← Chapters

အစနှင့်အဆုံး

Vol. 59 Ch. 822

အစနှင့်အဆုံး

Vol. 59 Ch. 822

လီလော့၏ ရုတ်တရက် တောင်းဆိုမှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး စိတ်ရှုပ်ထွေးသွားရသည်။ လူငယ်တွေရဲ့အမြင်မှာတော့ ချင်ရိအတွက် တစ်ခုခုလုပ်ပေးနိုင်တာက ဘယ်တော့မှ နောက်ထပ် မရနိုင်တော့တဲ့ အံ့ဖွယ်ကောင်းချီးတစ်ခုပင်....

လီလော့က သူမ၏ စေတနာကို ငြင်းပယ်ရန် ကြုံရာကျပန်း ဆင်ခြေမျိုးစုံနှင့်ငြင်းဆန်ခဲ့ပြီး နောက်ဆုံးတော့ ပိုက်ဆံပါတောင်းနေပြီ......

ထို့အပြင်၊ ၎င်းသည်သေးငယ်သောပမာဏမဟုတ်ပေ။

မကောင်းကင်ရွှေဆယ်သန်းသည် ကြီးမားသော ပမာဏဖြစ်သည်။

ထျန်းယွမ်တိုက်ကြီး၌ပင် ဤပမာဏသည် မြို့စားအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ငှားရမ်းနိုင်သော ပမာဏဖြစ်သည်။

လီလော့သည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် တွင်သာရှိသောကြောင့် သူဘာကြောင့်ထိုကဲ့သို့သောစျေးနှုန်းကိုတောင်းခံနေရသနည်း......

ဤသည်မှာ ပြောင်ပြောင်တင်းတင်းအမြတ်ထုတ်နေခြင်းပင်.....

သူ ဒုက္ခရောက်အောင် ကြိုးစားနေသည်မှာ ထင်ရှားနေပြီဖြစ်သည်။

မရေမတွက်နိုင်သော ထူးဆန်းသော အကြည့်များနှင့် ရင်ဆိုင်ရသော်လည်း လီလော့ကတော့ ခပ်အေးအေးပင်.... သူ့ရဲ့ ကျိုးကြောင်းဆီလျော်မှု မရှိသော တောင်းဆိုချက်မှာ သူ့ကို အကြပ်ရိုက်အောင်အတင်းအကြပ်ကြိုးစားနေသည့် ချင်ရိအတွက် သူမ၏ ကန့်သတ်ချက်ကို သိမြင်ရန် တုံ့ပြန်လိုက်ခြင်းပင်.....

သာမာန်အားဖြင့်ပြောရလျှင် ဤတောင်းဆိုမှုမျိုးသည် သာမန်လူတစ်ဦးအတွက် စိတ်ဆိုးပြီး ဒေါသထွက်စေနိုင်သည်။

အကယ်၍ ချင်ရိသာ လီလော့ကို ထိုသို့သော အခြေအနေမျိုး၌ပင် အကူညီတောင်းရန် ဆန္ဒရှိနေပါက ဖြစ်လာမည့်ပြသာနာအချို့ကို ခပ်ပါးပါး အရိပ်အမြွက်ပြလိုက်ခြင်းပင်....

လီလော့က ချင်ရိကို စူးစိုက်ကြည့်နေပြီး သူမ၏ လှပသော မျက်နှာလေး ရှုံ့တွနေကာ....

"တံခွန်ကိုင်လီလော့...ရှင် နောက်နေတာလား?"

ချင်ရိ အနည်းငယ် ဒေါသထွက်နေပုံရသည်ကို မြင်လိုက်ရသောအခါ လီချင်းဖုန်းက သူမကို အမြန်နှစ်သိမ့်လိုက်သည်။

"မိန်းကလေးချင်ရိ...ဒေါသမထွက်ပါနဲ့.... လီလော့က ပြင်ပနတ်ဘုရားတိုက်ကြီးကနေ ပြန်ရောက်တာသိပ်မကြာသေးဘူးဆိုတော့ သူ့စိတ်နေစိတ်ထားက နည်းနည်းရိုင်းစိုင်းတယ်......"

