မင်းမှာ ဘာအခွင့်အာဏာရှိလို့လဲ
Vol. 55 Ch. 818
ချက်ချင်းပင် လိုဏ်ဂူခန်းမထဲရှိ တင်းကျပ်မှုက ပို၍ သိပ်သည်းပြင်းထန်လာ၏။
သတ်ဖြတ်လိုသော အော်ရာတစ်ခုက ဖြန့်ကျက်သွားလေသည်။ ကြေးညိုနွားရိုင်းသည် သူ၏ လည်ပင်းကို လှုပ်ခါပြီး ဆူဇီမိုတို့အုပ်စုကို မကောင်းဆိုးဝါးဆန်ဆန် လှောင်ပြုံး၍ ကြည့်လိုက်၏။ မဟူရာဝံပုလွေထံမှ အမိန့်တစ်ချက်ရသည်နှင့် သူက ရှေ့သို့ ခုန်ဝင်တော့မည်ဖြစ်သည်။
ချန်ရူယီက သူမ၏ ခေါင်းကိုငုံ့ထားပြီး တစ်ချိန်လုံး ဘာမှမပြောပေ။
သို့သော်လည်း မသိလိုက်မသိဘာသာနှင့်ပင် သူမ၏ လက်ထဲတွင် ပုစဥ်းတောင်ပံများလောက် ပါးလွှာသော ဆေဘာကွေးနှစ်လက်က ပေါ်လာခဲ့လေပြီ။ အဲ့ဒါက ထွင်းဖောက်မတက် ကြည်လင်နေပြီး အေးစက်စက်အော်ရာတစ်ခုက ဖြာထွက်နေ၏။
မဟူရာဝံပုလွေက တိတ်တဆိတ်ဖြင့် ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။
အံ့အားသင့်ဖို့ကောင်းစွာပင် သူ၏ရှင်းလင်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြီးတာတောင် ဤလူက တစ်ချိန်လုံး အမူအရာကင်းမဲ့စွာ ရှိနေ၏။
သူ၏ မျက်လုံးများက နက်ရှိုင်းသော သမုဒ္ဒရာတစ်ခုနှင့်တူပြီး လုံးဝမလှုပ်ခတ်နိုင်သည့်အလားပင်။
“မင်းက မကြောက်ဘူးလား...” မဟူရာဝံပုလွေက မျက်ခုံးပင့်လိုက်၏။
ဆူဇီမိုက ထီမထင်ပုံစံဖြင့် ပြုံးရုံသာ ပြုံးပြလိုက်၏။
“ခင်ဗျားက ကျုပ်တို့ကို သတ်ချင်တယ်ဆို ဒီနေရာထိ ဘာလို့မျှားခေါ်နေဦးမှာလဲ”
“ဟုတ်ပြီလေ...”
ရုတ်တရက် မဟူရာဝံပုလွေ၏ မျက်နှာပေါ်ရှိ သတ်ဖြတ်လိုစိတ်က ပြေလျော့သွားပြီး သူက မသိမသာပြုံး၍ ခေါင်းညိတ်လိုက်၏။
“တခြားအရာတွေကို အသာထား မင်းက ငါ့ရဲ့ လိုဏ်ဂူခန်းမထဲကို ဝင်လာရဲတာနဲ့တင် အဲ့ဒီသတ္တိက လရောင်ငိုကြွေးတောင်မှာရှိတဲ့ တခြားကာကွယ်သူတွေထက် သာလွန်နေပြီ”
ကြွက်ကမှင်သက်သွား၏။
ကြေးညိုနွားရိုင်းကလည်း တူညီစွာ အံ့ဩမှင်သက်သွားလေသည်။
ဆူဇီမိုကသာလျှင် အဲ့ဒါက်ို မျှော်လင့်ထားပြီး ဖြစ်သည်အလား တည်ငြိမ်သောအမူအရာရှိနေ၏။
“အရင်က ဖြစ်ပျက်ခဲ့သမျှအကုန်လုံးကို ငါကြားပြီးပြီ ၊ အဲ့ဒီမှာ ငါ့ရဲ့မိစ္ဆာသားရဲတွေက အရင်စပြီး မှားတာဆိုပေမယ့်လို့ မင်းက ငါ့ရဲ့လက်အောက်မှရှိတဲ့ သားရဲများစွာအပြင် ကာကွယ်သူနှစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့သေးတယ်”
