မဟာနယ်မြေ ၃ ခု
Vol. 55 Ch. 816
ဥမင်ထဲကနေ ထွက်လာပြီးနောက် ကြွက်သည် စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက်ကျနေ၏။ သူရှေ့ရှိ သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်ကို ခပ်ရေးရေးသာ မြင်နိုင်သော်လည်း အဲ့ဒါက အရမ်းကြီး ဝေးကွာမသွားပေ။ ကြွက်က ထွက်ပြေးရဲခြင်းမရှိဘဲ စိတ်သောက ကြီးစွာဖြင့် သက်ပြင်းချပြီး နောက်ကနေလိုက်ပါလာ၏။
‘အား... ငါက မိစ္ဆာသားရဲတစ်ကောင်အဖြစ် ကျင့်ကြံလာနိုင်ရုံရှိသေးတယ်.. ဒီလိုမျိုးကိစ္စနဲ့ကြုံတွေ့ရတယ်ဆိုတော့ ကောင်းကင်က ငါ့ရဲ့ပါရမီကို တစ်ကယ်မနာလိုနေတာဘဲ။’
‘အဲ့ဒီအလယ်အလတ်အဆင့် မိစ္ဆာသားရဲက ဆိုင်ကလုန်းလိုဏ်ဂူကလား... ဒါမှမဟုတ် မဟူရာသဲတောင်ရိုးကများလား။’
‘ဘယ်လောက်တောင်ကံဆိုးလိုက်သလဲ... ငါက လရောင်ငိုကြွေးတောင်ရဲ့ ကာကွယ်သူတစ်ယောက်တောင် မဟုတ်တာကို သူက ငါ့ကို ဘာလို့လာရှာတာပါလိမ့်။’
ကြွက်သည် မအီမသာဖြစ်နေပြီး တစ်လမ်းလုံး စိုးရိမ်ထိတ်လန့်စွာနှင့် လိုက်ပါလာ၏။
တစ်နာရီကြာပြီးနောက် သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က ရှေ့ကနေ ရပ်တန့်လိုက်၏။
“အထဲကို ဝင်သွားလိုက်”
သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် မလှမ်းမကမ်းရှိ လိုဏ်ဂူကို လက်ညိုးထိုးပြပြီး စိတ်ခံစားချက် ကင်းမဲ့စွာပြောလိုက်၏။
ကြွက်သည် ထိုအသံနှင့် ရင်းနှီးနေသလို ခံစားမိ၏။
သို့သော်လည်း ယခုချိန်တွင် သူ့ကို ကြောက်ရွံမှုက ကြီးစိုးထားပြီး ကျိုးကြောင်းဆီလျော်စွာ မစဥ်းစားနိုင်တော့ပေ။
သူ့ရှေ့ရှိ လိုဏ်ဂူသည် ဧရာမသားရဲတစ်ကောင်၏ ပါးစပ်ကြီးနှင့်ဆင်တူပြီး သူ့ကို မရဏဂိတ်တံခါးဆီသို့ တွန်းပို့နေသလိုပင်။
“ဟားရား....”
ကြွက်သည် နောက်တစ်ကြိမ် သက်ပြင်းချပြီး အံကိုကြိတ်ကာ လိုဏ်ဂူထဲသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဝင်ရောက်သွားလေသည်။
လိုဏ်ဂူက သိပ်ပြီးမကြီးမားဘဲ တစ်ချက်ကြည့်ရုံမျှနှင့် အထဲတွင် ရှိသောအရာများကို ရှင်းလင်းစွာ မြင်ရလေသည်။
အထဲတွင် အလင်းရောင်ကမှိန်နေသော်လည်း မိစ္ဆာသားရဲတစ်ကောင်ဖြစ်သော ကြွက်အတွက်တော့ သိပ်ပြီးမထူးခြားပေ။
လိုဏ်ဂူထဲတွင် လူငါးယောက်ရှိနေ၏။
သူတို့က လူသားသွင်ပြင်နှင့် ကျင့်ကြံသူများကဲ့သို့ ဝတ်ဆင်ထား၏။
သို့သော်လည်း သူ၏ အမြင်အာရုံအရ ဤလူငါးယောက်သည် လူသားသွင်ပြင်ယူထားသော မိစ္ဆာသားရဲများဖြစ်ကြောင်း သူက ခန့်မှန်းနိုင်လေသည်။
သူတို့ငါးယောက်ထဲတွင် အချို့က မြေပြင်ပေါ်မှာ ခြေချိတ်၍ လှဲနေကြပြီး အချို့က ဣန္ဒြေရရထိုင်ကာ အချို့ကတော့ တိတ်တဆိတ်မတ်တတ်ရပ်နေ၏။
ဘာကြောင့်ရယ်မသိသော်လည်း သူတို့အားလုံးသည် သူ့ကို ကြောင်တိကြောင်တောင်ပုံစံဖြင့် လှည့်ကြည့်လ်ုက်ကြ၏။
သူတို့၏ အကြည့်များတွင် ကြွက်သည် ခေါင်းနားပန်းကြီးသွားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပေ။
ရှေ့ဆုံးတွင် သွေးနီရောင်ဆံပင်နှင့်ကျင့်ကြံသူတစ်ယောက်သည် သူ၏ မျက်လုံးများကို မှိတ်ထားပြီး တင်ပလ္လင်ခွေထိုင်နေ၏။ ရုတ်တရက် ထိုကျင့်ကြံသူ၏ မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်လိမ်သွားပြီး သူ၏ ရုပ်ရည်သွင်ပြင်က သိသိသာသာ ပြောင်းလဲသွား၏။
“ခင်... ခင်ဗျားက...”
