← Chapters

ချင်ရိ......

Vol. 59 Ch. 819

ချင်ရိ......

Vol. 59 Ch. 819

ချင်ရိ၏အသွင်အပြင်သည် "တိုက်ပွဲအတွေ့အကြုံ" များစွာရှိသော လီလော့ ကိုပင် အံ့အားသင့်စေခဲ့သည်။ သူကြုံတွေ့ခဲ့ရသမျှတွေထဲမှာ ဒီနတ်သမီးကို ကျော်လွန်နိုင်သူဆိုလျှင် ကျန်းချင်းအာ တစ်ယောက်တည်းသာရှိလိမ့်မည်။

ဒါပေမယ့် လှပတဲ့မျက်နှာတစ်ခုက အရာရာမဟုတ်ပေ။

သူ့အကြည့်တွေကို အမြန်ပြန်ရုတ်လိုက်ပြီး တည်ငြိမ်မှုကို ပြန်ထိန်းထားလိုက်သည်။

"နင့်ရဲ့ စိတ်ဓာတ်က တော်တော်ကို အထင်ကြီးစရာပဲ"

လုချင်းမိန်က လီလော့ မြန်မြန်ဆန်ဆန်တည်ငြိမ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြစွာ မှတ်ချက်ချလိုက်သည်။

အမှန်မှာ မရေတွက်နိုင်သော ယောက်ျားလေးများသည် လနတ်သမီးနှင့်တူသော အလှကို မယုံနိုင်စွာ ငေးကြည့်နေမိဆဲပင်။

ခဏတာ ထိတ်လန့်သွားသော လီလော့ သည် စိတ်မထိန်းနိုင်ဘဲ အလှတရားတွင်ရစ်မူးနေသော ပုဂ္ဂိုလ်များနှင့်မတူပေ။ အလျင်အမြန် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူသည် အခြေခံအားဖြင့် သူမကို မရှိသူအဖြစ် ဆက်ဆံခဲ့သည်။

ထို့ကြောင့် လုချင်းမိန်က လီလော့၏ စိတ်နေစိတ်ထားကို အံ့သြနေခြင်းဖြစ်သည်။ ချင်ရိသည် ကောင်းကင်ဘုံမှ အလှတရားဟုသတ်မှတ်နိူင်ပြီး မိန်းမချင်းတောင် သူမ၏အလှကို တန်ဖိုးထားလေးစားကြသည်။

"မိန်းမလှလေးတွေ အများကြီးတွေ့ဖူးတယ်၊ ဒါကြောင့် ငါ့ရဲ့ခံနိုင်ရည်က အရမ်းကောင်းတယ်" လို့ လီလော့က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

လုချင်းမိန်က လီလော့၏ ပွင့်ပွင့်လင်းလင်း တုံ့ပြန်မှုကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။

"နင်က ကြွားလုံးထုတ်တာတော့ တကယ် ကျွမ်းကျင်တယ်...ချင်ရိရဲ့အလှအပကို ယှဉ်နိုင်တဲ့သူဆိုလို့ ထျန်းယွမ်တိုက်ကြီးမှာတောင် လူနည်းစုပဲရှိတယ်..... "

" သူမရဲ့ နူးညံ့သိမ်မွေ့တဲ့ အလှကို ငါမကြိုက်ဘူး.... ငါ့မျက်လုံးထဲမှာတော့ သူက မင်းလောက်မတော်ဘူး...."ဟု လီလော့က ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

ထို့နောက် လှည့်ကြည့်ကာ တိုက်ခိုက်ရေးအဝတ်အစားကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသည့် လုချင်းမိန်ကို တစ်ချက်ကြည့်လိုက်သည်။ ချင်ရိသည် အထက်တန်းကျကျ ၀တ်ဆင်ထားသော်လည်း လုချင်းမိန်လောက် အထင်ကြီးလောက်စရာ မရှိပေ။

လုချင်းမိန်က လီလော့ကိုစိုက်ကြည့်နေပြီး....

"ငါ့ကို ဒီလောက် ပြောင်ပြောင်တင်းတင်း မမြှောက်ပင့်နဲ့....."