လီလော့သည် သူမ၏ကိုယ်ပိုင်လက္ခဏာကို ရှင်းရှင်းလင်းလင်းသိနေသည့်တိုင် အကူညီတောင်းခြင်းကို ငြင်းဆိုခြင်းသည် ယခင်မျိုးဆက်များ၏ မကျေနပ်ချက်များနှင့် ဆက်စပ်နေရမည်ဖြစ်သည်။ သူတို့ကြားမှာ စာနာထောက်ထားစရာအကြောင်းပြချက်မရှိပေ။

ချင်ရိ၏ ကျောက်စိမ်းနှင့်တူသော လှပသည့် မျက်နှာထား အေးစိမ့်လာသည်။ လီချင်းဖုန်း ၏ စကားကို လုံးဝ လျစ်လျူရှုပြီး လီလော့ကို ဒေါသတကြီး စိုက်ကြည့်ရင်း ဒေါသကြောင့် ရွှေရင်အစူံ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။

ဤမြင်ကွင်းကြောင့် မရေမတွက်နိုင်လူငယ်များ၏ နှလုံးသားထဲတွင် နာကျင်မှုဝေဒနာ ခံစားလာရပြီး လီလော့ကို ဦးတည်သည့် မကျေနပ်မှု ခံစားချက်များကို ဖန်တီးပေးခဲ့သည်။

"တံခွန်ကိုင်လီလော့က ကျွန်မကို လူမိုက်လုပ်စေချင်နေတာဆိုတော့... အဆုံးထိသွားကြတာပေါ့.... ကောင်းကင်ရွှေဆယ်သန်းက မနည်းပေမယ့် ကျွန်မမှာ စုဆောင်းထားတာတွေ ရှိလို့ ရှင့်ကိုပေးမယ်...ဒီည ကျွန်မအတွက် တိုက်ခိုက်ပေးပါ...."ဟု ချင်ရိက အေးစက်စွာ ပြန်ပြောလိုက်သည်။

ထိုစကားကြောင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ချင်ရိ က လီလော့တောင်းသည့် ပမဏပေးမည်ဟု ဘယ်သူ မျှော်လင့်ထားမည်နည်း.....

နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့် တစ်ယောက်ယောက်ကို တိုက်ခိုက်ခိုင်းဖို့ မကောင်းကင်ရွှေဆယ်သန်းပေးရမယ်..? အားလုံးက နတ်သမီးချင်ရိကို သဘောကျတဲ့အချက်ကြောင့်ငါ မဟုတ်ရင် လီလော့အပေါ် ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲသံတွေ ထွက်လာနိုင်ပေသည်။

"နတ်သမီးချင်ရိ... လီလော့ကြောင့် အကုန်ကျခံနေစရာမလိုဘူး...."

"မင်းသာဆန္ဒရှိ​ရင်​ တောင်းဆိုလိုက်ရုံနဲ့ ငါတို့အစွမ်းကုန်​ကြိုးစားပေးမယ်!"

လူအများအပြားသည် ဤအခွင့်အရေးကို အသုံးချ၍ လူစွမ်းကောင်းလုပ်ဖို့ကြိုးစားနေကြည်။ သူတို့မြင်လိုက်ရသည့်အတိုင်း ချင်ရိသည် လီလော့၏ လုပ်ရပ်ကြောင့် သိသိသာသာ စိတ်ဆိုးနေပြီဖြစ်သည်။

ထို့အပြင် ထိုလူယုတ်မာသည် အမှန်ပင် သူမအား မျက်နှာသာမပေးခဲ့ပေ။

သူမ နေရာတွင် မည်သူမဆို ဒေါသဖြစ်လိမ့်မည်။

ချင်ရိက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ သူမ၏ လှပသော မျက်နှာလေး တင်းမာသွားခဲ့သည်။ သူမလက်ကို မြှောက်ပြီး ပွတ်ဆွဲလိုက်တော့ ခရမ်းရောင်သလင်းကျောက်ဖြင့်ပြုလုပ်ထားသော ကတ်တစ်ကတ်ပေါ်လာပြီး လီလော့ ဆီသို့ ပေးပို့လိုက်သည်။ အနီးကပ်ကြည့်လိုက်တော့ ရွှေနဂါးဘဏ်ရဲ့ အမှတ်အသားနဲ့ အလှဆင်ထားတဲ့ သလင်းကျောက်ကတ်တစ်ခုဖြစ်နေသည်။

"ဒါက ရွှေနဂါးဘဏ်ရဲ့ ရွှေနဂါးကတ်ပါ....ဒီကတ်နဲ့ ကောင်းကင်ရွှေဆယ်သန်း ထုတ်ယူလို့ရတယ်...."

