← Chapters

တံခွန်အဖွဲ့နှစ်ဆယ်ကို စုစည်းခြင်း.......

Vol. 59 Ch. 816

တံခွန်အဖွဲ့နှစ်ဆယ်ကို စုစည်းခြင်း.......

Vol. 59 Ch. 816

လုချင်းမိန် ရောက်ရှိလာသည်နှင့်အမျှ လီဟုန်လိ၏မျက်နှာထား အေးစက်လာသည်။ ကောင်းကင်နဂါးကလန်ငါးခုထဲက အမျိုးသမီးအားလုံးထဲမှာ သူမ အမုန်းဆုံးသူနှစ်ယောက် သူ့ရှေ့တွင် သပေါ်လာချေပြီ.....

သူမသည်လီဖန်းရိအား သူမ၏နောက်ခံကြောင့် မနာလိုဖြစ်ခဲ့ရသည်။

လီဖန်းရိသည် နဂါးစွယ်ကလန်၏ တိုက်ရိုက်သွေးမျိုးဆက်မှ ဆင်းသက်လာသူဖြစ်သည်။ သူမ၏အဖိုးသည် ကလန်အကြီးအကဲဖြစ်ပြီး သူမ၏ဖခင်မှာ ကြက်သွေးရောင်တိမ်တိုက်ခန်းမ၏ ခန်းမသခင် ဖြစ်သည်။လီဖန်းရိ၏ နောက်ခံက သူ့ထက်သာသည်ဟု ဆိုနိုင်သည်။

လုချင်းမိန်ကိုတော့ သူမရဲ့ ထူးခြားတဲ့ သဘာဝစွမ်းရည်ကြောင့် မုန်းတီးနေခြင်းဖြစ်သည်။ သူမသည် တိုက်ရိုက်သွေးမျိုးဆက်မဟုတ်သော်လည်း၊ မယုံနိုင်စရာစွမ်းရည်ဖြင့် နဂါးအကြေးခွံကလန် တွင် ဖြည်းဖြည်းချင်း တက်လှမ်းနိုင်ခဲ့သည်။ကောင်းကင်နဂါးကလန်ငါးခုတွင် လီချင်းဖုန်းကသာ သူမအား ချုပ်နှောင်ထားနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

လီဟုန်လိက လုချင်းမိန် လမ်းလျှောက်နေတာကို ကြည့်ရင်းနဲ့.....

"အဲ့တာ နင်နဲ့ ဘာဆိုင်လို့လဲ?"

ရုပ်ရည်အရဆိုလျှင်လည်း လုချင်းမိန်က လီဟုန်လိထက် နိမ့်ကျခြင်းမရှိပေ။ သို့သော် စိတ်နေစိတ်ထားကတော့

လုံးဝ ခြားနားပါသည်။ သူမ၏ ဆံပင်တိုတိုကို နားရွက်အနောက်တွင် သပ်သပ်ရပ်ရပ် ညှပ်ထားပြီး သပ်ရပ်သော၊ ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသဖြင့် ထူးထူးခြားခြား သူရဲကောင်းဆန်သူအဖြစ် ပေါ်လွင်နေသည်။

"ဒီမှာ ကိုယ့်ကိုကိုယ် လိမ်မညာမိဖို့ ငါသတိပေးချင်တာ....ကိုယ့်အရှက်ကိုယ်မခွဲနဲ့ ကောင်းကင်ဧကရာဇ်လီရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေနဲ့" ဟု လုချင်းမိန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ လီဟုန်လိ ဒေါသထွက်သွားခဲ့သည်။ သို့သော်လည်း သူမ ဒေါသကို ထိန်းထားပြီး ရွှေနန်းတော်ထဲသို့ လှည့်မ၀င်မီ အေးစက်စွာ အော်ဟစ်လိုက်သည်။

သူမ ထွက်ခွာသွားသည်နှင့်အမျှ တင်းမာသောလေထုသည် တဖြည်းဖြည်းလျော့ပါးလာသည်။ ပတ်ဝန်းကျင်မှ အကြည့်များစွာတို့လည်း အာရုံကို လွှဲသွားကြသည်။ မည်သို့ပင်ဆိုစေကာမူလုချင်းမိန်ကို အခါအားလျော်စွာ စိုက်ကြည့်နေသော မျက်လုံးအချို့ ရှိသေးသည်။

ထိုအချိန်တွင်လုချင်းမိန်က လီဖန်းရိ ကိုကြည့်ကာ....

