← Chapters

နှုတ်ဆက်ခြင်း

Vol. 55 Ch. 817

နှုတ်ဆက်ခြင်း

Vol. 55 Ch. 817

“တကယ်တော့ လရောင်ငိုကြွေးတောင်ရဲ့ ယခင်ပိုင်နက်အရှင်ကသာ ဒီနေရာမှာ ရှိနေဦးမယ်ဆို သူ့ရဲ့ခွန်အားနဲ့ဆိုရင် မဟူရာသဲတောင်ရိုး၊ ဆိုင်ကလုန်းလိုဏ်ဂူနဲ့ တစ္ဆေမြစ်တို့ကို သူက ဖိနှိမ်နိုင်လိမ့်မယ်”

ကြွက်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့လို့ သူက အပြင်ဘက်ကို စွန့်စားသွားလာရင်းနဲ့ သန်မာတဲ့ ရန်သူတစ်ယောက်နဲ့ တွေ့ပြီးတော့ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်… သူ့ရဲ့ခန္ဓာကိုယ်က ဖျက်စီးခံလိုက်ရပြီးတော့ သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်ကပဲ ပြန်ရောက်လာနိုင်ခဲ့တယ်… ဒါပေမဲ့လို့ သိပ်မကြာဘူး.. သူက သေဆုံးသွားခဲ့တယ်”

“လက်ရှိလရောင်ငိုကြွေးပိုင်နက်အရှင်က ယခင်ပိုင်နက်အရှင်ရဲ့မျိုးဆက်ပဲ”

“ဒီနှစ်တွေထဲမှာ လရောင်ငိုကြွေးတောင်က ရပ်တည်နိုင်နေသေးတယ်ဆိုတာ မဟူရာသဲတောင်ရိုး၊ ဆိုင်ကလုန်းလိုဏ်ဂူနဲ့ တစ္ဆေမြစ်တို့က တစ်ယောက်ကိုတစ်ယောက် စိုးရိမ်နေကြလို့ပဲ… သူတို့က သူတို့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေကြလို့ပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ပိုင်နက်အရှင်သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်နေကြပြီး တစ်ယောက်ယောက်က လရောင်ငိုကြွေးတောင်ကို အရင်စပြီး တိုက်ခိုက်မည်ဆိုလျှင် အခြားသူများ၏ အမြတ်ထုတ်ခြင်းခံရမှာကို ပူပန်နေကြခြင်းဖြစ်၏။ အဲဒါကြောင့်ပင် သူတို့က အခုချိန်ထိ မတိုက်ခိုက်ကြခြင်းဖြစ်လေသည်။

သို့သော်လည်း ထိုပိုင်နက်အရှင်သုံးယောက်သည် နားလည်မှုတစ်ခု ရယူနိုင်ခဲ့လျှင် လရောင်ငိုကြွေးတောင်က ဖျက်စီးချေမှုန်းခံရပေလိမ့်မည်။

“ညီအစ်ကိုတို့.. ခင်ဗျားတို့က ဒီကို ဘာလို့ပြန်ရောက်လာကြတာလဲ”

ကြွက်၏မျက်လုံးများက ဟိုဟိုဒီဒီ အကဲခတ်ကြည့်ရင်း မေးလိုက်၏။

စိတ်ဝိညာဉ်ကျားက မျက်နှာကိုမော့ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

“ငါတို့က ဒီနေရာကို ပြန်လာတယ်ဆိုတာ ဒီမှာရှိတဲ့ လက်ရှိပိုင်နက်အရှင်ကို ဖြုတ်ချဖို့ပဲ”

အဓိပ္ပာယ်မရှိတာကွာ။

ကြွက်က သူ့နှုတ်ခမ်းကို အနည်းငယ်စူဝိုင်း၍ စိတ်ထဲကနေ လှောင်ရယ်လိုက်၏။

သူ၏အထင်အမြင်အရဆို စိတ်ဝိညာဉ်ကျားက အဓိပ္ပာယ်မရှိတာကို ပြောနေခြင်းသာ ဖြစ်လေသည်။ သူတို့က အဆင့်နိမ့်မိစ္ဆာသားရဲအချို့လောက်နှင့် ပိုင်နက်နယ်မြေတစ်ခုကို သိမ်းပိုက်ချင်သည်ဆိုလျှင် အဲဒါက အိပ်မက်မက်နေတာပင် ဖြစ်ရပေမည်။

“မင်းက ငါတို့ကို မယုံဘူးလား”

မျောက်က ရှေ့သို့လျှောက်လှမ်းလာပြီး ကြွက်ကို ကုပ်ကနေကိုင်မကာ သရော်ပြုံးပြုံးလိုက်၏။

