်ဦးရှိသည်။ သူမ၏ မျက်နှာက နုနယ်လှပနေပြီး အသားအရည်က နှင်းကဲ့သို့ ဖြူဖွေးနေသည်။ သူမ၏ဝတ်စုံပေါ်တွင် အသက်ရှိနေသလိူ လက်ရာမြောက်သည့် ငါးကြင်းနီတစ်ကောင်ပုံချည်ထိုးထားသည်။
ထိုအမျိုးသမီးရောက်လာခြင်းကြောင့် ချက်ချင်းပင် သူမပတ်ဝန်းကျင်ရှိ အမျိုးသားအများအပြား၏ အကြည့်များကို စူးစူးရဲရဲ တောက်လောင်စေခဲ့သည်။
လီဖန်းရိက သူမကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်ကာ.....
"လီဟုန်လိ....နင်လည်း အရင်ကလို ဟန်ဆောင်ပြီး အတုအယောင်တွေ လုပ်နေတုန်းပဲနော်....."
လီလော့ ထိုစကားကိုကြားသောအခါ ထိုအမျိုးသမီးကို ဒုတိယအကြည့်တစ်ချက်ပေးလိုက်သည်။
"သူက နတ်ဆိုးလှိုဏ်ဂူရဲ့အဆင့်ဇယားမှာ တတိယမြောက် နေရာယူထားတဲ့ ခရမ်းသွေးတံခွန်ရဲ့ တံခွန်ကိုင် လီဟုန်လိ....."
"ဒါပေမယ့်၊ သူနဲ့လီဖန်းရိတို့က ဆက်ဆံရေး မပြေလည်ကြဘူးထင်တယ်...."
လီဖန်းရိက သူမ၏ လျှို့ ဝှက်ချက်ကို ထုတ်ဖော်လိုက်သည့်အခါ လီဟုန်လိက.....
"ကြက်သွေးရောင်တိမ်တိုက်တံခွန်က လျှာစောင်းထက်သလို အရည်အချင်းရှိကြမယ်ဆို အခုလို အဆင့်နိမ့်နေမှာမဟုတ်ဘူး....."
"အဲ့တော့ဘာဖြစ်လဲ....ခရမ်းသွေးတံခွန်ရဲ့ အဆင့်အတန်းက နင်ရဲ့ တကယ်သက်ဆိုင်လို့လား... နင့်အဖေက နင့်ကို အရမ်းစိတ်ပူလို့ သူ့သမီးရဲ့ချို့တဲ့တဲ့ အရည်အချင်းတွေကို ပံ့ပိုးပေးဖို့ ကျွမ်းကျင်သူတွေကို ကိုယ်တိုင်ရှာခဲ့တာလေ...."စု လီဖန်းရိက အေးစက်စွာ တုံ့ပြန်လိုက်သည်။
လီဟုန်လိ၏ အကြည့်များ လျော့ပါးသွားကာ သူမ၏ အသံ အေးစက်သွားသည်။
"ခရမ်းသွေးတံခွန် မရှိရင်တောင် ငါ နင့်ကို လွယ်လွယ်နဲ့အနိုင်ယူနိုင်တယ်...."
"ဘာလို့မကြိုးစားကြည့်တာလဲ...လာလေ...."
လီဖန်းရိကလည်း စူးစူးဝါးဝါး စကားလုံးများဖြင့် ပြန်ဖြေသည်။
လီဟုန်လိက သူမ၏ပတ်ဝန်းကျင်ရှိ အကြည့်များက သူမအပေါ် စူးစိုက်ထားသလို ခံစားလိုက်ရသဖြင့် တုန်လှုပ်သွားသည်။ ဤနေရာသည်လီဖန်းရိနှင့် ရန်ဖြစ်ရန်နေရာမဟုတ်သောကြောင့် သူမ၏အကြည့်မျာက ဖြူဖွေးသောဆံပင်နှင့် ချောမောသောလူငယ်ဆီသို့ လှည့်သွားခဲ့သည်။
"နင်က လီလော့လား?"ဟု မျက်ခုံးပင့်ကာ မေးလိုက်သည်။
လီလော့ ပြုံးရုံသာပြုံးနေပြီး ပြန်မဖြေပေ။ သူ့အပေါ် ကြင်နာမှု များများစားစား မပြနိုင်ကြောင်း သူမ၏ နှိမ့်ချသော အကြည့်များမှတဆင့် သိနိုင်သည်။
လီလော့ သူ့ကို အဖက်မလုပ်တာကြောင့်
လီဟုန်လိရဲ့မျက်နှာမှာ ဒေါသအရိပ်အယောင်ပေါ်လာပြီး....