"သူ နင့်ကို တွေ့တိုင်း အမြဲတမ်း ရန်လိုနေတာပဲ......"

လီဖန်းရိက..."နင်လည်း အတူတူပါပဲ.... "

လီဖန်းရိနှင့်လုချင်းမိန်သည် တစ်ယောက်နှင့်တစ်ယောက် သိကြပြီး အဆင်ပြေသွားသည်မှာ ထင်ရှားသည်။ လီဟုန်လိရဲ့ ဝုန်းဒိုင်းကြဲမှုတွေက သူတို့ကို တဖွဲ့တည်းသားများဖြစ်စေခဲ့သည်။

ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီးနောက် လုချင်းမိန်က လီလော့သို့ လှည့်သွားခဲ့သည်။

"ငါတို့ပြန်တွေ့ကြပြန်ပြီ... တံခွန်ကိုင်လီလော့"

လီလော့က ပြုံးလိုက်ပြီး...

"အရင်တိုက်ပွဲအကြောင်းပြောရင် မင်းကို ကျေးဇူးမတင်ဘူး.... နောက်ဆုံးအကြိမ် တိုက်ခိုက်မှုကို ပြန်ထိန်းထားနိုင်ခဲ့တာ သေချာပါတယ်..... ဒါပေမယ့် မင်းက သရေပွဲအဖြစ်သတ်မှတ်ခဲ့တယ်......

လုချင်းမိန်က လီလော့ ရဲ့ ချောမောတဲ့ မျက်နှာကို ကြည့်ပြီး .....

"နင်က တကယ်ကို သန်မာတယ်....နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာ ရှိနေပေမယ့်၊ မင်း ဒီနေ့ ရောက်နေတဲ့ နေရာဆီ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို ဆွဲခေါ်လာနိုင်တယ်....နင်သာ နတ်ဆိုးခန္ဓာအဆင့်မှာရှိနေရင် အစိမ်းရောင်နယ်သာတံခွန်က ထိပ်တန်းအဆင့်ငါးခုစာရင်းထဲ ရောက်သွားနိုင်တယ်....ငါတို့နှစ်ယောက်လုံး နောက်ဆုတ်နေစရာ မလိုတော့ဘဲ လက်ရည်တူတိုက်ခိုက်နိုင်ဖို့မျှော်လင့်နေမယ်..."

ဤအခိုက်အတန့်တွင် သူမ၏မျက်ဝန်းထဲတွင် တိုက်ပွဲအတွက် ပြင်းပြသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။ တံခွန်အဖွဲ့နှစ်ခု ထိပ်တိုက်တွေ့သောအခါတွင် သူမတို့ အနိုင်ရခဲ့သော်လည်း၊လီလော့၏ အလားအလာနှင်အရာ်အချင်းတို့ထဲက ခြိမ်းခြောက်မှုတို့ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

ဒါက သူမကို စိတ်မသက်မသာဖြစ်စေခဲ့ပြီး အဲဒီအစား စိန်ခေါ်မှုကို စောင့်မျှော်နေခဲ့မိသည်။

တိုက်ပွဲအတွက်လုချင်းမိန်၏ ပြင်းပြသောဆန္ဒကို ခံစားရသောအခါ လီလော့ ရယ်မောလိုက်သည်။ သူ့ရှေ့က ကောင်မလေးက လီဟုန်လိနဲ့ လုံးဝကို မတူပေ။ နောက်တော့ ဒီမင်းသမီးလေးက ယောက်ျားလေးတွေကိုတောင် အရှက်ကွဲစေမယ့် တိုက်ပွဲဆာလောင်စိတ်ပြင်းပြနေသူပင်...

