← Chapters

ကလန်ငါးခု၏အကြီးအကဲ....

Vol. 59 Ch. 825

ကလန်ငါးခု၏အကြီးအကဲ....

Vol. 59 Ch. 825

နောက်တစ်နေ့တွင်၊ နဂါးသွေးတောင်တန်းတစ်ခုလုံး ရောင်စုံအလှဆင်မှုများနှင့် စည်တော်သံများ လွှမ်းခြုံကာ နေရာအနှံ့တွင် တက်ကြွနေပါသည်။

အလယ်ဗဟိုတွင် တည်ရှိသော နဂါးသွေးတောင်တန်းတွင် နံနက်စောစောကတည်းက လူစည်ကားနေပြီး အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များသည် နဂါးသွေးတောင်တန်းအောက်တွင် လက်ဆောင်များနှင့်အတူ စုရုံးရောက်ရှိနေကြပြီး အိမ်ရှင်ဖြစ်သူထံ ပေးအပ်ရန် စောင့်မျှော်နေပါသည်။

ကလန်အကြီးအကဲကို ဂုဏ်ပြုရန် ထောင်ပေါင်းများစွာသော ဧည့်သည်များရောက်ရှိခြင်းမှာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်ပါသည်။

နဂါးစွယ်ကလန်မှလူများသည် စောစောက တောင်ပေါ်သို့တက်ခဲ့ကြပြီး တောက်ပသော နေရောင်အောက်တွင် ထူးထူးခြားခြား ပြိုးပြိုးပြက်ပြက်ဖြစ်နေသော တောင်ထိပ်တွင် ရွှေနန်းတော်တစ်ခုကိုတွေ့လိုက်ရသည်။

အရှေ့ဘက်တွင် ကျောက်စိမ်းဖြူများဖြင့် ပြုလုပ်ထားသော စားပွဲများရှိပြီး မရေမတွက်နိုင်သော အစေခံများက ဧည့်သည်များကို လက်ဖက်ရည်နှင့် ဝိုင်များတည်ခင်းပေးရန် ရင်ပြင်တဝိုက်တွင် ပျားပန်းခတ် အလုပ်များနေကြသည်။

ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသောစာပွဲများသည် သာမန်ဧည့်သည်တွေထိုင်ဖို့ စီစဉ်ထားသည့်နေရာဖြစ်သည်။ သူတို့ဟာ ဒီနေရာက သာမာန်ဧည့်သည်တွေဖြစ်ပေမယ့် သူတို့ရဲ့ အခြေခံအုတ်မြစ်တစ်ခုစီဟာ ရှပြည်ထောင်စုရှိ မည်သည့်အင်အားစုထက်မဆို သာလွန်နေသူများဖြစ်သည်။

ကျင်းချွဲ့အိမ်တော်၊ကျိယန်အိမ်တော်လို အင်အားစုများပင်လျှင် ဤရင်ပြင်၏ အစွန်အဖျားတွင် ထိုင်နေမည်မှာ သေချာပါသည်။

ဤသည်မှာ ပြင်ပနတ်ဘုရားတိုက်ကြီးများနှင့် ထျန်းယွမ်တိုက်ကြီး၏ ကြီးမားသော ခြားနားချက်ဖြစ်သည်။

လီလော့၊ လီဖန်းရိ၊ လီကျင်းထောင်နဲ့ ကျန်တဲ့သူတွေကတော့ ရွှေနန်းတော်ထဲက ထိုင်ခုံတွေဆီကို နေရာချထားပေးခံရသည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် နဂါးစွယ်ကလန်၏ တိုက်ရိုက်မျိုးဆက်များဖြစ်သည်။

သူတို့သည် ရွှေနန်းတော်၏ဘေးနားတွင် လီချင်းဖုန်း လီဟုန်လိနှင့် လုချင်းမိန်တို့လို ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရသည်။

လီလော့သည် ရွှေနန်းတော် အပြင်ဘက်သို့ ပျင်းရိစွာ စိုက်ကြည့်ရင်း အနည်းငယ် ပင်ပန်းနေပုံရသည်။ ကျယ်လောင်စွာ သီချင်းသံများ၊ စကားပြောဆိုသံများကိုလည်း မကြာခဏ ကြားနေရသည်။

