တံခါးပိတ် ကျင့်ကြံခြင်း
Vol. 55 Ch. 822
ဆူဇီမိုသည် အပြင်သို့ ထွက်ပေါ်မလာရသည့် အကြောင်းရင်းမှာ သူကလျှို့ဝှက်ဆန်းကြယ်သည်ဟု အထင်ခံချင်သောကြောင်မဟုတ်ပေ။ သူက မဟူရာဝံပုလွေနှင့် ချန်ရူယီကို နှိမ်နှင်းပြီး နောက်နေ့မှာပင် သူ၏ စိတ်ဝိညာဥ်အသိစိတ်အတွင်းမှ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမှုများကို အာရုံခံမိလိုက်၏။
သူက တံခါးပိတ်ကျင့်ကြံဖို့ လိုအပ်လာခဲ့လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက နောက်ဆုံးမှာတော့ နိုးထလာခဲ့လေပြီ။
အမြုတေစိတ်ဝိညာဥ်နှစ်ခုရှိခြင်း၏ အကြီးမားဆုံးအကျိုးရလဒ်မှာ သူတို့က တစ်ဦးပေါ်တစ်ဦး သက်ရောက်စေခြင်းမရှိဘဲ သီခြားစီ ကျင့်ကြံနိုင်ခြင်းပင် ဖြစ်လေသည်။
လရောင်ငိုကြွေးတောင်တွင် ဆူဇီမိုသည် အချိန်အများစုမှာ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကို သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားစေ၏။ အခြားတစ်ဖက်မှာတော့ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ထောင့်တစ်နေရာမှာ ဆက်လက်ကျင့်ကြံနေဆဲဖြစ်၏။
ဆူဇီမ်ိုက မဟူရာဝံပုလွေနှင့် ချန်ရူယီကို လိုဏ်ဂူခန်းမထဲမှာ တိုက်ခိုက်ခဲ့စဥ်ကတောင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်ခဲ့ခြင်းမရှိပေ။
အဆက်မပြတ် အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးနောက် နောက်ဆုံးမှာတော့ ထိုက်သင့်သည့် ဆုလဒ်တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။ ဖန်တီးခြင်းကြာပဒုမ္မာက နိုးထလာခြင်းဖြစ်၏။
ဆူဇီမိုသည် ကိစ္စအများစုကို အကြမ်းဖျင်းအားဖြင့် ကြိုတင်ပြင်ဆင်မှု တစ်ခုပြုလုပ်၍ ညွှန်ကြားပြီးနောက် သူက တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့၏။
သူ၏ အစီအစဥ်များက သေရေးရှင်ရေးတမျှ အရေးကြီးနေလေသည်။
မဟူရာသဲတောင်ရိုး ၊ ဆိုင်ကလုန်းလိုဏ်ဂူ နှင့် တစ္ဆေမြစ်တို့သည် လရောင်ငိုကြွေးတောင်ကို အချိန်မရွေးတိုက်ခိုက်လာနိုင်ပြီး ခါးသီးသည့် တိုက်ပွဲတစ်ခုကို ထွက်ပေါ်လာစေနိုင်၏။
သူက ဤတိုက်ပွဲမှာ အနိုင်ရရှိသည်နှင့်အမျှ သားရဲတစ်ထောင်တောင်ကြားတွင် သူ၏အမည်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ဆက်လက်၍ အသက်လုပြေးနေစရာ လိုအပ်တော့မည် မဟုတ်ပေ။
ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းခါစဖြစ်ပြီး သူ့တွင် စိတ်ဝိညာဥ်သန့်စင်ဖို့အတွက် ထိပ်တန်းအဆင့် ကျင့်ကြံခြင်း နည်းစနစ်သုံးခုရှိနေ၏။ အဲ့ဒီမှာ သူဆက်လက်ကျင့်ကြံရမည့် အရာများစွာ ရှိနေလေသည်။
