ချင်ဇီမင်း......
Vol. 59 Ch. 826
"ဟားဟား၊ ဒီနေ့ နဂါးသွေးကလန်ကို ဂုဏ်ထူးဆောင် ဧည့်သည်တွေလာရောက်ပေးကြတဲ့အတွက် ဂုဏ်ယူမိပါတယ်.... ကျူပ် လီထျန်းကျိီက အားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ....."
ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်မှ ကလန်အကြီးအကဲများ စုံလင်ပြီးဖြစ်သောကြောင့် နဂါးသွေးကလန်အကြီးအကဲ လီထျန်းကျိီ ၏ ကြည်နူးဖွယ်ရယ်မောသံများ နဂါးသွေးတောင်တန်းတစ်လျှောက် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
တစ်ချိန်တည်းမှာပင် အရေးပါသော ဧည့်သည်များကို ရွှေနန်းတော်ထဲသို့ ပို့ဆောင်ခဲ့သည်။
ပထမလူမှာ အနက်ရောင် ၀တ်စုံဝတ်ထားသော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်။ သူသည် အစပိုင်းတွင် ရိုးရိုးရှင်းရှင်း ပေါ်လာသော်လည်း သူ့မျက်လုံးများထဲတွင် ဆန်းကြယ်သော အရိပ်အယောင်များ ရှိနေသည်။ သူ့မျက်လုံးတစ်ဖက်ထဲတွင် မိုးကြိုးကမ္ဘာငယ်တစ်ခုကို ဝှက်ထားသလိုပင်...ထို့အပြင် အခြားမျက်လုံးတစ်ဖက်ထဲတွင် အဆုံးမရှိသော ချော်ရည်ပူများ စီးဆင်းနေသကဲ့သို့ မီးတောက်များနှင့်အတူ တောက်လောင်နေသည်။
လမ်းလျှောက်နေစဉ် သူ့ခြေဖဝါးအောက်တွင် မိုးကြိူးနှင့်မီးတောက်များ စီးဆင်းနေပြီး လေဟာနယ်ကို တုန်လှုပ်သွားစေသည်။
အနက်ရောင်ဝတ်ရုံနှင့် သက်ကြီးရွယ်အိုကို ကြည့်နေစဉ် လီလော့၏ နှလုံးသား တုန်လှုပ်သွားသည်။ ထိုသူသည်လည်း ဘုရင်အဆင့်ဖြစ်သည်။
သူ့နောက်တွင် အနီရောင်၀တ်ထားသော လှပသည့် အမျိုးသမီးတစ်ဦးရှိသည်။ သူမအနားကို လျှောက်လာရင်း မနေ့ညက သူတွေ့ခဲ့ရတဲ့ မျက်နှာနှင့်တူနေသည်ကို သတိပြုမိလိုက်သည်။
ထိုအချိန်တွင် လီလော့၏ နှလုံးခုန်သံ မြန်ဆန်လာသည်။
"သူကရော ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်ထဲက ဘုရင်အဆင့် စွမ်းအားရှင်ပဲလား..."
လီလော့က လီဖန်းရိကို တိုးတိုးလေးကပ်မေးလိုက်သည်။
လီဖန်းရိက ခေါင်းညိတ်ပြီး....
"ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်မှာ အင်မတန်ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေရှိတယ်.... သူတို့ဆီမှာ မြင့်မြတ်တဲ့နန်းတော်ခြောက်ခုနဲ့ ခန်းမ နှစ်ဆယ်သုံးခုရှိတယ်....နန်းတော်ခြောက်ခုကအဓိက အခြေခံအုတ်မြစ်တွေပဲ...အခုရောက်လာတဲ့ အနက်ရောင်ဝတ် အဖိုးအိုက မိုးကြိုးမီးတောက်နန်းတော်သခင် ချင်ဇီမင်း.......သူ့အနောက် အမျိုးသမီးကတော့....."