ဒီလိုပွဲကြီးတွေကို စိတ်မဝင်စားပေ။ ဟွမ်းလုံရှီးရေကန်အတွက်မဟုတ်ပါက၊ သူသည် နဂါးစွယ်ကလန်တွင်သာ လေ့ကျင့်ဖို့ ကျန်နေခဲ့မည်ဖြစ်သည်။

"ညီလေး၊ မင်းမနေ့ညက အရမ်းနာမည်ကြီးခဲ့တယ်ဆို ဘယ်လိုဖြစ်တာလဲ"

လီကျင်းထောင် မေးလိုက်ခြင်းဖြစ်သည်။

လီကျင်းထောင်ကဒီလိုပွဲတွေကို စိတ်ဝင်စားမှုသိပ်မရှ်ိပေ။ ထို့ကြောင့် သူသည် ယမန်နေ့က တံခွန်ကိုင်များ၏ ဆွေးနွေးမှုအပြီးတွင် ခိုးထွက်ရန် အကြောင်းပြချက်ကို ရှာတွေ့ခဲ့ပြီး ယနေ့နံနက်မှသာ လီဖန်းရိထံမှ အဖြစ်အပျက်ကို ကြားသိခဲ့ရသည်။

လီလော့က ပျင်းရိစွာ ခေါင်းညိတ်လိုက်ပြီး.....

"တကယ်တော့ ရေနတ်သမီးချင်ရိက ကျွန်တော်ရုပ်သွင်ကို သဘောကျပြီး ကောင်းကင်ရွှေဆယ်သန်း ဆုချလိုက်တာပါ...ကျွန်တော်ကလည်း မုန့်ဖိုးနည်းနည်းပါးပါးကြောင့်ကြိုးစားကြည့်ခဲ့ရုံပါ...."

လီကျင်းထောင်က မျက်လုံးအပြူးသားနဲ့....

"ဟုတ်လား!?"

တစ်ဖက်တွင် လီဖန်းရိက ရယ်မောကာ ပေါက်ကရတွေပြောနေသည့် လီလော့ကို မျက်စောင်းထိုးလိုက်သည်။

လီလော့သည် သူ့အသံကို ရည်ရွယ်ချက်ရှိရှိ ထိန်းမထားသောကြောင့် ဘေးနားရှိ အခြားသူများကလည်း သူပြောသည်ကို ကြားလိုက်ရသည်။ ခဏကြာတော့ သူတို့အမူအရာတွေ ထူးဆန်းသွားသည်။

အေးအေးဆေးဆေး ဝိုင်သောက်နေသော လုချင်းမိန်ပင်လျှင် လီလော့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေကြသည်။

ဒီကောင်က ထင်ထားတာထက် အရေပိုထူတယ်.....

ဤအခိုက်အတန့်တွင် အေးစက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး အားလုံး လှည့်ကြည့်လိုက်ကြသည်။ လီဟုန်လိ မှလွဲ၍ အခြားသူမဟုတ်ပေ။

"နဂါးစွယ်ကလန်ကလူတွေသာ ပိုက်ဆံကြောင့် မိန်းမတစ်ယောက်ကို လှည့်စားတတ်ကြတာ... ဟားးးသားးး ချင်ရိက ထျန်းယွမ်တိုက်ကြီးတစ်ခွင်မှာ ပရိသတ်တွေ အများကြီးရှိတယ်.... မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေ ပျံ့နှံ့သွားတဲ့အခါ နင် နောင်တရမှာ သေချာတယ်....အပြင်မှာ မစ်ရှင်တွေ သွားလုပ်တဲ့အခါ ဘယ်လောက် အမြင်ကျဉ်းခဲ့တယ်ဆိုတာ သိလိမ့်မယ်......"

