နှစ်ယောက် တစ်ယောက်
Vol. 55 Ch. 819
ဘုန်း...
ကျယ်လောင်သော အသံတစ်သံဖြင့်တွဲဖက်၍ အခြားတစ်ဖက်တွင် တိုက်ပွဲ၏ အနိုင်ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။
ကြေးညိုနွားရိုင်းသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းထားသော်လည်း မျောက်က သူ၏ ဦးချိုနှစ်ဖက်ကို ကိုင်စွဲကာ မြေပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်ပြီး ကြီးမားသည့် တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ကြေးညိုနွားရိုင်း၏ မျက်နှာက သွေးများဖြင့် ပြည့်နှက်နေပြီး ရုပ်ပျက်ဆင်းပျက်ဖြင့် ပျက်စီးကြေမွကာ သတိလစ်လုနီးပါး ဖြစ်သွားရ၏။
မျောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော မျိုးဆက်သွေးတစ်ခုရှိပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက သူတို့ ညီကိုမောင်နှမ ၇ ယောက်တွင် ဆူဇီမိုနှင့် ညဝိညာဥ်ထက် တစ်ဆင့်သာနိမ့်လေသည်။
သူ၏ ဒေါသယမ်းမီး ပေါက်ကွဲသည့်အခြေအနေမှာဆိုလျှင် မျောက်က ယက္ခမျိုးနွယ်များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်၏။ သူသည် မကြာသေးခင်ကမှ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ကျင့်ကြံနိုင်ခဲ့ပြီး အစောပိုင်း နိုးထဝိညာဥ်အဆင့်သို့ ရောက်ရှိလာခဲ့၏။
ကြေးညိုနွားရိုင်းသည် နောက်ပိုင်းနိုးထဝိညာဥ်အဆင့်တွင် ရှိနေသော်လည်း သူက မျောက်ကို မယှဥ်နိုင်ဘဲ အသက်ရှုချိန်အနည်းငယ်အတွင်း ရှုံးနိမ့်သွားခဲ့ရ၏။
မျောက်က ကြေးညိုနွားရိုင်းကို သတ်ဖြတ်ခြင်းမပြုဘဲ အနိုင်ရလဒ်က ပြတ်သားစွာ ထွက်ပေါ်လာသည်နှင့် နောက်သို့ ခုန်ဆုတ်လိုက်၏။
ကြေးညိုနွားရိုင်းက ရှုံ့တွနေသော အမူအရာဖြင့် လူးလဲ၍ ကျုံးထလိုက်ပြီး မောဟိုက်နေ၏။ သူ၏ ဘေးပတ်လည်တွင် သားရဲချီများက ရုန်းကြွလာပြီး သူက နက်ရှိုင်းစွာဖြင့် မာန်ဖီလိုက်၏။ သူက စိတ်လွတ်လုနီးပါးဖြစ်သွားပြီး ရှေ့သို့တစ်ဖန် ပြေးဝင်ချင်လေသည်။
“နောက်ဆုတ်နေစမ်း...”
မဟူရာဝံပုလွေ၏ အသံက အေးစက်စက် အမိန့်အာဏာတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။
“မင်းက မင်းကိုယ်မင်း အရူးလုပ်ဦးမလို့လား...”
