← Chapters

ဟုတ်ပါ့မလား

Vol. 55 Ch. 825

ဟုတ်ပါ့မလား

Vol. 55 Ch. 825

တစ္ဆေမြစ်၏ မြစ်သားရဲများသည် တိုက်ပွဲနယ်မြေထဲသိုပြေးဝင်သွားကြသော်လည်း တစ်ကိုယ်တော်တိမ်စိုင်က လှုပ်ရှားခြင်းမရှိပေ။

အတိအကျပြောရလျှင် သူက ထိုတိုက်ပွဲကိုပင် အရေးလုပ်ခြင်းမရှိပေ။

သူ၏ ထင်မြင်ချက်အရ ဤတ်ိုက်ပွဲက စတင်သည့်ခဏမှာပင် အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။

သူလုပ်ဖို့ကျန်သည်မှာ လရောင်ငိုကြွေးတောင်၏ နယ်မြေကို တတ်နိုင်သလောက် များများရယူပြီး နဂါးမျိုးနွယ်၏ အော်ရာရှိသော ရတနာကို ရှာဖွေဖို့ပင် ဖြစ်လေသည်။

တိုက်ပွဲနယ်မြေက သိပ်မကြာမီ ကွဲထွက်သွား၏။

စိတ်ဝိညာဥ်သားရဲများက တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ကြလေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲများကလည်း ထိုနည်းတူစွာ တိုက်ခိုက်ကြ၏။

လရောင်ငိုကြွေးတောင်သည် စိတ်ဝိညာဥ်သားရဲအရေအတွက်မှာ မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပူးပေါင်းအင်အားထက် သိသိသာသာ လျော့နည်းလေသည်။

သို့သော်လည်း ဤနေရာက လရောင်ငိုကြွေးတောင်ဖြစ်ပြီး သူတို့က နယ်မြေအားသာချက်နှင့်အတူ သူတို့၏ ခံစစ်က ပိုမိုသန်မာလေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲများကြား တိုက်ပွဲမှာတော့ စိတ်ဝိညာဥ်ကျား ၊ ချင်ချင်နှင့် မြေခွေးလေးတို့သည် လူတိုင်းကို ဦးဆောင်ပြီး အသာစီးအနည်းငယ် ရရှိနေကြ၏။

သို့သော်လည်း မည်သည့်ဘက်ကမှ ပြတ်သားသည့် ရလဒ်ထွက်ပေါ်မလာပေ။

တစ်ကယ်တမ်း အဆုံးအဖြတ်ပေးမည့် တိုက်ပွဲသည် အလယ်အလတ်အဆင့် မိစ္ဆသားရဲများကြားတိုက်ပွဲဖြစ်ပြီး ထိုနေရာတွင် လရောင်ငိုကြွေးတောင်က အပြတ်အသတ် အရေးနိမ့်နေ၏။

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ အလယ်အလတ်အဆင့် မိစ္ဆာသားရဲများကစတင်၍ လှုပ်ရှားနေကြပြီဖြစ်၏။

မဟူရာဝံပုလွေသည် မဟူရာသဲတောင်ရိုး၏ ပိုင်နက်အရှင်ဦးဆောင်သော အလယ်အလတ်အဆင့် မိစ္တာသားရဲငါးယောက်၏ ဝန်းရံခြင်းကို ခံနေရ၏။

တစ်ချိန်တည်းတွင် ချန်ရူယီ၏ ဘက်မှာလည်း ဆိုင်ကလုန်းလိုဏ်ဂူ၏ အလယ်အလတ်အဆင့် မိစ္ဆာသားရဲ ၈ ယောက်က တိုက်ခိုက်နေကြပြီဖြစ်၏။

မဟူရာဝံပုလွေနှင့် ချန်ရူယီ နှစ်ယောက်စလုံးသည် တိုက်ပွဲစတင်သည်နှင့် ပြင်းထန်အားကောင်းပြီး မွန်းကျပ်ဖွယ်ရာတိုက်ခိုက်မှုများကို ရင်ဆိုင်နေရ၏။ သူတို့သည် အသည်းအသန် ခုခံနေရပြီး သေလုနီးပါးအခြေအနေသို့ ကျရောက်နေလေပြီ။

သူတို့၏ ခွန်အားသည် အလွန်ဆုံး မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူများ၏ ပိုင်နက်အရှင်များနှင့် နှိုင်းယှဥ်၍ ရလောက်ရုံသာ ရှိလေသည်။