လီဖန်းရိ ခေတ္တရပ်ပြီး လီလော့ကိုကြည့်လိုက်သည်။
"သူမက မီးကြာပန်းခန်းမရဲ့ ခန်းမသခင်၊ ချင်လျန်.... ချင်ရိရဲ့အမေ..." ဟု လီဖန်းရိ က ဆက်လက်ပြောပြခဲ့သည်။
"မီးကြာပန်းခန်းမရဲ့ ခန်းမသခင်...ချင်လျန်....."
လီလော့၏ နှလုံးသားသည် အနည်းငယ် တုန်ရီသွားသည်။ ၎င်းကို ကြိုပြီး ခန့်မှန်းထားသော်လည်း လီဖန်းရိ အတည်ပြုလိုက်သောအခါတွင် ခံစားချက်များ ရောထွေးနေသေးသည်။
မီးတောက်နေသော ၀တ်စုံဝတ်ထားသော အမျိုးသမီးကို စိုက်ကြည့်နေမိသည်။ သူမနှင့် ချင်ရိကြားတွင် တူညီမှုအချို့ရှိခဲ့သော်လည်း သူမက ခိုင်ခံ့ပြီး ကြမ်းတမ်းသောအသွင်အပြင်ဖြင့် ပို၍ရင့်ကျက်သည်။ ထင်ရှားသည်မှာ ပေါင်းသင်းဆက်ဆံရလွယ်ကူမည့်သူမဟုတ်ပေ။
ဤသည်မှာ သူ့မိဘများကို ထျန်းယွမ်တိုက်ကြီးမှ ထွက်ခွာစေခဲ့သော အမျိုးသမီးဖြစ်သည်။
တစ်နည်းအားဖြင့် ချင်လျန်နှင့် သူကြားတွင် နက်နဲသော ရန်ငြိုးများ ရှိနေသည်။
လီလော့ သူ့အကြည့်ကို ဖြည်းညှင်းစွာ မရုတ်သိမ်းမှီ နက်နဲသော အကြည့်များဖြင့်
စိုက်ကြည့်နေခဲ့သည်။
လောလောဆယ်မှာတော့ သူဘာမှ မလုပ်နိုင်သေးပေ။ ချင်လျန်သည် အလွန်ထက်မြက်ပြီး သူ့အဆင့်ထက်သာလွန်သည်။ ယခု သူလုပ်နိုင်သမျှသည် သူ့ကိုယ်သူ တိုးတက်စေဖို့ပင်.....
သူ့ရင်ထဲမှာ ဒီခံစားချက်တွေ တဟုန်းဟုန်းတောက်လောင်နေချိန်မှာ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေတာကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ ရွှေရောင်နန်းတော်အပေါ်မှာထိုင်နေတဲ့ လီကျင်းဇယ်ကို သတိထားမိလိုက်သည်။
ဒါဟာ ရိုးရိုးရှင်းရှင်းနဲ့ သာမာန်အသွင်အပြင်ဖြစ်ပေမယ့် ထူးဆန်းတာက လီလော့ ရင်ထဲတွင် ငြိမ်သက်ခြင်းကို ခံစားလိုက်ရသည်။ ချင်လျန်က သန်မာပေမယ့် သူ့မှာ ကျောထောက်နောက်ခံ မရှိတာမဟုတ်ပေ။ ဘုရင်အဆင့် အဖိုးရှိနေသည်မို့ သူ့ကိုမည်သူမျှ လွယ်လွယ်ထိပါးဝံ့မည်မဟုတ်ပေ။
ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက် မှ ဂုဏ်ထူးဆောင် ဧည့်သည်တော်များ ရောက်ရှိလာပြီး နဂါးသွေးကလန် ယမှလီထျန်းကျိက ပြုံးလျက် နှုတ်ဆက်နေသည်။
"ကြိုဆိုပါတယ် အစ်ကိုချင်.... ခရီးဝေးကနေ လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်......"
"မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ မွေးနေ့ပဲ၊ ငါဒီမှာသေချာပေါက်လာရမှာပေါ့...."
ချင်ဇီမင်းက ရယ်မောကာ ပြန်ဖြေလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ....."