ကြွက်သည် မျက်လုံးပြူးကျယ်သွားပြီး ဖြစ်ပျက်သမျှကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေ၏။
သွေးနီရောင်ဆံပင်နှင့်လူ၏ မျက်နှာသည် ပြီးခဲ့သည့် တစ်လကျော်က လရောင်ငိုကြွေးတောင်မှာ ဗြောင်းဆန်အောင် မွှေနှောက်ခဲ့သော အစိမ်းရောင်ဝတ်လူနှင့် အတိအကျ တူညီနေ၏။
သူတို့ငါးယောက်က ဆူဇီမိုတို့အုပ်စုပင် ဖြစ်လေသည်။
“ခင်..ခင်ဗျားတို့တွေက...”
ကြွက်သည် ဆူဇီမိုတို့အုပ်စုကို မှတ်မိသွားပြီး ချက်ချင်းပင် အလန့်တကြား ထခုန်လိုက်၏။
“ခင်...ခင်ဗျားတို့တွေက ရူး..ရူးသွားကြပြီလား... ခင်ဗျားတို့က ဒီနေရာကိုတောင် ပြန်လာရဲတယ်ဆိုတော့”
“ငါတို့က ဘာလ်ို့မလာရဲရမှာလဲ...”
မျောက်က လှောင်ရယ်လိုက်၏။
“ငါတို့ငါးယောက်သာ အတူရှိနေရင် အဲ့ဒါက နဂါးခံတွင်းဘဲ ဖြစ်ဖြစ် ကျားသိုက်ဘဲ ဖြစ်ဖြစ် ငါတို့က သွားရဲတယ် ၊ လရောင်ငိုကြွေးတောင်ဆိုတာ ဘာမှမဟုတ်ဘူး”
“အဲ့.. အဲ့လိုတော့ မ.. မဟုတ်ဘူးလေ”
ကြွက်က လက်ကာပြပြီး ရှင်းပြလိုက်၏။ သူ၏ မျက်နှာက ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။
“ခင်ဗျားတို့က အဆင့်ချိုးဖျက်ပြီးတော့ မိစ္ဆာသားရဲတွေ ဖြစ်လာတာနဲ့ဘဲ ဒီကို ပြန်လာပြီး လက်စားချေနိုင်မယ်လို့ ယူဆလို့မရဘူးလေ ၊ မိစ္ဆာသားရဲတွေကြားမှာတောင် အဆင့်အမျိုးမျိုးရှိတယ်ဆိုတာ ခင်ဗျားတို့ နားလည်ထားရမယ်”
“အလယ်အလတ်အဆင့် မိစ္ဆာသားရဲဖြစ်လာမှဘဲ ပိုင်နက်အရှင်တွေအဖြစ် အုပ်စိုးနိုင်ကြလိမ့်မယ် ၊ သူတို့ရဲ့ အမြုတေစိတ်ဝိညာဥ်က ခန္ဓာကိုယ်ကနေ ထွက်ခွာပြီးတော့ ကီလိုမီတာ တစ်ထောင်ကို တစ်ခဏလေးနဲ့....”