သူမ၏လေသံတွင် ရွဲ့စောင်းမှုများရှိနေပြီး လီလော့ကို မကျေနပ်ဖြစ်နေပုံရသည်။ သူမသည် မနေ့ညက ကျောက်စိမ်းနှလုံးသားကြာပန်းကို အနိုင်ယူချင်ခဲ့ပြီး ချင်ရိထံမှ တောက်ပမှုကို အနည်းငယ် ခိုးယူချင်ခဲ့သည်။ သို့သော်လည်း လီလော့ပ

က သူမ၏ အစီအစဉ်များကို နှောင့်ယှက်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသည် ထင်ရှားကျော်ကြားမှုကို မရနိုင်ခဲ့ဘဲ ခရမ်းသွေးတံခွန်အဖွဲ့ကိုပင် မျက်နှာပျက်စေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လီလော့သည် လီဟုန်လိ ၏ ပြတ်သားသောစကားများကို မတုံ့ပြန်ခဲ့ပေ။ လီဖန်းရိက "သူတို့ဘာသာ အဆင်ပြေနေတာကို နင်နဲ့ ဘာဆိုင်လို့လဲ?"

"နှောင်းပိုင်းနတ်နန်းတော်အဆင့်က ကောင်းကင်ရွှေဆယ်သန်းတန်လို့လား...?"

"သာမန်လူတွေဆိုရင်တော့ မတန်ဘူး။ ဒါပေမယ့် နဂါးစွယ်ကလန်ထဲက တတိယမြောက် သခင်လေးကတော့ အဲ့ထက်မကတန်တယ်.... လီဟုန်လီ....နင်က တိုက်ရိုက် သွေးရင်းသားရင်း မဟုတ်ဘူးဆိုတော့ ဘယ်နားလည်ပါ့မလဲ..."

ထိုအချိန်တွင် လီဟုန်လိထံမှ ဒေါသအငွေ့အသက်များ စတင်ထွက်ပေါ်ကာ ဝိုင်ခွက်ကို ကိုင်ထားသည့် သူမ၏လက်မှ ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

သူမသည် နဂါးသွေးကလန်တွင် အဆင့်အတန်းမြင့်မားသော်လည်း၊ လီလော့နှင့်လီဖန်းရိတို့လို တိုက်ရိုက်သွေးမျိုးဆက်များနှင့် ကွာဟချက်ရှိနေဆဲဖြစ်သည်။

ဤအခိုက်တွင် လီချင်းဖုန်းက....

"တိုက်ရိုက်သွေးမျိုးဆက်ဆိုတဲ့ခေါင်းစဉ်ကို ဆွဲမထည့်နဲ့... အရည်အချင်းနဲ့ ခွန်အားကသာ အရေးကြီးဆုံးပဲ...အရည်အချင်းမရှိရင် တိုက်ရိုက်သွေးမျိုးဆက်ဖြစ်နေပါစေ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်လိုက်သလိုဖြစ်နေမယ့်အပြင် ဘုရင်အဆင့်ကို မရောက်ရှိနိုင်ဘဲ ကျန်ရစ်နေလိမ့်မယ်...ဉပမာ နဂါးစွယ်ကလန်ရဲ့ ခန်းမလေးခန်းခုမှာ ရွှေအလင်းခန်းမက အသန်မာဆုံးပဲ.... သူတို့ရဲ့ ပင်မခန်းမသခင် ကျောက်ရွှမ်းမင်က တိုက်ရိုက်သွေးမျိုးဆက်မဟုတ်ဘူးလေ.."

ဒါကိုကြားတော့ လီဖန်းရိ အေးခဲသွားပြီး မထိန်းနိုင်ဘဲ ဒေါသထွက်လာသည်။ လီချင်းဖုန်း၏စကားများသည် နဂါးစွယ်ကလန်တွင် သူတို့အတွက် အနာကျင်ဆုံးအချက်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

"ရပါတယ်.... နဂါးစွယ်ကလန်က စောင့်ရမှာပေါ့" လို့ လီလော့က ရယ်မောကာ တုံ့ပြန်ခဲ့သည်။

လီချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး.... "ဘာကိုစောင့်နေတာလဲ မင်း ဦးဆောင်ဖို့လား?"