မဟူရာဝံပုလွေက လေးနက်သောလေသံဖြင့်ပြောလိုက်၏။
“မင်းက လရောင်ငိုကြွေးတောင်ရဲ့ ကာကွယ်သူတစ်ယောက်ဖြစ်လာနိုင်တယ် ၊ ဒါပေမယ့်လို့ မင်းစိတ်ထဲမှာ မှတ်ထားရမှာက မင်းရဲ့အပြစ်တွေကို ပြန်ပေးဆပ်ဖို့အတွက် အနာဂတ်မှာ မင်းကအကောင်းဆုံးကြိုးစားပြရလိမ့်မယ်”
“ဒါပေါ့... အဲ့ဒါက ရတာပေါ့”
ဆူဇီမိုက ပြန်မဖြေခင်မှာပင် ကြွက်က ပြုံးဖြီး၍ ဝင်ပြောလိုက်၏။
“ပိုင်နက်အရှင် အဲ့ဒါက နည်းနည်းတော့ အလောတကြီးနိုင်ရာမကျဘူးလား”
ကြေးညိုနွားရိုင်းက မကျေမချမ်းနှင့် ဆူဇီမိုတို့အုပ်စုကို မျက်စောင်းထိုးပြီး ဝင်ပြောလိုက်၏။
“ဒီလူက အခုမှ အဆင့်ချိုးဖျက်တက်လှမ်းပြီးတော့ သူ့အသက်ကလည်း ငယ်ငယ်ဘဲ ရှိသေးတယ် ၊ သူ့မှာ ဘယ်လိုလုပ် အတွေ့အကြုံရှိပါ့မလဲ ၊ ကာကွယ်သူတစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းကိုထူးခြားတယ်.. ဘာဘဲဖြစ်ဖြစ် ကျုပ်တို့က သူ့ရဲ့အစွမ်းအစကို အရင်စစ်ဆေးကြည့်ရမယ်မလား”
“ငါက မင်းနဲ့ ကစားပေးရမလား...”
တိုက်ခိုက်ရတော့မည့် အခွင့်အရေးကို မြင်လ်ိုက်ရပြီးနောက် မျောက်၏ မျက်လုံးက ဝင်းလက်ကာ ရှေ့သို့ထွက်လာ၏။
သူသည် မိစ္ဆာသားရဲတစ်ယောက်ဖြစ်လာပြီးနောက် မဟူရာသဲတောင်ရိုးမှ မိစ္ဆာသားရဲများနှင့်သာ တိုက်ခိုက်ခဲ့ရ၏။ သူက စိတ်ကျေနပ်ခြင်းမရှိသေးသည့်အတွက် ရှားရှားပါးပါး ပေါ်လာသည့် အခွင့်အရေးကို လက်လွတ်မခံလ်ိုပေ။
“မင်းလိုမျိုး မျောက်ရိုင်းတစ်ကောင်ကလား....”
ကြေးညိုနွားရိုင်းက ရူးသွပ်စွာ ရယ်မောလိုက်၏။
“မင်းတို့တွေအကုန်လုံး ငါ့ဆီကို တစ်ပြိုင်နက်တည်းဝင်လာခဲ့ကြ”
ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။
“တစ်ကယ်တော့ ကျုပ်က ကာကွယ်သူတစ်ယောက်လုပ်ဖို့အတွက် ဒီကိုရောက်လာတာမဟုတ်ဘူး”
“အမ်...”
မဟူရာဝံပုလွေက မျက်ခုံးတစ်ချက်ပင့်ပြီး မေးလိုက်၏။
“မင်းက ဘာလိုချင်လို့လဲ...”
ဆူဇီမ်ို၏ အကြည့်က တောက်ပသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ကျုပ်ဖြစ်ချင်တာကတော့ လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်ဘဲ...”