ရုတ်တရက် ကြွက်၏ အသံက ရပ်တန့်သွား၏။
သူက တစ်စုံတစ်ရာကို မြင်လိုက်ရလေသည်။
သူနှင့်အတူ ဝင်ရောက်လာခဲ့သော သွေးနီရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ဆူဇီမို၏ နဖူးထဲသို့ ဖျတ်ကနဲ ပျံသန်းဝင်ရောက်သွားလေသည်။
ဆူဇီမိုက တည်ငြိမ်စွာ ပြုံး၍ မတ်တက်ရပ်လိုက်လေသည်။
ကြွက်သည် ပါးစပ်အဟောင်းသားဖြစ်နေပြီး သူ၏ မျက်လုံးများက ပြူးကျယ်လာလေသည်။
“အဲ့... အဲ့တာက ဘယ်..ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ခင်..ခင်ဗျားက...”
ဆူဇီမိုသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်အဖြစ် ရှိနေစဥ်မှာပင် သူ၏ အမြုတေစိတ်ဝိညာဥ်က ဘယ်လိုမျိုး ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ခဲ့သလိုဆ်ိုတာကို ကြွက်က မေးချင်မိ၏။
သို့သော်လည်း ထိုအချိန်တွင် သူ၏စိတ်က ရှုပ်ထွေးနှောက်ကျိနေပြီး စကားကိုပင် ကောင်းမွန်စွာ မပြောနိုင်တော့ပေ။
“သိပ်ပြီးတော့ ထိတ်လန့်မနေနဲ့...”
ဆူဇီမိုက လမ်းလျှောက်လာပြီး ကြွက်၏ပုခုံးကို ပုတ်ကာ ညင်သာစွာ ပြုံးပြလိုက်လေသည်။
“ငါက မင်းကို ဒီကိုခေါ်လာခဲ့တာ မကောင်းတဲ့ရည်ရွယ် ချက်နဲ့ မဟုတ်ဘူး.. အရင်က လရောင်ငိုကြွေးတောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကလည်း မင်းရဲ့အမှားမှ မဟုတ်တာ”
“နောက်ပြီးတော့ မင်းကငါတို့ကို မြေပုံတစ်ခုပေးပြီးတော့ လရောင်ငိုကြွေးတောင်ကနေ ထွက်ခွာနိုင်ဖို့ ကူညီခဲ့တာကိုဘဲ ငါတို့က ကျေးဇူးတင်ရမယ်”
ထိုစကားကို ကြားပြီးနောက် ကြွက်သည် စိတ်သက်သာရာဖြင့် သက်ပြင်းရှည်ကြီးချလိုက်၏။ ထို့နောက်သူက မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ပစ်ထိုင်ချလိုက်လေသည်။
မသိလိုက် မသိဘာသာနှင့်ပင် သူ၏ တစ်ကိုယ်လုံးက ချွေးများဖြင့် စိုရွှဲနေပြီဖြစ်၏။
သူ့ရှေ့မှလူနှင့်ပက်သက်၍ သူမသိသော ကိစ္စများစွာ ရှိနေသည်။
သို့သော်လည်း ဤလူသည် ကျေးဇူးတရားနှင့် အမုန်းတရားကို ကောင်းကောင်းခွဲခြားထားသော လူဖြစ်ကြောင်း သူကပြောနိုင်လေသည်။ သူ၏ စကားတစ်ခွန်းနှင့်ပင် ကြွက်၏ အသက်အန္တရာယ်က လုံခြုံစိတ်ချသွားရလေပြီ။
“ညီကိုတို့ ခင်ဗျားတို့က ကျုပ်ကို ဘာလို့လာရှာတာလဲ”
ကြွက်သည် ခဏနေပြီးနောက် သူ့ကိုယ်သူ ဣန္ဒြေဆယ်ကာ စတင်မေးမြန်းလိုက်၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“ငါက မင်းဆီကနေ သတင်းအချက်အလက်တစ်ချို့ လိုချင်လို့ဘဲ “
ရုတ်တရက် ကြွက်၏အမူအရာက သတိကြီးကြီးထားသည့်ပုံပေါက်သွားပြီး သူ၏ မျက်လုံးများက ဆူဇီမိုတို့အုပ်စုကို လှည့်ပတ်ကြည့်လိုက်၏။ အတန်ကြာ စဥ်းစားတွေးတောပြီးနောက် သူက ပြောလိုက်လေသည်။
“ပွင့်ပွင့်လင်းလင်း ပြောရတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါ.. ညီကိုတို့ အရင်ကခင်ဗျားတို့ကို ကျုပ်က ကူညီခဲ့တယ်ဆိုတာ ကျုပ်စိတ်ထဲမှာ မလုံမလဲ ခံစားခဲ့ရလို့ဘဲ”
“ဒါပေမယ့်လို့ ခင်ဗျားတို့က ကျုပ်ကို အသုံးချပြီး လရောင်ငိုကြွေးတောင်ကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင်တော့ ကျုပ်က အဲ့ဒါကို သဘောတူမှာ မဟုတ်ဘူး”
ဆူဇီမိုက မှင်သေသေဖြင့် ပြန်ပြောလ်ိုက်၏။
“လရောင်ငိုကြွေးတောင်က အဘက်ဘက်နေ အန္တရာယ်တွေ ဝိုင်းနေတာ ၊ သူတို့က မကြာခင် ကျရှုံးတော့မှာဘဲ... ငါတို့က လှုပ်ရှားဖို့တောင် လိုသေးလို့လား...”
