ငြင်းပယ်ခြင်း......
Vol. 59 Ch. 821
ရေကန်ဘေးရှိ သက်ဝင်လှုပ်ရှားနေသော လေထု ရုတ်တရက် တိတ်ဆိတ်သွားသည်။
ဤအဖြစ်အပျက်များကြောင့် လူတိုင်း ထိတ်လန့်သွားပြီး အားလုံးက လီလော့ကို ဗြောင်ကျကျ စိုက်ကြည့်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ ချင်ရိကို အထင်ကြီးလေးစားသူများသည် ဤမျှ အဖိုးတန်သော အခွင့်အရေးကို ငြင်းပယ်ခဲ့သည့်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။
လီဖန်းရိနှင့် လီလန်ယင်းတို့က လီလော့ကို ထူးဆန်းသော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။လီလော့၏အပြုအမူက ပိုးမွှားတစ်ကောင်ကို ရိုးရိုးရှင်းရှင်း သုတ်သင်လိုက်ပုံရသည်၊ သို့သော် လက်တွေ့တွင်၊ ၎င်းသည် ချင်ရိကို တိုက်ရိုက်ပုတ်ခတ်စော်ကားလိုက်သလိုပင်...
ဧကန်စင်စစ်၊ ဤမျှလောက် အံ့မခန်း ကျော်ကြားလှသည့် အလှနတ်သမီးက ဤသို့သော ရိုင်းစိုင်းမှုမျိုးကို တစ်ခါမျှ မမြည်းစမ်းဖူးသည်မှာ သေချာပါသည်။
ဒီအကြောင်းကို တွေးနေရင်းနဲ့ သူတို့စိတ်ထဲမှာ ကြည်နူးမှုလေးတွေ ပေါ်လာခဲ့သည်။ဒါတွေအားလုံးက မနာလိုစိတ်ကြောင့်ပင်.....
တစ်ဖက်တွင်၊ လီလော့သည် များစွာသော အကြည့်များကြားကို လျစ်လျူရှုထားသည်။အခြားသူများအားလုံး မျှော်လင့်စောင့်စားနေချိန် လီလော့ကတော့ ချင်ရိကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။
သူတို့၏ ယခင်မျိုးဆက်များမှ ရန်ငြိုးကြောင့် ချင်ရိ သူ့အကြောင်းကိုကောင်းကောင်းသိနေမည်ဟု လီလော့ ခံစားခဲ့ရသည်။ တကယ်တော့ သူမဟာ သူ့ပုံတူကို မြင်ဖူးတာ ဒါမှမဟုတ် သူ့ပုံသဏ္ဍာန်ကိုတောင် သိပြီးသားဖြစ်နေလိမ့်မည်။
ထို့ကြောင့် ဝိဉာဉ်ရှာလိပ်ပြာ သူ့အပေါ် ဆင်းသက်ရခြင်းသည် တိုက်ဆိုင်မှုမဟုတ်ပေ။ သို့သော် ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို နားလည်ရန်ခက်ပေသည်။
ချင်ရိက သူ့ကို ဖော်ထုတ်ဖို့ ကြိုးစားနေတာလား.........
သူမ၏ အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ လီလော့ သူမ၏ဆန္ဒကို မလိုက်နာချင်ခဲ့ပေ။ သူမအတွက် တိုက်ပွဲဝင်ပြီး ကြာပန်းကို ရယူဖို့မျှော်လင့်နေခြင်းမှာ အိမ်မက်မက်နေခြင်းသာဖြစ်ပေလိမ့်မည်။
အခြားသာမန်ယောက်ျားလေးများသာဆိုလျှင် သူမ ခြေတော်ရင်းဝပ်တွားခစားကြပေလိမ့်မည်။ သို့သော်၊ သူမသည် ဤအချိုးမျိုးကို လီလော့အပေါ် အလုပ်ဖြစ်မည်ဟု မျှော်လင့်ပါက သူမကိုယ်သူမ အထင်ကြီးလွန်းသည်ဟုသာ ပြောနိုင်သည်။
အမျိုးမျိုးသောအဖွဲ့ခွဲများမှ လူငယ်အချို့က လီလော့၏ ရိုင်းစိုင်းသောအပြုအမူအတွက် ပြစ်တင်ဝေဖန်ခြင်းမပြုမီ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လီချင်းဖုန်း ပင်လျှင် မျက်မှောင်ကြုတ်ပြီး.....
"တံခွန်ကိုင်လီလော့....မင်းပါဝင်ချင်စိတ်မရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်.... မင်းဘာလို့ဒီလောက်ရိုင်းရိုင်းပြရတာလဲ"
လီလော့က တောင်းပန်တဲ့ အပြုံးနဲ့ ......"တောင်းပန်ပါတယ် ငါသောက်တာ အရမ်းများသွားပြီ..... ငါ့ရှေ့မှာ ညစ်ပတ်နေတဲ့ အရာတစ်ခု ရှိနေတယ်လို့ ထင်ပြီး ပေါ့ပေါ့ပါးပါး ရိုက်ပစ်လိုက်တာ....."
