မွေးနေ့ပွဲ၏ အဓိကဇာတ်ဆောင်
Vol. 59 Ch. 818
လီချင်းဖုန်း၏ အဆိုပြုချက်သည် မအောင်မြင်ခဲ့သော်လည်း တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့သည်။မည်သို့ပင်ဆိုစေ တွေ့ဆုံစုဝေးခြင်းသည် ယနေ့ညပွဲအတွက် အဓိကရည်ရွယ်ချက်ဖြစ်ပြီး လီချင်းဖုန်း၏ အဆိုပြုချက်သည် ကြားဝင်စပ်ယှက်မှုမျှသာ ဖြစ်သည်။
ရွှေရောင်နန်းတော်ရဲ့ ဒုတိယထပ်လသာဆောင်မှာ လီလော့က လက်ရန်းကိုမှီပြီး သူ့ရှေ့က ခမ်းနားကြီးကျယ်တဲ့ ရေကန်ကြီးကို ကြည့်နေသည်။ ညမိုးချုပ်သွားသော်လည်း နန်းတော်၏ စူးရှတောက်ပသောအလင်းရောင်အောက်တွင် ရေကန်တစ်ခုလုံး ဆက်လက်တောက်ပနေခဲ့သည်။
သူ့နောက်တွင် လူများစွာ ဖြတ်သွားကာ ရွှေနန်းတော်၏ ခမ်းနားကြီးကျယ်သော ခန်းမကြီးထဲတွင် တက်ကြွသောလှုပ်ရှားမှုများရှိနေသော်လည်း လီလော့ကတော့ ပါဝင်ဆင်နွဲရန်ရည်ရွယ်ချက်မရှိပေ။
ရွှေရောင်နန်းတော်မှ ဆူညံပွက်လောရိုက်လာသော စကားသံများကို မေ့ထားကာ ကျန်းချင်းအာ၏ လှပသောမျက်နှာကို သတိရလိုက်ပြီး သာယာသောအပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ်တွင် ပေါ်လာသည်။
"သူ မြင့်မြတ်သောအလင်းတော်ကောလိပ်မှာ ဘယ်လိုနေလဲ..... အလင်းနှလုံးသားပြသာနာကိုရော ဖြေရှင်းပြီးပြီလား...."
အမှတ်သားကိုးခုကြာပန်းကို ရရှိသည်နှင့် တပြိုင်နက် သူမထံ ပေးအပ်မည်ဖြစ်သည်။ ထိုအချိန်တွင် သူမ သူ့ကို အထင်ကြီးလာပေလိမ့်မည်။
လီလော့ သူမကို လေးလေးနက်နက် လွမ်းဆွတ်နေမိသည်။ နဂါးစွယ်ကလန်တွင် ကောင်းမွန်စွာနေထိုင်ရခြင်းသည် ရှပြည်ထောင်စုထက် များစွာသာလွန်ကောင်းမွန်သော်လည်း သူ၏နှလုံးသားထဲတွင် လော့လန်အိမ်တော်ကသာ အနှစ်သက်ဆုံးနေရာဖြစ်နေဆဲပင်....
ကမ္ဘာခြားသက်ရှိကပ်ဘေးအကြောင်း တွေးတောရင်း စိတ်ထဲမှာ နည်းနည်းလေး လေးလံနေသလို ခံစားလိုက်ရသည်ယ
အခုရော ဘယ်လိုတွေဖြစ်ကုန်ပြီ.....