“ခင်ဗျားက အဲ့တာ ဘာကို ဆိုလိုချင်တာလဲ”
ကြွက်က သူ့မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။
“မဟူရာ သဲတောင်ရိုး ၊ ဆိုင်ကလုန်း လိုဏ်ဂူ ၊ တစ္ဆေမြစ်”
ဆူဇီမိုက အမည်သုံးခုကို ဖြည်းဖြည်းချင်း ရွတ်ပြလိုက်၏။
ထိုအမည်သုံးခုသည် လရောင်ငိုကြွေးတောင်၏ ဘေးပတ်လည်ရှိ ပိုင်နက်နယ်မြေများ၏ အမည်များဖြစ်လေသည်။
ကြွက်သည် တိတ်ဆိတ်နေသော်လည်း သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“မင်းဆီမှာက သတင်းအချက်အလက်စုံတယ်ဆိုတော့ အဲ့ဒီ... နယ်မြေသုံးခုက လရောင်ငိုကြွေးတောင်ကို ပစ်မှတ်ထားနေတယ်ဆိုတာ မင်းလည်းသိမှာပေါ့ ၊ သူတို့သာ မဟာမိတ်ဖွဲ့လိုက်မယ်ဆိုရင် လရောင်ငိုကြွေးတောင်ပ ဘယ်လောက်ထိ တောင့်ခံနိုင်မှာလဲ”
ဆူဇီမိုသည် စောစောက တိတ်တဆိတ် ခိုးနားထောင်ခဲ့ပြီး သတင်းအချက်အလက်အတော်များများကို ရရှိခဲ့ကာ သူက အနည်းငယ် ကောက်ချက်ချပြီးနောက် အဖြေတစ်ခုကို အကြမ်းဖျင်းထုတ်နိုင်ခဲ့လေသည်။
ကြွက်က ညင်သာစွာသက်ပြင်းချပြီး ခါးသက်စွာဖြင့် ပြောလိုက်၏။
“သူတို့က မဟာမိတ်ဖွဲ့စရာတောင်မလိုဘူး အဲ့ဒီနယ်မြေထဲက တစ်ခုခုက တိုက်ခိုက်ရင်တောင် လရောင်ငိုကြွေးတောင်က အဲ့ဒါကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
“ငါ့ကိုပြောပါဦး အဲ့ဒီနယ်မြေသုံးခုနဲ့ ပက်သက်ပြီး မင်းဘာတွေသိထားလဲ...” ဆူဇီမိုက မေးလိုက်၏။
ကြွက်က ပြန်ဖြေလိုက်လေသည်။
“တစ်ကယ်တော့ မြေပုံကိုကြည့်ရင်တောင် အဲ့ဒီနယ်မြေသုံးခုက လရောင်ငိုကြွေးတောင်ထက် ပိုပြီးသန်မာတယ်ဆိုတာ ခင်ဗျားတို့လည်းပြောနိုင်မှာပေါ့”
သူပြောတာကမမှားပေ.. မြေပုံပေါ်မှာဆိုရင် လရောင်ငိုကြွေးတောင်၏ ပိုင်နက်နယ်မြေသည် အသေးငယ်ဆုံးဖြစ်ပြီး ထိုနယ်မြေသုံးခု၏ကြားမှာ ညပ်နေ၏။
ကြွက်က ဆက်ပြောလိုက်လေသည်။
“လရောင်ငိုကြွေးတောင်မှာဆိုရင် အလာ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်ဘဲ ရှိတယ် ၊ သူတို့က ပိုင်နက်အရှင်နဲ့ လက်ထောက်ပိုင်နက်အရှင်ဘဲ ၊ ဒါပေမယ့်လို့ ကျုပ်သိရသလောက်ဆိုရင် ဆိုင်ကလုန်းလိုဏ်ဂူနဲ့ မဟူရာသဲတောင်ရိုးမှာ အနည်းဆုံး အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ငါးယောက်အထက်ရှိကြတယ်”
