← Chapters

လရောင်ငိုကြွေးတောင်၏ အန္တရာယ်

Vol. 55 Ch. 815

လရောင်ငိုကြွေးတောင်၏ အန္တရာယ်

Vol. 55 Ch. 815

အမြုတေစိတ်ဝိညာဥ်များသည် ခန္ဓာကိုယ်ကနေ ထွက်ခွာပြီးနောက် ကီလိုမီတာ တစ်ထောင်ကို တစ်ခဏအတွင်း သွားလာနိုင်သော်လည်း သူတို့က ဒဏ်ရာအပြင်းအထန်ရရှိသွားမည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်များက သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။ အဲ့ဒါက ပြန်လမ်းမရှိပေ။

တစ်ခဏအတွင်း အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောင်က ဤနေရာမှာ ပျက်စီးသေဆုံးခဲ့ရလေပြီ။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲသုံးယောက်သည် လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင် နှစ်ပါးက သူတို့၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အဲ့ဒါထက် ပိုင်နက်အရှင်နှစ်ယောက်သည် သတ်ဖြတ်ရာမှာ ပြတ်သားပြီး အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာ ရပ်များကို ကျင့်ကြံထားနိုင်လိမ့်မည်ဟု သူတို့က မျှော်လင့်မထားပေ။

သူတို့နှစ်ယောက်၏ တစ်ယောက်တစ်ချက် တိုက်ခိုက်မှုဖြင့်ပင် အမြုတေစိတ်ဝိညာဥ်နှစ်ခုက သတ်ဖြတ်ခံခဲ့ရလေသည်။

ဖြစ်ပျက်သမျှကိုကြည့်ရှုပြီး ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွား၏။

ကံကောင်းထောက်မစွာဖြင့် သူက ဤပဋိပက္ခမှာ ပါဝင်ပက်သက်ခဲ့ခြင်းမရှိပေ။

ထိုသို့မဟုတ်ပါက ပိုင်နက်အရှင်နှစ်ယောက်က သူ့ကို တိုက်ခိုက်လာမည်ဆိုလျှင် သူက အကြီးအကျယ် ပြဿနာတက်သွားနိုင်၏။

သူတို့အားလုံးသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများဖြစ်ကြသော်လည်း လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်နှစ်ယောက်သည် မဟူရာသဲတောင်ရိုးမှ သခင်လေးထက် များစွာပို၍ သန်မာလေသည်။

တိုက်ပွဲက ချက်ချင်းဆိုသလို အဆုံးသတ်သွားခဲ့လေပြီ။

သူတို့က ဆက်လက်ကျင့်ကြံဖို့အတွက် အာရုံမလာတော့ဘဲ မဟူရာဝံပုလွေနှင့် ချန်ရူယီသည် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ရှိနေ၏။

ဆူဇီမိုက တွေဝေရှုပ်ထွေးသွား၏။

သူတို့သည် အနိုင်ရရှိခဲ့သည် ဖြစ်သော်လည်း ဘာ့ကြောင့် မရွှင်မပျပုံစံပေါက်နေရတာပါလိမ့်။

ထွက်ပြေးသွားသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲပြောခဲ့သည့်စကားကို အမှတ်ရသောအခါ သူသည် ကိစ္စများက မရိုးရှင်းတော့ကြောင်း နားလည်လာ၏။

မဟူရာဝံပုလွေက သုန်မှုန်နေသော အမူအရာဖြင့် ပြောလ်ိုက်၏။

“ဆိုင်ကလုန်းလိုဏ်ဂူက ဆက်ပြီးတော့ မချုပ်တည်းနိုင်တော့ဘူးထင်တယ် ၊ သူတို့က ဒီနေရာကို ငါတို့ကို ထောက်လှမ်းဖို့အတွက် အလယ်အလတ်အဆင့် မိစ္ဆာသားရဲ သုံးယောက်ကိုတောင် စေလွှတ်ခဲ့တယ်ဆိုတော့... တော်သေးတာပေါ့ ငါက သူတို့ရောက်လာတာကို သတ်ိထားမိခဲ့လို့ မဟုတ်ရင် သူတို့က အရင်စပြီး တိုက်ခိုက်မယ်ဆို ငါတို့နှစ်ယောက်ကတောင် သေချင်​သေသွားနိုင်တယ်”

“တစ်ကယ်တော့ ဆိုင်ကလုန်းလိုဏ်ဂူရဲ့ ပိုင်နက်အရှင်က ကျုပ်တို့ကို ရှိန်နေပါသေးတယ် ၊ မဟုတ်ရင် သူက ကျုပ်တို့ကို ထောက်လှမ်းဖို့အတွက် ဒီလူတွေကို စေလွှတ်ခဲ့မှာ မဟုတ်ဘူး” ချန်ရူယီက ကောက်ချတ်ချလိုက်၏။