ကျောင်းအုပ်ကြီးဖန်က လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြစ်ကို ပိတ်ထားနိုင်ပြီး အဆိုးဆုံးအခိုက်အတန့်တွင် ကမ္ဘာခြားသက်ရှိများကို ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့ တဖြည်းဖြည်း အားကောင်းလာမည်မှာ သေချာပါသည်။ စည်းတံဆိပ်ကျိုးသွားလျှင် ရှပြည်ထောင်စုကို ဖျက်စီးကြလိမ့်မည်။
၎င်းသည် ရှန့်ပိန်းတွေ့ဆုံပွဲတွင် ရောက်ခဲ့ဖူးသည့် မဟူရာလေပြင်းအင်ပါယာတွင် ဖြစ်ပွားခဲ့သည့် အဖြစ်မျိုးနှင့် အတိအကျတူနေပေလိမ့်မည်။
ခုချိန်ထိတော့ သူမြင်ဖူးခဲ ကြားဖူးခဲ့ရတာတွေကို ပြန်တွေးဖို့တောင် ကြောက်လန့်နေဆဲပင်.... သူသည် ရှပြည်ထောင်စုကို ဤကဲ့သို့အဆုံးသတ်ရန် အမှန်တကယ် မလိုလားခဲ့ပေ။ ရှပြည်ထောင်စုသည် သူ့မွေးရပ်မြေဖြစ်ခဲ့သည်။
အားနည်းနေသည့်အတွက် အချို့သောအရာတွေကို တွန်းလှန်နိုင်စွမ်းမရှိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် သူ့အတွက်အချိန်အနည်းငယ်ရှိသေးသည်။ သူသည် အနာဂတ်တွင် မြို့စားအဆင့်သို့ ရောက်သည်နှင့်ရှပြည်ထောင်စုကို ကယ်တင်ရန် မျှော်လင့်ထားသည်။
လီလော့ တွေးတောရင်းနဲ့ သူ့နောက်က ခြေသံတွေ ကြားလိုက်ရသဖြင့် ချက်ချင်း လှည့်ကြည့်လိုက်တော့ ညလေညင်းတွေနဲ့အတူ သူ့ဆီ ဖြတ်သန်းလာတဲ့ ရနံ့သင်းသင်းလေးကို ခံစားလိုက်ရသည်ယ
ခေါင်းကို လှည့်ကြည့်လိုက်တော့ အနက်ရောင်အဝတ်အစား ၀တ်ထားတဲ့ အသွင်အပြင်ကို တွေ့ရတော့ အံ့သြသွားခဲ့ရသည်။
လုချင်းမိန်မှလွဲ၍ အခြားသူမဟုတ်ပေ။
ဤအခိုက်အတန့်တွင် ညလေညင်း တိုက်ခတ်နေပြီး သူမ၏ ရင်သပ်ရှုမောဖွယ် အချိုးအစားများကို အပြည့်အ၀ လှစ်သာပြသထားသလိုပင်.... သူမ၏ ခြေတံသွယ်သွယ်နှစ်ဖက်က နှင်းကဲ့သို့ ဖြူဖွေးနေပြီး တောက်ပနေသော အလင်းရောင်အောက်တွင် တောက်ပနေသည်။
"တံခွန်ကိုင်လုချင်းမိန် ..... စောစောက မင်းကို ငါတွေ့တုန်းက အနားမှာလူချောလေးတွေ ဝိုင်းဝိုင်းလည်နေတာပဲ..."
လုချင်းမိန်ကို လူငယ်များစွာ ဝန်းရံထားပြီး သူမ၏ ထူးကဲသော ကျက်သရေရှိမှုကို သူမြင်ဖူးသည်။
"နင်လည်း ဘာထူးလို့လဲ...နင့်ကိုလိုက်ရှာနေတဲ့ ကောင်မလေးတွေအများကြီးရှိတယ်"
လီလော့က ပြုံးရုံသာပြုံးပြီး ခေါင်းခါလိုက်သည်။
ထိုကဲ့သို့ အဓိပ္ပါယ်မဲ့ စကားမပြောတော့ဘဲ....
"နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်းက တတိယနယ်ပယ်ကိုရောက်နေပြီလို့ ငါကြားထားတယ်....."