ထိုစကားကို သူပြောလိုက်သည့်ခဏမှာပင် လိုဏ်ဂူခန်းမတစ်ခုလုံးက ပကတိတိတ်ဆိတ်ငြိမ်သက်သွား၏။
ကြွက်၏မျက်လုံးများက ပြူးကျယ်သွားပြီး သူက ကြက်သေသေနေ၏။
‘ဘုရားရေ... သူကရူးသွားပြီးလား။’
‘အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ပိုင်နက်အရှင်တစ်ယောက်ကို တစ်ကယ်ဘဲ စိန်ခေါ်ချင်နေတာလား။’
‘သွားပြီ.... အဲ့ဒါကတော့ သွားပြီ... မင်းတို့အတွက်နဲ့ ငါပါအသက်ခံရတော့မယ်။’
နောက်ဆုံးမှာတော့ ချန်ရူယီသည် စိတ်ဝင်စားသွားသည့်အလား သူမ၏ ခေါင်းကိုမော့ပြီး ပထမဆုံးအကြိမ်ဖြစ် ဆူဇီမိုကို တည်တံ့စွာကြည့်လိုက်လေသည်။
မဟူရာဝံပုလွေက သူ့မျက်လုံးကို မှေးကျဥ်းလိုက်ပြီး ခက် ထန်ကြမ်းကြုတ်မှုဖြင့် တောက်ပလာ၏။ သူက မလှုပ်မယှက်ရှိနေသေးသော်လည်း သတ်လိုဖြတ်လိုသော အော်ရာတစ်ခုက သူ့ထံမှာ ဖြာထွက်လာပြီး အဲ့ဒါက စောစောကထက် ပို၍ကြောက်စရာကောင်းနေ၏။
ဒီတစ်ကြိမ်မှာတော့ သူ၏ သတ်ဖြတ်လိုစိတ်က အမှန်တစ်ကယ်ကို နိုးထလာခဲ့လေသည်။
“မိုက်ရိုင်းလိုက်တာ...”
ကြေးညိုနွားရိုင်း၏ မျက်လုံးက ပြူးကျယ်သွားပြီး သူက ရှေ့သို့ခုန်ထွက်ကာ ဆူဇီမိုက ဟိန်းဟောက်လိုက်၏။
“မင်းလိုမျိုး ဘာမဟုတ်တဲ့ကောင်က ငါ့ရှေ့မှာ ဘယ်လိုတောင် ပြုမူရဲတာလဲ... သေစမ်း”
ဆူဇီမိုက ဝင်ရောက်လာသော ကြေးည်ိုနွားရိုင်းကို ကြည့်ပြီး မလှုပ်မယှက်ရှိနေ၏။
သူ၏ ဘေးကနေ အရိပ်တစ်ခုက ဖျတ်ကနဲထွက်လာ၏။ မျောက်က ရှေ့သို့ခုန်ထွက်လာခြင်းဖြစ်လေသည်။
သူက သူ့လက်သီးကို မြှောက်ပြီး သူ၏အသားများက ပြန့်ကားလာပြီး လေထဲတွင် ဧရာမချိတ်စည်းတစ်ခုက ဖြစ်ပေါ်လာသည့်အလား သူက ကြေးညိုနွားရိုင်း၏ ဝင်ရောက်လာသောလက်သီးကို ပြင်းထန်စွာ ပြန်လည်ထိုးနှက်လိုက်၏။
ဘုန်း...
အဲ့ဒီမှာ ကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာလေသည်။
ကြေးညိုနွားရိုင်းသည် နက်ရှိုင်းစွာ ညည်းတွားပြီး အမှန်တစ်ကယ်ပင် လွင့်စင်ထွက်သွား၏။
မျောက်ကလည်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး သူ၏ လက်ကိုခါကာ ခေါင်းမော့၍ ရယ်မောလိုက်၏။
“ကောင်းလိုက်တဲ့ ခံစားချက်ကွာ... လာစမ်းပါ နောက်တစ်ခေါက်လောက်”
ကြွက်၏ မျက်လုံးကပြူးကျယ်သွားပြီး သူ၏ လျှာကို ကိုက်မိမတက် ဖြစ်သွား၏။
ကြေးည်ိုနွားရိုင်းသည် လရောင်ငိုကြွေးတောင်၏ ကာကွယ်သူများထဲမှ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ၏ခွန်အားက အသန်မာဆုံးဖြစ်လေသည်။ မည်သည့်မိစ္ဆာသားရဲကမှ သူနှင့် ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။
ယခု မကြာသေးခင်ကမှ မိစ္ဆာသားရဲတစ်ယောက်အဖြစ် ကျင့်ကြံလာနိုင်ခဲ့သော ဤမျောက်သည် ကြေးညိုနွားရိုင်းကို အရေးနိမ့်ခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဆိုတော့...။ ဒါ့အပြင် သူတို့အုပ်စုထဲတွင် မျောက်၏ တိုက်ခိုက်ရည်က အသန်မာဆုံးမဟုတ်သည်ကို ကြွက်ကသိရှိထားသည်။ အဲ့ဒီ.. သွေးနီရောင်ဆံပင်နှင့်လူဆိုရင်တော့....။
“သူက တစ်ကယ်ဘဲ....”
