ကြာပန်းအတွက် တိုက်ပွဲ......
Vol. 59 Ch. 820
လူအုပ်ကြီးသည် ရေကန်ဘေးရှိ စင်မြင့်နားတွင် စုဝေးကြပြီး ခမ်းနားသော ရေကန်ကြီး၏ ငြိမ်သက်မှု ခဏတာ ပျက်ပြားသွားသည်။လီချင်းဖုန်း၊ ချင်ရိ နှင့် လီဟုန်လိတို့ကို ထောက်ခံသူများ ဝိုင်းရံထားသည်။
"ချင်ရိ၊ ဒီရေကန်အလယ်က ကျောက်စိမ်းနှလုံးသားကြာပန်းက ခြောက်လတစ်ကြိမ် ပွင့်တယ်.... လှပတင့်တယ်တဲ့ ဂုဏ်သတ္တိတွေရှိပြီး အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်..... ပုံမှန်အားဖြင့်တော့ ပန်းပွင့်ပြီးတာနဲ့ ချက်ချင်းဆိုသလို ညိုးနွမ်းသွားတတ်တယ်..." ဟု လီချင်းဖုန်းက ရှင်းပြခဲ့သည်။
သူပြောသလိုပဲ၊ မိန်းကလေးတော်တော်များများက ကြာပန်းရဲ့ အံ့ဖွယ်အစွမ်းတွေအကြောင်း ကြားလိုက်တဲ့အခါ မျက်လုံးတွေ တောက်ပလာခဲ့သည်။ အမှန်မှာ၊ မိန်းကလေးတိုင်း အလှမက်ကြသည်သာ......
ဒါကိုကြားတော့ ချင်ရိရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာပေါ်မှာ စူးစမ်းလိုစိတ်တစ်ခု ပေါ်လာပြီး....."ဘယ်လိုရတနာလဲ" ဟု ညင်သာစွာ မေးလိုက်သည်။
လီချင်းဖုန်းက.....
"ဒီည ..ရေကန်ရဲ့ အလယ်ခေါင်မှာ သက်တမ်းအရင့်ဆုံး ကျောက်စိမ်းနှလုံးသား ကြာပန်းလာလိမ့်မယ်.... ကြာပန်းရဲ့အကျိုးသက်ရောက်မှုက မိန်းကလေးတွေရဲ့ အလှတရားအတွက် မယုံနိုင်အောင် အကျိုးသက်ရောက်မှုရှိတယ်......."
ချင်ရိက လီချင်းဖုန်း၏ရှင်းပြချက်ကြောင့် မျက်လုံးပြူးသွားသည်။
"တုနှိုင်းမဲ့တဲ့အလှဆိုရင် မိန်းကလေးဟုန်ရိကို ဘယ်သူယှဉ်နိုင်မှာလဲ...."
အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ လီဟုန်လိက ခေါင်းခါပြပြီး.... "မိန်းကလေးချင်ရိ...ရှင်က အဝေးကလာတဲ့ ဧည့်သည်ပါ.... အိမ်ရှင်အနေနဲ့ရှင့်ကို ဉီးစားပေးပါ့မယ်.... "
စင်စစ် သူမသည် မြွေမြွေချင်းခြေမြင်ဆိူသလို ချင်ရိကို သတိထားနေမိသည်။ ထို့အပြင် ချင်ရိအပေါ် လီချင်းဖုန်း၏ ဧည့်ဝတ်ကျေပွန်မှုက သူမကို အနည်းငယ် စိတ်ပျက်စေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အိမ်ရှင်အဖြစ်ရှိနေဆဲဖြစ်ပြီး အရေးကြီးသောဧည့်သည်ကို ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံရမည်ဖြစ်သည်။
သူတို့ရဲ့ စကားပြောသံကိုကြားတော့လီချင်းဖုန်းက ရယ်မောလိုက်ပြီး....
"မင်းတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အားနားနေဖို့မလိုပါဘူး.... ကြာပန်းပွင့်ကို ဘယ်သူ ရနိူင်မယ်ဆိုတာ ဆုံးဖြတ်ဖို့ အထူး စည်းမျဉ်းတစ်ခု အမြဲရှိတယ်......."
" ဘာစည်းကမ်းပါလိမ့်"
ချင်ရိက လီချင်းဖုန်းကို ကြည်လင်ပြတ်သားတဲ့ အပြာရောင်မျက်လုံးတွေနဲ့ ကြည့်ပြီးမေးလိုက်သည်။
သူမ၏ စွဲမက်ဖွယ်အကြည့်များအောက်တွင် ချောမောခန့်ညားသော လီချင်းဖုန်းက ပြုံးလိုက်ပြီး....