ကြေးညိုနွားရိုင်းသည် ရေခဲရေနှင့်လောင်းချခံလိုက်ရသလို ဆတ်ကနဲတုန်ရင်သွား၏။ တဖြည်းဖြည်းနှင့် သူက သတိပြန်ဝင်လာပြီး မကျေမချမ်းဖြစ်နေသော်လည်း နောက်သို့ဆုတ်လ်ိုက်၏။
မဟူရာဝံပုလွေ၏ အကြည့်သည် တစ်ချိန်လုံး ဆူဇီမိုအပေါ်တွင် မမှိတ်မသုန်ရှိနေပြီး သူက အေးစက်စက် အမူအရာနှင့်အတူ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ပြောပါဦး... မင်းမှာ ဘယ်လ်ုအခွင့်အာဏာရှိသလဲ ၊ မင်းတို့ ငါးယောက်တည်းနဲ့တော့ ငါ့ရဲ့နေရာကို သိမ်းပိုက်ဖို့ မလုံလောက်သေးဘူး”
“ကျုပ်တို့ငါးယောက်က လုံလောက်ပါတယ် “ ဆူဇီမိုက ပြုံးလိုက်၏။
ထိုသို့သူပြောပြီးသည်နှင့် ဆူဇီမို၏ ပုံရ်ိပ်က ဖြတ်ကနဲလှုပ်ရှားသွားပြီး လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လိုက်၏။
ဒါ့အပြင် သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် သူ၏ တိုက်ခိုက်မှုက မဟူရာဝံပုလွေနှင့် ချန်ရူယီကို လွှမ်းခြုံသွား၏။
“ကောင်းလိုက်တဲ့ သတ္တိ”
မဟူရာဝံပုလွေက ဒေါသူပုန်ထသွားပြီး ထိုစကားကို ပြောလိုက်သည့်အချိန်မှာပင် သူ၏ အမြင်အာရုံက ဝေဝါးသွား၏။ အလွန်ကြီးမားသည့် စွမ်းအားတစ်ခုက သူ့ထံသို့ ကျယ်လောင်စွာဖြင့် တိုးဝင်လာ၏။
ဖိအားက မွန်းကြပ်ဖွယ်ရာကောင်းလေသည်။
သူက အလယ်အလတ်အဆင့် မ်ိစ္ဆာသားရဲတစ်ယောက်ဖြစ်သော်လည်း ထိုစွမ်းအား၏ လွှမ်းခြုံမှုတွင် သူက တောင့်ခံထားနိုင်ရုံသာရှိတော့၏။
အဲ့ဒါက အရမ်းမြန်ဆန်လွန်းလေသည်။
သူတို့နှစ်ယောက်သည် အစကတည်းက ဆူဇီမိုနှင့် သိပ်မကွာဝေးဘဲ ထိုသူက ချက်ချင်းပင် ချဥ်းကပ်လာခဲ့၏။
တစ်ကယ်ဆို မဟူရာဝံပုလွေသည် သူ့ကိုယ်သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးမိ၏။ သူက သူ့စိတ်ကို လှုပ်ခါသွားစေသော ဆူနာမီအသံများကို ကြားနေရသည်ထင်၏။
အဲ့ဒါက ဘယ်လိုသားရဲ ပညာရပ်လဲ... ။ အဲ့ဒါက ငါ့ကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာလား။
သူက လှည့်ကြည့်လိုက်ပြီးနောက် တဝုန်းဝုန်းထနေသော သားရဲချီများနှင့်အတူ ဆူဇီမို၏ ဘေးပတ်လည်တွင် သွေးချီများက လှည့်ပတ်နေသည်ကို မြင်လိုက်ရ၏။
သို့သော်လည်း အဲ့ဒီမှာ ဓမ္မစွမ်းအား တစ််စွန်းတစ်စမျှ ရှိမနေပေ။
နေပါဦး... အဲ့ဒါက ထင်ယောင်ထင်မှား မဟုတ်ဘူးဘဲ.. အဲ့ဒါက အစစ်အမှန်ဆူနာမီအသံဘဲ..။
ဖြတ်ကနဲဆို မဟူရာဝံပုလွေသည် သတိဝင်လာပြီး ဖြစ်နိုင်ချေတစ်ခုကို တွေးမိကာ သူက အံအားတသင့်ရေရွတ်လိုက်၏။
“ဆူနာမီသွေး...”
သားရဲများသည် သူတို့မျိုးဆက်သွေး၏ အရည်အသွေးအပေါ် အလေးပေး၍ ကျင့်ကြံကြသော်လည်း အနည်းအကျဥ်းကသာလျှင် ဆူနာမီသွေးအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ကြလေ၏။
မဟူရာဝံပုလွေသည် လက်နက်တစ်စုံတစ်ရာကို ထုတ်ယူရန် အချိန်မရတော့ဘဲ သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်ကာ ခုခံလိုက်ရ၏။
ဘန်း...
ဆူဇီမို၏ လက်သီးသည် မဟူရာဝံပုလွေ၏ ကြက်ခြေ ခတ်ထားသော လက်နှစ်ဖက်အပေါ် ကျဆင်းသွားပြီး ခပ်ထိုင်းထိုင်းအသံတစ်သံကို ထွက်ပေါ်လာစေသည်။
“အား....”