သူက လုံလောက်သည့် အချိန်ရရှိသည်နှင့်အမျှ သူ၏တိုက်ခိုက်ရည်ခွန်အားက မမျှော်မှန်းနိုင်သော အမြန်နှုန်းဖြင့် မြင့်မားတိုးတက်လာပေမည်။
ထို့ကြောင့်ပင် ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ပေါ်မလာလိုသေးခြင်းဖြစ်၏။
သူသည် နဂါးသင်္ချိုင်းတောင်ကြားကနေ ထွက်ခွာလာပြီးကတည်းက တစ်ချိန်လုံးတိုက်ခိုက်နေခဲ့ရ၏။ သူသည် ပြိုင်စံရှားများအားလုံးကို စီးပိုးခြယ်လှယ်ပြီး အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကို ရရှိခဲ့လေ၏။ သူက ရပ်နားခြင်းမရှိဘဲ လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် သီယင်းကို အနိုင်ယူပြီး ကမ္ဘာဦးမျိုးနွယ်နှစ်စုကိုလည်း ဖိနှိပ်နိုင်ခဲ့၏။
ဤတစ်ကြိမ်မှာတော့ သူက ရပ်နား၍ တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ရတော့မည်ဖြစ်၏။ အဲ့ဒါမှသာ သူ၏ ကျင့်ကြံမှုနှင့် သူရရှိခဲ့သော ပညာရပ်များကို ကျစ်လစ်ခိုင်မာလာအောင် ပြုလုပ်နိုင်မည်ဖြစ်လေသည်။
သူသည် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်ကာ အတွေးတစ်ချက်နှင့်အတူ သူ၏ စိတ်ဝိညာဥ်အသိစိတ်အတွင်းသို့ ဝင်ရောက်လိုက်၏။
လေထဲတွင်ရစ်ဝဲနေသော အစိမ်းရောင်ကြာခုံတစ်ခုပေါ်တွင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က ထိုင်နေသည်ကို တွေ့လိုက်ရ၏။ အဲ့ဒါက အသက်ဓာတ်နှင့်ပြည့်ဝနေပြီး အစိမ်းရောင် ပွင့်ချပ်များက ကြာခုံ၏ ပတ်ပတ်လည်တွင် ဖူးပွင့်လာ၏။ အဲ့ဒါက စုစုပေါင်း ပွင့်ချပ် ၉ ခုပါရှိလေသည်။
သူတို့အားလုံးသည် ဖူးပွင့်ခါစအခြေအနေမှာရှိပြီး နူးညံ့ပျော့ပြောင်းနေ၏။ သူတို့က အခုချိန်ထိ အမှန်တစ်ကယ် ကြီးထွားမလာသေးပေ။
အဲ့ဒီမှာ ဝင်းလက်တောက်ပနေသော ကြာစေ့များနှင့်အတူ ကြာခုံပေါ်တွင် စိမ့်ပေါက်ငယ်လေး ၉ ခုရှိနေ၏။
ဖန်တီးခြင်းကြာပဒုမ္မာသည် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို စုပ်ယူနေရင်း တဖြည်းဖြည်းနှင့် ကြီးထွားလာသည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိလေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ဖန်တီးခြင်းကြာပဒုမ္မာက သူ၏စိတ်ဝိညာဥ် သန့်စင်ခြင်းဖြစ်စဥ်ကို ထောက်ပံ့ပေးနေကြောင်းကိုလည်း ဆူဇီမိုက ရှာဖွေတွေ့ရှိလိုက်ရ၏။
ကြာခုံပေါ်ရှိ စိမ့်ပေါက်ကိုးခုမှ ရောင်ခြည်အလင်းများက လျှံထွက်လာပြီး အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ အဆက်မပြတ်သန့်စင်ပေးနေ၏။
ရောင်ခြည်အလင်း ၉ ခု၏ သန့်စင်မှုအောက်တွင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ပို၍ စွမ်းအားကြီးလာ၏။ တစ်ကယ်ဆို အဲ့ဒါက ပို၍ သိပ်သည်းစုဖွဲ့လာပြီး သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကို လိုက်မီနိုင်မည့် လက္ခဏာများပင် ပြသလာ၏။