သူမ၏ ယခင်က နူးညံ့သိမ်မွေ့သော အသံသည် ယခုအခါ အေးစက်နေပြီဖြစ်သည်။

ဒါကို မြင်တော့ ထိတ်လန့်သွားပြီး ခါးသီးစွာ ပြုံးလိုက်ကြသည်။ နတ်သမီးချင်ရိ ဤမျှ စိတ်အားထက်သန်စွာ ပြုမူမည်ဟု မမျှော်လင့်ခဲ့ပေ။

လီလော့က ရွှေနဂါးကတ်ကို ညင်သာစွာ ပွတ်သပ်ကာ သူ့အမူအရာ ငြိမ်သက်သွားသည်။ သို့သော် ကျန်သူများ မသိလိုက်ခင် သူ့အကြည့်များ တခဏတာ တုန်လှုပ်သွားသည်။ ချင်ရိသည် သူမျှော်လင့်ထားသည်ထက် ပိုမိုပြင်ဆင်လာခဲ့သည်။

ထိုအချိန်တွင် သူမသည် သူ့ကို ပစ်မှတ်ထားရန် ကြိုးစားနေသည်မှာ သေချာသွားပြီဖြစ်သည်။

သူ့အတွက် ကျောက်စိမ်းနှလုံးသားကြာပန်းမျိုးစေ့များရရှိရန် ကြီးမားသော ပမာဏဖြစ်သော ကောင်းကင်ရွှေ ဆယ်သန်း အကုန်အကျခံခဲ့သည်။ ဤသည်မှာ ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦး၏ အမှတ်အသား ဖြစ်သည်မှာ သေချာပါသည်။

လူအုပ်ကြီး၏ရှုပ်ထွေးသောအကြည့်များရှေ့သို့ ထွက်လာရင်း ဖြစ်နိုင်ခြေများကိုတွေးတောနေမိခဲ့သည်။

"အခု အခကြေးငွေ ပေးချေပြီးပြီဆိုတော့ လှုပ်ရှားပေးရတော့မှာပေါ့....."

"မိန်းကလေးချင်ရိက ကျုပ်ကိုစေတနာထားပြီးယုံကြည်ဖို့ ပေးဆောင်ဖို့ ဆုံးဖြတ်ထားတာကြောင့် ရိုက်ချက်တစ်ချက်တည်းနဲ့အဆုံးသတ်ပေးမယ်...."

ချင်ရိ၏ မျက်နှာသည် ယခုအခါ ရေခဲကဲ့သို့ အေးစက်နေပြီး လီလော့ကို ဘာမှပြန်မပြောတော့ပေ။ ရှင်းနေသည်မှာ သူမ စိတ်ဆိုးနေသေးသည်။

လီလော့သည် လီချင်းဖုန်းနှင့်လီဟုန်လိတို့ကို မော့ကြည့်လိုက်ပြီး ရေကန်ရှေ့သို့ပေါ့ပေါ့ပါးပါး လျှောက်လာကာ...

"စဖို့အချိန်တန်ပြီလား?"

လီချင်းဖုန်း မသိမသာမဲ့ရွဲ့လိုက်သည်။ တစ်ညလုံး လီလော့ကြောင့်သာ ဝရုန်းသုန်းကား ဖြစ်ခဲ့ရသည်။ သူဘယ်လိုပြန်ဖြေရမှန်းပင်မသိတော့ချေ။

လီဟုန်လိက အေးစက်စက်ပြုံးလိုက်ပြီး....

"ပြင်ပနတ်ဘုရားတိုက်ကြီးမှာ နင်တတ်ကျွမ်းလာတဲ့ပညာတွေက တခြားသူတွေဆီကနေ ငွေညှစ်ဖို့ ကြိုးစားတဲ့နည်းလမ်းတွေပဲလား.....နင် တော်တော်ဆင်းရဲမွဲတေနေတဲ့ပုံပဲ....."

"အသက်မွေးဝမ်းကြောင်းပြုဖို့ ငါ့အရည်အချင်းကို အားကိုးတာ ရှက်စရာ ဘာမှမရှိဘူး" လို့ လီလော့က အံကြိတ်ပြီး ပြန်ဖြေလိုက်သည်။

လီဟုန်လိက လီလော့၏အရေထူမှုကြောင့် အံ့အားသင့်နေပြီး ကျောက်ဖန်ယင်းဘက်သို့လှည့်ကြည့်ကာ....