လီချင်းဖုန်း က သူ့ကို စိုက်ကြည့်နေသည်။ထုံးစံအတိုင်း၊ ဤသည်မှာ အကြောင်းပြချက်တစ်ခုမျှသာဖြစ်ကြောင်း သူနားလည်ခဲ့သည်။ ယခင်မျိုးဆက်ရှိ မိသားစုနှစ်စုကြား မကျေလည်မှုများကို သိရှိထားသောကြောင့် လီလော့၏ တုံ့ပြန်မှုက နားလည်ရခက်လွန်းလှသည်။
ထို့အပြင် ချင်ရိ အဘယ်ကြောင့် လီလော့ ကို ရွေးချယ်ခဲ့သနည်း.... သူမဘာလုပ်ဖို့ကြိုးစားနေတာလဲ.....
ဒါကိုတွေးရင်း လီချင်းဖုန်းက ချင်ရိ ဘက်လှည့်ကြည့်လိုက်တော့ လီလော့ရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကြောင့် မျက်စိမျက်နှာပျက်နေတာကို သတိထားမိလိုက်သည်။ ဒါက သူမအတွက် ပထမဆုံးဖြစ်ပေမည်။ မည်သို့ပင်ဆိုစေ တွေ့ဖူးသမျှ ယောက်ျားတိုင်းက သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကြောင့် နွေးထွေးယဉ်ကျေးစွာ ဆက်ဆံကြစမြဲပင်....
မည်သို့ပင်ဆိုစေကာမူ ချင်ရိသည် သာမန်မိန်းကလေးမဟုတ်သောကြောင့် မကြာမီ အမူအရာပြင်နိုင်ခဲ့သည်။သူမက ရေကန်ကဲ့သို့ ကြည်လင်သော အပြာဖျော့ဖျော့မျက်လုံးများဖြင့် လီလော့ကို တိုက်ရိုက် စိုက်ကြည့်နေသည်။ သူမသည် အမျိုးသားအများစု၏ နှလုံးသားကို တဖျပ်ဖျပ်ခတ်သွားစေမည့် အပြုံးကို ထုတ်ဖော်ပြသကာ ....
"ရှင့်နာမည် ဘယ်လိုခေါ်လဲ...... "
လီလော့က သူမကို တစ်ချက်ကြည့်လိုက်ပြီး...... "ကျုပ်က နဂါးစွယ်ကလန်ရဲ့ အစိမ်းရောင်နယ်သာ တံခွန်ကိုင် လီလော့ ...."
"ဒါဆို ရှင်က တံခွန်ကိုင်လီလော့ပေါ့..."
ချင်ရိက မတောင်းပန်ခင်မှာ ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြပြီး....
"ဝိဉာဉ်ရှာလိပ်ပြာက လူတွေဆီ ကြုံသလို ပျံသန်းနေတော့ ရှင့်အတွက် အဆင်မပြေဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်.....ဒါပေမယ့် ကြာပန်းရဖို့အတွက် ကူညီပေးမယ့် သူငယ်ချင်းတစ်ယောက်လိုနေတယ်..... ကံကြမ္မာအရ
ရှင့်ကိုရွေးချယ်ခဲ့တဲ့အတွက် ရှင် ကျွန်မကို ကူညီပေးမှာလား....."
သူမ၏ လှပသောမျက်လုံးများက လီလော့ကို ရိုးသားစွာ ကြည့်နေသည်။ ဒီမြင်ကွင်းက ယောက်ျားလေးတော်တော်များများ အသည်းကွဲပြီး လီလော့ကို မျက်မုန်းကျိုးနေကြသည်။
သို့သော်လည်း လီလော့က ရယ်ရင်း ခေါင်းခါလိုက်သည်။
"တောင်းပန်ပါတယ် ဒီနေ့ည အရက်သောက်တာများသွားပြီ....ဒါကြောင့်မို့ မိန်းကလေးချင်ရိအတွက် တိုက်ပွဲဝင်ဖို့ မကူညီနိုင်တော့မှာစိုးရိမ်တယ်..."
ဒီတစ်ခါတော့ လူအုပ်ကြားထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သည်။ ကောင်းကင်နဂါးကလန်ငါးခုမှ လူငယ်အချို့က သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့်....