မဟူရာဝံပုလွေသည် ညည်းတွားလိုက်ပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်သွားရ၏။ သူ၏ လက်နှစ်ဖက်က လုံးဝကို ထုံကျဥ်သွားလေသည်။
သို့သော်လည်း ဆူဇီမိုက လုံးဝနောက်ဆုတ်ခြင်းမရှိဘဲ ကျန်ရှိနေသော ခွန်အားဖြင့် ချန်ရူယီကို ဆက်လက်တိုက်ခိုက်လိုက်၏။
မဟူရာဝံပုလွေက တုန်လှုပ်သွားရ၏။
သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး ပိုင်နက်အရှင်တစ်ပါးလည်း ဖြစ်ကာ သူ့ရှေ့မှလူထက် ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံးမြင့်မား၏။ သူက ဓမ္မစွမ်းအားများကို အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာ မီးဆေးထားခဲ့၏။
ထိုသို့ဆိုလျှင်တောင် သူ၏မျိုးဆက်သွေးနှင့် ကိုယ်ကာယသည် ဤလူ၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် မလုံလောက်ပေ။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ရုန်းကန်ပေါက်ကွဲစွမ်းအားလဲ။
အခြားတစ်ဖက်မှာတော့ ချန်ရူယီက နောက်သို့ ခုန်ဆုတ်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် သူမသည် သူမ၏ ဓမ္မလက်နက်များကို ထုတ်ယူနိုင်ခဲ့ပြီး အဲ့ဒါကို သူမ၏ လက်နှစ်ဖက်ထဲမှာ ဆုပ်ကိုင်ထား၏။
ဆူဇီမိုက ရှေ့သို့ တိုးဝင်သွားချိန်တွင် ချန်ရူယီ၏ မျက်လုံးနှစ်ဖက်က အနည်းငယ်မှေးကျဥ်းသွား၏။ တုန်ခါမှု တစ်ခုနှင့်အတူ သူမသည် ဆေဘာကွေးနှစ်လက်ကို လေထဲမှာ စက်ဝန်းသဏ္ဍာန် ခုတ်ပိုင်းလိုက်ပြီး အေးစက်စက် အလင်းတန်းနှစ်ခုကို ဆူဇီမို၏ လက်ကောက်ဝတ်ဆီသို့ ချက်ချင်းတိုးဝင်သွားစေ၏။
ထိုခုတ်ချက်နှစ်ချက်၏ အရှိန်အဟုန်သည် အလွန်တရာမြန်ဆန်လေသည်။ ဆူဇီမို၏ တစ်ဟုန်ထိုး ပြေးဝင်လာသော အရှိန်နှင့်ပေါင်းစပ်လိုက်သောအခါ သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဆ်ိုလျှင်တောင် အဲ့ဒါကို ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ဟု ချန်ရူယီက ယုံကြည်လေသည်။
‘အဲ့ဒါလည်း ကောင်းတာဘဲ...ငါကမင်းရဲ့ လက်ကောက်ဝတ်တစ်ဖက်ကို ဖြတ်ပြီးတော့ မင်းကို သင်ခန်းစာကောင်းကောင်းပေးရမယ်။’
အဲ့ဒါက ချန်ရူယီ၏ အတွေးဖြစ်လေသည်။
မမျှော်လင့်ထားစွာဘဲ ဆူဇီမိုက အဲ့ဒါကို လုံးဝမရှောင်ပေ။
သူက ဝင်ရောက်လာသော အေးစက်စက်အလင်း နှစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ လက်ချောင်းများကို ညင်သာစွာ လှုပ်ခါလိုက်၏။
အေးစက်နေသော အော်ရာတစ်ခုနှင့်အတူ လက်သည်းအချို့က ထွက်ပေါ်လာပြီး ထက်ရှသော ဓားသွားများကဲ့သို့ ဝင်ရောက်လာသော အေးစက်စက် အလင်းနှစ်ခုကို တိကျသေသပ်စွာ ရိုက်ခတ်လိုက်၏။
ချွမ်... ချွမ်
ကြွပ်ဆတ်ဆတ်အသံ နှစ်သံနှင့်အတူ မီးပွားများက လွင့်စင်ထွက်သွား၏။
ချန်ရူယီ၏ မျက်နှာက ရှုံ့တွသွားပြီး သူမ၏ ဆေဘာကွေးနှစ်လက်က သူမ၏ လက်ထဲကနေ လွင့်စင်ထွက်သွား၏။ သူမ၏ လက်ဖဝါးနှစ်ဖက်က စုတ်ပြဲသွားခဲ့လေပြီ။
ကြွက်သည် ဘေးကနေ မတ်တက်ရပ်ပြီး မယုံကြည်နိုင်စွာ မျက်လုံးပြူးကြည့်နေ၏။ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက အံ့မခန်းဖြစ်သည်ဟု သူက သတ်မှတ်ထားပြီးဖြစ်၏။
သို့သော်လည်း ဆူဇီမိုသည် နှစ်ယောက်တစ်ယောက်အနေအထားမှာတောင် အသာရရှိနိုင်လိမ့်မည်ဟု သူကမျှော်လင့်မထားပေ။