“ငါ့အဖေ ပြန်လာတာကို စောင့်မှာ” ဟု စိတ်ချလက်ချ ပြန်ဖြေလိုက်သည်။

ဒီတစ်ခါတော့ လီချင်းဖုန်း အေးခဲသွားသည်။

သူသည် လီတိုင်ရွှမ် မည်မျှ ကြောက်စရာကောင်းသည်ကို ရှင်းရှင်းလင်းလင်း သိသည်။ သူတို့ရဲ့ အရင်မျိုးဆက်တွေဟာ အဲဒီလူရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ထိုသူရဲ့ ခွန်အားကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေတောင် ရှိခဲ့ဖူးသည်။

လီတိုင်ရွှမ် နှစ်အတော်ကြာ ထွက်ခွာသွားခဲ့ပြီး ယခု သူဘာလုပ်နေသည်ကို မည်သူမျှ မသိသော်လည်း၊ ယခင်က အသက်ကြီးသူများ သီးသန့်စကားပြောဆိုနေစဉ်တွင် သူ့နာမည်ကို ကြားခဲ့ဖူးသည်။ အရင်မျိုးဆက်မှ အကြီးအကဲများအတွက်ပင် မမေ့နိုင်သော ကြောက်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထို့ကြောင့် လီတိုင်ရွှမ်သာ နဂါးစွယ်ကလန်သို့ အမှန်တကယ် ပြန်လာခဲ့ပါက ကောင်းကင်နဂါးကလန်ငါးခုလုံးကို တုန်လှုပ်သွားစေမည်ဖြစ်သည်။

နဂါးစွယ်ကလန်ရှိ အကျပ်အတည်းသည်လည်း ထိုအချိန်တွင် လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် လီချင်းဖုန်းသည် ဝိုင်တစ်ခွက်မော့သောက်ပြီး စိတ်ငြိမ်အောင်ထိန်းနေရသည်။

တစ်ဖက်တွင်၊ လီဖန်းရိက လီလော့၏ ပုခုံးကို ပုတ်လိုက်ပြီး....

"ဟုတ်တယ်... တတိယဦးလေး နဂါးစွယ်ကလန်ကို ပြန်ရောက်လာရင် ငါတို့လို တိုက်ရိုက်သွေးသားတွေကို ဘယ်သူထိရဲမှာလဲ....ပြီးတော့ တတိယဒေါ်လေးလဲရှိနေတာပဲ...ဒေါ်လေးက ကြောက်စရာကောင်းပြီး လက်သံပြောင်တဲ့နေရာမှာ တတိယဦးလေးထက်တောင် ပိုနာမည်ကြီးတယ်...."

လီလော့က သူ့မေးစေ့ကို အနည်းငယ် ပွတ်သပ်ရင်း အဲဒါကို တွေးနေမိသည်။ အမှန်တော့၊ လော့လန်အိမ်တော်တွင် သူ့အမေက သူ့အဖေထက်ပင် ပိုကြောက်စရာကောင်းသည်။

လီလော့အတွေးထဲတွင် နစ်မြောနေစဉ် ရွှေနန်းတော်အတွင်း သဘာဝစွမ်းအင်များ တဟုန်ထိုးမြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ရွှေနန်းတော်တင်မကဘဲ နဂါးသွေးတောင်တန်းပတ်ပတ်လည်ရှိ သဘာဝစွမ်းအင်များက ပြင်းထန်စွာ တုန်ခါနေပါသည်။

နောက်အခိုက်အတန့်တွင် ရွှေနန်းတော်အထက် ကောင်းကင်တွင် ရွှေနဂါးကုလားထိုင်ငါးလုံး ပေါ်လာသည်။ များမကြာမီ တောက်ပသောအလင်းတန်းများနှင့်အတူ ထိုင်ခုံများပေါ်တွင် လူငါးယောက်ပေါ်လာသည်။

ဤငါးယောက်ထံမှ ထူးထူးခြားခြား ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်ပေါ်လာသည်။ နဂါးသွေးတောင်တန်းသည် ၎င်းတို့၏တည်ရှိမှုအောက်တွင် လှုပ်ခတ်သွားသလိုပင်။