မဟူရာဝံပုလွေက ခေါင်းခါလိုက်လေသည်။

“ဆိုင်ကလုန်းလိုဏ်ဂူဘဲ ဆိုရင် ငါတ်ို့က တိုက်ခိုက်နိုင်သေးတယ်.. ဒါပေမယ့်လို့ လရောင်ငိုကြွေးတောင်ကို ခြိမ်းခြောက်နေတာက သူတို့ချည်းဘဲ မဟုတ်ဘူး”

“အဲ့ဒီမှာ မဟူရာသဲတောင်ရိုးနဲ့ တစ္ဆေမြစ်လည်း ပါနေသေးတယ်မလား...” ချန်ရူယီက ဆက်ပြောလိုက်၏။

“အမှန်ဘဲ”

မဟူရာဝံပုလွေက သက်ပြင်းချလိုက်၏။

“အဲ့ဒီနယ်မြေသုံးခုက ငါတို့ကို မျက်စိကျနေကြတာ... လရောင်ငိုကြွေးတောင်က ဒီအကျပ်အတည်းကို မကျော်လွှားနိုင်တော့မှာ ငါစိုးရိမ်မိတယ် ၊ သူတို့က မဟာမိတ်ဖွဲ့လိုက်မှာကို ငါ အကြောက်ဆုံးဘဲ”

ချန်ရူယီက ရင်ထဲမှာလေးလံ၍ တိတ်တဆိတ်နေနေ၏။

ထိုနေရာအရောက်တွင် ဆူဇီမိုသည် အရေးပါသော သတင်းအချက်အလက်အချို့ကို ရရှိခဲ့ပြီးပြီဖြစ်၏။

ပိုင်နက်အရှင်နှစ်ယောက်က စိတ်မသက်မသာရှိနေသည်ကို မြင်သောအခါ အဲ့ဒါက ရှားရှားပါးပါးအခွင့်အရေးတစ်ခုဆိုတာကို သူက သိလိုက်ပြီး ဤနေရာကနေ တိတ်တဆိတ်ဖြင့် သတိထား၍ ထွက်ခွာလိုက်၏။

ဆူဇီမိုထွက်ခွာသွားပြီး မကြာမီ မဟူရာဝံပုလွေက ရုတ်တရက် မျက်မှောင်ကြုတ်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။

“စောစောက ဆိုင်ကလုန်း လိုဏ်ဂူက အဲ့ဒီသုံးယောက်အပြင် ငါတို့ကို လာထောက်လှမ်းနေတာ အခြားတစ်ယောက် ရှိသေးပုံရတယ်”

“အာ.....”

ချန်ရူယီက ခဏမျှကြောင်အသွား၏။

မဟူရာဝံပုလွေက ဆက်ပြောလိုက်လေသည်။

“အဲ့ဒါက ဝိုးတိုးဝါးတား ခံစားချက်တစ်ခုဘဲ ၊ ငါသိပ်ပြီးတော့ မသေချာဘူး”

“အဲဒါက မဟူရာသဲတောင်ရိုးကများလား...” ချန်ရူယီကမေးလိုက်၏။

“မဟုတ်လောက်ဘူး”

မဟူရာဝံပုလွေက ခေါင်းခါလိုက်လေသည်။

“ဒီအချိန်အတွင်းမှာ မဟူသဲတောင်ရိုးက မိစ္ဆာသားရဲတွေက လျှို့ဝှက်ဆန်းကြယ်တဲ့ သူစိမ်းအုပ်စုတစ်စုကို လိုက်ရှာနေကြတာ ၊ သူတို့က ဒီကိုရောက်လာစရာ အကြောင်းမရှိဘူး”

“အဲ့ဒီအဖြစ်အပျက်ကို ကျုပ်လည်းကြားမိတယ်... မဟူရာသဲတောင်ရိုးက သခင်လေးရဲ့ ခန္ဓာကိုယ်က ဖျက်​ဆီးခံရပြီးတော့ သူက သေလုမတတ် ဖြစ်ခဲ့ရတယ်ပြောတယ်”

ချန်ရူယီက ဟက်ကနဲရယ်မောလိုက်၏။

“ဒါပေမယ့် သူတို့က မဟူရာသဲတောင်ရိုးက မဟုတ်ဘူးဆိုရင် အဲ့ဒါက ဘယ်သူတွေများလဲ ၊ သူတို့များလား...”