ဘာဘဲပြောပြော မဟူရာဝံပုလွေနှင့် ချန်ရူယီသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများဖြစ်ကြပြီး သူတို့က လျှင်မြန်စွာပင် သူတို့၏ ဣန္ဒြေကို ပြန်ဆယ်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် တစ်ပြိုင်တည်းနီးပါးမှာပင် နောက်သို့ခုန်ဆုတ်လိုက်ကြ၏။
“ကောင်လေး... မင်းက အနီးကပ်တိုက်ခိုက်ရည်မှာ သန်မာလှပါပေတယ်.. ဒါပေမယ့်လို့ အဲ့ဒါအပေါ်မှာ မှီခိုပြီးတော့ ပိုင်နက်အရှင်ဆိုတဲ့ ငါ့ရဲ့နေရာကို ဖြုတ်ချဖို့မလုံလောက်သေးဘူး”
မဟူရာဝံပုလွေ၏ နဖူးက တောက်ပသွားပြိး သူကနက်ရှိုင်းစွာ အော်ဟစ်လိုက်၏။
“သတိထား...”
မည်သို့ပင်ဆိုစေ ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရေးမှာ တစ်ကယ့်ကို အံ့မခန်းဖြစ်၏။
ထို့ကြောင့်ပင် မဟူရာဝုံပုလွေသည် သူ့ကို ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ဆူဇီမိုကို မသတ်ဖြတ်လိုသည့်အတွက် သူက စေတနာကောင်းဖြင့် သတိပေးလိုက်ခြင်းဖြစ်၏။
ရွှစ်...
စွမ်းအားကြီးသော စိတ်ဝိညာဥ်အသိစိတ်နှစ်ခုသည် အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုနှင့်အတူ နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။
မူလနတ္ထိအဆင့် သို့မဟုတ် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများသာလျှင် စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်ကြ၏။
မည်သည့် အဆင့်နိမ့်မိစ္ဆာသားရဲမဆို ထိုကဲ့သို့ ကြောက်စရာကောင်းလှသော စိတ်ဝိညာဥ်အသိစိတ်၏ ဖိအားအောက်တွင် သူတို့၏ အမြုတေစိတ်ဝိညာဥ်က အပြတ်အသတ် ဖိနှိပ်ခံရလိမ့်မည်ဖြစ်၏။
သို့သော်လည်း ဆူဇီမို၏ စိတ်ဝိညာဥ်အတွင်းရှိ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်၏ ကိုယ်ပေါ်တွင် သွေးနီရောင် ကြေးခွံများက တစ်ခုပြီးတစ်ခု ပေါ်လာ၏။
သူက ဝင်ရောက်လာသော စိတ်ဝိညာဥ်အသိစိတ်ကို သွေဖယ်စေလိုက်နိုင်၏။
ပိုင်နက်အရှင်နှစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်က လွှမ်းခြုံလာသော်လည်း သူ့အပေါ်မှာ လုံးဝအကျိုးသက်ရောက်မှု မရှိပေ။
“ဟဲဟဲ... ခင်ဗျားတို့ နှစ်ယောက်က သနားညှာတာမှု ပြနေစရာမလိုပါဘူး ၊ အဲ့ဒီစိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုလောက်နဲ့ ကျုပ်ကို လှဲချနိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက ရယ်မောလိုက်ပြီး မဟူရာဝံပုလွေနှင့် ချန်ရူယီဆီသို့ ချက်ချင်းပင် ပြေးဝင်ချသွား၏။
မဟူရာဝံပုလွေနှင့် ချန်ရူယီက မျက်မှောင်ကြုတ်လိုက်၏။
သူနို့နှစ်ယောက်စလုံးသည် ဆူဇီမိုကို မသတ်ဖြတ်လိုကြပေ။ ထို့ကြောင့်ပင် သူတို့က သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်များကို မထုတ်ဖော်ကြသေးခြင်း ဖြစ်လေသည်။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်၏ သတ်ဖြတ်နိုင်စွမ်းက အလွန်တရာကြောက်စရာကောင်းပြီး အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က ခုခံနိုင်သော အရာမဟုတ်ပေ။
သူက အဲ့ဒါကို မခုခံနိုင်ဘူးဆိုလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရမည်ဖြစ်ပြီး သူက နေရာမှာပင် သေဆုံးသွားနိုင်၏။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးမှာ တခြားရွေးချယ်စရာမရှိတော့ပေ။
“ဂါး....”