“တစ္ဆေမြစ်ကတော့ လျှို့ဝှက်ဆန်းကြယ်ဆုံးမို့ သူတို့ဆီမှာ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ဘယ်လောက်များများရှိလဲဆိုတာ ဘယ်သူမှမသိကြဘူး ၊ ဒါပေမယ့်လို့ သူတို့က ဒီနားတစ်ဝိုက်မှာ အသန်မာဆုံးဖြစ်တယ်လို့ အားလုံးက လက်ခံထားကြတယ်”
“အဲ့ဒါက ဘာလို့လဲဆိုတော့ တစ္ဆေမြစ်ရဲ့ ပိုင်နက်အရှင်က မြွေနဂါးတစ်ကောင်ဖြစ်နေလို့ဘဲ “
ထိုနေရာအရောက်တွင် ကြွက်သည် ဆူဇီမိုတို့အုပ်စုကို အလိုလိုလှမ်းကြည့်လိုက်၏။
သူမျှော်လင့်ထားသလို သူတို့ထံမှ အံ့အားသင့်မှု တုန်လှုပ်မှုတို့ကို သူကမတွေ့ရပေ။
ဆူဇီမိုနှင့်အခြားသူများသည် အလွန်တရာသာမန်ဆန်လှသော တစ်စုံတစ်ရာကို ကြားလိုက်ရသည့်အလား တည်ငြိမ်လွန်းနေ၏။
သူတို့ငါးယောက်က တစ်ခုခုကို တုန့်ပြန်တဲ့နေရာမှာ နှေးကွေးတာများလား။
ကြွက်သည် သူ့ဘာသာသူ တွေးပြီး လည်ချောင်းကိုရှင်းကာ ထပ်မံ၍ အသေးစိတ်ပြောပြလိုက်၏။
“မြွေနဂါးဆိုတာ သူ့ခန္ဓာကိုယ်ထဲမှာ နဂါးမျိုးနွယ်ရဲ့ မျိုးဆက်သွေး တစ်စွန်းတစ်စကို သယ်ဆောင်ထားတဲ့ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်ဘဲ ၊ အဲ့ဒါက မျှော်လင့်ချက် ပါးပါးလေးဆိုပေမယ့်လို့ သူက အစစ်အမှန်နဂါးတစ်ကောင်ဖြစ်လာအောင် ကျင့်ကြံနိုင်ဖို့ အခွင့်အရေးတစ်ခု သူ့မှာရှိတယ်”
“အို.....”
သူတို့ငါးယောက်က စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် တုံ့ပြန်လိုက်ကြ၏။
အစကတည်းက ဆူဇီမိုသည် နဂါးတစ်ပိုင်းဖြစ်နေပြီဖြစ်ပြီး မြွေနဂါးလိုတည်ရှိမှုမျိုးက သူတို့အတွက် အရေးလုပ်စရာမဟုတ်တော့ပေ။
မျောက်နဲ့အခြားသူများသည် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ ယက္ခမျိုးနွယ်များနှင့်ပင် တိုက်ခိုက်ခဲ့ကြဖူး၏။ ထို့သို့ဖြင့် သူတို့၏ အမြင်နှင့်ဗဟုသုတက အခြားသောသာမန် သားရဲတောကောင်များထက် သာလွန်လေသည်။
ကြွက်သည် မျက်လုံးပြူးသွားပြီး ရှင်းမပြတက်သော အားမလိုအားမရခံပြင်းမှုဖြင့် သူ၏ ပါးနှစ်ဖက်ကို စူဖောင်းလိုက်၏။
မြေခွေးလေးက ပထမဆုံးတုန့်ပြန်လိုက်ပြီး လက်ခုပ်တီးကာ အံအားတသင့်ရေရွတ်လိုက်၏။
“ဝိုး... မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်ကြီးလား... တစ်ကယ့်ကို အံ့မခန်းဘဲ”
“အဲ့ဒီဟန်ဆောင်တာက အရမ်းကိုသိသာလွန်းနေတယ် မဟုတ်ဘူးလား”
ကြွက်၏နှုတ်ခမ်းက တဆတ်ဆတ်တုန်ယင်လာပြီး သူက မျက်လုံးစွေကြည့်လိုက်လေသည်။