အမှန်မှာ၊ လီလော့သည် အစောပိုင်း ကျုံးလင်နှင့် ထိပ်တိုက်တွေ့စဉ်က ဤအရာကို ပြသခဲ့သည်။ဒါဟာ ဖုံးကွယ်ထားနိုင်တဲ့ အရာမဟုတ်တော့ပေ။
ထို့ကြောင့် သူက ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
"ငါတို့ တိုက်ခိုက်ကြတုန်းက နင့်ရဲ့မြို့စားအဆင့်ပညာရပ် အရမ်း အစွမ်းထက်တာ အံ့သြစရာ မဟုတ်တော့ဘူး...." ဟု လုချင်းမိန်က လီလော့ကို စိတ်ဝင်တစား အကဲခတ်ရင်း ပြောခဲ့သည်။
"နင့်ရဲ့ ပဲ့တင်ထပ်သံနှစ်ခုစွမ်းအားကို ငါတကယ်မြင်ချင်နေပြီ....နင် အခုအဆင့်တက်ထားတယ်ဆိုတော့ တစ်ပွဲလောက်လက်ရည်စမ်းကြမလား...နင့်အဆင့်နဲ့ နီးနေအောင် ငါထိန်းထားမယ်လေ.... ပဲ့တင်ထပ်သံနှစ်ခုရဲ့တတိယနယ်ပယ်အကြောင်း သိချင်နေပြီ..." ဟုသူမက လီလော့ကိုမျှော်လင့်ချက်အပြည့်ဖြင့်ပြောကြားခဲ့သည်။
လီလော့ အတော် အံသြသွားသည်။ ဒီမိန်းကလေးက တကယ်ကို ကိုယ်ခံပညာကို ဝါသနာထုံသူပင်.... ဒီလိုကောင်းမွန်တဲ့ အခင်းအကျင်းနဲ့ အခွင့်ရေးမျိုးရနေတဲ့အချိန်မှာတောင် သူမဟာ အချစ်ရေးအကြောင်း စိတ်ဝင်စားမနေပေ။
"စိတ်မဝင်စားဘူး....ဒါက လုံးဝ တရားမျှတတဲ့ တိုက်ပွဲဖြစ်မှာ မဟုတ်ဘူး....
မင်းရဲ့ ပဲ့တင်ထပ်တဲ့ စွမ်းအားတွေကို ချိုးနှိမ်ထားပေမယ့် နတ်ဆိုးခန္ဓာအဆင့် တွေကို မင်းရှင်းပြီးသွားပြီ...."
လီလော့က ခိုင်လုံသောအကြောင်းပြချက်ဖြင့် ငြင်းဆိုခဲ့သည်။
ဒါကိုကြားတော့ လုချင်းမိန် စိတ်ပျက်သွားသည်။
"နင်က တကယ်အရည်အချင်းရှိတယ်.... အစောပိုင်းနှစ်တွေကို ပြင်ပနတ်ဘုရားတိုက်ကြီးမှာ အလဟသ မဖြုန်းတီးဘူးဆိုရင်၊ အခုလောက်ဆို နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကို သေချာပေါက်ရောက်နေလောက်ပြီ"
လီလော့က ခေါင်းယမ်းရင်း......
"ပြင်ပနတ်ဘုရားတိုက်ကြီးမှာ ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေက ငါ့အတွက် အဖိုးတန်ဆုံးအချိန်တွေပဲ....ဘယ်အရာမှ အလဟသ မဖြစ်ခဲ့ဘူး"
လုချင်းမိန်က လီလော့ကို တစ်ချက်ကြည့်လိုက်သည်။ လီလော့၏အဖြေက ရိုးသားပြီး လိမ်ညာခြင်း လုံးဝမရှိကြောင်း သူမ ခံစားနိုင်သည်။ သာမာန်လူများနှင့်မတူဘဲ၊ လီလော့သည် ၎င်း၏ဂုဏ်သိက္ခာရှိသော နောက်ခံနှင့် မိသားစုကြားတွင် သူ့မိဘများက သူ့ကို ဤကဲ့သို့ ညံ့ဖျင်းသောပတ်ဝန်းကျင်သို့ ခေါ်ဆောင်လာသည့်အတွက် စိတ်မဆိုးခဲ့ပေ။ ဒါဟာ တကယ့်ကို လေးစားစရာကောင်းတဲ့ သဘောထားပင်......