လေထဲတွင် ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ် စွမ်းအင်အတက်အကျ တစ်ခုက ရှေ့သို့ ရုန်းကန်ထွက်ပေါ်လာ၏။ အလွန်ကြီးမားသည့် စိတ်ဝိညာဥ်အသိစိတ်သည် နက်မှောင်နေသော ခက်ထန်ကြမ်းကြုတ်သည့် ဝံပုလွေတစ်ကောင်အဖြစ် သိပ်သည်းစုဖွဲ့သွားပြီး သူ၏ ပါးစပ်ကိုဟကာ ဆူဇီမ်ိုရှိရာဘက်သို့ ခုန်အုပ်လိုက်၏။
အခြားတစ်ဖက်တွင် ချန်ရူယီ၏ စိတ်ဝိညာဥ်အသိစိတ်ကလည်း လေထဲတွင် နှစ်ပိုင်းကွဲသွားပြီး အေးစက်စက် အလင်းတန်းနှစ်ခုအသွင်ပြောင်းလဲကာ ဆူဇိမိုထံသို့ ချက်ချင်းရောက်ရှိလာ၏။
အမြုတေစိတ်ဝိညာဥ်နှစ်ခု၏ တိုက်ခိုက်မှုက ဆင်းသက်လာခဲ့လေပြီ။
ဆူဇီမိုကလည်း သုန်မှုန်နေသောအမူအရာနှင့်အတူ သူ၏အရှိန်ကို လျှော့ချလိုက်၏။
အဲ့ဒါက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်ပညာရပ်များဖြစ်ပြီး စောစောက တိုက်ခိုက်သော စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုနှင့် မတူပေ။ သူက အဲ့ဒါကို မှားယွင်းစွာ ကိုင်တွယ်မိလျှင် သူ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ခံရမည်ဖြစ်ပြီး အဲ့ဒါက ပြန်လည်ကုသ၍မရသော ဒဏ်ရာတစ်ခုကိုပင် ဖြစ်ပေါ်လာစေနိုင်၏။
ဘာဘဲပြောပြော သူက နိုးထဝိညာဥ်အဆင့်မှာရှိသော အဆင့်နိမ့်မိစ္တာသားရဲတစ်ယောက်သာ ဖြစ်၏။ သူသည် ဤအဆင့်တိုက်ခိုက်မှုကို နမော်နမဲ့ မပြုမူရဲပေ။
သည့်အရင်က သူသည် ထိုအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်နှစ်ခု၏ တိုက်ခိုက်မှုကို အဝေးကနေ တွေ့မြင်ခဲ့ဖူး၏။
သို့သော်လည်း အဝေးကနေ တွေ့မြင်ရသည်နှင့် ကိုယ်တိုင်တိုက်ရိုက် ကြုံတွေ့ရသည့် အတွေ့အကြုံက မတူပေ။
ချက်ချင်းပင် ဆူဇီမို၏ စိတ်ထဲတွင် အတွေးတစ်ခုက ပေါ်လာ၏။ သူက သူ၏အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပေါင်းစပ်ပြီး စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်မည်ဆိုလျှင်တောင် အဲ့ဒါက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်နှစ်ခု၏ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့ ခက်ခဲနေပေဦးမည်။