"ငါ မင်းကို ရိုးရိုးလေးပဲ ချီးမွမ်းတာပါ"

"နင် ငါ့ကို ချီးမွမ်းမယ့်အစား ဘာလို့ ငါ့ရဲ့ဖန်သားကျိုင်းတံရဲ့အရသာကို မစမ်းကြည့်တာလဲ၊ အဲဒါက ငါ့အတွက် ပိုပျော်ရွှင်စေမယ်လို့ ငါထင်တယ်"

လီလော့ ဘာပြောရမှန်းမသိတော့ပေ။ လုချင်းမိန်က တကယ်ကို ထူးခြားတဲ့ မိန်းကလေးပင်.... မိန်းကလေးအများစုကို ကျေနပ်စေသော ချီးကျူးစကားများက သူမအတွက် တန်ဖိုးမရှိပေ။ ထို့အပြင်၊ သူမသည် သူ၏ချောမောသော ဆွဲဆောင်မှုအား လုံးလုံးလျားလျား ခုခံနိုင်စွမ်းရှိပြီး အခုလို စကားပြောရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ၏ တတိယနယ်ပယ် စွမ်းအားကြောင့် ဖြစ်သည်။

"တံခွန်ကိုင်လုချင်းမိန်.... မင်း ဟွမ်းလုံရှီးရေကန်ဖွင့်ပွဲမှာ နဂါးပတ်တိုင်ကို ရယူဖို့ စီစဉ်နေလား....."

လီလော့က အကြောင်းအရာကို တိုက်ရိုက်ပြောင်းလဲလိုက်သည်။

လုချင်းမိန်က "ရွှေရောင် နဂါးပတ်တိုင်ကို ရရမယ်ဆို အကျိုးကျေးဇူးတွေအများကြီးရနိုင်တယ်.... ငါ သေချာပေါက် ယှဉ်ပြိုင်မှာပါ....."

လီလော့ ပြုံးလိုက်မိသည်။

"ကောင်းပြီ၊လီချင်းဖုန်းက ရွှေရောင်နဂါးပတ်တိုင်ကို သူ့အပိုင်လို့သတ်မှတ်ထားတယ်.... "

"ဒါဆို ငါတို့ သူ့ကို စမ်းကြည့်ခွင့်ပေးလိုက်တယ်.... အားကောင်းတဲ့သူ ယူလိမ့်မယ်။ ငါ သူနဲ့ ကောင်းကောင်းမတိုက်ခိုက်ရတာကြာပြီ..."

လုချင်းမိန်၏တိုက်ပွဲဆာလောင်စိတ်က အံ့မခန်းပင်.....

လီလော့က လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ပြုံးလိုက်ကာ.....

" ​​အခွင့်အရေးရလာရင် လီချင်းဖုန်းကို ဖယ်ထုတ်ဖို့ ငါနဲ့အတူပူပေါင်းဖို့စိတ်ဝင်စားလား"

ထိုစကားကြောင့် သူမ၏ လှပသော မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားကာ လီလော့ကို ထပ်မံ စိုက်ကြည့်မိသည်။

"နင် လီချင်းဖုန်းကို အမြင်ကပ်နေတာလား..."

"ဘာကိုကြောက်ရမှာလဲ"

"ဒါက လွယ်တော့မလွယ်ဘူး.... နဂါးသွေးကလန်ရဲ့ တံခွန်လေးခုစလုံးက သူ့ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်....ဒါပေမယ့် နဂါးအစွယ်ကလန်ကကျတော့ တူညီတဲ့ စည်းလုံးညီညွတ်မှုကို မပိုင်ဆိုင်ထားဘူးလေ....."

လီလော့ ပခုံးတွန့်ပြလိုက်သည်။ လီဖန်းရိ နှင့် လီကျင်းထောင်တို့က သူ့ကို ကူညီရန် အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားကြမည်ဖြစ်သော်လည်း တျန်ဖုန်းရှန်ကတော့ မထိန်းချုပ်နိုင်သူတစ်ဦးဖြစ်သည်။ ဒါက လုချင်းမိန်လည်း သိတဲ့အချက်ပင်....

သို့သော်လည်း သူသည် လုချင်းမိန်၏ သဘောထားကို စမ်းသပ်ရန် ကြိုးစားနေပါသည်။ တဖက်က မဟာမိတ်ဖွဲ့ဖို့ ရည်ရွယ်ချက်မရှိရင် သူဘာမှလုပ်လို့ မရနိုင်ပေ။

နှစ်ယောက်သား စကားပြောနေစဉ် ချင်ရ ရွှေနန်းတော်ထဲသို့ ဝင်သွားကာ လူအုပ်ကြီးက သူမကို အားရပါးရ ကြိုဆိုနေကြသည်။

ဤမရေတွက်နိုင်သော လူငယ်များသည် ကောင်းကင်နဂါးကလန်ငါးခုမှ ပါရမီရှင်များသာမက ဖိတ်ကြားခံရသော အခြားလေးစားဖွယ် အင်အားစုများမှ ပါရမီရှင်များလည်း ဖြစ်သည်။ သူတို့အားလုံး ချင်ရိရှေ့တွင် နည်းမျိုးစုံဖြင့် အစွမ်းကုန် အစွမ်းကုန် ကြိုးစားနေကြသည်မှာ ဒေါင်းအမြီးများ ဖြန့်ကာ အလှပြနေသလိုပင်.....