လုချင်းမိန်က ခေါင်းစဉ်ပြောင်းပြီး....
"နင် စောစောက ပြောခဲ့တယ်မလား.... ဟွမ်းလုံရှီးရေကန်ထဲက နဂါးပတ်တိုင်တစ်ခုကိုလိုချင်တယ်ဆို.. ဟုတ်လား "
သူမ သူ့အပေါ် စူးစူးရှရှ စူးစမ်းချင်စိတ်ကို ခံစားလိုက်ရသည်။ လီလော့သည်အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏သဟဇာတဖြစ်ခြင်း အကူအညီဖြင့် သူ၏ခွန်အားနှင့် အခြားသော တံခွန်ကိုင်များကြားက ကွာဟချက်ကိုချုံ့နိုင်ခဲ့သော်လည်း သူကိုယ်တိုင်က အစောပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင်သာ ရှိနေသေးသည်။
ဟွမ်းလုံရှီးရေကန်တွင် နဂါးပတ်တိုင် ခြောက်ခုသာရှိသဖြင့် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ရလိမ့်မည်မှာ သေချာပါသည်။ ၎င်းတို့အနက်မှ တစ်ခုပင် ရရှိရန် လွယ်ကူမည်မဟုတ်ပေ။
"မှန်းကြည့်ပေါ့..."
လီလော့က ရယ်မောကာ ပြန်ဖြေလိုက်သည်။
ထို့ကြောင့် လုချင်းမိန်က သူ့ကို နောက်ထပ် မစုံစမ်းတော့ပေ။ ထိုသို့ပြုခြင်းသည် သူမ၏ ပင်ကိုယ်စရိုက်မဟုတ်ပေ။ သို့သော်လည်း လီလော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးလာမှုကို သူမ ခံစားနိုင်သည်။ သူ့ယုံကြည်မှုက ဘယ်ကလာတာလဲ......
နှစ်ယောက်သား စကားစမြည်ပြောကြရင်း ငြိမ်သက်သွားကြသည်။
ခဏအကြာတွင် ရှေ့က ရေကန်ကျယ်ကြီးမှ တောက်ပသော ကြယ်ရောင်များ ထွက်ပေါ်လာသည်ကို ရုတ်တရက် သတိပြုမိသည်။ ရေကန်၏ အလယ်တွင် ပေရာနှင့်ချီ ကျယ်ဝန်းသော ကြာပန်းတစ်ပွင့် ဖြည်းညှင်းစွာ ပွင့်နေပြီး ရေပေါ်တွင် ကြာရွက်များ ပြန့်ကျဲလျက် ရှိနေသည်။ ရေကန်၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ပြိုးပြိုးပြက်ပြက် ကြယ်ပွင့်အစက်အပြောက်များဖြင့် မြင်ရသည်မှာ အမှန်တကယ်ပင် လှပသောမြင်ကွင်းတစ်ခုဖြစ်သည်။
လီလော့ ဤထူးဆန်းသော မြင်ကွင်းကြောင့် ချက်ချင်းပင် မှင်သက်သွားသည်။
"အဲဒါက ကျောက်စိမ်းနှလုံးသား ကြာပန်း..... နှစ်စဉ် တစ်ဝက်ပွင့်တဲ့ ကျောက်စိမ်းနှလုံးသားမျိုးစေ့တွေရှိနေတယ်...ဒါတွေက ကျင့်ကြံရေးအတွက် အများကြီး မအထောက်အကူ ပြုပေမယ့် အာဟာရဖြစ်စေဖို့ အသုံးဝင်တယ်...
ဒါကြောင့် တော်တော်များများရဲ့ မျက်စိထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဖြစ်နေတာ...”
လုချင်းမိန်က သူ့ကို ရှင်းပြခဲ့သည်။
"မင်းရော အဲဒါကို စိတ်ဝင်စားသလား...."