"ဖန်ယင်း...ခရမ်းသွေးတံခွန်ကို မျက်နှာမပျက်စေနဲ့....."

သူမ၏စကားများထဲတွင် လီလော့အပေါ် မည်သည့်ကရုဏာကိုမျှ မပြသခဲ့ပေ။

ကျောက်ဖန်ယင်း ရှေ့သို့လှမ်းလာပြီး လီလော့ အနားတွင် ရပ်လိုက်သည်။

"တံခွန်ကိုင်လီလော့.... မင်း ကျုံးလင်ကို အနိုင်ယူခဲ့ပေမယ့် မင်းငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး...."

လီလော့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းသာတဲ့လေသံနဲ့ .....

"မာန်ဖီလွန်းတဲ့ခွေးတိုင်း အဆုံးသတ်မကောင်းဘူး....."

ဤမှတ်ချက်ကြောင့် ကျောက်ဖန်ယင်း ချက်ချင်းဒေါသထွက်သွားသည်။

ဒီကောင် အတော်အပြောပက်စက်တာပဲ.... ပုံမှန်ဆို ယဉ်ကျေးသိမ်မွေ့တတ်တဲ့ နတ်သမီးချင်ရိတောင် ဒီကောင်ကြောင့်ဒေါသထွက်နေတာ အံ့သြစရာမဟုတ်တော့ဘူး.....

ကျောက်ဖန်ယင်းက အံကြိတ်ကာ....

"အစားကိုကုန်အောင်စား...စကားကိုကုန်အောင်မပြောနဲ့..... မင်းရဲ့အရေထူနေတဲ့မျက်နှာဖုံးကို ရအောင်ခွာချပြမယ်...."

လီလော့က စိတ်မကောင်းဖြစ်နေဟန်နှင့်ခေါင်းယမ်းလိုက်သည်။ဒါဟာ သူ့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို အပျက်သဘောဆောင်တဲ့ အထင်အမြင်လွဲမှားမှုတွေ ခံခဲ့ရသလိုပင်...

လီချင်းဖုန်း လည်း အလားတူပင် ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည်။

"ပုံမှန်စည်းမျဉ်းစည်းကမ်းတွေအရ မင်းတို့ခြေထောက်တွေ ရေမျက်နှာပြင်ကို ထိလိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြာရွက်ဆီမရောက်အောင် တားဆီးဖို့ လိုအပ်တဲ့ နည်းလမ်းတစ်ခုခုကို အသုံးချနိုင်တယ်....ဘယ်သူမဆို ရေထဲကို ပြုတ်ကျရင် အရည်အချင်းမရှိဘူးလို့ သတ်မှတ်ခံရမယ်.... နှစ်ဘက်စလုံး တပြိုင်နက်တည်း ကြာရွက်ဆီကို ရောက်သွားခဲ့ရင် တိုက်ပွဲဝင်ရမယ်.... အောင်မြင်သူကသာ ကြာပန်းကို ရရှိနိုင်မယ်...."

ထို့နောက် ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး ရေကန်ထဲသို့ ပစ်ချလိုက်သည်။

"ဒီကျောက်တုံး ရေကန်ထဲကို ရောက်သွားတာနဲ့ ကြာပန်းတိုက်ပွဲ စတင်ပြီ....."

အချိန်တွေ ရပ်တန့်သွားသလို လူတိုင်းက ပြုတ်ကျနေတဲ့ ကျောက်တုံးပေါ်မှာ အာရုံစိုက်နေကြသည်။ စက္ကန့်အနည်းငယ်အကြာတွင်၊ ရေကန်ထဲသို့ ကျောက်တုံးပြုတ်ကျကာ အားလုံးတိတ်ဆိတ်ကုန်ကြသည်။

ထိုအချိန်တွင် လီလော့ နှင့် ကျောက်ဖန်ယင်းတို့ နှစ်ဦးစလုံးထံမှ ပဲ့တင်ထပ်သံစွမ်းအား ပေါက်ကွဲသံများ ထွက်လာသည်။

လီလော့၏ ခြေဖဝါးအောက်တွင် လျှပ်စီးကြောင်းကို မြင်တွေ့နိုင်သည်။ သူသည် မိုးကြိုးပညာရပ်အကူအညီဖြင့် မီတာဆယ်ချီအကွာကို တိုက်ရိုက်ခုန်ကူးနိုင်ခဲ့သည်။