"လီလော့....မိန်းကလေးချင်ရိက ဧည့်သည်တစ်ယောက်ပါ....ဒါက သေးငယ်တဲ့ တောင်းဆိုမှုတစ်ခုပဲလေ...ဘာလို့ မကူညီနိုင်ရတာလဲ... " ဘာကြောင့်လဲ။ သူ့ကို ဆက်ငြင်းရမှာလား"
"ဒါကို တခြားသူတွေကသာ မြင်ရင်၊ ကောင်းကင်ဧကရာဇ်လီရဲ့ သွေးမျိုးဆက်တွေကို အိမ်ရှင်မပီသဘူးလို့ အပြစ်တင်ကြလိမ့်မယ်...."
"ဟုတ်တယ်...."
"မင်း ကျောက်ဖန်ယင်းကို မနိုင်မှန်းသိနေလို့လား....သေချာရှင်းရှင်းလင်းလင်းပြော...."
လူအုပ်ကြီးထံမှ မကျေနပ်ချက်များကိုကြားနေရသော်လည်း လီလော့က ဘာမှ မပြောပေ။ အဲဒီအစား သူ့ဘေးမှာရပ်နေတဲ့ လီဖန်းရိက လူတိုင်းကို စူးစိုက်ကြည့်ရင်း မျက်ခုံးပင့်ကာ....
"သူ စိတ်မဝင်စားဘူးလို့ ပြောထားပြီးသားပဲ.... ဘာလို့ သူ့ကို အတင်းအကြပ်တောင်းဆိုနေကြတာလဲ... လူတိုင်းကို နင်တို့လို ချောချောလှလှမြင်တိုင်း နွားသိုးကြိုးပြတ်ဖြစ်နေမယ်ထင်နေတာလား...."
"ဟုတ်တယ်....အစွမ်းအစရှိရင် ကိုယ်တိုင်ကြိုးစားကြပေါ့... အခြားသူတွေကို ပုတ်ခတ်မနေနဲ့..."
လီလန်ယင်းက ထောက်ခံပြီး အော်ပြောခဲ့သည်။ လွန်ခဲ့သည့်အခိုက်အတန့်တွင် ရန်ဖြစ်နေကြသော်လည်း အရေးကြီးသောအချိန်များတွင် သူမ၏အချစ်ဆုံးသူငယ်ချင်းကို ပံ့ပိုးပေးရမည်သာ....
ဘေးနားမှ ဧည့်သည်များက ဒေါသထွက်လာပြီး ခဏတာ စကားပင် မပြောနိုင်ပေ။
ထိုအချိန်တွင် ချင်ရိသည် သူမ၏ ချစ်စရာကောင်းသော မျက်နှာကို အနည်းငယ် မော့လိုက်သည်။ သူမ၏ အသားအရေသည် ရေအိုင်ပေါ်မှ ရေလှိုင်းများကဲ့သို့ နူးညံ့နေပြီး အနည်းငယ် ဖျစ်ညှစ်လိုက်လျှင် သူမ၏ လှပသော အသားအရေမှ ရေများ စီးဆင်းသွားမည်ဟုပင်ထင်ရသည်။ သူမရဲ့ နှုတ်ခမ်းနီရဲရဲတွေကို ခပ်ဖွဖွ ကိုက်ရင်း...
“ကျွန်မ ကံကြမ္မာကို ယုံကြည်တယ်... တံခွန်ကိုင်လီလော့ကို ဝိညာဉ်ရှာလိပ်ပြာက ရွေးချယ်လိုက်တာကလည်း ကံကြမ္မာကြောင့်ပါပဲ.... အဆင်မပြေဘူးဆို ကြာပန်းအတွက် ပြိုင်ပွဲမှာ ဝင်မပါတော့ဘူး...."
ဒီစကားကိုပြောပြီးတာနဲ့ လူအုပ်ကြီးထဲကနေ စိတ်ပျက်လက်ပျက်ညီးတွားသံများထွက်ပေါ်လာသည်။ နောက်ဆုံးတော့၊ ဒီတိုက်ပွဲက ဒီနေ့ပွဲရဲ့ အထွတ်အထိပ်ပင်....
ယင်းကြောင့် လူအများက သူ့အပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။
ထိုအချိန်တွင် လီချင်းဖုန်းလည်း မျက်မှောင်ကြုတ်သွားသည်။ သူသည် ယနေ့ အခမ်းအနားအတွက် အဓိကအိမ်ရှင်ဖြစ်ခဲ့သည်။ ဒီအတိုင်းသာ ပြီးဆုံးသွားရင်တော့ မျက်နှာပျက်ရပေမည်။
တစ်ဖက်တွင်၊ လီလော့သည် လရောင်အောက်က ချင်ရိ၏ စွဲမက်ဖွယ်ကောင်းသောမျက်နှာကို တချက်မော့ကြည့်လိုက်သည်။ ဒါဟာ တကယ်ကို စွဲမက်စရာပင်.... သို့သော်လည်း ချင်ရိက သူ့ကို တမင်တကာ ရွေးခဲ့တာလို့ ခံစားနေရဆဲပင်.....