ကြွက်၏စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာပြီး သူ့ကို ထိတ်လန့်တကြားဖြစ်သွားစေ၏။
ထို့နောက် ချက်ချင်းပင် သူက ထိုအတွေးကိုပယ်ရှားပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။
“မဖြစ်နိုင်တာ... လုံးဝမဖြစ်နိုင်ဘူး သူ့ရဲ့တိုက်ခိုက်ရည်က ဘယ်လောက်ဘဲ သန်မာပါစေ သူက ပကတိအရှင်တစ်ပါးကို ဘယ်လ်ိုလုပ် ခြိမ်းခြောက်နိုင်ပါ့မလဲ”
မဟူရာဝံပုလွေက လှုပ်ရှားခြင်းမရှိဘဲ ဆူဇီမိုကို တိတ်တဆိတ် စောင့်ကြည့်နေ၏။
တစ်ကယ်တော့ သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ဖြန့်ကျက်ထားပြီ ဖြစ်ပြီး သူက ငါးကီလိုမီတာ ပတ်လည်အတွင်းမှာရှိသည့် လှုပ်ရှားမှုတစ်စုံတစ်ရာကို ထောက်လှမ်းစစ်ဆေးနေပြီ ဖြစ်၏။
သူ၏ အထင်အမြင်အရဆိုလျှင် သူ၏ ရှေ့ရှိ အဆင့်နိမ့်မိစ္ဆာသားရဲ ငါးယောက်သည် ပိုင်နက်အရှင်တစ်ပါးအဖြစ် သူ၏နေရာကို ဖြုတ်ချဖို့အတွက် ကြိုးပမ်းရဲလိမ့်မည်မဟုတ်ပေ။ အဲ့ဒါက တစ်ကယ့်ကို ဟာသပင်။
သို့သော်လည်း ဘေးနားပတ်ဝန်းကျင်တွင် ထူးခြားမှုတစ်စုံတစ်ရာမရှိပေ။
အဲ့ဒီမှာ လှုပ်ရှားမှု တစ်စွန်းတစ်စပင် ရှိမနေပေ။
သုန်မှုန်နေသောမျက်နှာနှင့်အတူ မဟူရာဝံပုလွေက လေးနက်စွာ မေးလိုက်၏။
“ပြောစမ်း... မင်းကို ဘယ်သူလွှတ်လိုက်တာလဲ...”
သူ၏ အမြင်အရတော့ ဆူဇီမိုက ဣန္ဒြေရနေခြင်းမှာ သူ့တွင် နောက်ခံတစ်ခုခု သေချာပေါက်ရှိရမည်ဖြစ်ပြီး သူက မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူ သို့မဟုတ် တစ္ဆေမြစ် တစ်ခုခုကနေ ရောက်ရှိလာတာ ဖြစ်ရပေမည်။
“မဟူရာဝံပုလွေ... ခင်ဗျားက အတွေးလွန်နေတာဘဲ...”