သို့သော်လည်း မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူသည် သူတို့ဘက်တွင် အကူဆယ်ယောက်ကျော် ရှိနေကြပြီး မဟူရာဝံပုလွေ သို့မဟုတ် ချန်ရူယီသည် အဲ့ဒါကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိတော့ပေ။

သူတို့သည် မျောက်ကို ကယ်ဖို့နေနေသာသာ သူတို့ကိုယ်သူတို့ မသေအောင်ပင် မနည်းကြိုးစားရုန်းကန်နေရ၏။

အခြားတစ်ဖက်မှာတော့ မဟူရာသဲတောင်ရိုး၏ လက်ထောက်ပိုင်နက်အရှင်ဖြစ်သော သွမ့်ယုံသည် မျောက်ကို စတင်၍ တိုက်ခိုက်နေပြီဖြစ်၏။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်အနေနှင် သွမ့်ယုံသည် သူ့ထက်ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးမြင့်သော မျောက်ကို အထင်အမြင်သေးလေသည်။

ထို့ကြောင့်ပင် တိုက်ပွဲစတင်သည်နှင့် သူက သူ၏ အစစ်အမှန်ပုံစံသို့ပင် ပြောင်းလဲခြင်းမရှိပေ။

“အရိုင်းအစိုင်းမျောက် သေဖို့သာပြင်ထားပေတော့...”

သွမ့်ယုံသည် ကြောက်မက်ဖွယ်ရာအကြည့်တစ်ခုရှိနေပြီး ရှေ့သို့ပြေးဝင်သွား၏။ သူက ဧရာမတူတစ်လက်ကို ဆုပ်ကိုင်ထားပြီး မျောက်၏ ဦးခေါင်းဆီသို့ ပစ်ရိုက်ချလိုက်၏။

မျောက်၏ သွေးချီက ရုန်းကြွလာပြီး သူက လူသားပုံစံကနေ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီဖြစ်၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူထဲရှည်လျားသော ရွှေရောင်သားမွှေးများသည် မြင်နိုင်သော အနေအထားဖြင့် အစီအရီပေါ်လာပြီး သူ၏ ခန္ဓာကိုယ်က အားကောင်းသော သားရဲအော်ရာတစ်ခုနှင်အတူ ပြန့်ကားလာ၏။

မျောက်သည် ဝင်လာသောတူကြီးကို ရှောင်ရှားခြင်းမရှိပေ။ သူက ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ အကျော်ဇေယျကို လက်နှစ်ဖက်ဖြင့်ဆုပ်က်ိုင်ပြီး သူ၏ လက်မောင်းကြွက်သားများက ဖုထစ်လာ၏။

“သတ်!”

မျောက်သည် ဟ်ိန်းဟောက်လိုက်ပြီး အကျော်ဇေယျကို လွှဲယမ်းကာ ဝင်ရောက်လာသော တူကြီးဆီသို့ ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။

ဘုန်း...

ဧရာမတူကြီးက အကျော်ဇေယျ​တောင်ဝှေးနှင့် ရိုက်ခတ်မိသောအခါ မီးပွားများက စင်ထွက်သွားပြီး ကျယ် လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာလေသည်။

အလွန်ကြီးမားသည့် အပူလှိုင်းတစ်ခုက ရှေ့သို့ ချက်ချင်းဖြာထွက်လာလေသည်။

သွမ့်ယုံသည် ခပ်ထိုင်းထိုင်းညည်းညူပြီး သူ၏လက်နှစ်ဖက်က နာကျင်ကိုက်ခဲကာ နောက်သို့ ဆက်တိုက်ဆုတ်လိုက်ရ၏။ သူက သူ၏ဧရာမတူကြီးကိုပင် လွတ်ကျလုနီးပါးဖြစ်သွားရ၏။

ဘယ်လောက်တောင်ကြီးမားပြင်းထန်လိုက်တဲ့ ခွန်အားလဲ...

သွမ့်ယုံ၏မျက်လုံးထဲတွင် တုန်လှုပ်မှုအရိပ်အယောင်က ဖြစ်ပေါ်လာ၏။

သူ၏အစစ်အမှန်ပုံစံသ်ို့ ပြောင်းလဲခြင်းမရှိရင်တောင် သူ၏ တိုက်ခိုက်ရည်ခွန်အားက အလယ်အလတ်အဆင့်မိစ္တာသားရဲတစ်ယောက်ကို သေချာပေါက်ဖိနှိမ်နိုင်လေသည်။

သို့သော်လည်း သူ့ရှေ့မှမျောက်သည် တောင်ဝှေးရိုက်ချက်တစ်ချက်နှင့်အတူ သူ့ကိုလန်ကျသွားစေ၏။

“အား...”