လီလော့သည် လီကျင်းဇယ်ကို ၎င်းတို့ငါးဦးထဲတွင် ရှာတွေ့ခဲ့သည်။

အလယ်တွင်ထိုင်နေသော အဖိုးအိုသည်

ရွှေရောင်နှင့်ခရမ်းရောင်ရောစပ်ထားသော နဂါးဝတ်ရုံကို ၀တ်ဆင်ထားပြီး ရွှေရောင်ဆံပင်နှင့် ဖော်မပြနိုင်သော၊ ကြီးကျယ်ခမ်းနားပြီး ခမ်းနားသော အော်ရာကို ပေါ်လွင်စေသည်။ သူတစ်ဦးတည်းရှိနေခြင်းမှာ ကမ္ဘာကြီးက သူ့ကို ဦးညွှတ်နေသကဲ့သို့ နားမလည်နိုင်လောက်အောင် ကြောက်ရွံ့ထိတ်လန့်မှုကိုပေးစွမ်းနေသည်။

သူသည် နဂါးသွေးကလန်၏ အကြီးအကဲဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ကောင်းကင်နဂါးကလန်ငါးခု၏ တောင်အရှင် လီထျန်းကျိီ ဖြစ်သည်။ လီကျင်းဇယ်က သူ၏ညာဘက်တွင် နေရာယူထားသည်။ သူ့ဘယ်ဘက်တွင် ငွေရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ထားသော လှပသော အမျိုးသမီးတစ်ဦးရှိသည်။ သူမကိုကြည့်ရသည်မှာ ကျက်သရေရှိသော စိတ်ထားရှိပြီး နူးညံ့သိမ်မွေ့ပြီး သူမ၏ပါးပြင်နှစ်ဖက်ကို ရွှေရောင်နဂါးအကြေးခွံများဖြင့် အလှဆင်ထားသောကြောင့် သူမကို ပို၍ပင်လှပစေသည်။ သူမသည် နဂါးအကြေးခွံကလန်အကြီးအကဲ လီချင်းယင် ဖြစ်သည်။

အပြင်ဘက်တွင် ထွားထွားကျိုင်းကျိုင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိသည်။ ရင်ဘတ်ဗလာနဲ့ သူ့ခန္ဓာကိုယ်ပေါ်က အသွေးအသားတွေက အသက်ဝင်နေသလို လှုပ်ရှားနေပုံရသည်။

သူသည် နဂါးရိုးကလန်အကြီးအကဲ လီရွှမ်းဝူ ဖြစ်သည်။ သူ့တွင် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်၏ အသန်မာဆုံး ကိုယ်ခန္ဓာရှိသည်ဟု ဆိုကြသည်။ သူတို့အပြင် အနက်ရောင်ဝတ်လုံကို ဝတ်ထားသည့် အဖိုးအိုတစ်ဦးလည်း ရှိသေးသည်။ထိုအဖိုးအိုက ပိန်လှီပြီး သာမန်ဟုထင်ရသော်လည်း သူ့နဖူးတွင် နဂါးဦးချိုတစ်ခုရှိသည်။ နဂါးဦးချိုမှ လျှို့ဝှက်ဆန်းကြယ်သော တုန်ခါမှုများသည် ထပ်ခါထပ်ခါ ထွက်ပေါ်နေပြီး ဖော်မပြနိုင်သော၊ တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ရှိနေပုံရသည်။ သူသည် နဂါးဦးချိုကလန်အကြီးအကဲ လီကျင်းကျောက် ဖြစ်သည်။

လီလော့သည် ရွှေနန်းတော်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားငါးခုကို တွေ့လိုက်ရသောအခါတွင် စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။

ဤသည်မှာ ဘုရင်အဆင့် ကျွမ်းကျင်သူ အများအပြားကို အတူတကွမြင်ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။

အကြီးအကဲ ငါးဉီးလူစုံပြီဖြစ်သောကြောင့် မျှော်လင့်စောင့်စားနေသော ဟွမ်းလုံရှီးရေကန်ဖွင့်လှစ်တော့မည်ဖြစ်သည်။

All Chapters