တစ်ဖက်တွင် ကျောက်ဖန်ယင်းသည် လေပြင်းသဖွယ်မြန်ဆန်လှပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးလုံး တောက်ပနေကာ ဖန်သားနတ်ဆိုးခန္ဓာအဆင့်သို့ရောက်ရှိကြောင်း သက်သေပြနေသည်။

သူတို့နှစ်ဦး အထွတ်အထိပ်သို့ရောက်အောင် အရှိန်မြှင့်ခဲ့ကြပြီး ရေကန်၏မျက်နှာပြင်တစ်လျှောက် လျင်မြန်စွာပြေးလွှားနေကြသည်။

စွဲမက်ဖွယ်ကောင်းသည့်အချက်မှာ ကျောက်ဖန်ယင်းက အသာစီးရနေခြင်းဖြစ်သည်။ သူ၏ ဖန်သားနတ်ဆိုးခန္ဓာအဆင့်၏ ခွန်အားကြောင့် သဘာဝစွမ်းအင်များ သူ့ထံ အဆက်မပြတ် တိုးဝင်လာပြီး ရေလွှမ်းမိုးမှုကဲ့သို့ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်လာသည်။

ဤသည်မှာ ဖန်သားနတ်ဆိုးခန္ဓာအဆင့်အဆင့်သို့ရောက်ရှိခြင်း၏ အားသာချက်ဖြစ်သည်။

၎င်းသည် ရွှေနတ်ဆိုးခန္ဓာအဆင့်နှင့် မယှဉ်နိုင်သော ခိုင်ခံ့သောအခြေခံအုတ်မြစ်ကို ဖန်တီးထားသည်။

သို့သော် လူတိုင်းအံ့အားသင့်သွားသည်မှာ လီလော့ထံမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံ စွမ်းအားများက ကျောက်ဖန်ယင်းနှင့် အညီအမျှ အားကောင်းနေခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် ကြီးမားကျယ်ပြန့်သော ရေကန်ကိုဖြတ်၍ အလယ်ဗဟိုရှိ ကြာပန်း ဆီသို့ တည့်တည့် ဦးတည်သွားကြသည်။

လူတိုင်း၏ အာရုံစူးစိုက်မှု အကြည့်များက ၎င်းတို့အပေါ်တွင် စွဲမြဲနေခဲ့သည်။

လီချင်းဖုန်းက ချင်ရိ ဘက်သို့ လှည့်ကြည့်လိုက်ပြီး.... "လီလော့က နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်မှာပဲရှိသေးပေမယ့် သူ့ခန္ဓာကိုယ်ထဲက ပဲ့တင်ထပ်သံ နန်းတော်သုံးခုရဲ့အကူအညီနဲ့ တံခွန်ကိုင်ရွေးချယ်ပွဲမှာ ကျူံးလင်ကို အနိုင်ယူခဲ့တယ်...အချိန်အတိုင်းအတာတစ်ခုအထိပဲ အင်အားအပြည့်သုံးနိုင်တာကတော့ စိတ်မကောင်းစရာပဲ..... "

သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လီလော့ကို သနားနေပုံရသည်။ ချင်ရိ၏ လှပသော မျက်လုံးများသည် လီလော့ကိုသာ အာရုံစိုက်နေခဲ့သည်။ ပဲ့တင်ထပ်သံသုံးခု? ၎င်းသည် အမှန်တကယ် ရှားပါးပြီး သူမ၏ အဆင့်ကိုး ရေပဲ့တင်သံထက် မပျော့ပေ။ လီလော့သည် ထျန်းယွမ်တိုက်ကြီးရှိ ပါရမီရှင်များကြားတွင်ပင် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရနိုင်သည်။

လီဟုန်လိက ချင်ရိအား ပြုံးပြလိုက်ပြီး....