ရုတ်တရက် ချန်ရူယီက တောင့်တင်းသွားပြီး မဟူရာဝံပုလွေကို အလိုလိုလှမ်းကြည့်လိုက်၏။

လေထဲတွင် သူတို့၏ အကြည့်များက ဆုံသွားပြီး ချန်ရူယီသည် ရင်တစ်ချက်ထိတ်သွား၏။

“အဲ့ဒါက တစ္တေမြစ်က လူများလား...”

“ဟုတ်လောက်တယ်”

မဟူရာဝံပုလွေက ခေါင်းညိတ်လိုက်၏။

“ငါတို့ဘေးနားကို ခိုးကြောင်ခိုးဝှက်ရောက်လာပြီး ဘာသဲလွန်စမှ မကျန်ဘဲ ထွက်သွားနိုင်ဖို့ဆိုတာ အဲ့ဒီလူဘဲ ဖြစ်လောက်တယ်”

“အဲ့ဒါဆိုရင် ပြဿနာကတော့ ကြီးလာပြီ” ချန်ရူယီက သက်ပြင်းချလိုက်လေသည်။

​ဆူဇီမိုသည် ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်နှစ်ယောက်က သူ့ကို အခြားတစ်ယောက်နှင့် မှားယွင်းပြောဆိုနေသည်ကို သူက မသိနိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် လေထဲကနေ ဖြတ်သန်းသွားလာနေပြီး လရောင်ငိုကြွေးတောင်၏ နယ်မြေကို အပေါ်ကနေ ငုံ့ကြည့်နေ၏။ သူက ထိုနယ်မြေကို ထောက်လှမ်းကြည့်ရှုရင်း ဘေးပတ်ဝန်းကျင်မှ အသံများကို နားစွင့်နေ၏။

ရုတ်တရက်ဆိုသလို...

သူက အေးခဲသွားပြီး လေထဲတွင် သူ၏ခေါင်းကို စောင့်ငဲ့ကာ သေချာနားထောင်လိုက်၏။ ထို့နောက် သူ၏ နှုတ်ခမ်းက ကွေး​ညွတ်သွားပြီး သူ၏မျက်လုံးထဲတွင် ထူးဆန်းသည့် အရိပ်တစ်ခုက ပေါ်လာ၏။

သူက သူ၏စိတ်ဝိညာဥ်အသိစိတ်ကို သူ့အောက်ဖက်ရှိ မြေပြင်ပေါ်သို့ စေလွှတ်မည်ဆိုလျှင် ထိုမြေပြင်က မြေသားအပိတ်မဟုတ်သည်ကို သူက ထောက်လှမ်းသိရှိနိုင်ပေလိမ့်မည်။

အဲ့ဒီမှာ မရေမတွက်နိုင်သော ဥမင်များသည် အပြန်အလှန်ချိတ်ဆက်နေပြီး လှ်ိုဏ်ဂူများကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာစေ၏။ ထိုထဲတွင် သားရဲချီများက ကြွယ်ဝနေပြိး နောက်ဆုံးမှာတော့ ထိုလိုဏ်ဂူများအားလုံးသည် ကြီးမားသည့် နန်းတော်တစ်ခုဆီသို့ သွားရောက်စုဆုံကြ၏။

နန်းတော်ကို ရွှေဖြင့်ပြုလုပ်ထားပြီး အဲ့ဒါက မြေဓာတ်အော်ရာဖြင့် တောက်ပဝင်းထိန်နေ၏။

နန်းတော်ဝန်းကျင်တွင် မရေမတွက်နိုင်သော ကြွက်များသည် ဝမ်းသာရွှင်ပျသော အမူအရာများဖြင့် လှုပ်ရှားသွားလာနေကြ၏။

ကြွက်အချို့သည် ဝိုင်ပုလင်းများကို သယ်ဆောင်ထားပြီးဟောင်ဖွာဟောင်ဖွာ ပြောနေကြ၏။

ကြွက်အချို့သည် ကြက်များနှင့်နွားများကို သတ်ဖြတ်နေကြ၏။

ကြက်နှင့်နွားများကဲ့သို့သော သာမန်တိရိစ္ဆာန်များအတွက်တော့ အသိဉာဏ်ရှိသော ကြွက်သားရဲများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့က ကူကယ်ရာမဲ့နေ၏။

နန်းတော်အတွင်းမှာက ပို၍တောင် လှုပ်ရှားသက်ဝင်နေသည်။ ကြွက်အချို့သည် အမျိုးသမီးများ၏ သွင်ပြင်ပြောင်းထားပြီး အသီးအနှံများနှင့် အစားအသောက်များကို ခင်းကျင်းကာ စားပွဲသောက်ပွဲများကို ပြင်ဆင်နေကြ၏။