ဆူဇီမိုက နက်ရှိုင်းသောအကြည့်နှင့်အတူ ပြုံး၍ မဟူရာဝံပုလွေ၏ အတွေးများကို ဖတ်မိသည့်အလား ပြောလိုက်၏။
“ကျုပ်က မဟူရာသဲတောင်ရိုးကလည်း မဟုတ်ဘူး ဆိုက်ကလုန်းလိုဏ်ဂူ ဒါမှမဟုတ် တစ္ဆေမြစ်ကလည်း မဟုတ်ဘူး ၊ ဒီကိုလာခဲ့တာက ကျုပ်တို့ ညီအစ်ကိုငါးယောက်ဘဲ “
မဟူရာဝံပုလွေက သူ၏ အဖြူရောင်သွားစွယ်များ အတန်းလိုက်ပေါ်သည်အထိ ပြုံးဖြီးလိုက်၏။
“စိတ်ဝင်စားစရာဘဲ... မင်းတို့ငါးယောက်က ငါ့ကို ဖြုတ်ချနိုင်မယ်လို့ တစ်ကယ်ထင်နေတာလား”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“တစ်ကယ်တော့ ခင်ဗျားက ကျုပ်တို့ကို ရန်လိုနေစရာမလိုပါဘူး”
“ဟားဟားဟားဟား...”
သူကအရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား မဟူရာဝံပုလွေက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်းတို့က ငါ့ရဲ့ပိုင်နက်ထဲကို ရောက်လာပြီး ငါ့ကိုလည်း ရန်စသေးတယ်..ဒါတောင် ငါက မင်းတို့ကို ရန်မလိုဖို့ မျှော်လင့်နေတာလား”
ဆူဇီမ်ိုက စိတ်သိပ်မပါသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“အဲ့ဒါ ဘာလို့လည်းဆိုတော့ ကျုပ်က လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်ဖြစ်လာမယ်ဆိုရင် တစ်ချိန်တည်းမှာဘဲ ခင်ဗျားတို့ရဲ့ အသက်ကို ကယ်တင်ပြီးတော့ ခင်ဗျားတို့ကို ကူညီပေးပြီးသား ဖြစ်သွားမှာမို့လို့ဘဲ”
“မင်းက ဘာကိုဆိုလိုတာလဲ...” မဟူရာဝံပုလွေက သူ၏ အပြုံးကို ပြန်ရုတ်သိမ်းပြီး အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။
“မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူနဲ့ တစ္ဆေမြစ်တို့က လရောင်ငိုကြွေးတောင်ကို သိမ်းပိုက်ဖို့ကြိုးစားနေတာကြာပြီ ၊ သူတို့သာ မဟာမိတ်ဖွဲ့လိုက်မယ်ဆို လရောင်ငိုကြွေးတောင်က ချက်ချင်းဖျက်ဆီးခံရမှာဘဲ”
ဆူဇီမိုက ထူးမခြားနားပုံစံဖြင့်ပြောလ်ိုက်၏။
“ကျုပ်သိရသလောက်ဆိုရင် ဆိုင်ကလုန်းလိုဏ်ဂူက လှုပ်ရှားဖို့ကို မချုပ်တည်းနိုင်တော့ဘူး ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် သူတို့က ခင်ဗျားတို့ကို ထောက်လှမ်းဖို့အတွက် မိစ္ဆာသားရဲအချို့ကိုတောင် စေလွှတ်ခဲ့သေးတယ်မလား ၊ ဒါပေမယ့် သူတို့ထဲကနှစ်ယောက်ကတော့ ခင်ဗျားတို့လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်”
“ဟမ်....”