တကယ်တော့ သူမသည် ဧည့်ခံပွဲဖိတ်ကြားမှုကို သူ့ကြောင့်သာ သဘောတူခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ဟုတ်ပါတယ်၊ ဒါက သူ့ရဲ့ ရုပ်ရည်ကြောင့် မဟုတ်ဘဲ သူတို့မိသားစုနှစ်ခုကြားက ရန်ငြိုးဖွဲ့မှုတွေနဲ့ ရှုပ်ထွေးတဲ့သမိုင်းကြောင်းကြောင့်သာ ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မှန်းဆချက်တစ်ခုမျှသာ ဖြစ်သည်။ လီလော့မှာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာအထောက်အထားမှ မရှိပေ။
သူက ပြုံးပြုံးရွှင်ရွှင်နဲ့ .....
" မိန်းကလေးချင်ရိက ကျုပ်ကိုလှုပ်ရှားစေဖို့ တကယ် ဆန္ဒရှိပုံပဲ "
ချင်ရိက ချိုသာစွာပြုံးပြီး "ဝိညာဉ်ရှာလိပ်ပြာရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ လေးစားပါတယ်"
လီလော့က သူ့မေးစေ့ကို ပွတ်သပ်ပြီး.....
" မင်းက ကျုပ်တို့ဧည့်သည်ဆိုတော့ အကူအညီလိုရင် ငြင်းစရာအကြောင်းမရှိဘူး၊ ဒါပေမယ့် ကျူပ်မှာ စေ့စပ်ထားတဲ့မိန်းကလေးရှိတယ်.... သူက မင်းထက်လည်း ပိုလှတယ်.. ကျုပ် မင်းကို အကြောင်းပြချက်မရှိဘဲ ကူညီပေးရင် သူ့ကို ဘယ်လို ရှင်းပြရမလဲ"
ထိုစကားကြောင့် လူအုပ်ထဲကနေ ရယ်မောသံများထွက်ပေါ်လာသည်။
လီလော့မှာ ပိုကောင်းတဲ့အကြောင်းပြချက်ကို မရှိတော့ဘူးလား.... စေ့စပ်ထားသူတဲ့? ပြီးတော့ သူမက နတ်သမီးချင်ရိ ထက် ပိုလှတယ်လို့တောင် ပြောလိုက်သေးတယ်....
ဤလူသည် ပြင်ပနတ်ဘုရားတိုက်ကြီးမှ မဟုတ်လော။ ဒီလိုဖုန်းဆိုးမြေမှာ နတ်သမီးချင်ရိလို စွဲမက်ဖွယ်ကောင်းတဲ့ အလှကို ဘယ်လိုရှာတွေ့ခဲ့သလဲ....
လူတိုင်း ရယ်မောနေကြစဉ် ချင်ရိက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ...
"နားလည်ပါတယ်... ကျွန်မ မဆင်မခြင်တောင်းဆိုလိုက်မိသလိုဖြစ်သွားတယ်....."
ဒီအချိန်မှာ လီလော့က....
"ဒါပေမယ့် မိန်းကလေးချင်ရိသာ အမှန်တကယ်အကူညီလိုတယ်ဆို ကူညီပေးနိုင်ပါတယ်..."
ဒါကလူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။ ဒီတော့ လီလော့က နတ်သမီးချင်ရိရဲ့ နှလုံးသားထဲမှာ အထင်ကြီးလောက်စရာအမှတ်တရတွေ ချန်ထားခဲ့ဖို့ မျှော်လင့်ရင်း ဒီအရာအားလုံးကို ရဖို့အတွက် ခက်ခက်ခဲခဲ ကစားနေခဲ့တာလား.......
ဒါကိုကြားတော့ နတ်သမီးချင်ရိရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမက....
"တကယ်လား?"
လီလော့ ခေါင်းညိတ်လိုက်သည်။ လူတိုင်း၏အကြည့်အောက်တွင် သူသည် လက်တစ်ချောင်းကိုထုတ်ပြကာ တောက်ပစွာပြုံးပြလိုက်သည်။
"ဆယ်သန်း...."
တစ်ဖန် လူတိုင်းက သူ့ကြောင့် အံ့အားသင့်သွားကြသည်။ လူရည်လာ်သော ချင်ရိတောင် သူ့စကားကြောင့် အူလည်လည်ဖြစ်နေရှာသည်။
တူညီသောမေးခွန်းတစ်ခု လူတိုင်း၏စိတ်ထဲမှာ ပေါ်လာသည်။
ဒီကောင် ဘာကောင်လဲ...အကူညီပေးတဲ့အတွက် အခကြေးငွေတောင်းနေတာလား.....