ထိုပြောင်းလဲမှုများကို အာရုံခံမိသောအခါ ဆူဇီမိုက ကျေနပ်နှစ်ခြိုက်သွား၏။
ဖန်တီးခြင်းကြာပဒုမ္မာက လျှို့ဝှက်ဆန်းကြယ်နေရသည့် အကြောင်းရင်းများထဲမှ အဲ့ဒါက တစ်ခုဖြစ်ပေလိမ့်မည်။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်သည် နဂါးမျိုးနွယ်ထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး အလွန်တရာစွမ်းအားကြီးလေသည်။ နိုးထဝိညာဥ်အဆင့်မှာတောင် အဲ့ဒါက သူ၏ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး အပြင်ဘက်တွင် ကျက်စားသွားလာနိုင်၏။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ကောင်းကင်အဆင့် ကျင့်ကြံရေး နည်းစနစ်နှစ်ခုဖြစ်သော ခရမ်းရောင် မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန်ကို ကျင့်ကြံထားသော်လည်း အဲ့ဒါက ထိုအဆင့်ထိ မရောက်ရှိသေးပေ။
ယခုအခါမှာတော့ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ဖန်တီးခြင်းကြာပဒုမ္မာ၏ သန့်စင်မှုကို ရရှိပြီးနောက် နိုးထဝိညာဥ်အဆင့်မှာပင် အပြင်လောကသို့ ထွက်ခွာနိုင်တော့မည့် အရိပ်လက္ခဏာများပြသလာ၏။
တစ်ကယ်တော့ ဖန်တီးခြင်းကြာပဒုမ္မာက အောင်မြင်စွာ နိုးထလာပြီဖြစ်သော်လည်း ဤရတနာက အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားများနှင့် အားဖြည့်မှုကို လိုအပ်နေပြီး သူ၏ ကြီးထွားခြင်းကလည်း အလွန်တရာနှေးကွေးလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်လေးမှာဆိုလျှင် ပကတိအရှင် ဓမ္အလက်နက်များကိုပင် ယှဥ်နိုင်ကြောင်း ကိုယ်တော်ယင်လူက ပြောခဲ့ဖူး၏။
အဆင့်ငါးမှာဆိုလျှင် အဲ့ဒါက မူလတာအိုအရှင် ဓမ္မလက်နက်များနှင့်ပင် နှိုင်းယှဥ်နိုင်၏။
ယခုအချိန်မှာတော့ ဖန်တီးခြင်းကြာပဒုမ္မာသည် အလွန်ဆုံး အဆင့်-၁ ဟုသာ သတ်မှတ်လို့ ရနိုင်၏။
လက်ရှိအမြန်နှုန်းအရ သူက အဲ့ဒါကို အဆင့်လေးထိရောက်အောင် ကြီးထွားစေချင်သည်ဆိုလျှင် နှစ်ပေါင်းနှစ်ရာလောက် အချိန်ယူရပေလိမ့်မည်။
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
ဤရတနာက ပြိုင်စံရှားပေါင်းများစွာထံတွင် လက်လွှဲပြောင်းခဲ့သည်မှာ အံဩစရာမဟုတ်တော့ပေ။ သို့သော်လည်း သူတို့ထဲမှ အများစုသည် အဲ့ဒါကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး အဆုံးသတ်မှာတော့ ဘယ်သူမှ အဲ့ဒါကို ထပ်ပြီး မလိုချင်ကြတော့ပေ။