ဤပြကွက်သည် ချင်ရိနှင့် ကောင်းစွာရင်းနှီးနေသော အရာဖြစ်သည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် မည်သူ့ကိုမျှ ခွဲခြားပုံမပေါ်သည့် အပြုံးတစ်ခုရှိသော်လည်း ရင်းနှီးမှုကို ပေးစွမ်းနိုင်ခြင်း မရှိပေ။

လီလော့ ယခုအချိန်တွင် ထောင့်တစ်နေရာမှ သူ့ကို လှမ်းခေါ်နေသော လီဖန်းရိ ဆီသို့ တစ်ချက်ကြည့်လိုက်သည်။

သူသည် ထွက်ခွာမသွားမီ လုချင်းမိန်အား နှုတ်ဆက်လိုက်သည်။

လီဖန်းရိနံဘေးတွင် နုပျိုလှပသော မိန်းကလေးများ ဝိုင်းရံထားသည်။ထိုမိန်းကလေးများကသူမ၏ ရင်းနှီးသော လူယုံများ ဖြစ်ပုံရပြီး သူတို့အားလုံး သူ့ထက် အနည်းငယ် အသက်ကြီးသည်။

လီဖန်းရိက လီလော့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ့လက်ကို တိုက်ရိုက်ဆွဲကိုင်လိုက်ပြီး သူ့ကို ကြယ်ရောင်မျက်လုံးများဖြင့် ကြည့်နေသော အမျိုးသမီးအားလုံးကို ပြုံးပြရင်း ....

"ဒါ ငါ့မောင်လေး လီလော့.... သူက တတိယဦးလေးရဲ့သား.... ပြီးတော့ သူက ပြင်ပနတ်ဘုရားတိုက်ကြီးကနေ ပြန်ရောက်တာ သုံးလပဲရှိသေးပေမယ့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ရဲ့ တံခွန်ကိုင်ဖြစ်နေပြီ....အခုဆို လီလော့က လီကျင်းထောင်ရဲ့ စံချိန်ကို ကျော်လွန်သွားပြီ.... မကြာခင် နတ်ဆိုးလှိုဏ်ဂူရဲ့စံချိန်မှာ ငါ့ကိုမှီလာတော့မယ်....."

သူမ၏စကားများသည် ပေါ့ပေါ့ပါးပါးရှိသော်လည်း သူမ၏အသံတွင် ဖုံးကွယ်၍မရသော မာနတရားရှိနေသည်။

၎င်းတို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများသည် မြင့်မားသောနောက်ခံကိုယ်စီရှိကြသူများဖြစ်သည်။ ထို့ကြောင့် လီလော့ကို စူးစမ်းလိုစိတ်ဖြင့် အကဲခတ်နေကြပြီး အထူးသဖြင့် သူ၏ချောမောသော မျက်နှာကို သဘောကျနေကြခြင်းဖြစ်သည်။ ရွှေနန်းတော်ရှိ အခြားသော ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်ပင် လီလော့က အကောင်းဆုံးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပေမည်။

၎င်းတို့၏ အထောက်အထားများကြောင့် အချို့က တံခွန်အဖွဲ့နှစ်ဆယ်တွင် မပါဝင်သူများလည်းရှိကြသည်။ ကောင်းကင်နဂါးကလန်ငါးခု မည်မျှကျယ်ဝန်းသည်ကို မသိနိုင်သဖြင့် လီလော့ မကြားဖူးသေးသော အင်အားစုများစွာလည်းရှိနေသေးသည်။

၎င်းတို့သည် လီဖန်းရိလို အလားတူ လူမှုအသိုင်းအဝိုင်းတွင် ရှိနေသောကြောင့် ၎င်းတို့ကြားတွင် နှိုင်းယှဉ်မှုများက တစ်ခါတစ်ရံ ရှောင်လွှဲ၍မရပေ။

ယခုမူ၊ သူမသည် သူမ၏မောင်ငယ်ကို ရုတ်တရက် ထုတ်ကြွားနေချေပြီ....

"လီလော့က တော်တော်ငယ်တဲ့ပုံပဲ.... ရည်းစားမရှိသေးဘူးမလား.... ဒီအစ်မက တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား..... ကောင်းကင်နဂါးကလန်ငါးခုမှာ မရေမတွက်နိုင်တဲ့ မိန်းမလှလေးတွေရှိတယ်..... မင်းစိတ်ဝင်စားရင်၊ ငါ့ကိုပါထည့်တွက်လိုက်....."