"လီလော့က ပဲ့တင်ထပ်သံသုံးခုစွမ်းအားကို အရှိန်မြှင့်ဖို့ သုံးပြီး ကျောက်ဖန်ယင်းကို ခေတ္တယှဉ်ပြိုင်နိုင််လိမ့်မယ်...ကံဆိုးတာက အခြေခံအုတ်မြစ် ချို့တဲ့နေတာကြောင့် ကျောက်ဖန်ယင်းကို အနိုင်ယူနိုင်မှာမဟုတ်ဘူး....မိန်းကလေးချင်ရိ...ရှင်ရဲ့ကောင်းကင်ရွှေဆယ်သန်းကို ဖြုန်းတီးပစ်လိုက်ပြီထင်တယ်.... ဒါပေမယ့် လီလော့ ရှုံးခဲ့ရင်တောင် ရှင့်ပိုက်ဆံတွေကို သေချာပေါက် ပြန်တောင်းပေးပါ့မယ်....ဒီနေရာက နဂါးစွယ်ကလန်မဟုတ်တာကြောင့် သူ့ရဲ့ရိုင်းစိုင်းတဲ့အပြုအမူတွေကို ဘယ်သူမှ သည်းခံနေမှာမဟုတ်ဘူး...."

ချင်ရိက ခပ်တိမ်တိမ် အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်သည်။

စကားပြောနေစဉ် ရေကန်ပေါ်တွင် ကျောက်ဖန်ယင်းနှင့် လီလော့တို့ ခြေတစ်လှမ်းတစ်ဝက်လောက်သာ ကွာတော့သည်ကိုတွေ့လိုက်ရပြီး ဆိုးရွားသောအရိပ်အယောင်တစ်ခု သူ့မျက်လုံးထဲတွင် ပေါ်လာသည်။

နောက်အခိုက်အတန့်တွင် သူ၏ရုပ်သွင်သည် အမဲလိုက်သိမ်းငှက်တစ်ကောင်လို လီလော့ကို တိုက်ရိုက်ထိုးသတ်ဖို့ ဘေးဘက်သို့ ရွေ့လျားလာသည်။

ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားများ သူ့လက်ဖဝါးတွင် စုစည်းကာ လေဆင်နှာမောင်းကဲ့သို့ တစ်စုံတစ်ရာကို ဖြစ်ပေါ်စေသည်။ လက်ဖဝါးကို ရှေ့သို့တွန်းထုတ်လိုက်သည့်အခါ လေဟာနယ်ကိုပင် ပျက်ပျယ်စေသော လေဆင်နှာမောင်းတစ်ခုဖြစ်ပေါ်လာသည်။

ဖြစ်ပေါ်လာသော လေဆင်နှာမောင်းသည် ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိကယ ရေကန်ပေါ်ရှိ ရေနှင့် လေကိုပါ ရောနှော ပေါင်းစပ်စေခဲ့သည်။ လေနှင့် ရေပဲ့တင်ထပ်သံစွမ်းအားများ ပေါင်းစပ်ကာ အောက်ဘက်သို့ ပြင်းပြင်းထန်ထန် ကျဆင်းရိုက်ခတ်တော့မည့် ဧရာမလေပွေကြီး ဖြစ်လာသည်။

" ဧရာမလက်ဖဝါးရိုက်ချက်!"

ရေကန်ကမ်းစပ်မှ အံ့အားသင့်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျောက်ဖန်ယင်းသည် ကြာပန်းဆီမရောက်မီ လီလော့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ လီလော့ကို ဒဏ်ရာရစေပြီး ပြီးပြည့်စုံသော အောင်ပွဲတစ်ခုရရန် ရည်ရွယ်ထားပုံရသည်။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ လီလော့၏ နားထဲသို့ တိုးဝင်လာသည်။

သူသည် ခေါင်းကို အနည်းငယ် ငုံ့ကာ ကျောက်ဖန်ယင်းကို ငြိမ်သက်စွာ ပြန်ကြည့်နေသည်။

လီလော့သည် မရှောင်တိမ်းဘဲ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို တွန်းလှန်ဖို့ကြိုးစားနေသည်။

"မင်း သေချင်နေပြီလား!"

ကျောက်ဖန်ယင်းက အေးစက်စွာ ပြုံးလိုက်သည်။

သူ့လက်ဖဝါးကို မြှောက်လိုက်သည်နှင့် လီလော့၏ မျက်နှာပေါ်တွင် လှောင်ပြောင်သောအမူအရာ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ့လက်ကောက်ဝတ်ရှိ နီညိုရောင်လက်ကောက်ထဲမှ အနီရောင်အလင်းတန်းများ စီးဆင်းသွားသည်။ ကျောက်ဖန်ယင်းသည် လီလော့၏ ပေါ့ပေါ့ပါးပါး ဆော့ကစားပုံမှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသည်။ သူ့ထံမှ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာသည်ကို သူ မခံစားခဲ့ရပေ။