ကောင်းကင်အဆင့် ကျင့်ကြံရေးနည်းစနစ်နှစ်ခု၏ ထောက်ပံ့မှုဖြင့်ပင်လျှင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် အဲ့ဒါကို အဆင့်လေးထိ ရောက်စေဖို့အတွက် နှစ်ပေါင်း နှစ်ရာလောက်အချိန်ယူရပေဦးမည်။ အခြားသောကျင့်ကြံသူများသာဆိုလျှင် သူတို့က ဖန်တီးခြင်းကြာပဒုမ္မာကို အဆင့်လေးထိ ပြုစုပျိုးထောင်ချင်သည်ဆိုလျှင် အနည်းဆုံး နှစ်တစ်ထောင်လောက် အချိန်ယူရပေလိမ့်မည်။ သို့သော်လည်း နိုးထဝိညာဥ်များ၏ ဘဝသက်တမ်းက နှစ်တစ်ထောင်သာလျှင်ရှိ၏။
မည်သည့်ပြိုင်စံရှားကမှ ထိုမျှလောက်အချိန်ကာလကို တတ်နိုင်ကြလိမ့်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုတွင် အနက်ရောင်ဆံပင်အမြုတေစိတ်ဝိညာဥ်နှင့်အတူ သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကလည်း ရှိနေသေး၏။
အမြုတေစိတ်ဝိညာဥ်နှစ်ခုထံမှ တစ်ချိန်တည်း ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြီးထွားမှုနှုန်းက ပို၍မြန်ဆန်လာနိုင်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပိုင်ဆိုင်ထားသည့်အချက်က သူသည် မူပိုင်ဓမ္မလက်နက်နှစ်ခုက်ို သန့်စင်နိုင်သည်ဟု ဆိုလိုလေသည်။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်၏ မူပိုင်ဓမ္မလက်နက်အဖြစ် ဖန်တီးခြင်းကြာပဒုမ္မာကို ရွေးချယ်ခဲ့ပြီးပြီဖြစ်၏။
သို့သော်လည်း သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်က သူ၏ မူပိုင်ဓမ္မလက်နက်ကို အခုချိန်ထိ မရွေးချယ်ရသေးပေ။
ယခုချိန်တွင် ဆူဇီမိုထံမှာ ရတနာသုံးခုရှိနေပြီး အဲ့ဒါကို သူ၏ မူပိုင်ဓမ္မလက်နက်များအဖြစ် အသုံးပြုနိုင်လေသည်။
အဲ့ဒါကတွေက မင်းဝမ်ဆုတောင်းပုတီး ၊ ဂမ္ဘီရသံလိုက်တောင်နှင့် စတုရန်းကြေးမီးဖိုတို့ဖြစ်၏။
မင်းဝမ်ဆုတောင်းပုတီးသည် တာမင်းကျောင်းတော်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အဲ့ဒါက ဘယ်လောက်တောင် တန်ဖိုးကြီးသလဲ ပြောစရာမလိုအောင်ပင်။ ကံမကောင်းစွာဖြင့် ယခုအချိန်တွင် မင်းဝမ်ဆုတောင်းပုတီးက မပြည့်မစုံဖြစ်နေ၏။
ဒါ့အပြင် မင်းဝမ်ဆုတောင်းပုတီးသည် ဗုဒ္ဓကျောင်းတော်များထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်အတွက် အဲ့ဒါကို သန့်စင်ဖို့က မသင့်လျော်ပေ။
ဂမ္ဘီရသံလိုက်တောင်သည် အတုမရှိမဟာရတနာ ၇ မျိုးထဲမှ တစ်ခုဖြစ်၏။
အဲ့ဒါက စိတ်ဝိညာဥ်လက်နက် သို့မဟုတ် ဓမ္မလက်နက်တစ်ခုမဟုတ်သော်လည်း အဲ့ဒါက တစ်မူထူးခြားဆန်းပြားသည့် စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထား၏။
အဲ့ဒါကို သင့်လျော်စွာ အသုံးပြုမည်ဆိုလျှင် အံ့အားသင့်စရာကောင်းသည့် နိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်လေသည်။
သို့သော်လည်း အဲ့ဒါကို မူပိုင်ဓမ္မလက်နက်တစ်ခုအဖြစ် သန့်စင်မည်ဆိုလျှင် သူ၏ စွမ်းအားအပြည့်အဝကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
စတုရန်း ကြေးမီးဖိုကတော့...