“သာမာန်အခြေအနေအရဆို ကြာပန်းကိုလိုချင်တဲ့သူတွေများရင် တစ်ဖက်နဲ့တစ်ဖက်က ကြာပန်းကို လုဖို့အတွက် ကိုယ်စားလှယ်တစ်ယောက်ကို စေလွှတ်နိုင်ပါတယ်....အောင်မြင်တဲ့သူသာ ကြာပန်းကိုရနိုင်မယ်....."
"ဒါပေမယ့် စည်းမျဥ်းတွေမှာ အထူးထပ်တိုးထားတာတွေရှိတယ်.... တိုက်ပွဲဝင်ဖို့ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေက အရမ်းသန်မာနေလို့မဖြစ်ဘူး....မဟုတ်ရင် ကျောက်စိမ်းနှလုံးသားကြာပန်းကိုပျက်စီးစေနိုင်တယ်....နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကိုရွေးချယ်လိုက်တာ အကောင်းဆုံးပဲ.... "
သူ့ရှင်းပြချက်ကိုကြားတော့ ချင်ရိ က ခဏလောက် တုံ့ဆိုင်းနေပြီး....
"ဒါဆို ကျွန်မကိုယ်တိုင် ဝင်ပြိုင်လို့မရဘူးပေါ့..."
လီချင်းဖုန်းက လက်ဝှေ့ယမ်းပြီး....
"မင်းကိုယ်တိုင် ရှေ့ထွက်ဖို့ မလိုပါဘူး..... ကိုယ်စားလှယ်လွှတ်လိုက်ရုံပါပဲ... အားလုံးထဲမှာ မိန်းကလေးချင်ရိလို မိန်းမလှလေးကို ကူညီချင်တဲ့သူတွေ အများကြီးရှိနေမှာပါ....."
ချင်ရိက ခဏလောက် စဉ်းစားပြီးမှ....
"အိမ်ရှင်ဘက်က တောင်းဆိုတဲ့အတွက် ကမ်းလှမ်းတာကို ကျေကျေနပ်နပ်ကြီး လက်ခံမှာပါ"
ထိုအချိန်တွင် လီဟုန်လိက လူစုလူဝေးကို အကဲခတ်လိုက်ကာ လူတစ်ဦးကို လှမ်းခေါ်လိုက်သည်။
"ကျောက်ဖန်းယန်....ရှင် ကျွန်ကိုယ်စား ကျောက်စိမ်းနှလုံးသား ကြာပန်းကို ရယူဖို့ ဆန္ဒရှိလား...."
သူမ လှမ်းခေါ်လိုက်သူမှာ အရပ်ရှည်ရှည် ဖြောင့်စင်းသော ခန္ဓာကိုယ်နှင့် ချောမောသော မျက်နှာရှိသော လူငယ်တစ်ဦးဖြစ်သည်။ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး လူစုလူဝေးကြားတွင် ထင်းနေသောသူဖြစ်သည်။
ကျောက်ဖန်းယန်ဟုခေါ်သော အဆိုပါအမျိုးသားသည် လီဟုန််လိတို့ ခရမ်းသွေးတံခွန်မှ လက်အောက်ခံတစ်ဦးဖြစ်သည်။ သူသည် အဆင့်ရှစ် လေပဲ့တင်ထပ်သံကိုပိုင်ဆိုင်ထားပြီး ဖန်သားနတ်ဆိုးခန္ဓာအဆင့် ရောက်ရှိနေပြီဖြစ်သည်။
ခွန်အားအရဆိုလျှင် ခရမ်းသွေးတံခွန်၌ လီဟုန်လိပြီးလျှင် အသန်မာဆုံးဖြစ်သည်။
တကယ်တော့ သူက ကျုံးလင်ထက် အရည်အချင်းနှင့် ခွန်အားပါ သာလွန်နေသူဖြစ်သည်။ ကျုံးလင်သည် တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ မရောက်နိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ၎င်းကို ခါးသီးစွာစွန့်လွှတ်ပြီးနောက် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ တိုက်ရိုက်တက်လှမ်းခဲ့ရသည်။
သို့သော် ယင်းသည် အားနည်းသော အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ ထို့ကြောင့် ကျုံးလင်သည် ကျင့်ကြံရေးနယ်ပယ်တွင် အသာစီးရနေသော်လည်း တိုက်ရိုက်တိုက်ပွဲတွင် ကျောက်ဖန်းယန်နှင့် ရင်ဆိုင်ရန် အခွင့်မသာပေ။
သူ့ရဲ့အရည်အချင်းက လက်အောက်ခံခေါင်းဆောင် တစ်ယောက်ထက် သာလွန်နေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ခရမ်းသွေးတံခွန်တွင် နေရသည်ကို ကျေနပ်နေပြီး တခြားဘယ်ကိုမှ မသွားချင်တော့ပေ။
လူတော်တော်များများက သူ့အတွေးတွေကို နားလည်ကြသည် လီဟုန်လိ၏နှလုံးသားကို အနိုင်ယူခြင်းထက် ပို၍ စွဲမက်ဖွယ်ကောင်းသောအရာ မရှိနိုင်ပေ။
လီဟုန်လိ၏ ခေါ်သံကို ကြားသောအခါ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မတ်တပ်ထရပ်လိုက်ကာ မဆိုင်းမတွဘဲ.....