ဘေးကနေ ဒီတိုင်းထိုင်ကြည့်နေသော တစ်ကိုယ်တော်တိမ်စိုင်သည် ထိုသည်ကိုမြင်သောအခါ သူ၏မျက်လုံးက ဝင်းလက်သွား၏။

“အရိုင်းအစိုင်းမျောက်... ငါက မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

သွမ့်ယုံသည် သူ၏လည်ပင်းကို တဖျောက်ဖျောက်လှုပ်ခါပြီး သူ၏အရိုးများက အသွင်ပြောင်းလဲလာကာ သူ၏ ခန္ဓာကိုယ်က ပြန့်ကားလာလေသည်။

တစ်ခဏအတွင်း သူက ဧရာမနွားရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။

သူ၏အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးလာခဲ့လေသည်။

ဘုန်းဘုန်း...

သူသည် အရိုင်းဆန်သော စွမ်းပကားတစ်ခုနှင့်အတူ လေထဲကနေ ရှေ့သို့ ပြေးဝင်သွား၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ သူက ဧရာမတူကြီးကို ထိန်းချုပ်ပြီး မျောက်ဆီသို့ ပစ်ပေါက်ချလိုက်၏။

တစ်ချိန်တည်းမှာပင် သွမ့်ယုံ၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးသည် မျောက်ရှိရာဘက်သို့ ပြေးဝင်သွားပြီး သူ၏ တုတ်ခိုင်ချွန်ထက်သော ဦးချိုနှစ်ဖက်ဖြင့် မျောက်၏ ရင်ဘတ်က်ို ပြင်းထန်စွာပစ်ဆောင့်ချလိုက်၏။

“အဲ့တော့... မင်းက နွားရိုင်းသားရဲတစ်ကောင်ပေါ့လေ.. ငါက မင်းကို မရဏမင်းဆီ ပြန်ပို့ပေးမယ်”

မျောက်က လုံးဝထိတ်ပျာသွားခြင်းမရှိဘဲ သူ၏မျက်လုံးထဲရှိ သွေးနီးရောင်အလင်းက သိပ်သည်းစုဖွဲ့ကာ လျှံထွက်လုနီးပါးဖြစ်လာ၏။

ဒေါသယမ်းမီး ပေါက်ကွဲခြင်း...

သူသည် မကြာသေးခင်ကမှ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက် ဖြစ်လာခဲ့ပြီး သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့် အဆင့်မှာ ရှိမနေပေ။

သို့သော်လည်း သူ၏မျိုးဆက်သွေးအတွင်းရှိ ရုန်းကန်ပေါက်ကွဲစွမ်းအားတစ်ခုကို နှိုးဆွလိုက်လျှင် မျောက်၏ခွန်အားက တစ်ဟုန်ထိုး မြင့်မားလာမည်ဖြစ်၏။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းက မျောက်သည် သူ၏ ဒေါသယမ်းမီးပေါက်ကွဲသည့်အခြေအနေတွင် ကမ္ဘာဦးမျိုးနွယ် ၉ စုများနှင့်ပင် ရင်ဆိုင်နိုင်ခဲ့၏။

ဒေါသယမ်းမီးပေါက်ကွဲသည့်အဆင့်တွင် မျောက်သည် သူ၏မျက်လုံးထဲတွင် ဤနွားရိုင်းတစ်ကောင်ကိုသာ မြင်ရတော့၏။

သူ၏မျိုးဆက်သွေးထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်က မြင့်မားလာပြီး သူ၏ ခန္ဓာကိုယ်တစ်လျှောက် ရူးသွပ်စွာ စီးဆင်းသွား၏။

မျောက်၏ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်တုန်ယင်နေ၏။

ချွမ်း....

သူက အကျော်ဇေယျက်ို ဆုပ်ကိုင်ပြီး သွမ်ယုံ၏ ဦး​ခေါင်းထက်ရှိ ဧရာမတူကြီးကို လွဲရိုက်ချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားစေ၏။ ထို့နောက်ချက်ချင်းပင် မျောက်သည် သွမ်ယုံ၏ ပြေးဝင်ပစ်ဆောင့်မှုကို ခုန်ရှောင်ပြီး ထိုသူ၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်၏။ သူက သွမ့်ယုံ၏ ဦးခေါင်းပေါ်သို့ သူ၏လက်သီးဖြင့် လွှဲ၍ ထိုးချလိုက်၏။

ဘန်း...