ဤရတနာသည် ဘာမှန်းမသိရသော ဇာစ်မြစ်မှ လာခြင်းဖြစ်ပြီး အက်ကွဲကြောင်းများနှင့်အတူ ဂျုံးဂျုံးကျနေ၏။ သို့သော်လည်း အဲ့ဒါကို ရရှိပြီးနောက် ဆူဇီမိုသည် သေရေးရှင်ရေးဖြစ်သော အကျပ်အတည်းတစ်ချို့ကို ကျော်ဖြတ်နိုင်ခဲ့၏။
အခြားအရာများကို အသာထား မာကြောမှုအရာမှာဆိုလျှင် ဤစတုရန်းကြေးမီးဖိုနှင့် ယှဥ်နိုင်သော မည်သည့် တစ်စုံတစ်ရာကိုမှ ဆူဇီမိုက မြင်ဖူးခြင်းမရှိပေ။
အတန်ကြာစဥ်းစားပြီးနောက် ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို သန့်စင်ဖို့ ဆုံးဖြတ်လိုက်၏။
လိုဏ်ဂူခန်းမအတွင်းတွင် သူက မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူသည် အိပ်မောကျသွားသည့်အလား မလှုပ်မယှက်ရှိနေ၏။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ သူ၏ စိတ်ဝိညာဥ်အတွင်းတွင် အမြုတေစိတ်ဝိညာဥ်နှစ်ခုလုံးက တစ်ချိန်တည်းမှာ ကျင့်ကြံနေကြပြီး မည်သည့်တစ်ခုကမှ ခိုကပ်မနေကြပေ။
သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်သည် ယင်စိတ်ဝိညာဥ်အပိုင်းကို ကျင့်ကြံရင်း စတုရန်းကြေးမီးဖိုကို သန့်စင်နေ၏။ သူက စတုရန်းကြေးမီးဖိုပေါ်တွင် သူ၏ စိတ်ဝိညာဥ်အမှတ်သားကို အဆက်မပြတ် ခတ်နှိပ်နေပြီး ဆက်သွယ်ချက်တစ်ခုကို တည်ဆောက်နေ၏။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ခရမ်းရောင် မိုးကြိုးကျမ်းနှင့် မဟာနေရက်ရူလိုင်းသုတ္တန်ကို ကျင့်ကြံရင်း ဖန်တီးခြင်းကြာပဒုမ္မာကိုလည်း သန့်စင်ပေးနေ၏။
သူ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်သုံးခုထဲ ယင်စိတ်ဝိညာဥ်အပိုင်းတွင် မည်သည့်ဓမ္မပညာရပ်မှ ပါဝင်ခြင်းမရှိဘဲ ပကတိစိတ်ဝိညာဥ်သန့်စင်ခြင်း နည်းစနစ်တစ်ခုသာ ဖြစ်၏။ ယန်စိတ်ဝိညာဥ်အပိုင်းသို့ ရောက်မှသာလျှင် ဓမ္မပညာရပ်တစ်ခုနှင့် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်ပညာရပ်တစ်ခုတို့ ပါဝင်လာမည်ဖြစ်၏။
ထိုလျှို့ဝှက်ပညာရပ်နှစ်ခုစလုံးသည် အမြုတေစိတ်ဝိညာဥ်အတွက် အလွန်မြင့်မားသည့် တောင်းဆိုချက်ရှိလေသည်။
ဒါ့အပြင် ယန်စိတ်ဝိညာဥ်အပိုင်းတွင် ရှိသော လျှို့ဝှက်ပညာရပ်နှစ်ခုကို ရှုပ်ထွေးနက်နဲသော စကားလုံးများဖြင့် ဖော်ပြထားပြီး အဲ့ဒါက နားလည်ဖို့ ခက်ခဲလေသည်။ အဲ့ဒါက အကန့်အသတ်မဲ့သော စွမ်းအားများကို ပိုင်ဆိုင်ထားသည့်အလားပင်။