မဟူရာဝံပုလွေ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှု တစ်စွန်းတစ်စက ဖြတ်ကနဲပေါ်လာ၏။
မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူနဲ့ တစ္ဆေမြစ်တို့က သူတို့၏နယ်မြေကို သိမ်းပိုက်ဖို့ ကြိုးစားနေသည်ကို လရောင်ငိုကြွေးတောင်၏ မိစ္တာသားရဲအများစုက သိရှိထားကြ၏။ သို့သော်လည်း ထိုညက ဖြစ်ပျက်ခဲ့သည့်ဘအကြောင်းအရာကိုတော့ သူနှင့် ချန်ရူယီသာလျှင် သိထားလေသည်။ ဤလူက အဲ့ဒါကို ဘယ်လိုရှာဖွေတွေ့ရှိသွားတာပါလိမ့်။
မဟူရာဝံပုလွေက ချန်ရူယီကို အလိုလိုလှည့်ကြည့်လိုက်၏။
သူက ချန်ရူယီအပေါ် သံသယ တစ်စွန်းတစ်စပင် ပေါ်လာခဲ့ပြီဖြစ်၏။
ချန်ရူယီ၏အကြည့်က ကြည်လင်နေပြီး သူမက မဟူရာဝံပုလွေကို ပြန်စိုက်ကြည့်ကာ ခေါင်းခါပြလိုက်၏။
ချက်ချင်းပင် မဟူရာဝံပုလွေ၏ ရင်ထဲရှိသံသယများက ပျောက်ကွယ်သွား၏။
ခဏမျှတိတ်ဆိတ်နေပြီးနောက် သူကပြောလိုက်၏။
“အဲ့ဒီနယ်မြေသုံးခုက မဟာမိတ်ဖွဲ့ပြီး ငါ့ကိုဖြုတ်ချချင်တယ်ဆို မင်းကလည်း အတူတူဘဲမလား ၊ မင်းနဲ့သူတို့ကြားမှာ ဘာများကွာခြားတာရှိလို့လဲ... ငါ့ကို ကယ်တင်မယ် ၊ ငါ့ကိုကူညီမယ် ဟုတ်လား... တစ်ကယ့်ဟာသပဲ”
“တစ်ကယ်တော့ အဲ့ဒီမှာ ကွာခြားချက်ရှိတာပေါ့”
ဆူဇီမိုကပြောလိုက်၏။
“ပထမဆုံးအနေနဲ့ ကျုပ်က လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်ဖြစ်လာရင် ခင်ဗျားကို သတ်မှာမဟုတ်ဘူး၊ ဒုတိယအချက်အနေနဲ့ လရောင်ငိုကြွေးတောင်က ရှင်သန်ခွင့်ရလိမ့်မယ်”
မဟူရာဝံပုလွေက တိတ်ဆိတ်ငြိမ်သက်နေ၏။
ထိုအချက်နှစ်ချက်က တစ်ကယ်ပဲ အရေးပါလှလေသည်။
သူသည် နယ်မြေသုံးခုနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စရှိပြီး သူတို့က မဟာမိတ်ဖွဲ့ပြီးလျှင် သူ့ကို သေချာပေါက်သတ်ဖြတ်ပေလိမ့်မည်။ လရောင်ငိုကြွေးတောင်ကလည်း သူတို့၏ ဖျက်ဆီးချေမွခြင်းကို ခံရပေလိမ့်မည်။
“အဲ့လောက်ဆိုရင် ကျုပ်က ခင်ဗျားကို ဘယ်လိုကယ်တင်ပြီး ဘယ်လိုကူညီမယ်ဆိုတာ ရှင်းပြဖို့ လွယ်သွားလောက်ပြီထင်တယ်”
ဆူဇီမိုက ပြုံးလိုက်၏။
“ကျုပ်က လရောင်ငိုကြွေးတောင်ရဲ့ ပိုင်နက်အရှင်ဖြစ်လာပြီးရင် ကျန်တဲ့နယ်မြေသုံးခုကို ဘယ်လိုခုခံကိုင်တွယ်ရမလဲဆိုတာကို သေချာပေါက် တာဝန်ယူပေးမှာပေါ့ ၊ ခင်ဗျားတို့ လုပ်ဖို့လိုတာက ကျုပ်ကို အထောက်အကူပေးဖို့ဘဲ”
“ဟုတ်ပြီလေ... အပြောကတော့ ကောင်းတယ် ၊ အခုဆို ငါ့မှာ မေးစရာမေးခွန်းတစ်ခုဘဲ ကျန်တော့တယ်”
မဟူရာဝံပုလွေက ပြင်းထန်သော ကြမ်းကြုတ်မှုနှင့်အတူ ဖြည်းဖြည်းချင်းမတ်တက်ရပ်ပြီး ဆူဇီမိုကိုစိုက်ကြည့်ကာ လှောင်ရယ်လိုက်၏။
“အဲ့လိုပြောနိုင်ဖို့အတွက် မင်းမှာ ဘာအခွင့်အာဏာရှိလို့လဲ... “