ချင်ဇီမင်းက ခေါင်းညိတ်လိုက်ပြီး ရှေ့ဆုံးခုံကို ဆက်သွားလိုက်သည်။ အနီးကပ်လိုက်လာသည့် ချင်လျန်က သူ့နောက်တွင် ထိုင်လိုက်သည်။
"ချင်ဇီမင်းက ချင်လျန်ရဲ့ တိုက်ရိုက် သွေးရင်းအကြီးအကဲလေ..."
လီဖန်းရိက လီလော့ကို ထပ်မံရှင်းပြခဲ့သည်။
လီလော့ ခေါင်းညိတ်လိုက်သည်။ ချင်လျန်သည် ကောင်းကင်ဧကရာဇ်ချင် သွေးမျိုးဆက်တွင် ဂုဏ်သိက္ခာရှိသော အဆင့်အတန်းတစ်ခုရှိပုံရသည်။ သို့သော် ယင်းသည် မျှော်လင့်ရမည့်အရာဖြစ်သည်။ မဟုတ်ပါက၊ ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက်သည် ထိုအချိန်က လီတိုင်ရွှမ်နှင့် လက်ထပ်ရန်အတွက် တွန်းအားပေးလိမ့်မည်မဟုတ်ပေ။
ကောင်းကင်ဧကရာဇ်ချင်သွေးမျိုးဆက် မှ ဂုဏ်ထူးဆောင် ဧည့်သည်များ ထိုင်ခုံနေရာယူပြီးနောက် အခြားအရေးကြီးဧည့်သည်များသည်လည်း နေရာယူခဲ့ကြသည်။ သူတို့အားလုံးသည် ထျန်းယွမ်တိုက်ကြီး၏ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ ဘုရင်အဆင့်ကတော့ ချင်ဇီမင်း တစ်ယောက်သာရှိသည်။
တခြားသော ဘုရင်အဆင့်များ မရှိခြင်းတော့မဟုတ်ပေ။ဤပွဲမျိုးကို ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရန် မလိုအပ်သဖြင့် အကြီးအကဲကို ဂုဏ်ပြုဖို့ လက်ဆောင်တွေသာ ပို့ပေးခဲ့ကြသည်။
ထို့ကြောင့်၊ ချင်ဇီမင်းလို ဘုရင်အဆင့်တပါး ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရန်မှာ အမှန်တကယ်ပင် အထူးအခွင့်အရေးဖြစ်သည်။
"ချင်လျန်ရဲ့ နောက်ကလူကို တွေ့လား"
ဒါကိုကြားတော့ လီလော့ အာရုံပြောင်းသွားခဲ့သည်။
ချင်လျန်၏နောက်ကွယ်တွင် အပြုံးတစ်ခုစီဖြင့် လူများစွာ၏နှလုံးသားကို ဖမ်းစားနိုင်သော စွဲမက်ဖွယ်ကောင်းသော အလှမယ် ချင်ရိအပြင် ထူးထူးခြားခြား အသွင်အပြင်ရှိသည့် အရပ်ရှည်သော အမျိုးသားတစ်ဦးလည်း ရှိသေးသည်။
ထိုလူသည် သူ့လက်များကို ရွှေကြိုးငွေကြိုးများဖြင့် ရစ််ပတ်ထားကာ ဂုဏ်သိက္ခာရှိသော အရောင်အဝါကိုထုတ်လွှတ်နေသည်။
"သူက ချူချင်းလား?"
"ဟုတ်တယ်၊ သူက ချင်လျန်ရဲ့ ပထမဆုံး တပည့်ဖြစ်ပြီး ပဲ့တင်ထပ်သံ နှစ်ခုကို ပိုင်ဆိုင်ထားတယ်.... လက်ရှိမှာတော့ နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရောက်နေပြီမို့ လူငယ်တွေကြားမှာ အကျော်ကြားဆုံးနဲ့အထူးချွန်ဆုံး ပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ခံထားရတယ်...."
"နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်..."