“ကျုပ်က ယုံပါတယ်”

ကြွက်က တသိမ့်သိမ့်တုန်ယင်သွားပြီး ကပျာကယာပြုံးကာ ပြောလိုက်၏။

မျောက်က ပို၍နက်ရှိုင်းစွာ လှောင်ပြုံးလိုက်၏။

“မင်းက ယုံတယ်ဆိုမှတော့ ငါတို့ကို ကူညီလေ.. ငါတို့က လောလောဆယ် အင်အားနည်းနေသေးတယ်.. မင်းကြည့်ရတာ ဘာက မင်းအတွက်ကောင်းမယ်ဆိုတာ သိမယ့်ပုံပဲ”

ကြွက်က စိတ်ထဲကနေ ညည်းတွားလိုက်၏။ သို့သော်လည်း သူက ကြိုးစား၍ ပြန်ဖြေပေးလိုက်လေသည်။

“ဟုတ်.. ဟုတ်ပြီလေ.. ကျုပ်က.. ဒါပေမဲ့.. အရင်ကပိုင်နက်အရှင်နဲ့ အခုပိုင်နက်အရှင်ပေါ်မှာ အကြွေးတင်နေတယ်.. သူတို့က ကျုပ်အပေါ်ကိုလည်း အရမ်းကောင်းကြတယ်.. ကျုပ်က..”

ရုတ်တရက်.. ကြွက်၏စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာ၏။

“ညီအစ်ကိုတို့.. တစ်ကယ်တော့ အရင်ကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေမှာ ခင်ဗျားတို့ဘက်က စပြီးမှားခဲ့တာတော့ မဟုတ်ဘူးလေ.. ကျုပ်က အဲဒီအကြောင်းကို ပိုင်နက်အရှင်ထံမှာ သေချာရှင်းလင်းအောင် ပြောပြပေးလို့ရတယ်”

“အခု ခင်ဗျားတို့တွေက မိစ္ဆာသားရဲတွေ ဖြစ်လာပြီဆိုတော့.. ခင်ဗျားတို့ရဲ့ အစွမ်းအစနဲ့ဆို လရောင်ငိုကြွေးတောင်မှာ ကာကွယ်သူတစ်ယောက်ရဲ့နေရာကို သေချာပေါက် ရရှိကြလိမ့်မယ်”

“ကောင်းပြီလေ”

ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။

“အဲဒါဆိုလည်း ငါတို့ မင်းကိုပဲ အားကိုးရတော့မှာပဲ”

“အာ.. ရတာပေါ့”

ကြွက်က သူ့ရင်ဘတ်ကိုသူ ပုတ်ပြပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။

“အားလုံးပဲ ဘာမှမပူကြနဲ့… ကျုပ်က အကောင်းဆုံးကြိုးစားပြီးတော့ ခင်ဗျားတို့အတွက် တောင်းပန်ပေးမယ်.. ကျုပ်တို့ရဲ့ပိုင်နက်အရှင်က အမြော်အမြင်ရှိတဲ့လူပဲ.. သူက ယခင်ဖြစ်ခဲ့တာတွေကို သေချာပေါက် အငြိုးအတေးထားမှာ မဟုတ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ဟုတ်ပြီလေ.. အဲဒါဆိုလည်း မင်းအရင်ပြန်နှင့်တော့”

ကြွက်က အနည်းငယ် ကြောင်အသွား၏။

သူတို့က သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်ပြီလား။

ကိစ္စများက ဤမျှအထိ လွယ်ကူချောမွေ့လိမ့်မည်ဟု သူက မျှော်လင့်မထားပေ။

ကြွက်သည် ခဏမျှ ကြောင်အသွားသော်လည်း လျင်မြန်စွာပင် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်၏။ သူက လေးစားဟန်ဖြင့် လက်သီးနှစ်ဖက်ကိုဆုပ်လိုက်ပြီး ပြောလိုက်၏။

“ညီအစ်ကိုတို့.. ကျေးဇူးပြုပြီး ဒီကနေ သတင်းကောင်းကို စောင့်နေကြပါ.. မကြာခင် ကျုပ်က ပြန်လာခဲ့မယ်”

သူက လိုဏ်ဂူထဲကနေ လှည့်ထွက်သွားပြီးနောက်.. သိပ်မကြာမီ ပျောက်ကွယ်သွားလေသည်။

“အစ်ကိုကြီး.. ကျုပ်တို့က သူ့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်တာလား”

ကျားက သူ့ခေါင်းကိုကုတ်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။

“အဲဒီကြွက်ကို ကြည့်ရတာ ဉာဏ်များပြီးတော့‌ သိပ်မရိုးသားတဲ့ပုံပဲ.. သူက သူ့လူတွေကို ခေါ်လာပြီးတော့ ကျုပ်တို့ကို လာဝိုင်းမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

ဆူဇီမိုက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်၏။

“သူတို့ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့”

. . .