ထိုထိုးချက်တွင် သွမ့်ယုံ၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ခါသွား၏။

သူ၏ စိတ်အာရုံထဲတွင် ပေါက်ကွဲသံတစ်သံက ပဲ့တင်ထပ်သွားပြီး ဦးခေါင်းက ကွဲထွက်သွားသည့်အလား ခံစားလိုက်ရ၏။ သူ၏ အမြင်အာရုံက ဝေဝါးသွားပြီး ယိမ်းထိုးကာ သတိလစ်လုနီးပါးဖြစ်သွားရလေသည်။

ကံကောင်းထောက်မစွာဖြင့် မျောက်သည် အကျော်ဇေယျဖြင့် ဧရာမတူကြီးကို လွှဲရိုက်ချပြီးနောက် သူ၏ ညာဘက်လက်က အနည်းငယ် ထုံကျဥ်နေ၏။ ထိုသို့ဖြင့် သူက သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်နိုင်ခြင်းမရှိတော့ပေ။

မဟုတ်ပါက အကျော်ဇေယျတောင်ဝှေးဖြင့် လွှဲရိုက်ခြင်းခံရလျှင် သွမ့်ယုံ၏ ဦးခေါင်းက ကြေမွပျက်စီးသွားပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် မျောက်၏လက်သီးသည် သွမ့်ယုံ၏ ဦးခေါင်းနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

ဖွီး...

သွမ့်ယုံသည် သွေးများကို သွေးထုတ်လိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ မျောက်ကို ခါချဖို့ အကောင်းဆုံးကြိုးစားလိုက်၏။

သို့သော်လည်း မျောက်သည် သွမ့်ယုံ၏ ခါးကို သူ၏ခြေနှစ်ဖက်ဖြင့် တင်းကျပ်စွာဖိကပ်ထားလေသည်။ သူက တုတ်တုတ်မျှမလှုပ်ဘဲ သွမ့်ယုံ၏ ကိုယ်ပေါ်တွင် လိုက်ပါစီးနင်းကာ သူ၏လက်သီးဖြင့် တဖုန်းဖုန်းထုရိုက်နေ၏။

“ငါမင်းကို သေအောင်ရိုက်ပြမယ်.. ငါမင်းကို သေအောင်ရိုက်ပြမယ်”

မျောက်က သွေးနီရောင်မျက်လုံးများနှင့်အတူ အော်ဟစ်ကြိမ်းမောင်းနေ၏။

ဆက်တိုက်ကျရောက်လာသော ထုရိုက်ချက်များနှင်အတူ သွမ့်ယုံ၏ ဦးခေါင်းတွင် သွေးဒဏ်ရာများက ပေါ်လာ၏။ သူက သွေးချောင်းအဆက်မပြတ်ဆိုးပြီး သူ၏မျက်လုံးက မှိန်ဖျော့လာလေသည်။

“စိတ်ဝင်စားစရာဘဲ...”

တစ်ကိုယ်တော်တိမ်စိုင်က သူ၏နှုတ်ခမ်းကို ကွေးညွှတ်ပြီး ခေါင်းညိတ်လိုက်၏။

ဤမျောက်သည် သူ့ထက် အဆင့်ကြီးတစ်ဆင့်လုံးမြင့်သော ရန်သူကို ထိပ်တိုက်ရင်ဆိုင်နိင်သည်ကို ကြည့်ခြင်းအားဖြင့် သူ၏မျိုးဆက်သွေးက သေချာပေါက် တစ်မူထူးခြားမှုရှိလေသည်။

သို့သော်လည်း ထိုအစွမ်းအစသာလျှင် ရှိမည်ဆို မျောက်က ရှုံးနိမ့်ရပေဦးမည်။

“သေစမ်းကွာ...”

သွမ့်ယုံ၏ နဖူးက တောက်ပသွားပြီး သူက ရုတ်တရက်ဟိန်းဟောက်လိုက်၏။

အားကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုသည် ရှေ့သို့ ဖြန့်ကျက်သွားပြီး မျောက်ပေါ်သို့ ချက်ချင်းဆင်းသက်လာ၏။

အဲ့ဒါက စိတ်ဝိညာဥ်အသိစိတ်၏ တိုက်ခိုက်မှုတစ်ခုပင်ဖြစ်လေသည်။

သွမ့်ယုံသည် မည်သည့်အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်ကိုမှ သိမထားသော်လည်း သူက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်ဖြစ်ပြီး စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်လေသည်။

အဲ့ဒါက လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်ကို ပသ်မှတ်ထားသော တိုက်ခိုက်မှုဖြစ်ပြီး လျှပ်တစ်ပြက်ဆိုသလို ကျရောက်လာလေသည်။

“အား...”