ယန်စိတ်ဝိညာဥ်အပိုင်းတွင် မှတ်တမ်းတင်ထားကတည်းက ထိုလျှို့ဝှက်ပညာရပ်နှစ်ခုသည် အထီးကျန်သမုဒ္ဒရာ နဂါးဘုရင်ထံမှ ကြောက်စရာအကောင်းဆုံး သတ်ဖြတ်ကွက်များဖြစ်၏။
သူက ထိုလျှို့ဝှက်ပညာရပ်နှစ်ခုကို လတ်တလောမှာ မကျင့်ကြံနိုင်သေးသည့်အတွက် ဆူဇီမိုက အနည်းငယ်စိတ်ပျက်သွားခဲ့၏။
မဟာနေ့ရက်ရူလိုင်းသုတ္တန်၏ အစစ်အမှန်ခွန်အားကလည်း ကျင့်ကြံခြင်း၏ နောက်ပိုင်းအဆင့်မှသာ ထွက်ပေါ်လာမည်ဖြစ်၏။ ထိုအချိန်ကျလျှင် သူက ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အထိပ် ဓမ္မဝိသေသတစ်ခုဖြစ်သော ရူလိုင်းဓမ္မခန္ဓာကိုယ်ကို ဆင့်ခေါ်နိုင်မည်ဖြစ်၏။
ထိုကျင့်ကြံခြင်း၏ အရှေ့ပိုင်းတွင်က စိတ်ဝိညာဥ်သန့်စင်ခြင်းပေါ်တွင်သာ အာရုံစိုက်ထား၏။
အဲ့ဒီမှာ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်တစ်ခုကိုလည်း မှတ်တမ်းတင်ထား၏။
ကံမကောင်းစွာနဲ့ ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းခါစဖြစ်ပြီး ထိုအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံနိုင်ဖို့ သူကမလုံလောက်သေးပေ။
ခရမ်းရောင်မိုးကြိုးကျမ်း၏ ရှေ့ပိုင်းတွင် ဓမ္မပညာရပ်အချို့ကို မှတ်တမ်းတင်ထား၏။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ထိုဓမ္မပညာရပ်များကို ကျင့်ကြံရင်း ဖန်တီးခြင်းကြာပဒုမ္မာကို သန့်စင်ပေးနေ၏။
အချိန်ကာလများက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့၏။ တစ်ခဏအတွင်း ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံခဲ့သည်မှာ နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့လေပြီ။
လျှို့ဝှက်ခန်းအတွင်းတွင် ပုံရိပ်တစ်ခုက ငြိမ်သက်စွာထိုင်နေ၏။ သူ၏ဆံပင်များက သွေးနီရောင်အဖြစ်ပြောင်းလဲသွားပြီး မကြာဆိုသလို အနက်ရောင်သို့ ပြန်လည်ပြောင်းလဲသွားတတ်၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင် မိုးကြိုးလျှပ်စီးကြောင်းများကလည်း မကြာမကြာပေါ်လာတတ်၏။
ဆူဇီမိုသည် ပြီးခဲ့သည့်နှစ်ဝက်လုံးလုံး မလှုပ်မယှက်ရှိနေ၏။
အပေါ်ယံကြည့်လျှင်တော့ သူက တူညီသော အစိမ်းရောင်ဝတ်ဆုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ဘာမှပြောင်းလဲသွားခြင်းမရှိသည့်အလားပင်။ သို့သော်လည်း သေချာအနီးကပ်ကြည့်မည်ဆိုလျှင် ထိုလျှို့ဝှက်အခန်းအတွင်း၌ တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းသော အော်ရာတစ်ခုရှိနေသည်ကို ခံစားမိပေလိမ့်မည်။