သို့သော် ထိုအချိန်တွင် သူ့စိတ်ထဲတွင် ရုတ်တရက် မသက်မသာ ခံစားလိုက်ရသည်။ ဝံပုလွေအူသံကို ကြားလိုက်ရပြီး လီလော့၏ ပေါ့ပေါ့ပါးပါး ထိုးနှက်ချက်နောက်တွင် ထူထဲသော သွေးနံ့များ ကပ်ပါလာသည်။

ထိုအချိန်တွင် ကျောက်ဖန်ယင်း၏ အကြည့်များ မှေးမှိန်သွားကာ သူ့မျက်လုံးရှေ့မှ မြင်ကွင်းများ ပြောင်းလဲသွားပုံရသည်။ နားမလည်နိုင်သော ပမာဏကြီးမားသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသည့် ဧရာမသားရဲတစ်ကောင် သူ့ဆီသို့ ပြေးလာနေသည်ကိုသာ မြင်နေရသည်။

ဤမကောင်းဆိုးဝါး လေထုသည် ကြောက်မက်ဖွယ်ကောင်းပြီး ကျောက်ဖန်ယင်း၏ စိတ်အခြေအနေကို တိုက်ရိုက် ထိတ်လန့်သွားစေခဲ့သည်။

သူမြင်နေရသည်မှာ ရက်စက်သော သတ္တဝါကြီးတစ်ကောင်ပင်.....

ထိတ်လန့်မှုများ သူ့မျက်လုံးတွေထဲတွင် ပြည့်လျှံနေပြီး သူ့နှလုံးသားထဲမှာ အကန့်အသတ်မရှိ ကြောက်ရွံ့မှုတွေကြီးစိုးနေသည်။ နတ်ဆိုးစွမ်းအင်တွေရဲ့ သက်ရောက်မှုအောက်မှာ သူ့ကိုယ်ပိုင် ပဲ့တင်ထပ်သံစွမ်းအားတွေ ပြိုကျသွားပုံရသည်။

"အဲဒါကဘာလဲ?! ဒါက လီလော့ရဲ့တိုက်ခိုက်မှုပဲလား"

ဒါကို တခြားဘယ်သူမှ မရှင်းပြနိုင်ကြပေ။ကျောက်ဖန်ယင်း၏ ပဲ့တင်ထပ်သံ စွမ်းအားများ ပြိုပျက်သွားသည်နှင့်အမျှ လီလော့၏ ရိုက်ချက် ပေါ့ပါးစွာ ကျဆင်းသွားပြီး မျက်နှာကို ထိမှန်သွားလေသည်။

ဖြန်းးးးးးး

ပြတ်သားသောအသံ ထွက်ပေါ်လာသောအခါ ကျောက်ဖန်ယင်း၏ မျက်နှာပေါ်တွင် အလွယ်တကူ မှတ်မိနိုင်သော အနီကွက်များ ပေါ်လာပြီး အတောင်ကျိုးနေသော ငှက်တစ်ကောင်ကဲ့သို့ လေထဲမှ ပြုတ်ကျကာ ရေကန်ထဲသို့ တိုက်ရိုက်ကျသွားလေသည်။

ရုတ်တရက်ဆန်သောအ​ခြေနေကြောင့် လူတိုင်း ဆွံအနေကြသည်။

သူတို့တွေ့ခဲ့ရတာကတော့ ကျောက်ဖန်ယင်းရဲ့ အရှိန်အဟုန်ပြင်းတဲ့ ဧရာမလက်ဝါးကြီး လီလော့ဆီကို ရောက်ခါနီးမှာ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများ ပြိုပျက်သွားကာ ပါးရိုက်ခံရ၍ ရေကန်ထဲသို့ပြုတ်ကျသွားသည်။

လီဟုန်လိ လုံးဝကို ထိတ်လန့်နေပြီး ဤမြင်ကွင်းကြောင့် သူမ၏ စိတ်ဝိညာဉ် ဆုံးရှုံးသွားပုံရသည်။

ကြာပန်းတိုက်ပွဲသည် မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်ပြီး ထင်မှတ်မထားသောရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခုရဲ့အစလို့ ယူဆရမယ့်အရာက မစတင်ခင်မှာပဲ ပြီးဆုံးသွားခဲ့ချေပြီ......

All Chapters