ဆယ်ရက်ကြာပြီးနောက်..

လိုဏ်ဂူအတွင်းတွင် အစက တိတ်တဆိတ်ကျင့်ကြံနေသော ဆူဇီမိုသည် သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

သိပ်မကြာမီ.. မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် အခြားသူများကလည်း သူတို့၏ကျင့်ကြံမှုကနေ နိုးထလာကြ၏။

“ကြွက်က ပြန်လာပြီလား”

မျောက်၏နားရွက် လှုပ်သွား၏။

“သူ့ကြည့်ရတာ တစ်ယောက်တည်း ပြန်လာတဲ့ပုံပဲ”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာစွာဖြင့် မတ်တပ်ထရပ်လိုက်၏။

ပိုင်နက်အရှင်များ၏သဘောထားကို သူက မသိရသေးသော်လည်း.. အနည်းဆုံးတော့ ကြွက်က သူတို့နောက်ကျောကို ဓားနှင့်ထိုးမည့်သူ မဟုတ်ကြောင်း သူက သိလိုက်၏။

သိပ်မကြာမီ.. ကြွက်က လိုဏ်ဂူထဲသို့ ပြေးဝင်လာပြီး သူ၏လက်နှစ်ဖက်ကို ပွတ်သပ်ကာ သွားဖြီးလိုက်၏။

“ဟီးဟီး.. တော်သေးတာပေါ့.. ကိစ္စတွေက အလုပ်ဖြစ်သွားလို့.. ညီအစ်ကိုတို့.. ကျုပ်နောက်ကနေ လိုက်ပြီးတော့ ပိုင်နက်အရှင်နဲ့ လိုက်တွေ့ကြပါ”

“ဟုတ်ပြီလေ”

ဆူဇီမိုက သဘောတူလိုက်၏။

ကြွက်က ပြောလိုက်လေသည်။

“ညီအစ်ကိုတို့.. အများကြီး မစဉ်းစားကြပါနဲ့.. ဘာပဲပြောပြော ကာကွယ်သူတစ်ယောက်ရဲ့ နေရာကလည်း ခမ်းနားထည်ဝါပါတယ်.. ပိုင်နက်အရှင်က ခင်ဗျားတို့နဲ့ ကိုယ်တိုင်တွေ့ပြီးတော့ ဆုံးဖြတ်ချက်ချချင်တယ်လို့ ပြောတယ်”

“အဲ့လိုပဲ ဖြစ်ရမှာပေါ့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အဲဒီနောက်.. ဆူဇီမိုတို့အုပ်စုသည် ကြွက်နှင့်အတူ လိုဏ်ဂူထဲကနေ ထွက်ခွာပြီး လရောင်ငိုကြွေးတောင်၏ အလယ်ဆီသို့ ဦးတည်သွားကြ၏။

ကြွက်၏ဦးဆောင်မှုနှင့်အတူ သူတို့၏လမ်းခရီးက အဆင်ပြေချောမွေ့နေလေသည်။

သိပ်မကြာမီ.. သူတို့သည် လရောင်ငိုကြွေးတောင်၏ အလယ်ဗဟိုရှိ လိုဏ်ဂူတစ်ခုကို ရောက်ရှိလာခဲ့ကြ၏။

စိတ်ဝိညာဉ်ကျားနှင့် မြေခွေးလေးသည် အလွန်တရာ စူးစမ်းလိုစိတ်ဖြင့် တစ်လမ်းလုံး ဘေးဘီဝဲယာသို့ ကြည့်လာကြ၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေလေသည်။

သူ၏အမြုတေစိတ်ဝိညာဉ်သည် လွန်ခဲ့သည့်ဆယ်ရက်က ဤနေရာမှာ သွားလာခဲ့ဖူးပြီး ဒီနေရာမှာရှိသော အရာရာတိုင်းက သူ့အတွက် အသစ်အဆန်း မဟုတ်တော့ပေ။

“ညီအစ်ကိုတို့.. ကျုပ်နောက်ကနေ လိုက်ခဲ့ကြ”

ကြွက်က လိုဏ်ဂူထဲသို့ ဦးဆောင်၍ ဝင်သွားပြီး ဆူဇီမိုတို့အုပ်စုသည် နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