"မင်းငါ့ကို အရမ်းအထင်ကြီးလွန်းနေပြီ.... ငါအခုလို တိုက်ခိုက်နိုင်တာ အစိမ်းရောင်နယ်သာတံခွန်ရဲ့ သဟဇာတဖြစ်ခြင်း စွမ်းအားကြောင့်ပါ...ဒါတွေသာမရှိရင် မင်းဆီက ရိုက်ချက်အနည်းငယ်တောင် ခံယူနိုင်မှာမဟုတ်ဘူး..." လို့ လီလော့က ပြုံးပြီး ပြန်ဖြေလိုက်သည်။

ဒါဟာ လိမ်ညာနေခြင်း မဟုတ်ပေ။ လက်ရှိတွင် လီလော့သည် နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်တွင်ရှိပြီး လုချင်းမိန်က နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့် တွင်ရှိနေပြီဖြစ်သည်။ သဟဇာတဖြစ်မှု၏ စွမ်းအားကို ဆုပ်ကိုင်ထားသည့်တိုင် ၎င်းတို့ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရရင် ကွာဟချက်က မယုံနိုင်လောက်အောင် ကျယ်ပြန့်လာလိမ့်မည်။

သူ့ကိုယ်ပိုင်ခန့်မှန်းချက်များကိုအခြေခံ၍ လီလော့သာ အဲ့မိုကွမ်းအလင်းတန်းများအားလုံးကို စုဆောင်းပြီး တျန်ဖုန်းရှန်နှင့်လုချင်းမိန်တို့လို ထိပ်တန်းအရည်အချင်းရှိသူများနှင့် မယှဉ်နိုင်မီ နတ်ဆိုးခန္ဓာအဆင့်သို့ တက်လှမ်းနိုင်မှဖြစ်မည်။

ဒါပေမယ့်လည်းသူ့မှာ ရွေးချယ်စရာမရှိခဲ့ပေ။ ပဲ့တင်ထပ်သံ နန်းတော်သုံးခုရှိသည့် အတွက် ဖြည့်ရမည့်တွင်းများက နက်လွန်းသည်...

လီလော့ ပြောခဲ့တာနဲ့ ပတ်သက်ပြီးလုချင်းမိန်က ဘာမှ မှတ်ချက်မပေးခဲ့ပေ။သူပြောခဲ့တာတွေက မှန်ပေမယ့် သူတို့အရင်က တိုက်ပွဲမှာ တစ်ခုခုကို ဖုံးကွယ်ထားခဲ့တယ်လို့ သူမ ခံစားနေဆဲပင်.....

လီတိုင်ရွှမ်၏သားသည် ပြင်ပနတ်ဘုရားတိုက်ကြီးတွင် နှစ်ပေါင်းများစွာ အချိန်အလဟဿဖြုန်းတီးနေခဲ့သော်လည်း၊ဝှက်ဖဲများရှိနေဆဲပင်... တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးသောကြောင့် သူမသည် နဂါးအကြေးခွံတံခွန် အဖွဲ့ဝင်များကို အတွင်းဧရိယာထဲသို့ မပို့ဆောင်မီ ယဉ်ကျေးစွာ ခေါင်းညိတ်ပြရုံသာဖြစ်သည်။

လီလော့၊လီဖန်းရိ နှင့်လီကျင်းထောင် တို့လည်း ဝင်လာကြသည်။

ရွှေနန်းတော်ရှိ မီးရောင်များက စူးရှတောက်ပနေသည်။ ကြည်လင်သော သလင်းကျောက်များကို ချိတ်ဆွဲထားကာ အလင်းရောင်က ကျယ်ဝန်းသော ခန်းမကြီးအား အစက်အပြောက် မကျန်စေဘဲ လင်းလက်တောက်ပနေပါသည်။

လူအများအပြား ခမ်းနားကြီးကျယ်သော ခန်းမကြီးထဲတွင် စုဝေးနေကြပြီး ဆူညံသံများဖြင့် စည်ကားနေကာ ဝိုင်းဖွဲ့၍ စကားစမြည်ပြောဆိုနေကြသူများလည်း မနည်းလှပေ။

ဤသည်မှာ လူ့အဖွဲ့အစည်း၏ အထက်တန်းစားများ စုဝေးနေသော ပွဲတစ်ခုပင်..