နန်းတော်၏ အမြင့်ဆုံးနေရာတွင် တလက်လက်တောက်ပနေသော ရွှေရောင်သရဖူကို သူ၏ ဦးခေါင်းမှာ ဆောင်းထားသည့် ဝဝဖိုင့်ဖိုင့်လူတစ်ယောက်ရှိနေ၏။

သူထံမှ မည်သည့်သားရဲချီမျှ ဖြာထွက်မနေသော်လည်း သူ၏ မျက်လုံးများက စဥ်းလဲကာ အလွန်တရာ ဉာဏ်နီ ဉာဏ်နက်များသည့် ပုံပေါက်နေသည်။

ထိုကြွက်၏ ဘေးနှစ်ဖက်တွင် ချောမောလှပသော အမျိုးသမီးနှစ်ယောက်ရှိပြီး သူတို့က သူ၏ကျောပြင်နှင့် ခြေထောက်များကို နှိပ်နှယ်ပေးနေကြ၏။ သူက အလွန်တရာ စည်းစိမ်ပြည့်ဝသည့် ဘဝကို သာယာခံစားနေလေသည်။

“ဂုဏ်ယူပါတယ် အရှင်”

အောက်ဘက်ရှိ ကြွက်သားရဲတစ်ကောင်က သူ၏ ဖန်ခွက်ကိုမြှောက်ပြီး ဂုဏ်ပြုလိုက်၏။

ကြွက်သားရဲသည် လူသားသွင်ပြင်ယူထားပြီး သူ၏ ခြေနှစ်ချောင်းဖြင့် မြေပြင်ပေါ်မှာ မတ်တက်ရပ်နိုင်၏။ သူက လူသားဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏ နောက်တွင် ရှည်လျားသည့် အမြီးတစ်ခုထွက်နေ၏။ အဲ့ဒါက ရွှေအမြုတေအဆင့် စိတ်ဝိညာဥ်သားရဲတစ်ကောင်ဖြစ်လေသည်။

ထိုကြွက်သားရဲက ကျယ်လောက်စွာပြောလိုက်၏။

“အရှင်က လရောင်ငိုကြွေးတောင်ရဲ့ ကြွက်မျိုးနွယ်ထဲမှာ မိစ္တာသားရဲတစ်ယောက်အဖြစ် ပထမဆုံးကျင့်ကြံနိုင်ခဲ့တဲ့လူဘဲ ၊ အနာဂတ်မှာ ကျုပ်တို့မျိုးနွယ်က သေချာပေါက် ထွန်းတောက်လာတော့မယ်”

“အမှန်ဘဲ... အရှင်က ပါရမီထူးချွန်ပြီးတော့ ရှေးဟောင်းတိုက်ပွဲမြေကနေ ပြန်ရောက်လာပြီး တစ်လမကြာခင်မှာဘဲ မိစ္ဆာသားရဲတစ်ယောက်ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့ပြီ ၊ တစ်ကယ့်ကို အံ့မခန်းဘဲ”

အခြားသော ကြွက်သားရဲအချို့ကလည်း ဘေးကနေ ဝင်ရောက်မြှောက်ပင့်ပြောဆိုလိုက်ကြ၏။

“ဟားဟားဟားဟား”

နန်းတော်၏ အမြင့်ဆုံးနေရာမှာရှိသောကြွက်သည် အားပါးတရ ရယ်မောလိုက်၍ သူ၏ မျက်လုံးများက ပိတ်သွား၏။ သူက ဖန်ခွက်ကို အားပါးတရမြှောက်ပြီး ကျယ်လောင်စွာ အော်​ပြောလိုက်လေသည်။

“အားလုံးဘဲ သောက်ကြ... မင်းတို့စိတ်ကျေနပ်တဲ့အထိ သောက်ကြ”

“ဟင်းဟင်း... ကြွက်ဘုရင်တဲ့ မင်းက တစ်ကယ့်ကို ဆရာကြီးဘဲ”

ရုတ်တရက် လှောင်ပြောင်ရယ်မောသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာ၏။

ထိုလေသံက မတ်ိုးလွန်းမကျယ်လွန်းဘဲ ဆူညံပွက်လောရိုက်နေသော ထိုနန်းတော်ထဲတွင် ထိုအသံကို ကြားရသည်မှာ ကြွက်မျက်လုံးများနှင့် ဝတုတ်သာ ဖြစ်လေသည်။

“ဟမ့်.. အဲ့ဒါ ဘယ်သူလဲ...”