လိုဏ်ဂူထဲသို့ သူတို့ ဝင်ရောက်သည့်ခဏမှာပင်.. သူတို့၏မြင်ကွင်းက လင်းထိန်သွား၏။

လိုဏ်ဂူက အလွန်တရာ ကျယ်ဝန်းပြီး လက်သီးဆုပ်အရွယ် ပုလဲလုံးကြီးများကို နံရံ၏ ထောင့်လေးထောင့်တွင် အလှဆင်ထား၏။ သူတို့က တောက်ပဝင်းထိန်၍ ခမ်းနားထည်ဝါနေလေသည်။

စိတ်ဝိညာဉ်ကျား၏မျက်လုံးက ဝင်းလက်သွားပြီး သူက ညလင်းပုလဲပုတီးလုံးကို လိုချင်စိတ်ဖြင့် လှမ်းထိလိုက်၏။

“မိုက်ရိုင်းလိုက်တာ”

ရုတ်တရက်.. ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာ၏။

လူတိုင်းသည် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။ ရှေ့မလှမ်းမကမ်းတွင် အခန်း၏အလယ်၌ မည်းညိုသောမျက်နှာနှင့် ဗလတောင့်တောင့် လူတစ်ယောက် ရှိနေ၏။ သူက စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် သူတို့ကို စိုက်ကြည့်နေ၏။

ဆူဇီမိုက ဤလူကို အရင်က မြင်ဖူးထားပြီး အဲဒါက လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင် မဟူရာဝံပုလွေဖြစ်သည်ဆိုတာကို သူသိထား၏။

မဟူရာဝံပုလွေ၏ ဘယ်ဘက်အောက်နားတွင် အဖြူရောင်ပဝါတစ်ထည်ကို ခြုံထားသော အမျိုးသမီးတစ်ယောက်ရှိပြီး သူမက တစ်ချိန်လုံး ခေါင်းငုံ့နေ၏။ အဲဒါကတော့ လရောင်ငိုကြွေးတောင်၏ လက်ထောက်ပိုင်နက်အရှင် ချန်ရူယီ ဖြစ်လေသည်။

သို့သော်လည်း.. စောစောက ဟိန်းဟောက်လိုက်သည်မှာ သူတို့နှစ်ယောက်ထဲမှ မဟုတ်ပေ။

မဟူရာဝံပုလွေ၏နောက်တွင် ဗလတောင့်တောင့် လူတစ်ယောက်က မတ်တပ်ရပ်နေ၏။

သူ၏မျက်လုံးများက ကြေးညိုခေါင်းလောင်းများနှင့် ဆင်တူပြီး တုတ်ခိုင်တောင့်တင်းကာ သူ၏အရပ်က ဆယ်ပေကျော်ရှိလေသည်။

ကြေးညိုရောင် ကြွက်သားများသည် သူ၏လက်နှစ်ဖက်ပေါ်တွင် ကျောက်တုံးများကဲ့သို့ ဖုထစ်နေ၏။

ဗလတောင့်တောင့်လူက သတ်ဖြတ်လိုသော အော်ရာဖြင့် နောက်တစ်ဖန် ထပ်အော်လိုက်၏။

“မင်းတို့က ဒီနေရာကို ရောက်လာတာ‌တောင် ပိုင်နက်အရှင်နှစ်ပါးကို ဘာလို့ လာပြီး နှုတ်မဆက်ကြသေးတာလဲ”

ကြွက်က ထိတ်ထိတ်ပျာပျာ အမူအရာဖြင့် ပြောလိုက်၏။

“အဲဒါက လရောင်ငိုကြွေးတောင်ရဲ့ ကာကွယ်သူတွေထဲက ခေါင်းဆောင်ပဲ.. သူက ကြေးညိုနွားရိုင်း.. သူရဲ့တိုက်ခိုက်ရည်က အသန်မာဆုံးပဲ.. ညီအစ်ကိုတို့.. သူ့ကိုသွားပြီး ရန်မစမိစေနဲ့”

မျောက်က ဂုဏ်ယူဝင့်ကြွားသော အမူအရာရှိပြီး နှုတ်ခမ်းစူလိုက်၏။

ဆူဇီမိုတို့ ငါးယောက်က လှုပ်ရှားခြင်း မရှိကြပေ။

“ဟမ့်”

ကြေးညိုနွားရိုင်း၏အကြည့်သည် အေးခဲသွားပြီး သူက ဒေါသူပုန်ထသွား၏။ သူက ဒေါသယမ်းမီး ပေါက်ကွဲတော့မည့်ဆဲဆဲမှာပင် မဟူရာဝံပုလွေက လက်ကာပြလိုက်၏။