လီလော့တို့သုံးယောက်သား ခမ်းနားကြီးကျယ်သော ခန်းမထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် အစေခံအမျိုးသမီးက ၎င်းတို့ကို လီချင်းဖုန်း စောင့်နေသည်ဟု ဆိုကာ ယဉ်ကျေးစွာ ဖိတ်ကြားခဲ့သည်။

အစေခံနောက်သို့ အနီးကပ်လိုက်ကာ တောက်ပြောင်နေသော စင်္ကြံကိုဖြတ်၍ ခမ်းနားစွာ ဒီဇိုင်းထုတ်ထားသော အတွင်းခန်းထဲသို့ လျှောက်သွားကြသည်။ ဝင်လိုက်သည်နှင့် စားပွဲရှည်ကြီးတလျှောက် တွင်ထိုင်နေသော လူတန်းရှည်နှစ်တန်းကို တွေ့လိုက်ရသည်။

အကဲခတ်ကြည့်လိုက်တော့ ရင်းနှီးတဲ့မျက်နှာတချို့ကို မှတ်မိလိုက်သည်။ ၎င်းတို့သည် နတ်ဆိုးလှိုဏ်ဂူလေ့လာခရီးစဉ်တွင် သူကြုံတွေ့ခဲ့ရသော ပြိုင်ဘက်များဖြစ်သည်။

ထိုအချိန်တွင် တစ်ဖက်မှ ကြည်လင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"ဖန်းရိ၊ ကျင်းထောင်၊ မင်းတို့ ရောက်လာပြီ.... ငါ မင်းတို့ကိုစောင့်နေတာ...."

လီလော့သည် ကျယ်ဝန်းပြီး ရှည်လျားသော စားပွဲကို လှမ်းကြည့်လိုက်ရာ အိမ်ရှင်နေရာထိုင်ခုံတွင် ထိုင်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

လူငယ်သည် အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နှင့် ခါးတစ်ဖက်စီတွင် ဓားတစ်လက်စီ ချိတ်ဆွဲထားကာ နူးညံ့သိမ်မွေ့သောလေသံဖြင့် ပြောဆိုနေသော်လည်း ယုံကြည်မှုအပြည့်ရှိသည်။ ပြုံးလိုက်သောအခါတွင် ဖုံးကွယ်၍မရသော မြင့်မြတ်သော ခံစားချက်ကို ပေါ်လွင်စေသည်။

တံခွန်ဖွဲ့နှစ်ဆယ်၏ တံခွန်ကိုင်များ အားလုံးရှိနေသော်လည်း အခန်းတစ်ခုလုံး၏ အာရုံစူးစိုက်မှုမှာ ထူးချွန်သော လူငယ်လေးဖြစ်သည်။

လီလော့ ချက်​ချင်းနားလည်​သွားသည်​။ ထိုလူငယ်သည် ရွှေသွေးတံခွန်မှ တံခွန်ကိုင်လီချင်းဖုန်း မှလွဲ၍ ဤကဲ့သို့ တရားဝင်တည်ရှိနေခြင်းမှာ မည်သူရှိမည်နည်း။

ဤလူငယ်သည် ကောင်းကင်နဂါး ကလန်ငါးခု၏ ဤမျိုးဆက်၏ ခေါင်းဆောင်ဟု မှတ်ယူခံရသည်မှာ အံ့သြစရာမဟုတ်ပေ။

သူ့စကားကြားတော့ လီဖန်းရိက ငြိမ်သက်နေပြီး လီလော့နဲ့ လီကျင်းထောင်တို့က ခေါင်းညိတ်အသိအမှတ်ပြုလိုက်ကြပြီး နေရာချထားပေးသောနေရာတွင် ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင် လီချင်းဖုန်းက လီလော့ဘက်သို့ လှည့်လာပြီး "မင်းက အစိမ်းရောင်နယ်သာတံခွန်ရဲ့ တံခွန်ကိုင် လီလော့ ဖြစ်ရမယ်.... အစိမ်းရောင်နယ်သာတံခွန်က မင်းရဲ့ခေါင်းဆောင်မှုအောက်မှာ မကြာသေးမီကမှ တိုးတက်လာတာ"

လီလော့က ပြုံးပြီး တည်ငြိမ်စွာဖြင့်.....