ကြွက်မျက်လုံးများနှင့်ဝတုတ်က တုန်လှုပ်သွား၏။

တစ်စုံတစ်ယောက်က သူ့ကို သတိထားမိစေခြင်းမရှိဘဲ သူ့အနားသို့ ချဥ်းကပ်လာနိုင်ခဲ့လေသည်။

ကြွက်မျက်လုံးများနှင့် ဝတုတ်သည် မှင်သေသေပုံစံရှ်ိနေပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ အသံလာရာဘက်သို့ ထောက်လှမ်းစစ်ဆေးလိုက်၏။

သူ၏ စိတ်ဝိညာဥ်အသ်ိစိတ်က ဖြန့်ကျက်သွားပြီး သူ၏နောက်ဖက် ထောင့်တစ်နေရာတွင် လက်မအရွယ်လောက်ရှိသော ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရ၏။ အဲ့ဒါက သွေးနီရောင်ဆံပင်ကို ဖြန့်ချထားပြီး သူ၏တစ်ကိုယ်လုံးတွင် ​ကြေးခွံများက စီထပ်နေ၏။ သူ၏သွင်ပြင်ကို ရှင်းလင်းစွာ မမြင်ရနိုင်ပေ။

“ဟင်...”

ကြွက်ဘုရင်သည် ပင့်သက်ကိုရှိုက်ပြီး တုန်လှုပ်သွားရ၏။ ချက်ချင်းပင် သူသည် ချွေးစေးများ ထွက်လာပြီး သူ၏ လက်ကောက်ဝတ်က ဆိုးဆိုးဝါးဝါး တုန်ယင်၍ သူ့လက်ထဲရှိ ဝိုင်ခွက်က တစ်ဝက်လောက် ဖိတ်စင်ကျသွားလေသည်။

ဝင်ရောက်လာသူက မည်သူဆိုတာကို သူ,မသိသော်လည်း သူ၏ခန္ဓာကိုယ်ကနေ အမြုတေစိတ်ဝိညာဥ်တစ်ခုကို စေလွှတ်နိုင်သောကြောင့် အဲ့ဒါက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက် ဖြစ်ရပေမည်။

“ငါ့နောက်ကလိုက်ခဲ့... ယီးတီးယားတားမလုပ်နဲ့”

သွေးနီရောင်ဆံပင်နှင့် အမြုတေစ်ိတ်ဝိညာဥ်၏ အသံက အေးစက်နေပြီး စိတ်ခံစားချက်ကင်းမဲ့နေ၏။ ဖြတ်ကနဲဆို သူက အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

ကြွက်မျက်လုံးများနှင့်ဝတုတ်သည် စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။

လရောင်ငိုကြွေးတောင်တွင် ပိုင်နက်အရှင်နှစ်ပါးကသာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို စေလွှတ်နိုင်ကြလေသည်။ သို့သော်လည်း ပိုင်နက်နှစ်ပါး၏ အမြုတေစိတ်ဝိညာဥ်များက ထိုပုံစံနှင့်မတူ​ကြောင်း သူကသိထားလေသည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ဤအလယ် အလတ်အဆင့် မိစ္ဆာသားရဲသည် လရောင်ငိုကြွေးတောင်မှ တစ်စုံတစ်ယောက်မဟုတ်ပေ။

သူက ဤလူနောက်သို့ လိုက်သွားလျှင် သူ့အသက်ကို ပေးဆပ်ရနိုင်ချေများလေသည်။

သို့သော် ထိုသို့မလုပ်ဘူးဆိုရင်လည်း ဤအမြုတေစိတ်ဝိညာဥ်က သူ့ကို ကောင်းကောင်းသတ်ဖြတ်နိုင်လေသည်။

ဤအတွက်ကြောင့် သူ၏ မျိုးနွယ်တစ်ခုလုံးက ဒုက္ခရောက်ရမည်ဆိုလျှင် သူ့အသက်သေဆုံးရခြင်းက အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထိုသို့ အတွေးနှင့် ကြွက်မျက်လုံးများနှင့် ဝတုတ်သည် ခါးသက်စွာဖြင့် ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ သူက သူ့ဘေးရှိ အမျိုးသမီးနှစ်ယောက်ကို တွန်းဖယ်ပြီး ကျယ်လောင်စွာဖြင့် အော်ပြောလ်ုက်၏။

“အားလုံးဘဲ ဆက်ပြီးတော့ ပျော်ပါးကြ... ငါကတော့ သောက်တာများသွားလို့ အရမ်းမူးနေပြီ ၊ ငါ အရင်ဆုံးပြန်နှင့်တော့မယ်”

All Chapters