"စိတ်မပူပါနဲ့ ....မင်းအတွက် ကျောက်စိမ်းနှလုံးသားကြာပန်းကိုသေချာပေါက် ယူပေးမယ်..."
ဒါဟာ လီဟုန်လိ အထင်ကြီးစေမည့် ရှားရှားပါးပါး အခွင့်အရေးဖြစ်သည်။
"ဟုန်လိ မင်းဒီကိစ္စကို သိပ်အလေးအနက်မထားဘူးလား....ကျောက်ဖန်းယန်ကိုလွှတ်လိုက်မလို့လား......"ဟု လီချင်းဖုန်း က နောက်ပြောင်လိုက်သည်။
လီဟုန်လိက ခပ်ဖွဖွပြုံးပြီး....
"မိန်းကလေးချင်ရိအတွက် တိုက်ပွဲဝင်ချင်တဲ့ ဖန်သားနတ်ဆိုးခန္ဓာအဆင့် သူရဲကောင်း မရှိတော့မှာကို စိုးရိမ်နေတာလား....."
အခြားတစ်ဖက်တွင်၊ ချင်ရိက ပေါ့ပေါ့ပါးပါး ရယ်မောကာ....
"ဖန်သားနတ်ဆိုးခန္ဓာအဆင့် ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးပါဘူး...ဒါက စိတ်ဝင်စားစရာ ပြပွဲလေးတစ်ခုသက်သက်ပါပဲ......"
ထိုအချိန်တွင် သူမ၏ မျက်လုံးများ တောက်ပလာပြီး သူမ၏ သွယ်လျသောလက်ကို လေထဲသို့ မြှောက်လိုက်သည်။ထိုအခါ မြစိမ်းရောင်လိပ်ပြာတစ်ကောင် သူမ၏လက်ချောင်းထိပ်တွင် ပေါ်လာပြီး ၎င်း၏အတောင်ပံများကို ညင်သာစွာခတ်လိုက်သည်။
"ဒါက ဝိညာဉ်ရှာလိပ်ပြာလို့ခေါ်တဲ့
ဉာဏ်ရည်ထက်မြက်တဲ့ ရုပ်သေးရုပ်လေးတစ်ရုပ်ပါ....ဒီလိပ်ပြာလေးနားတဲ့သူကို ကျွန်မအစား ကိုယ်စားလှယ်စေလွှတ်မယ်....အနိုင်အရှုံးက အရေးမကြီးဘူး...
ဒါကြောင့် စိတ်ပူနေစရာမလိုဘူး.."
သူမ၏ နူးညံ့သော အသံသည် တောင်ပေါ်မှ စီးဆင်းနေသော မြစ်တစ်စင်းလို ခံစားရပြီး ကြားရသူအပေါင်းကို ငြိမ်သက်အေးချမ်းစေသော ခံစားချက်ကို ယူဆောင်လာသည်။
"ဒါက ကြုံရာကျပန်း ရွေးလိုက်သလိုဖြစ်မနေဘူးလား?"