မျောက်သည် နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်၏။ သူ၏ အသိစိတ်ထဲတွင် မရေမတွက်နိုင်သော အပ်များနှင့် ထိုးစွခြင်းခံနေရသည့်အလား စူးစူးရှရှနာကျင်မှုများကို ခံစားလိုက်ရ၏။ သူက မခံမရပ်နိုင်သော နာကျင်မှုဖြင့် လေထဲမှာ လူးလိမ့်နေလေသည်။

“အစ်ကိုသွမ့်... ဘာမှမပူနဲ့ ကျုပ်က ခင်ဗျားကိုကူညီပေးမယ်”

ဆိုင်ကလုန်းလိုဏ်ဂူမှ အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ယောက်သည် ရှေ့သို့ ပြေးဝင်လာ၏။ သူ၏ အစစ်အမှန်ပုံစံက သွေးနီရောင် လင်းနို့တစ်ကောင်ဖြစ်ပြီး အလွန်တရာရုပ်ဆိုးအကျည်းတန်လေသည်။ သူ၏နဖူးက တောက်ပသွားပြီး စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်၏။

အလယ်အလတ်အဆင့်မိစ္ဆာသားရဲနှစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ် တိုက်ခိုက်မှုကို မျောက်က ခံနိုင်ရည်မရှိတော့ပေ။

“အားအား..အား..အား”

သူက သူ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး မခံမရပ်နိုင်သော နာကျင်မှုဖြင့် အော်ဟစ်ညည်းတွားကာ လေထဲမှာ ခုန်ပေါက်လူးလိမ့်နေ၏။

သူက အကျော်ဇေယျကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လွှတ်ချလိုက်ရ၏။

တစ်ကိုယ်တော်တိမ်စိုင်က ခေါင်းခါလိုက်လေသည်။

“နှမြောစရာဘဲ...”

တစ်ကယ်တော့ အဆင့်နိမ့်မိစ္ဆာသားရဲများနှင့် အလာ်အလတ်အဆင့် မိစ္ဆာသားရဲများကြားတွင် ကျော်ဖြတ်၍ မရနိုင်သော ကွာဟချက်တစ်ခုရှိနေလေသည်။

သူပင်လျှင် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်အဖြစ် ရှိနေစဥ်က သူ့ထက် အဆင့်ကြီးတစ်ဆင့်လုံးလုံးမြင့်သော အလာ်အလတ်အဆင့် မိစ္စာသားရဲများကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ပေ။

အခြားတစ်ဖက်တွင်တော့ မဟူရာဝံပုလွေနှင့် ချန်ရူယီသည် နဖူးမှခြေဖျားထိ ဒဏ်ရာများပြည့်နှက်နေပြီး လမ်းဆုံးသို့ ရောက်ခါနီးနေလေပြီ။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲဆယ်ယောက်ကျော်၏ အကူအညီနှင့်အတူ မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူသည် အခြေအနေကို အပြည့်အဝထိန်းချုပ်ထားနိုင်ပြီး သူတို့ဘက်တွင် ဒဏ်ရာရရှိသူက မရှိသလောက်ပင်။

“မဟူရာဝံပူလွေ ၊ ချန်ရူယီ မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ်ပညာရပ်တွေကို ထုတ်သုံးမယ်ဆိုရင်တောင် ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူး”

မဟူရာသဲတောင်ရိုးနှင့် ဆိုင်ကလုန်းလိုဏ်ဂူ၏ ပိုင်နက်အရှင်များသည် အကြည့်ချင်း ဖလှယ်ပြီး သူတို့က မဟူရာဝံပုလွေနှင့် ချန်ရူယီ၏ အကြည့်များကို ဖတ်နိုင်သည့်အလား ဘဝင်ခိုက်စွာ ပြုံးလိုက်ကြ၏။

“ဘာဘဲပြောပြော ငါတို့မှာလည်း အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်ပညာရပ်တွေရှိတာဘဲ အခုချိန်မှာ နတ်ဘုရားဆင်းလာရင်တောင် လရောင်ငိုကြွေးတောင်ကို ကယ်တင်နိုင်မှာမဟုတ်တော့ဘူး ၊ မင်းတို့နှစ်ယောက်က မကြာခင် သေရတော့မယ်”

“ဟုတ်ပါ့မလား...”

ထိုစဥ်မှာပင် လရောင်ငိုကြွေးတောင်အတွင်းမှ အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက အားပါပြင်းထန်၍ သူ၏နောက်တွင် စွမ်းအားကြီးသော စစ်တပ်တစ်တပ် ရှိနေသည့်အလား ခိုင်မာပြတ်သားသည့် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။

All Chapters