ကြေးညိုနွားရိုင်းသည် ပြင်းထန်စွာ အသက်ရှိုက်၍ သူ၏ဒေါသကို ဖိနှိမ်လိုက်ရ၏။ သို့သော်လည်း သူက ဆူဇီမိုတို့အုပ်စုကို စိမ်းသက်သော အမူအရာဖြင့် စိုက်ကြည့်နေ၏။

ဆူဇီမိုတို့ ငါးယောက်အုပ်စုက လိုဏ်ဂူခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် မဟူရာဝံပုလွေသည် ကြောက်စရာကောင်းသော အကြည့်နှင့်အတူ သူတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုနေပြီဖြစ်၏။

သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး ပိုင်နက်အရှင်တစ်ပါးလည်း ဖြစ်၏။ သူ၏အော်ရာနှင့် သူ၏တည်ရှိမှုစွမ်းအားက အလွန်တရာ စွမ်းအားကြီးပြီး သာမန်သားရဲတောကောင်များက အဲဒါကို ခံနိုင်ရည်ရှိကြလိမ့်မည် မဟုတ်ပေ။

သူတို့ထဲမှ အများစုသည် မြေပြင်ပေါ်မှာ ဒူးထောက်၍ သူ့ကို အလိုလိုနှုတ်ဆက်လာရပေမည်။

သို့သော်လည်း.. သူရှေ့ရှိ လူငါးယောက်၏မျက်နှာပေါ်မှာ ကြောက်ရွံ့မှု တစွန်းတစကို သူက မမြင်ရပေ။

သူတို့က ပိုင်နက်အရှင်နှစ်ပါးနှင့် ရင်ဆိုင်နေရတာတောင်…

သူတို့က အလယ်အလတ်အဆင့် မိစ္ဆာသားရဲနှစ်ယောက်နှင့် ရင်ဆိုင်နေရတာတောင်…

အဲဒါက.. အထူးသဖြင့်‌ သူတို့ကို ဦးဆောင်လာသော သွေးနီရောင်ဆံပင်နှင့်လူအတွက် ဖြစ်လေသည်။ ဤလူက တည်ငြိမ်နေသော အမူအရာရှိပြီး စိတ်မသက်မသာ နည်းနည်းလေးမှ မရှိဘဲ မဟူရာဝံပုလွေ၏အကြည့်ကိုပင် ပြန်လှန်စိုက်ကြည့်ရဲလေသည်။

“စိတ်ဝင်စားစရာပဲ”

မဟူရာဝံပုလွေက စိတ်ထဲကနေ ရယ်မောလိုက်၏။

ချန်ရူယီပင်လျှင် သူမ၏ခေါင်းကို မော့ပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။

“မင်းက ငါ့ရဲ့ ကာကွယ်သူနှစ်ယောက်ကို သတ်ဖြတ်ပြီးတာတောင် ငါ့ရဲ့ပိုင်နက်ထဲကို ရောက်လာရဲတယ်ဆိုတော့.. မင်းတို့အားလုံးကို ငါက သတ်ပစ်လိုက်မှာကို မကြောက်ဘူးလား”

ခဏနေပြီးနောက်... မဟူရာဝံပုလွေသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ ချက်ချင်းပင် လေထုက သတ်ဖြတ်လိုစိတ်ဖြင့် တင်းကြပ်လာလေသည်။

ဆူဇီမိုက မတုံ့ပြန်နိုင်ခင်မှာပင်.. ကြွက်က အရင်ဆုံး ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ကပျာကယာ ဝင်ပြောလိုက်၏။

“ပိုင်နက်အရှင်.. ကျုပ်တို့က အတိတ်က ဖြစ်ပျက်ခဲ့သမျှတွေကို သင်ပုန်းချေပစ်မယ်လို့ သဘောတူထားခဲ့တယ် မဟုတ်ဘူးလား.. ခင်… ခင်ဗျားက..”

မဟူရာဝံပုလွေသည် အေးစက်သော အကြည့်တစ်ခု ရှိနေပြီး သူက ခက်ထန်စွာဖြင့် ပြောလိုက်၏။

“ငါက ငါ့စကားကို ပြန်ရုတ်သိမ်းတယ်.. မင်းက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဖြစ်ချင်သေးလို့လဲ”

ကြွက်က ပြောစရာစကားမဲ့သွားပြီး သူ၏နဖူးမှ ချွေးစီးများက လိမ့်ကျလာလေ၏။

All Chapters