လီလော့ ထိုအကြောင်းကိုကြားသောအခါ သက်ပြင်းချလိုက်သည်။ ချူချင်းသည် မင်းသမီးကုန်းလွမ်ယုနှင့် အသက်အရွယ် တူညီသည်။ သို့သော် သူ၏ ခွန်အားက သူမထက် သာလွန်သည်။ ကုန်းလွမ်ယု၊ကုန်းရှန်ကျွင်းနှင့်ဓူဝံအဖွဲ့သားများ ကျောင်းဆင်းချိန်တွင် ကောင်းကင်ပုလဲအဆင့်တွင်သာရှိကြသည်။ သူတို့သည် အစောပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်သို့ပင် မတက်လှမ်းနိုင်ခဲ့ကြပေ။ သို့သော် ချူချင်းသည် နှောင်းပိုင်းကောင်းကင်ပဲ့တင်ထပ်သံအဆင့်တွင်ရှိနေပြီဖြစ်သည်။ အတွင်းပိုင်းနတ်တိုက်ကြီးနှင့် ပြင်ပနတ်ဘုရားတိုက်ကြီးကြားတွင် သိသိသာသာ ကွာခြားမှုရှိသည်။ ကြယ်လေးပွင့်ခန်းမအထက်ရှိ ရှေးဟောင်းကောလိပ်များတွင် ထျန်းရှင်းဟုခေါ်သော ခန်းမတစ်ခုရှိကြောင်းလည်း သူကြားသိခဲ့ရသည်။ ထိုနေရာမှ အကြီးကျယ်ဆုံးသော ပါရမီရှင်များသာ ချူချင်းနှင့် ယှဉ်နိုင်သည်။
လီလော့ လေးလေးနက်နက် တွေးနေချိန်တွင် မွေးနေ့ပွဲ စတင်နေပြီဖြစ်သည်။ လူတိုင်း အချင်းချင်း စကားစမြည်ပြောနေကြပြီး တကယ့်ကို အသက်ဝင်တဲ့ မြင်ကွင်းတစ်ခုပင်......
ထိုအချိန်တွင် လီလော့ ငြီးငွေ့နေပြီဖြစ်သည်ယ အစီအစဉ်အရ၊ ဟွမ်းလုံရှီးရေကန်သည် ပွဲအထွတ်အထိပ်သို့မရောက်မချင်း ဖွင့်လှစ်မည်မဟုတ်သေးပေ။
ဤအခိုက်အတန့်တွင် စူးရှအေးစက်သော အကြည့်တစ်ချက် သူ့ဆီ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူလှည့်ကြည့်လိုက်တော့ အနီရောင်ဝတ်ထားသည့် ချင်လျန်က သူ့ကို အေးစက်သောမျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
မြို့စားအဆင့်၏ စစ်ဆေးမှုအောက်တွင် လီလော့ ဖိအားများကို ခံစားခဲ့ရသည်။ သို့သော် သူ၏ မျက်နှာအမူအရာမှာ လုံးဝ ပြောင်းလဲခြင်းမရှိပေ။ အဲဒီအစား သူက ချင်လျန်ကို ဖြတ်ကျော်ပြီး ချင်ရိကို ကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။
ချင်ရိ၏ လှပသော ကျောက်စိမ်းမျက်နှာက အေးစက်ပြီး ဘာမှမထူးခြားသော်လည်း သူမစိတ်ထဲတွင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ လီလော့က တကယ်ရဲရင့်တယ်...သူ့အမေ သူ့ကို စိုက်ကြည့်နေတာကို သိနေတာတောင် သတ္တိရှိနေတုန်းပဲ.... သူ့အမေရဲ့ ဒေါသကြီးပုံနဲ့ဆို ငြိမ်နေမှာမဟုတ်ဘူး....
ချင်ရိ တွေးနေစဉ်မှာပဲ သူမအမေက ဝိုင်ခွက်ကို ပေါ့ပေါ့တန်တန် ချထားတာကို သူမမြင်လိုက်ရသည်။
"လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့သား နဂါးစွယ်ကလန်ကို ပြန်ရောက်သွားနေပြီလို့ကြားထားတယ်.... ဘယ်လိုလူချောလေးလဲ သိချင်နေပြီ.... "
ရုတ်တရက်ဆိုသလိုပဲ ရွှေနန်းတော်ရဲ့ အသက်ဝင်မှု ငြိမ်သက်သွားလေတော့သည်။