လီလော့က ပြန်မေးလိုက်သည်။
လုချင်းမိန်က ခေါင်းယမ်းလိုက်ပြီး....
"တတိယနယ်ပယ်ရောက်နေတဲ့ နင့်ရဲ့ပဲ့တင်ထပ်သံနှစ်ခုလောက် စိတ်ဝင်စားဖို့မကောင်းဘူး" လို့ ပြန်ဖြေလိုက်သည်။
လီလော့ သူမ၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုကြောင့် ဘာမှမပြောနိုင်တော့ပေ။
"ဒါပေမယ့်၊ ကျောက်စိမ်းနှလုံးသားကြာပန်းပွင့်ပြီဆိုတော့ ဒီနေ့ပွဲရဲ့ ဇာတ်ဆောင် မကြာခင် ထွက်လာတော့မယ်...." ဟု လုချင်းမိန်က ဆက်လက်ပြောပြသည်။
"ဒီနေ့အတွက် အဓိကဇာတ်ဆောင်က ဘယ်သူလဲ"
လီလော့ အံ့သြစွာမေးလိုက်သည်။
"ခန့်မှန်းကြည့်ပေါ့"
လီလော့ တုံ့ပြန်ခါနီးတွင် နန်းတော်ထဲမှ ဆူညံပွက်လောရိုက်သံကို ကြားလိုက်ရသည်။ သူက ချက်ချင်းလှည့်ကြည့်လိုက်တော့အပြင်မှာ ကော်ဇောနီခင်းပြီး လူစုလူဝေးကြီး အုံခဲနေသည်။ သူတို့အားလုံး၏ အရှေ့ဘက်တွင် လရောင်ဖြင့် ရေချိုးနေပုံရသော ကောင်မလေးတစ်ယောက် လှမ်းဝင်လာသည်။
သူမသည် အစိမ်းဖျော့ဖျော့ဝတ်စုံရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ မျက်နှာက လနတ်သမီးကဲ့သို့ ချစ်စရာကောင်းသည်။ လရောင်ခြည် သူမ၏ပါးပြင်ပေါ်သို့ ကျလာပြီး လှပသော အဖြူရောင် အလင်းရောင်အောက်တွင် တမျိုးတမည် တောက်ပနေသည်။ သူမ၏ သေးငယ်ပြီး နှင်းဆီရောင်သန်းနေသော နားရွက်များပေါ်တွင် တောက်ပနေသော နီလာနားဆွဲတစ်စုံကို ဝတ်ဆင်ထားသည်။
သူမတွင် ရေပြည့်နေသော ရေကန်ကြီးကဲ့သို့ ကြည်လင်သော အပြာနုရောင် မျက်ဝန်း တစ်စုံရှိသည်။
မိုးမခပင်ကဲ့သို့ သွယ်လျနေသော သူမ၏ခါးသိမ်သိမ်ကို ဖဲကြိုးဖြင့်စည်းနှောင်ထားပြီးသူမ ဖြတ်သွားစဉ်တွင် လေထဲတွင် စိုစွတ်မှုအချို့ ရှိနေသည်။
သူမ၏ တည်ရှိမှုသည် သူမပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များထဲမှ ရေဓာတ်များကို နိုးကြားစေသည်။
ထို့ကြောင့် သူမသည် အေးမြကြည်လင်နေသော ရေနတ်သမီးကဲ့သို့ပင်.......
နန်းတော်ရှိ လူအုပ်ကြီး အံ့အားသင့်စွာ ငေးကြည့်နေကြလေ၏။
လီလော့ အဖြစ်မှန်ကို ပြန်မပြောပြမီ ခဏတာ မှင်သက်သွားခဲ့သည်။ သူ့ရှေ့က ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ သူသိနေတယ်.....
ထိုအမျိုးသမီးက ထျန်းယွမ်မှတ်တမ်း ထဲက ရေနတ်သမီး ချင်ရိကလွဲ၍ မည်သူဖြစ်နိုင်မည်နည်း....