"ရုပ်ရည်ကတော့ အဖေနဲ့တူပေမယ့် အရည်အချင်းဘယ်လောက်ရှိမလဲတော့မသိဘူး....."
လီလော့က "ကောင်းပြီ၊ မင်းဘာလို့ ကိုယ့်ကိုကိုယ် မမြင်နိုင်တာလဲ.... ဘယ်လိုပဲဖြစ်ဖြစ် မင်းလည်း မင်းအဖေရဲ့ခြေရာကို မလိုက်ဖို့ မျှော်လင့်ပါတယ်"
လီလော့သည် လီဖန်းရိထံမှ လီဟုန်လိ ၏ဖခင်က ယခင်က သူ့ဖခင်၏ပြိုင်ဘက်များထဲမှတစ်ဦးဖြစ်ကြောင်း သိရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့ဟာ အရာအားလုံးအတွက် ယှဉ်ပြိုင်ခဲ့ကြပေမယ့် ရလဒ်က ရှင်းနေသည်။ လီဟုန်လိ၏အဖေ အပြတ်အသတ်လုံးဝရှုံးနိမ့်ခဲ့သည်။
ထို့ကြောင့် လီဟုန်လိ၏ဖခင်သည် လီတိုင်ရွှမ် အပေါ် မကျေမနပ်မှုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏ သဘောထားသည်လည်း ဖခင်နည်းတူပင်.....
လီဟုန်လိသည် နဂါးသွေးကလန်၏ မျိုးဆက်သစ်လူငယ်များတွင် မင်းသမီးတပါးလိုဖြစ်သည်။ ထို့ကြောင့် လီလော့ ၏ ခနဲ့သံကြောင့် သူမ ဒေါသတကြီး မျက်ခုံးပင့်နေလေသည်။
လီဟုန်လိ ဒေါသပေါက်ကွဲခါနီးတွင် အမျိုးသမီးတစ်ဉီး၏ကျယ်လောင်သော
အသံထွက်ပေါ်လာသည်။
"လီဟုန်လိ.... ဒီနေ့ ဧည့်သည်တွေ မရေမတွက်နိုင်အောင် ဖိတ်ထားတယ်...ဒီလိုညမျိုးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ချင်နေတာလား......"
ဤသည်မှာ ရင်းနှီးသောအသံဖြစ်သည်။
လီလော့ အနည်းငယ်ထိတ်လန့်ကာ ခေါင်းလှည့်ကြည့်လိုက်သည်။ များပြားလှသော လူအုပ်ကြီးကြားတွင် အဆင်းလှသော ဘဲဥပုံ ပါးပြင်တစ်စုံနှင့် နက်မှောင်သောအဝတ်အစားကို ၀တ်ဆင်ထားသော မိန်းကလေးတစ်ဦး၏ အသွင်အပြင်က ပေါ်လွင်ထင်ရှားနေသည်။
ဖြောင့်စင်းသွယ်လျပြီး ရှည်လျားသော ခြေတံတစ်စုံက ပတ်ဝန်းကျင်ရှိ ပုရိသာအပေါင်းကို ဆွဲဆောင်သွားခဲ့သည်။
၎င်းမှာ မြင့်မြတ်သောအကြေးခွံတဲခွန်အဖွဲ့၏တံခွန်ကိုင် လုချင်းမိန် ဖြစ်သည်။