အနီရောင်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကိုသွေးဆောင်ဖို့ကြိုးစားနေချေပြီ။

ဆာလောင်မွတ်သိပ်နေသော အကောင်ပေါက်များ ပြည့်နေသော တွင်းထဲသို့ ပစ်ချခံရသလို ခံစားလိုက်ရသဖြင့် လီလော့ ပြုံးရုံသာပြုံးနိုင်တော့သည်။

"သက်သက်မဲ့ စိတ်ကူးမယဉ်နဲ့.... သူက ချင်ရိ ထက်သာတဲ့ ပါရမီရှင်မိန်းကလေးနဲ့ စေ့စပ်ထားပြီးသား...."

လီဖန်းရိက သူ့မောင်လေးကို အမြန်ကာကွယ်ပေးရှာသည်။ သူမသည် ဤစေ့စပ်ထားသူကို အမှန်တကယ် မမြင်ဖူးသော်လည်း ကြွားလုံးထုတ်ရန် လက်မနှေးခဲ့ပေ။

"ဟားဟား...."

သူ့ပတ်ဝန်းကျင်က မိန်းကလေးတချို့က ဒီစကားတွေကို မယုံဘဲ ရယ်မောနေကြသည်။

" လီလော့ရောက်လာပြီးမှ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့တိုးတက်မှု လျင်မြန်လာတယ်...ဒါပေမယ့် နင့်ရဲ့ကိုယ်ပိုင်ခွန်အားက အားနည်းနေသေးတယ်.... ပွင့်ပွင့်လင်းလင်းပြောရရင် နင်က တံခွန်ကိုင်နှစ်ဆယ်ကြားမှာ အားအနည်းဆုံးဖြစ်နေတယ်....ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျတိုးတက်ဖို့လည်းလိုသေးတယ်..... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ကို စွန့်ခွာရမယ့်အချိန်ရောက်ရင် ကိုယ့်ကိုကိုယ် အားကိုးရမှာ...” ဟု အနီရောင်ဝတ်ထားတဲ့ မိန်းမလှလေးက ဂရုတစိုက်နဲ့ ပြေပြခဲ့သည်။

သူမ ရည်ရွယ်ချက်ကောင်းဖြင့် ပြောဆိုနေသည်ကို မြင်နိုင်သည်။ သူမသည် လီဖန်းရိနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး သူမ၏စကားများထဲတွင် သရော်လှောင်ပြောင်ခြင်းမရှိပေ။

လီလော့က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ....

"အတတ်နိုင်ဆုံး ကြိုးစားပါ့မယ် အစ်မ...."

"မောင်လေး...ဒီအစ်မက နန်းယွင်မြို့ရဲ့ဒုတိယမြို့တော်သခင်ပါ.....အချိန်ရတဲ့အခါ လာလည်ဉီးနော်..."

သူမတွင် လခြမ်းသဏ္ဍာန် ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံရှိသည့် မိန်းမလှလေးက လီလော့၏ မီးခိုးရောင်ဆံပင်ကို လှမ်းဆွဲလိုက်သည်။

သို့သော် လီဖုန်းကျီက သူမ၏လက်ကို အမြန်ဖယ်လိုက်ကာ....

"လီလန်ယင်...နင် ငါ့မောင်လေးကို အခွင့်ကောင်းမယူနဲ့!"

"ပဲ့ပါသွားမှာကျနေတာပဲ.... နင့်မောင်လေးကို ငါ့ကိုပေးလိုက်ပါလား..." ဟု ၀တ်စုံနီဝတ်ထားသူ လီလန်ယင်က ပြန်ပြောခဲ့သည်။

ထို့နောက် နှစ်ယောက်သား ဆူညံစွာ ငြင်းခုန်ကြတော့သည်။

ထိုအချိန်တွင်၊ မရေမတွက်နိုင်သော လူများသည် ရေကန်ဘေးရှိ ပြန့်ပြူးသော စင်မြင့်နားတွင် တိုးကြိတ်နေပြီး ပြင်းထန်မှုနှင့် စိတ်လှုပ်ရှားမှုများ မြင့်တက်လာပုံရသည်။ စင်မြင့်ပေါ်ရှိ အဓိကဇာတ်ကောင်များမှာ လီချင်းဖုန်း၊ လီဟုန်လိနဲ့ ချင်ရိတို့ကလွဲလို့ တခြားသူတွေ မဟုတ်ပေ။

လီဖန်းရိနှင့် လီလန်ယင်းတို့ ဤမြင်ကွင်းကို မြင်သော်အခါ ခိုက်ရန်ဖြစ်ခြင်းကို ခေတ္တရပ်လိုက်သည်။

"လီချင်းဖုန်းက တကယ်ကို အားထုတ်ထားတာပဲ...."

"သူဘာလုပ်ဖို့ကြိုးစားနေတာလဲ"

လီလော့က မေးလိုက်သည်။

လီလန်ယင် ပခုံးတွန့်လိုက်ပြီး...

“ဒီညအတွက် အလှဆုံးကြာပန်းကို ရွေးတော့မှာလေ..... ”

All Chapters