"ဒီနေရာက တိုက်ပွဲတွေက မပြောပလောက်ပါဘူး..... မင်းရဲ့လက်အောက်က ရွှေသွေးတံခွန်နဲ့ ယှဉ်လို့မရပါဘူး...."

လီချင်းဖုန်း အနားတွင်ထိုင်နေသော လီဟုန်လိက မျက်ခုံးပင့်ကာ

"ပြင်ပနတ်ဘုရားတိုက်ကြီးကနေ လာတယ်ဆိုတော့ ဘယ်နယ်ပယ်ရောက်နေပြီလဲ..... "

အခြားတံခွန်ကိုင်များက သူမ၏ စကားကြောင့် အာရုံစိုက်နေကြသည်။ လီဟုန်လိ၏ ပြတ်သားသော စကားလုံးများက လီလော့ကို ပစ်မှတ်ထားနေသည်။ ယခင်မျိုးဆက်များ၏ ရန်ငြိုးဖွဲ့မှုကို ထည့်သွင်းစဉ်းစားခြင်းသည် အံ့သြစရာမဟုတ်ပေ။

လီလော့ မတုံ့ပြန်နိုင်ခင်မှာ လီဖန်းရိက လီဟုန်လိကို ဒေါသတကြီး စိုက်ကြည့်ရင်း စားပွဲကိုရိုက်ချလိုက်သည်။ ထိုစကားကြားပြီးနောက် သူမ ဒေါသကို မထိန်းနိုင်တော့ပေ။

"လီလော့ အခုမှ ပြန်လာလို့ နင်တို့ ဝမ်းသာနေသင့်တာ... သူသာ စောစောပြန်လာခဲ့ရင် နဂါးသွေးကလန် ဘယ်အဆင့်ရောက်နေမယ်ထင်လဲ....."

လီဟုန်လိ က အေးစက်စွာ ရယ်မောပြီး....

"ဘာစကားကြီးလဲ...သူ စောစောပြန်လာရင်ရော အစ်ကိုချင်းဖုန်းကို ရင်ဆိုင်နိုင်မှာမို့လား...."

ဤအချိန်တွင် လီလော့က လီဖန်းရိကို ထပ်မံမတုံ့ပြန်မီ လီဖန်းရိက ထိန်းထားခဲ့သည်။

ဒါကိုမြင်တော့ လီချင်းဖုန်းက လီဟုန်လိ ကို လက်ဝှေ့ယမ်းပြီး ဟန့်တားလိုက်သည်။

"မင်းတို့နှစ်ယောက် ဆုံတိုင်း ရန်ဖြစ်ကြတယ်နော်........ ဒီနေ့ ဆွေးနွေးစရာကိစ္စ ကြီးကြီးမားမားရှိတယ်... ဒါကြောင့် ရန်မဖြစ်ကြနဲ့တော့....."

သူ့စကားကြားတော့ လီဟုန်လိက နောက်ထပ်ရန်စကားမပြောတော့ပေ။

လီချင်းဖုန်းက သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ရောက်ရှိလာသူတိုင်းကို ကြည့်လိုက်သည်။

"အရေးကြီးတာ ဆွေးနွေးဖို့ ဒီနေ့ ဒီကလူတိုင်းကို ဖိတ်ခေါ်ထားပါတယ်...ဒါကတော့ မနက်ဖြန်ကျင်းပမယ့် ဟွမ်းလုံရှီးပြိုင်ပွဲ အကြောင်းပါ.....”

All Chapters