လီချင်းဖုန်းက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
လီဟုန်လိက ကျောက်ဖန်းယန်ကို ရွေးချယ်ခဲ့ပြီး ချင်ရိက ကျပန်းရွေးချယ်ခဲ့သည်။ ဒါဟာ ကျောက်ဖန်းယန်ကို ဆန့်ကျင်နိုင်မယ့်သူ ရှာတွေ့ဖို့ အလားအလာ မမြင့်မားပေ။
မည်သို့ပင်ဆိုစေကာမူ သူနားလည်ခဲ့သည်။ ချင်ရိသည် ကျောက်စိမ်းနှလုံးသား ကြာပန် ကို အမှန်တကယ်စိတ်မဝင်စားပေ။
ဒီတော့ သူက ပြုံးပြီး ခေါင်းညိတ်လိုက်သည
ထို့ကြောင့် ချင်ရိက သူမ၏လက်ကို ညင်သာစွာ မြှောက်လိုက်ရာ ဖန်ကဲ့သို့ ကြည်လင်ပြီး သိမ်မွေ့ပုံရသည့် သူမ၏ လက်ချောင်းများမှ အလင်းတန်းများ ထွက်ပေါ်လာသည်။
မြစိမ်းရောင်လိပ်ပြာ လေထဲသို့ပျံတက်သွားပြီး လူတိုင်းက ဂရုတစိုက်ကြည့်နေကြသည်။
သူတို့ထဲက အများစုက လိပ်ပြာလေး သူတို့ဆီ ဆင်းသက်မည်ဟု မျှော်လင့်ထားတာကြောင့် အကြည့်များ တောက်ပနေသည်။ ဒါက သူတို့ ချင်ရိအတွက် တိုက်ပွဲဝင်ပြီး ကြာပန်းကို ရယူဖို့ အဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေး ပေးစွမ်းနိုင်ပေသည်။
သူတို့သည် ချင်ရိ၏ အပြုံးကိုပင် မြင်နိုင်ပြီး သူတို့အတွက် နှစ်သက်ဖွယ်ကောင်းသော အထင်ကြီးမှုကို ချန်ထားခဲ့နိုင်သည်။
တဖြည်းဖြည်းနဲ့ လိပ်ပြာရုပ်သေး မောပန်းလာပြီး ဆင်းလာတော့မည်ဖြစ်သော်လည်း တစ်ယောက်ပြီးတစ်ယောက်ကို ကျော်ဖြတ်သွားကာ စိတ်ပျက်လက်ပျက် ညည်းတွားသံများ ထွက်ပေါ်လာသည်။
နောက်ဆုံးတော့ တစ်စုံတစ်ယောက်ရဲ့ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။
အားလုံးက ချက်ချင်းလှည့်ကြည့်ကာ ရလဒ်ကြောင့် အံ့ဩသွားကြသည်။
ထိုသူသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ တံခွန်ကိုင်လီလော့မှလွဲ၍ အခြားသူမဟုတ်ပေ။
လီချင်းဖုန်း သဤမြင်ကွင်းကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
တစ်ချို့က လီလော့ကို မနာလိုစွာ စိုက်ကြည့်နေကြသည်။
ဒီကောင် ကံကောင်းလှချည်လား......
ထိုအချိန်တွင် ချင်ရိသည်လည်း လီလော့ကိုကြည့်ကာ....
"ဝိဉာဉ်ရှာလိပ်ပြာက ကိုယ်စားလှယ်လောင်းကို ရွေးပြီးပြီ....ရှင် ကျွန်မအတွက် ပြိုင်ပွဲဝင်ပေးချင်လား"ဟု ခပ်တိုးတိုးပြောရင်း ရေကန်လို ကြည်လင်ပြတ်သားနေတဲ့ သူမရဲ့ လှပတဲ့ မျက်လုံးတွေထဲမှာ အရိပ်အမြွက်အချို့ ထွက်ပေါ်လာသည်။
သူမစကားမဆုံးခင် လီလော့က သူ့ရှေ့တွင်ရပ်နေသော လိပ်ပြာကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကို ဆန့်တန်း၍ ရိုက်ချလိုက်သည်။
ဝိညာဉ်ရှာလိပ်ပြာကို လီလော့ ရိုက်ချလိုက်သည်နှင့် အဆီပြန်အသားမည်းနေသော လူဝကြီးတစ်ယောက်က လိပ်ပြာကို အလျင်အမြန်လှမ်းဖမ်းလိုက်ပြီး....
"နတ်သမီး ချင်ရိ ငါ ကျေကျေနပ်နပ်ကြီး တိုက်ပွဲဝင်ပေးမယ်....!"
သို့သော် မည်သူမျှ သူ့ကို ဂရုမစိုက်ကြပေ။ လီလော့ကိုကြည့်ရင်း လူတိုင်း အံသြသွားကြသည်။
သူ့ကို ဒီလောက်ထိ တည့်တိုးဆန်မည်ဟု ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
ဒါဟာ ရေနတ်သမီးချင်ရိပေးခဲ့သည့် အခွင့်အရေးမဟုတ်ပေလော.....
ဒီကောင်က အဲဒါကို လုံးဝသဘောမပေါက်တဲ့အပြင် ရိုက်ချလိုက်သေးတယ်...
မိုက်မဲလိုက်တာ...ဘယ်လိုအရူးမျိုးလဲ.....